စာဆိုဘုရင်၊ ရတုဘုရင်၊ တောင်ငူဘုရင်ဟူသော ဂုဏ်ထူးဝိသေသများဖြင့် မြန်မာစာပေသမိုင်းတွင် ယနေ့တိုင် ထင်ရှားလျက်ရှိသူမှာ နတ်သျှင်နောင်ပင် ဖြစ်သည်။ နတ်သျှင်နောင်ကို သက္ကရာဇ် ၉၃၄ခုနှစ်တွင် ဖွားမြင်ခဲ့သည်။
နတ်သျှင်နောင်၏ ခမည်းတော်မှာ တောင်ငူရွှေနန်းတည်မင်း သီဟသူရမဟာဓမ္မရာဇာ (မင်းရဲကျော်ထင်)နှင့် မယ်တော်မှာ မိဘုရားခေါင်ကြီး အတုလအဂ္ဂမဟာဒေဝီ (မင်းခင်စော) တို့ဖြစ်ပြီး ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏မြေး တော်စပ်သည်။
ခမည်းတော်နှင့် မယ်တော်တို့သည် သက္ကရာဇ် ၉၃၃ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ စနေနေ့ ဟံသာဝတီရွှေနန်းတော်တွင်း၌ စုံမက်ခဲ့၍ သားတော်လေးပါး (နတ်သျှင်နောင်၊ မင်းရဲကျော်စွာ၊ မင်းရဲသီဟသူ၊ မင်းရဲကျော်ထင်) ထွန်းကားခဲ့ရာ နတ်သျှင်နောင်သည် သားကြီး သြရသ ဖြစ်သည်။
ဖွားသက္ကရာဇ်
နတ်သျှင်နောင်၏ ဖွားသက္ကရာဇ်နှင့် ပတ်သက်၍ဝိဝါဒ အငြင်းပွားလျက်ရှိသည်။ ဦးချမ်းမြ (မြကေတု)က နတ်သျှင်နောင်အား သက္ကရာဇ် ၉၃၃ခုနှစ်တွင် ဖွားမြင်ကြောင်း အကိုးအကား အထောက်အထားများနှင့် တင်ပြဖူးသည်။ ပထမအချက်မှာ နတ်သျှင်နောင်နှင့် အနောက်ဘက်လွန်မင်းက နတ်သျှင်နောင်အား နောင်တော်ဟုခေါ်သော အချက်ပင် ဖြစ်သည်။
အနောက်ဘက်လွန်မင်းတရားကို သက္ကရာဇ် ၉၃၉ခုနှစ်တွင် ဖွားမြင်သောကြောင့် နတ်သျှင်နောင်ကို သက္ကရာဇ် ၉၄ဝပြည့်နှစ်တွင် ဖွားမြင်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထိုထက်ကြီးရမည်ဟု ဆိုသည်။
ဒုတိယအချက်မှာ ခမည်းတော် တောင်ငူရွှေနန်းတည်မင်းနှင့် မယ်တော်မိဘုရားခေါင်ကြီး မင်းခင်စောတို့ သက္ကရာဇ် ၉၃၃ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်ဖြစ်ရာ သားတော်ကြီး နတ်သျှင်နောင်ကို သက္ကရာဇ် ၉၃၃ သို့မဟုတ် ၉၃၄ခုနှစ်လောက်တွင် ဖွားမြင်နိုင်သည်ဟူသော အချက်ပင်ဖြစ်သည်။
တတိယအချက်မှာ နတ်သျှင်နောင်၏ အိမ်နိမ့် (၃၁)နှစ်တွင် (၁)နှင့် (၈)ဂဏန်းတို့ ဆင်တူ၍ အရေးမှားသောကြောင့် အိမ်နိမ့်သက် (၇)နှစ် ပျောက်သွားခြင်း ဖြစ်တန်ရာသည်။ ထို့ကြောင့် နတ်သျှင်နောင်သည် သက္ကရာဇ် ၉၃၃ (ဝါ) ၉၃၄ ခုနှစ်တွင် ဖွားမြင်ရမည်ဟု ဆိုလေသည်။
နတ်သျှင်နောင် အမည်
ထို့ပြင် နတ်သျှင်နောင်ဟူသော စာဆိုအမည်မှာလည်း ရာဇဝင်ဆရာများက နောက်မှပေးသော အမည်မဟုတ်ဘဲ၊ ထိုစဉ်ကပင် တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်အသုံးပြုခဲ့သည့် အမည်ဟုယူဆမိ၏။ အမည်၏ အနက်အဓိပ္ပာယ်ကို ကောက်ယူရာဝယ် တစ်နေ့တွင် ဘုရင်ဖြစ်မည့် ညီတော် အိမ်ရှေ့ဥပရာဇာ မင်းရဲကျော်စွာ၏ နောင်တော်ဖြစ်သောကြောင့် ဟူ၍လည်းကောင်း အမျိုးမျိုးယူဆကြ၏။
ဤကောက်ယူချက်တို့အား ရာနှုန်းပြည့် လက်ခံနိုင်ဖွယ်မရှိပေ။ အကြောင်းသော် နတ်သျှင်နောင်၏ညီတော် မင်းရဲကျော်ထင် (နေမျိုးဒတ္တ)နှင့် ငါးဆူဒါယကာ နန္ဒဘုရင်၏ အလယ်နန်းမိဘုရား မင်းခင်ပု၏ နှမတော်ရင်း ခင်ရွှေတုံးတို့၏ သားတော်အား စာဆိုတော် မင်းဇေယျရန္တမိတ်ဖွဲ့ဆိုသော မင်းရဲနရာဧချင်း ပိုဒ်ရေ (၁၈)တွင် သူရာ့ရန်လွှင့်၊ သိကြားတင့်သို့၊ နတ်ရှင့်နောင်တော်၊ လွ့ှံပေါ်ထိုခါ၊ စကြာရောက်နီး၊ ရှင့်ဘကြီး နှင့်ဟူ၍ နတ်သျှင်နောင်၏ အမည်ကို ဖော်ထုတ်လျက် စောစီးစွာ စပ်ဆိုခဲ့သောကြောင့် ဖြစ်ပေသည်။
ထိုအချိန်က နတ်သျှင်နောင်သည် အိမ်ရှေ့ဥပရာဇာအဖြစ်နှင့် ရှိနေဆဲအခါ ဖြစ်၏။ ကောက်နုတ်ချက်တွင် နတ်သျှင်နောင်တော်ဟု အောက်မြစ်ကာရန် ငဲ့ထားသော်လည်း တကယ်စင်စစ် စာဆိုတော် နတ်သျှင်နောင်၏အမည်သည် ဘုရင့်နောင် ဟူသော ဘွဲ့အမည်မျိုးနှင့် အနက္သေဘာတူ ဟုတ်ဟန်မတူပေ။
ထိုအခါက နတ်သျှင် ဟူသည့် အသုံးအနှုန်းမှာ အထူးတွင်ကျယ်ဟန်ရှိနေရာ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောနှင့် ယင်း၏ မိဘုရားကြီးဖြစ်သော မင်းတရားရွှေထီး၏ နှမတော်တွင် မြင်သည့် သမီးတော်ကြီးကိုပင် နတ်သျှင်နောင်ထက် ဦးစြာ နတ်သျှင်မယ် ဟူ၍ မှည့်ခေါ်ခဲ့၏။
ထို့ကြောင့် ဆီးကိုင်စား စပ်ဆိုသော နတ်သျှင်မယ်တော်ဧချင်း တွင် ရှင်မဘုန်းကြွယ်၊ နတ်သျှင်မယ် (ပုဒ်ရေ ၁၃) ဟူ၍ လည်းကောင်း၊ မျိုးရိုးကုံကြွယ်၊ နတ်သျှင်မယ် (ပုဒ်ရေ ၁၆)ဟူ၍ လည်းကောင်း စသည်အားဖြင့် ဖော်ပြခဲ့ပါသေးသည်။
ထို့ပြင် ပြည်ဘုရင် သတိုးဓမ္မရာဇာနှင့် စလင်းမိဘုရားတို့၏ ဒုတိယသမီးတော်ကိုလည်း ဤအမည်နှင့် တစ်သဘောတည်းဖြစ်သော မင်းတရားမယ် ဟူသည့် အမည်ကို မှည့်ခေါ်သေး၏။ ဤသည်တို့ကိုလည်း နောင်ဘုရင်ဖြစ်မည့်သူ၏ မယ်တော်၊ ဘုရင်ဖြစ်သူ၏ မယ်တော် စသည်ဖြင့် ကောက်ယူပါမူ သဘာဝယုတ္တိ လုံးလုံးရှိမည်မဟုတ်ပေ။
ထိုခေတ်အခါက နောင် ဟူသော အသုံးအနှုန်းသည် ယောက်ျားကလေးကို လည်းကောင်း၊ မယ် သည် မိန်းကလေးကို လည်းကောင်း ရည်ညွှန်းသည့်အလျောက်နတ်သျှင်နောင် ဆိုလျှင် လောကသမ္မုတိ နတ်သျှင်ဘုရင်ဖြစ်နိုင်လောက်အောင် ဘုန်းသမ္ဘာဆောင်သည့်မောင် ဟူ၍ လည်းကောင်း၊ နတ်သျှင်မယ် ဆိုလျှင်လည်း အခေါင်အဖျား မိဘုရားဖြစ်နိုင်လောက်အောင် ဘုန်းသမ္ဘာဆောင်သည့်မယ် ဟူ၍လည်းကောင်း မှတ်ယူနိုင်ပေသည်။
တစ်ဖန် နတ်သျှင်နောင် ဟူသော အမည်တွင် သျှင် ကို သယပင့်ဟထိုး၍ ရေးသည်ကို နှစ်သက်ရကြောင်းမှာ ပညာရွိ မြန်မာစာပေညွန့်ပေါင်းကျမ်း ပြုစုခဲ့သူ ဦးကျော်ထွန်း၏ အာဘောဂကို နှစ်သက်သောကြောင့် ဖြစ်ပေသည်။
ရွှေနန်းရွှေထွတ်၊ ဦးညွတ်မကွာ၊ သုဓမ္မဝယ်၊ ရွှေစာမင်ရေး၊ မိန့်တော်ပေးတို့ အစချီသော အက္ခရာခွဲသားသတ်ပုံ၌ ပတိဣဿရ၊ သာမျတ္တ၏၊ အရထုတ်ဖွေ၊ အဆွေအိမ့်ရှင်၊ ဆင်ဖြူရှင်မျိုး၊ စကားရိုးဝယ်၊ ဟထိုးရကြီး၊ တသီးထိုမွ အယ်အေယ်၊ ဘနေ္တဘောနေ္တာ၊ အာဝုသောနှင့်၊ မိန့ျဟောသဒ်ဒါ၊ အာယသ္မီ၊ ဘဒ္ဒန္တ၏၊ အတ္တထွေပြား၊ အသျှင်များကို၊ မှတ်သားဆန်းကြယ်၊ သဝယ်ယပင့်၊ ဟထိုးဆင့်လော့ဟု ဆိုထားသည်တစ်ကြောင်း။
မဃဒေဝလင်္ကာသစ် တတိယပိုင်း ပုတေ္တာဝါဒခဏ်း ပုဒ်ရေ (၂၅ဝ)တွင်လည်း မန်လည်ဆရာတော်ဘုရားက အောက်ပါအတိုင်း ခွဲထားသတ်ပုံကို အထင်အရှားပြထားခဲ့သည်။
သိကြားနတ်သျှင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ တိမ်းငဲ့မျက်နှာ၊ မရှုသာတည့် ဟူ၍ သျှင်နှင့် ရှင် ခွဲထားသည်ကို ပြထားပေသည်။ ဤသည်သောအကြောင်းများကြောင့် နတ်သျှင်နောင်ကို သဟထိုးယပင့် သျှင်နှင့် ရေးသင့်သည်ဟုသာ ထင်မြင်မိပါသည်။
နတ်သျှင်နောင်သည် တောင်ငူနန်းတွင် ကြီးပြင်းခဲ့ရလေသည်။ ထိုအခါ၌ကား ဘုရင့်နောင်သည် လွန်ခဲ့ပြီ ဖြစ်၏။ ဆင်များရှင် ဘုရင့်နောင်မင်းတရားကြီးသည် နတ်သျှင်နောင်၏ အဘိုးဖြစ်သူ မင်းခေါင်နှင့် အဖတူ၊ အမိကြဲ ညီအစ္ကို တော်လေသည်။ ဘုရင့်နောင်မင်းတရားကြီးသည် နိုင်ငံတစ်ဝန်းတွင် အာဏာစက်ပြန်ခဲ့ပြီးနောက် မွန်တို့နေရာ (ဟံသာဝတီ) ပဲခူးကို မင်းနေပြည်လုပ်ကာ အုပ်စိုးသည်။
ထို့နောက် ပြည်၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ဇင်းမယ် စသည်တို့တွင် သူ့ညီတော်၊ သားတော်များကို လက်အောက်ခံမင်း (ဘုရင်ခံ)များအဖြစ် ခန့်ထားစိုးစံလေသည်။ ဤတွင် နတ်သျှင်နောင်၏ အဘိုးဖြစ်သူ မင်းခေါင်သည် တောင်ငူ၏ လက်အောက်ခံမင်း ဖြစ်လာရ၏။ မင်းခေါင်နှင့်တကွ အခြားလက်အောက်ခံမင်းတို့သည်လည်း ဘုရင့်နောင်နှင့် သားတော် နန္ဒဘုရင် (ဘုရင့်နောင် နတ်ပြည်စံပြီးနောက် ထီးနန်းဆက်ခံသူ)၏ သစ္စာကိုခံယူကာ အမှုတော်ကို ထမ်းရွက်ခဲ့ကြသည် ဖြစ်လေသည်။
အိမ်နိမ့်စံဘဝ
နတ်သျှင်နောင်သည်လည်း အရွယ်ရောက်လာသည်နှင့်အမျှ နန္ဒဘုရင်လက်ထက်၌ ပေါ်ပေါက်လာသော အရေးအခင်းတို့တွင် ပါဝင်တန်သလောက် ပါဝင်လာရလေသည်။ ခရစ် ၁၅၈၄ခုနှစ်တွင် အဘိုးဖြစ်သူ မင်းခေါင် နတ်ရွာစံသောအခါ အဖျဖစ္သူက မင်းရဲသီဟသူဘွဲ့ဖြင့် တောင်ငူနန်းကို သိမ်းပိုက်ခဲ့သောအခါ နတ်သျှင်နောင်သည် ပို၍ အရာရောက်လာလေသည်။
ခရစ် ၁၉၅ဝ ပြည့်နှစ်အတွင်း မိုးကောင်းစော်ဘွား ပုန်ကန်ချိန်၌ နတ်သျှင်နောင်သည် အသက်ဆယ့်ရှစ်နှစ် ရှိလေပြီ။ မိုးကောင်းကို နှိမ်နင်းရန်ဟု နန္ဒဘုရင်က သားဖြစ်သူ ပြည်စားမင်းကြီးနှောင်းကို အကြီးအချုပ်လုပ်စေ၍ တပ်(၁၃)တပ် ပို့သည်။ ထိုတပ်များတွင် နတ်သျှင်နောင်၏တပ်လည်း ပါလေသည်။
(၆)လနှင့် အနိုင်ရ၍ ပဲခူးသို့ တပ္မ်ား ပြန်ရောက်သည်တွင် နတ်သျှင်နောင် ပထမဆုံးအကြိမ် အဆောင်အယောင်စား ကျေးစားလက်ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။ တစ်ဖန် ၁၅၉၂ခုနှစ်တွင် နန္ဒဘုရင်၏ သားတော်ကြီး အိမ်ရှေ့မင်း မင်းကြီးစွာ၊ ပြည်စား မင်းကြီးနှောင်း၊ တောင်ငူနတ်သျှင်နောင်ဟူ၍ မင်းသားသုံးပါးပါကြသည်။ ဤအခါကား မြန်မာအိမ်ရှေ့မင်း တိုက်ပွဲတွင် ကျဆုံးခဲ့သည့်အခါလည်း ဖြစ်သည်။ ကျပုံမှာ မြန်မာရာဇဝင်များ၌ ဖော်ပြထားသည်မှာ မြန်မာတပ်နှင့် ယိုးဒယားတပ်သည် မျက်နှာချင်းဆိုင်လျက်ရှိကြသည်။
အိမ်ရှေ့မင်း မင်းကြီးစွာကို လက်ယာဘက်တွင် မင်းကြီးနှောင်းကစုံ၍ လက်ဝဲဘက်တွင် နတ်သျှင်နောင်က ရံရလေသည်။ ဤတွင် ယိုးဒယားမင်း ဗြနရာဇ် (ဖရနရေဆွမ်)က ၎င်းစီးလာသောဆင်ကို မင်းကြီးစွာရှိရာသို့ အပြင်းလွှတ်သည်။ မြန်မာဘက်ကလည်း ယိုးဒယားတပ္ကို တိုက်ရန်ဟု မုန်ပြင်းလှသော ဆင်တစ်ကောင်ကို မျက်နှာအုပ်ထားရာမှ ဖွင့်လိုက်သည်။
ထိုဆင်သည် ယိုးဒယားဆင်ကိုကား မဝှေ့၊ မင်းကြီးစွာစီးသောဆင်ကိုသာ ဝှေ့နေ၍ မင်းကြီးစွာမှ အပန်းတကြီး တိုက်နေရသည်။ ထိုစဉ်တွင် တစ်ဖက်မှ ပစ်လွှတ်လိုက်သော စိန်ပြောင်းကျည်သင့်၍ ဆင်ထက်တွင်ပင် မင်းကြီးစွာ ကျဆုံးခဲ့ရလေသည်။ နတ်သျှင်နောင်လည်း ဆင်တော် ဥေပါသထကိုစီးကာ ရုတ်ချည်းတိုက်ရာ ဗြနရာဇ်လည်း ဆုတ်ရလေသည်။
မြန်မာဘက်က အလိုက်ကျွံသူတို့ကို ယိုးဒယားဘက်ကရသည်။ ယိုးဒယားဘက်မှ တပ်သားအချို့ကိုလည်း မြန်မာကရသည်။ သို့သော် အိမ်ရှေ့မင်းကား ကျဆုံးခဲ့ပြီဖြစ်၍ မြန်မာတို့သည် ပဲခူးပြန်ရန် ဆုံးဖြတ်ကြလေသည်။ အိမ်ရှေ့မင်း၏ အလောင်းကိုလည်း ပြဒါးသွပ်ပြီးလျှင် မင်းကြီးနှောင်းနှင့် နတ်သျှင်နောင်တို့က ပဲခူးသို့ ပြန်သယ်ခဲ့ရာ နန္ဒဘုရင်နှင့် အိမ်ရှေ့မိဘုရား ရာဇဓာတုကလ်ာ အပါအဝင် မင်းမှူးမတ်တို့က ကြေကွဲဝမ်းနည်းစွာ ဆီးကြိုသင်္ဂြိုဟ်ကြသည်။
နတ်သျှင်နောင်သည် အရွယ်ရောက်လာသည်နှင့်အမျှ အတွေ့အကြုံလည်း တဖြည်းဖြည်း တိုးခဲ့လေသည်။ ထိုအတွေ့အကြုံသည် နောင်လာလတ္တံ့သော အရေးအခင်းများတွင် ကောင်းစွာ အသုံးချနိုင်ခဲ့ပေသည်။
နန္ဒဘုရင်သည် ပြည်သူတို့၏အလိုကို မေလးစားဘဲ သူ့ဘုန်းရှိန်အစော်ကြီးရန်ကိုသာ အားထုတ်ခဲ့လေသည်။ သူနန်းတက်သည့်အချိန် ၁၅၈၁အောက်တိုဘာလ ၁ဝရက်မှ ၁၅၉၂ခုနှစ် အထိ (၁၁)နှစ်အတွင်း ယိုးဒယားကို စစ်ခင်းခဲ့သည်မှာ ငါးကြိမ်တိုင်တိုင်ပင် ဖြစ်သည်။
စစ်အကြိမ်ကြိမ်ပြုခဲ့မှုကြောင့် ပြည်ထဲရေးကား မကောင်းတော့ချေ။ ထိုထက် အခြေအနေပိုဆိုးအောင် ဖန်တီးလာသည်ကား နန္ဒဘုရင်သည် သားဖြစ်သူ အင်းဝစား မင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးရန် ပဲခူးသို့ ခေါ်ယူလိုက်သည့်အခါတွင် ဖြစ်ပေသည်။ မင်းရဲကျော်စွာသည် ပဲခူးသို့အဆင်းတွင် အထက်ဧရာဝတီ မြစ်ရိုးတစ်လျှောက်၌ တောသူတောင်သားဘဝ လုပ်ကိုင်စားသောက်နေကြသူများကို အနိုင်အထက် ခေါ်ဆောင်လာခဲ့သည်။
ပဲခူးရောက်သောအခါ သူမယုံသည့်သူများကို လယ်မလုပ်စေဘဲ ယုံကြည်သည့်သူများကိုသာလျှင် လယ်လုပ်စေခြင်း၊ လယ်ရမှသာ စပါးကိုလည်း ဈေးကြီးတင်၍ ရောင်းချစေခြင်း စသည်ဖြင့် မလျော်သောအမှုများကို ကျူးလွန်လေသည်။ ဤအရေးနှင့်စပ်၍ ညီဖြစ်သူ (ပြည်စား) မင်းကြီးနှောင်းနှင့် စိတ်ဝမ်းကွဲရပြန်လေသည်။
ထိုအခြေအနေတွင် ယိုးဒယားမင်း ဗြနရာဇ်သည် မော်လမြိုင်မွန်များနှင့်ပေါင်း၍ ပဲခူးကို လာဝိုင်းပြန်သည်။ ဇင်းမယ်မင်းနှင့် တောင်ငူမင်းတို့က ပဲခူးဘက္က ကူလေသောကြောင့် နန္ဒဘုရင်မှာ သက်သာရတော့သည်။ သို့သော် သားဖြစ်သူ မင်းကြီးနှောင်းက နန္ဒဘုရင်အပေါ် ပုန်ကန်ခဲ့လေသည်။
ပုန်ကန်ခဲ့ရသည့်အကြောင်းမှာ နန္ဒဘုရင်၏ စစ်ပွဲတို့တွင် အသက်ပေး၍ ပါဝင်တိုက်ခိုက်ပေးခဲ့သော သူလိုသားကို အိမ်ရှေ့အရာမပေးဘဲ နိုင်ငံဆူရလောက်အောင် မိုက်လှသော မင်းရဲကျော်စွာလိုသားမျိုးကိုမှ အိမ်ရှေ့အရာပေးသည့်အတွက် မကျေနပ်၍ဟုဆိုသည်။ နန္ဒဘုရင်သည် ထိုရန္ကိုမွ မနှိမ်ရသေးမီ ပဲခူးအရှေ့မှ အနောက်အထိ ကြွက်ရန်သည်စပြန်လေသည်။
ကြွက်ရန်ကြောင့် ကျီရှိစပါးများလည်း ပျက်စီး၊ လယ်ရှိစပါးများလည်း ပျက်စီးကာ အငတ်ဘေး ကပ်ဆိုက်လာချေသည်။ ထိုဘေးကြောင့် နိုင်ငံမှာ ကသောင်းကနင်းရှိလေသည်။ ထိုအတောအတွင်း သားဖြစ်သူ (မင်းကြီးနှောင်း၏ အနှောင့် အယှက်က ပို၍ကြီးလာဖြစ်ရာ နန္ဒဘုရင်သည် တောင်ငူကျေးစပ်ကစ၍ မြောက်ဘက်တစ်လွှားရှိ လူအမ်ားကို ပဲခူးသို့ချည်းသွင်းလေသည်။ ထို့ပြင် မင်းညီမင်းသားများ ပုန်ကန်မည်စိုး၍ ဇင်းမယ်၊ ညောင်ရမ်း၊ တောင်ငူ၊ မင်း(ငယ်)များထံမှသူတို့၏ သားသမီးမ်ားကို တောင်းလေသည်။
အတောင်းခံရသူများတွင် တိုက်ရည်ခိုက်ရည်ရှိသော နတ်သျှင်နောင်နှင့် သူ၏ ဥပေါသထဆင်လည်းပါလေသည်။ ထိုအခါ တောင်ငူမင်းနှင့် ဇင်းမယ်မင်းတို့မှာ နန္ဒဘုရင်အပေါ်တွင် အလွန်နာကြည်းကာ ခြားနားရန် ပြင်ဆင်ကြလေသည်။ ထိုအရေးကိုမြင်သော ညောင်ရမ်းမင်းလည်း မြို့ကို အခိုင်အလုံလုပ်ပြီးလျှင် ရှေးနေပြည်တော်ဖြစ်သော အင်းဝကိုသိမ်း၍ တစ်ထီးတစ်နန်းထောင်လေသည်။
မင်းကြီးနှောင်းကလည်း နန်းလုရန်ပြင်ဆင်နေပြီ။ ညောင်ရမ်းမင်းကလည်း တသီးတခြားလုပ်နေပြီ။ ကိုယ္ကဦးမွ အရေးလှတော့မည်ဟုတွေး၍ တောင်ငူမင်းရဲသီဟသူသည် ရခိုင်မင်းကြီးရာဇာထံသို့ စာပို့ကာ ပဲခူးကို အတူတွဲတိုက်ရန် ညှိလေသည်။ သဘောချင်းညီ၍ တပ်နှစ်စုသည် ပဲခူးကို ၁၅၉၈ခုနှစ်တွင် ဝိုင်းလေသည်။ ဤတွင် ရခိုင်မင်း၏သား အိမ်ရှေ့မင်း မင်းခမောင်းက သန်လျင်ကို ရေတပ်နှင့် အရင်သိမ်းနှင့်လေသည်။
ထို့နောက် ပဲခူးသို့တက်၍ မြို့တော်ကရံထားလေသည်။ မင်းရဲသီဟသူ (နတ်သျှင်နောင်၏ ခမည်းတော်)က မြို့ရှေ့က ရံသည်။ နတ်သျှင်နောင်က မြို့တောင်က ရံသည်။ ပဲခူးသားတို့မှာ ရက်ကြာရှည်သော် မတွန်းလှန်နိုင်ဘဲ အစာရေစာခေါင်းပါးသည့် ဘေးနှင့်သာ ရင်ဆိုင်ရလေသည်။ ထိုစဉ်အတွင်း မြို့တွင်းရှိ မင်းဆွေမင်းမျိုးများ၊ အမှုထမ်းများလည်း ရခိုင်၊ တောင်ငူတပ်များသို့ ဝင်သူကဝင်၍ အင်းဝသို့ ပြေးသူက ပြေးကြလေသည်။
ပဲခူးအိမ်ရှေ့မင်း မင်းရဲကျော်စွာလည်း သူ့တွင် တိုက်အားကုန်ခဲ့ပြီဖြစ်၍ တောင်ငူမင်း မင်းရဲသီဟသူထံ အသက်လွှတ် ကတိတောင်းပြီးလျှင် ခမည်းတော် နန္ဒဘုရင်ကို အသိမေပးဘဲ အညံ့ခံခဲ့လေသည်။ တောင်ငူမင်းရဲသီဟသူလည်း ကတိအတိုင်း မင်းရဲကျော်စွာကို တောင်ငူသို့ ပို့လေသည်။ ဤသည်ကို နတ်သျှင်နောင်က မနှစ်သက်ခဲ့ချေ။
မင်းရဲကျော်စွာလိုလူမျိုးကို အရှင်ထားလျှင် အေရးပ်က္စရာ အကြောင်းရှိ၍ ဖျောက်ဖျက်ပစ်လျှင်သာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်ကာ တောင်ငူရှိ မယ်တော်ဖြစ်သူ မင်းခင်စောထံ တိတ်တဆိတ် စာပို့ကာ မင်းရဲကျော်စွာကို သတ်စေလေသည်။
ထိုစဉ် သားဖြစ်သူ အညံ့ခံကြောင်းကို ကြားရသော နန္ဒဘုရင်သည် ငါ့စည်းစိမ်ကို ငါ့ညီ မင်းရဲသီဟသူ ယူပါစေတော့။ ငါမူကား မြတ်စောညီနောင် ခြေတော်ရင်းမှာ သီတင်းသုံးနေပါတော့မည်ဟု စိတ်လျှော့ကာ နန်းအပ်လေသည်။ အမှန်စင်စစ် ပဲခူးရွိ ကမေ္ဘာဇသာဒီနန်းတော်သည် နှယ်နှယ်ရရ မဟုတ်ချေ။ ဘုရင့်နောင်၏ ဇြဲ၊ လုံ့လဖြင့် ဖန်တီးခဲ့သော နန်းတော်ဖြစ်သည်။
အပြည်ပြည်မင်းငယ်တို့က ဝပ်ဆင်းခယခဲ့ရသော နန်းတော်ဖြစ်သည်။ မင်းရဲသီဟသူပင် အခြားလက်အောက်ခံမင်းများနည်းတူ နှစ်စဉ်နှစ်တိုင်း ကမေ္ဘာဇသာဒီနန်းတော်သို့ ကန်တော့ဝင်ခဲ့ရသည်။ ယခုတော့ ထိုနန်းတော်သည် သူတို့ဝပ်ဆင်းခယခဲ့လေပြီ။
မင်းရဲသီဟသူသည် ရှေးဦးစွာ နန်းကျနန္ဒဘုရင်ဟောင်းကို တောင်ငူသို့ပို့လေသည်။ ထို့နောက် ပဲခူးရွိ မင်းမှူးမတ်များကို တပ်တွင်း၌ လည်းကောင်း၊ စစ်သည်များကို ရွှေမော်ဓောစေတီ၌လည်းကောင်း သစ္စာပေးပြီးလျှင် နန်းသိမ်းပွဲခံလေသည်။ စစ်ကူပေးခဲ့သော ရခိုင်တပ်သို့လည်း ပုဆိုးခါသာ စေသာ လက်ဆောင်ပစ္စည်းများ ပို့စေသည်။ ရခိုင်မင်းသို့လည်း နန္ဒဘုရင်၏ သမီးတော် ခင်နှောင်းကို ပို့စေသည်။
တောင်ငူမဟာဥပရာဇာနှင်းတော်မူစဉ်
ဤသည် မင်းရဲသီဟသူအတွက် အောင်ပွဲဖြစ်သလို သားဖြစ်သူ နတ်သျှင်နောင်အတွက်လည်း အထွတ်အထိပ်ရောက်သွားလေသည်။ထို့နောက် သက္ကရာဇ် ၉၆၄ခု၊ နတ်တော်လဆန်း (၈)ရက်၊ ကြာသပတေးနေ့ နက္ခတ် (၂၃)လုံး၊ (၆)ဃဋီ၊ မကာရစန်း၊ တူလဂ်၊ ညဥ့် သုံးချက်တီးကျော်တွင် မင်းရဲသီဟသူသည် တောင်ငူကို ကျုံးမြို့ရိုး တန်ဆောင်း၊ ပြာသာဒ်တို့ကို အသစ်တစ်ဖန် ပြင်ဆင်မွမ်းမံ၍ ကေတုမတီရွှေနန်းသစ်ကို တည်တော်မူသည်။
ရန်သူအပေါင်း၏ အနှောင့်အယှက်မှ ကင်းကွာစေရအောင်လည်း တံခါး (၂၀)၊ သိမ် (၂၀) နှင့် မြို့ပြတို့ကို မွမ်းမံ၍ တောင်ငူရွှေနန်းကို ဖန်ဆင်းတော်မူသည်။ ထို့ကြောင့် နတ်သျှင်နောင်၏ ခမည်းတော် မင်းရဲသီဟသူကို တောင်ငူရွှေနန်းတည်မင်းဟု တွင်ခဲ့လေသည်။ တောင်ငူမြို့ကိုလည်း ကုန်း (၉)ကုန်း၊ တီ (၉)တီ တို့ဖြင့်လည်း ဝန်းလည်ရံခတော်မူ၏။
ထိုအရပ်တို့မှာ တောင်ငူမြို့၏ တောင်ဘက် ဆင်ခြေဖုံးတွင် ကျွန်းတောကုန်း၊ ရေပုတ်ကုန်း၊ အိုးကုန်း၊ ထီးနီကုန်း ဟူ၍လည်းကောင်း၊ တောင်ငူမြို့မြောက်ဘက် ဆင်ခြေဖုံးတွင် ကြက်ရှာကုန်း၊ ညောင်ကုန်း၊ သရဖီကုန်း၊ ပြာသာဒ်ကုန်း၊ ကံတွင်းကုန်းဟူ၍လည်းကောင်း အမည်သမုတ် မှည့်ခေါ်အပ်သော ရွာကြီးများ ဖြစ်ကြသည်။
တောင်ငူမြို့တွင်း၌ မြို့တွင်းစည်းခုံဘုရား (ယခု ရွှေဆံတော်ဘုရား)၊ တောင်ငူမြို့တွင်းတောင်ဘက်တွင် မြစည်းခုံဘုရား၊ အရှေ့တောင်ဘက်တွင် မြသီတင်ဘုရား၊ အနောက်မြောက်တွင် မြနိန္ဒဘုရား၊ အရှေ့ဘက်တောင်ပေါ်ရှိ မြတ်စောညီနောင်ဘုရား၊ ပေါင်းချောင်းမြစ်ဆုံတွင်ရှိသော ချောင်းမမွေတော်ဘုရား၊ အနောက်ဘက်တောင်ရိုးတွင် ကျောက်ဆောင်ဘုရားညီနောင် စသည်တို့ဖြင့် သာယာလှပနေပေသည်။
တောင်ငူမြို့ကို ဝန်းရံလျက်ရှိကြကုန်သော တီးကိုးတီရွာတို့မှာ ယခု ကြခတ်ဝါးရံမြို့ခေါ် ဝေဠုဝတီ၊ ခပေါင်းချောင်းအနောက်ဘက်ရှိ ဓညဝတီ၊ ၎အနီးရွိ အောင်ကြာဝတီ၊ ယခု မြို့ကြီးလောကုတ္တရာခေါ်သော ဇေယျဝတီခေါ်သော ဇေယျဝတီ၊ ကျောက်မော်ခေါ်သော သေလာဝတီ၊ အခု ကြောင်ပြာမြို့ဟုခေါ်သော ဖီလာဝတီ၊ ယခု တောင်ငူမြို့ဟုခေါ်သော ကေတုမတီတို့ ဖြစ်သည်။
သို့ကလို မင်းရဲသီဟသူသည် တောင်ငူရွှေနန်းကို အသစ်တစ်ဖန်တည်ပြီးနောက် သက္ကရာဇ် ၉၆၄ခု၊ နှောင်းတန်ခူးလဆန်း (၁ဝ)ရက်၊ သောကြာနေ့တွင် ရှင်မိဘုရားခေါင်နှင့် နန်းသိမ်းပွဲကျင်းပ၍ မဟာဓမ္မရာဇာ ဘွဲ့အမည်ကို သမုတ်တော်မူကာ တစ်ထီးတစ်နန်းမင်းလုပ်လေတော့သည်။
မိဘုရားခေါင်ကြီးလည်းအတုလအဂ္ဂမဟာဒေဝီဘွဲ့ချီ၍သားတော်ကြီးနတ်သျှင်နောင်ကိုလည်း ဟံသာဝတီ အိမ်ရှေ့မင်းအဆောင် အယောင်နှင့်တကွ အိမ်ရှေ့အရာကို ၁၆ဝ၃မတ္လ ၁၁ရက်တွင်အပ်နှင်း၍ ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်နှင့်ဇင်းမယ်ဘုရင် အနော်ရထာမင်းစော၏နှမတော် ရာဇဓာတုက လျာနှင့် ထိမ်းမြားလက် ထပ်ပေးလေသည်။
ရာဇဓာတုကလ်ာသည်ဟံသာဝတီဆင်ဖြူများရှင်ဘုရင့်နောင်မင်းတရားကြီး မိဘုရားတစ်ပါးဖြစ်သူ ရာဇေဒဝီဘွဲ့ခံ တပယင်း စတုဂါမဏိ၏သမီး ရှင်ထွေးလှမွ သက္ကရာဇ် ၉၂၁ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သူ ဖြစ်သည်။ ရာဇဓာတုကလျာသည် နတ်သျှင်နောင်ထက် (၁၃)နှစ်ကြီးသည်။
ထို့ပြင် ရာဇဓာတုကလ်ာမွာ ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်ကာ နတ်သျှင်နောင်မှာ မြေးတော်ဖြစ်သောကြောင့် တစ်ပါးနှင့်တစ်ပါး ဒွေးလေးတော်နှင့် တူတော် တော်သည်။ တစ်ဖန် ဓာတုကလ်ာ၏ ပထမကြင်ရာတော် မဟာဥပရာဇာနှင့် နတ်သျှင်နောင်မှာ ဝမ်းကွဲ နောင်တော်ညီတော်ဖြစ်၍ ဓာတုကလျာနှင့် နတ်သျှင်နောင်မှာ မရီးတော် မတ်တော် တော်ပြန်လေသည်။
နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ ထိမ်းမြားစဉ်က ရာဇဓာတုကလျာသည် အသက် (၄၃)နှစ်နှင့် (၄)လရှိ၍ နတ်သျှင်နောင် အသက် (၃ဝ)သာ ရှိသေးသည်။သို့သော် ချစ်မေတ္တာဟူရာတွင် အသက်သည် လည်းကောင်း၊ အရွယ်သည်လည်းကောင်း၊ ဂုဏ်သည်လည်းကောင်း၊ ဆွေတော်မျိုးတော်ဝါသည် လည်းကောင်း အရေးမဟုတ်။
ချစ်မေတ္တာဟူသည် အခက်အခဲဟူသမျှကို ကျော်လွှားနိုင်သည်သာ ဖြစ်သည်။ အပျိုစင်လည်းမဟုတ်၊ မုဆိုးမဘဝ အရွယ်ကျစပြုပြီ ဖြစ်နေသော အိမ်ရှေ့မိဘုရားဟောင်း ရာဇဓာတုကလ်ာကို မင်းလွင်မင်းပျို မဟာဥပရာဇာ နတ်သျှင်နောင်ကိုယ်တော်က မြတ်နိုးတော်မူသည်ကို အားလုံးကအံ့သြခဲ့ရသည်။
ရာဇဝင်များတွင် နတ်သျှင်နောင်သည် ရာဇဓာတုကလျာနှင့် သားတော်၊ သမီးတော် မဖွားမြင်ကြောင်း ပြဆိုသော်လည်း ဦးကုလား၏ ရာဇဝင်ချုပ်တွင် သားတော်ငယ်က လွန်သည် တစ်ပါး ဟူ၍ ရေးသားဖော်ပြထားသည်။
နတ်သျှင်နောင်သည် ကြင်ရာတော် ရာဇဓာတုကလျာနှင့် (၇)လမွ်သာ ပေါင်းဖက်လိုက်ရသည်။ သက္ကရာဇ် ၆၉၅ခု၊ တန်ဆောင်မုန်းလ(၁၆ဝ၃ အောက်တိုဘာလ)တွင် ရာဇဓာတုကလျာသည် သက်တော် (၄၄)နှစ်ပြည့်ရန် (၁)လအလို အိမ်ရှေ့မိဘုရားသက် (၈)လအဝင်တွင် ကြင်ချစ်သူ နတ်သျှင်နောင်ကိုယ်တော်အား စွန့်ခွာကာ နတ်ရွာစံတော်မူလေသည်။
ကံဇာတာညှိုးစဉ်
ရာဇဓာတုကလ်ာ နတ်ရွာစံတော်မူသည်နှင့် တစ်ပြိုင်နက် နတ်သျှင်နောင်မှာ စိတ်နှလုံးညှိုးချုံးကာ နေမရွှင်အောင် ဖြစ်တော်မူခဲ့ရပေသည်။
ထို့နောက် သက္ကရာဇ် ၉၇၁ခု၊ ဝါခေါင်လဆန်း (၁၅)ရက်၊ အင်္ဂါနေ့တွင် သဒ်ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟီရိ၊ သြတ္တပ္ပ၊ ပညာနှင့် ပြည့်စုံတော်မူသည်ဟု ရာဇဝင်တွင် မော်ကွန်းထိုးရသော နတ်သျှင်နောင်၏ ခမည်းတော် တောင်ငူဘုရင် မဟာဓမ္မရာဇာမှာ နတ်ပြည်စံတော်မူလေသည်။
ကေတုမတီထီးနန်းရှင်ဘဝ
ခမည်းတော်တောင်ငူဘုရင် နတ်ပြည်စံတော်မူပြီး (၆)ရက်အကြာ သက္ကရာဇ် ၉၇၁ခု၊ ဝါခေါင်လပြည့်ကျော်(၆)ရက်(၁၆ဝ၉ သြဂုတ်လ၁ဝ)သောကြာနေ့၊ နက္ခတ် (၈)လုံး၊ (၃၈) ဃဋီ၊ မိဿစန်း၊ မေထုန်လဂ်တွင် မဟာဥပရာဇာ နတ်သျှင်နောင်ကိုယ်တော်ကြီးသည် ဘုရင်သီဟသူရဟူသော ဘွဲ့မည်ကိုခံယူကာ ကေတုမတီထီးနန်း၏ ဧကရာဇ်မင်းတရားအဖြစ် ရွှေတောင်တက်တော်မူလေသည်။
ထိုနေ့မှာညီတော်မင်းရဲကျော်စွာကိုအိမ်ရှေ့အရာပေးတော်မူသည်။ ကျန်ညီတော်နှစ်ပါးဖြစ်ကြသော မင်းရဲကျော်ထင်နှင့် မင်းရဲသီဟသူတို့ လည်း အဆောင်အယောင်များ ပေးသနားတော်မူသည်။
နတ်သျှင်နောင် နန်းတက်ရာတွင် မည်သူ့ကိုမျှ ဘိသိက်ဖတ်မိဘုရားကြီး တင်မြှောက်ခြင်းမရှိပေ။ အဂ္ဂမဟေသီဒေဝီအဖြစ် ရာဇဓာတုကလ်ာ ကိုသာ ရည်ရွယ်ထားတော်မူခဲ့ရာ ရာဇဓာတုကလ်ာ နတ်ရွာစံခဲ့ပြီဖြစ်၍ အသစ်ရွေးချယ်လိုသောဆန္ဒ ပွားတော်မူဟန်မတူပေ။ မိဘုရားကြီးနေရာသာမက မိဖုရားငယ်များပင် ထားတော်မမူခဲ့ပေ။ နတ်သျှင်နောင်တွင် ကိုယ်လုပ်တော် လေးပါးသာရှိသည်။ ထိုကိုယ်လုပ်တော်တို့မှာ မင်းရဲတိုင်မင်းသမီး၊ နေမျိုးမင်းထင်ကတော်၏ညီမ မင်းခင်လတ်၊ သက်တော်ရှည်၏သမီးနှင့် ခင်မျိုးတော်တို့သာ ဖြစ်ကြသည်။
နတ်သျှင်နောင်ကိုယ်တော်သည်အဘက်ဘက်တွင်ကျွမ်းကျင်စွမ်းလိမ္မာတော်မူလှသော သူရသတ္တိနှင့်လည်း ပြည့်စုံတော်မူလှသည်။ ပုရိသအာဇာနည် ဖြစ်တော်မူသည်။ အရာရာတွင် လေ့လာလိုက်စား၍ အထူးထူးသော ပညာတို့ကိုလည်း ရှာဖွေဆည်းပူးတော်မူသည်။
နတ်သျှင်နောင်သည် ရတုဆိုခြင်း၌ သိမ်မွေ့တော်မူလှ၏။ တူရိယာဂီတ စောင်းညင်းပတ်သာ တို့၌လည်း ကျွမ်းဝင်တော်မူသည်ဟု အဆိုရှိသည်။ ဂီတသုခုမတို့ကို မြတ်နိုးနှစ်သက်တော်မူသည်။ ကေတုမတီနန်းတွင် စောင်းတတ်၊ ညှင်းတတ်၊ ပတ်တတ်၊ နှဲတတ်သူတို့ကိုချီးမြှင့် မြှောက်စားတော်မူသည်။ သူ့ခေတ်အခါက တောင်ငူရွှေနန်းတွင် အနုပညာပန်းတို့ ပွင့်လန်းနေချေသည်။
တစ်ဖက်တွင်လည်း နတ်သျှင်နောင်သည် ဆင်ရေး၊ မြင်းရေး၌ ထုံတော်မူသည်။ ခမည်းတော်လက်ထက်က ဆောက်လုပ်တော်မူခဲ့သော ပေါင်းလောင်းမြစ် အနောက်ဘက် သာယာစွာသောမြေပြင်တွင် ဆင်ခင်း၊ မြင်းခင်း ပြုမြဲကို တိုးတက်စေသည်။ စက်ဝန်းထား၍ လွံ၊ သေနတ်တို့ကို စမ်းသည်။ ဓားရေး၊ လှံရေးတို့ မပြတ်ကျင့်သည်။ သေနင်္ဂဗျူဟာအမှုကို မပြတ်ကျင့်တော်မူသည်။
အထူးခွားဆုံးမှာကူုလီ (ဂူလီ)သဘင်ပင် ဖြစ်သည်။ နတ်သျှင်နောင်သည် မဟာဥပရာဇာဘဝကပင် ကူလီကစားခြင်း၌ ဝါသနာထုံတော်မူသည်။ နတ်သျှင်နောင်ကိုယ်တော်သည် တောင်ငူဘုရင်အဖြစ်သို့ ရောက်တော်မူသောအခါ ကူလီသဘင်ကို မိမိကိုယ်တော်တိုင်လည်း ကစားပျော်မွေ့တော်မူသည်။ မင်းညီမင်းသား မှူးမတ်များကိုလည်း ကစားစေသည်။
သူရေးစပ်ခဲ့သော ခုနှစ်တောင်စွန် နှင့် ဝေယန္တာတွင် ချီရတုနှစ်ပုဒ်သည် နတ်သျှင်နောင်တို့၏ ကူလီကစားပွဲအကြောင်းကို ဖော်ပြထားသောရတုများ ဖြစ်၏။ ကစားကွင်းကား ယခု တောင်ငူမြို့ တပင်ရွှေထီး ထန်းတောမြောက်ဘက် အမှတ်(၂) အစိုးရအထက်တန်းကျောင်းမြေနေရာဟု ဆို၏။
ဤသို့အားဖြင့် တောင်ငူလူငယ်တို့၏ ကိုယ်လက်ကြံ့ခိုင်ရေး၊ စစ်သွေးစစ်စိတ်မွေးမြူရေး၊ မြင်းစီးကျွမ်းကျင်ရေးတို့ကို တတ်မြောက်အောင် ဆောင်ရွက်၍ မင်းပျိုမင်းလွင်ခေတ်ကို အတင်းပြောင်းပေးနေသော နတ်သျှင်နောင်၏စိတ်ဓာတ်ကား ချီးကျူးရမည်သာ ဖြစ်သည်။
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်