မျောက်ဖင်နီရဲ့တင်ပါးကို အဝေးမှလှမ်းကြည့်စဥ် မီးနီဟုထင်မှတ်ပြီး ဘရိတ်နင်းရပ်ခဲ့ရာ နောက်ကကားမှ အရှိန်နဲ့ဝင်တိုက်တာခံလိုက်ရသည့် မိန်းကလေးဧ။်အဖြစ်

တရုတ်နိုင်ငံ Guizhouပြည်နယ်တွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် မနက်ခင်းအစောတွင် ဗိုက်ဆာ၍ အစားထွက်စားခဲ့ရာ မြို့ထဲလမ်းမပေါ်၌ ကားမောင်းလာခဲ့ရင်း မီးပွိုင့်တစ်ခုတွင် မျောက်ဖင်နီတစ်ကောင်ရဲ့ တင်ပါးကိုမြင်ပြီး မီးနီပြသည်အထင်နှင့် ဘရိတ်နင်းကာ ကားရပ်ခဲ့သည်။

ထိုစဥ် နောက်ကပါလာသောကားတစ်စီးမှ ရပ်နားရမည့်အချိန်မဟုတ်သည့်အတွက် အရှိန်မလျှော့ပဲ မောင်းလာခဲ့ရာ မိန်းကလေးဧ။်ကားအား နောက်ကနေဝင်တိုက်မိခဲ့ပြီး မီးနီမပြသေးပဲ ကားဘာလို့ရပ်လိုက်တာလဲဟု ယာဥ်မောင်းသူမှဆင်းလာပြီး ပြောဆိုခဲ့သည်။

မိန်းကလေးလည်း မီးပွိုင့်ကို လက်ညိုးထိုးပြီးပြခဲ့ရာ အမှန်တကယ် မီးနီမဟုတ်ပဲ မျောက်ဖင်နီရဲ့ တင်ပါးသာဖြစ်နေ၍ စိတ်ဆိုးမည့်အစား ရယ်မောခဲ့ကြပြီး မျောက်လေးကို ဆပ်ကပ်အဖွဲ့မှမွေးထားခြင်းဖြစ်ကြောင်း သိခဲ့ရသည်။

ထို့ကြောင့် ဆပ်ကပ်အဖွဲ့မှ မျောက်လေးအား ထိခိုက်ဒဏ်ရာမရှိပဲ ပြန်တွေ့ခဲ့ရ၍ ဝမ်းသာနေရသော်လည်း ပျက်စီးသွားသော ကားနှစ်စီးလုံးကို ပြန်လျော်ပေးမည်ဟု ဂတိပြုထားပြီးပြီဖြစ်၍ ကြေကွဲသွားခဲ့ရသည်။

Crd,

Zawgyi
တ႐ုတ္နိုင္ငံ Guizhouျပည္နယ္တြင္ ေနထိုင္ေသာ မိန္းကေလးတစ္ဦးသည္ မနက္ခင္းအေစာတြင္ ဗိုက္ဆာ၍ အစားထြက္စားခဲ့ရာ ၿမိဳ႕ထဲလမ္းမေပၚ၌ ကားေမာင္းလာခဲ့ရင္း မီးပြိုင့္တစ္ခုတြင္ ေမ်ာက္ဖင္နီတစ္ေကာင္ရဲ႕ တင္ပါးကိုျမင္ၿပီး မီးနီျပသည္အထင္ႏွင့္ ဘရိတ္နင္းကာ ကားရပ္ခဲ့သည္။

ထိုစဥ္ ေနာက္ကပါလာေသာကားတစ္စီးမွ ရပ္နားရမည့္အခ်ိန္မဟုတ္သည့္အတြက္ အရွိန္မေလွ်ာ့ပဲ ေမာင္းလာခဲ့ရာ မိန္းကေလးဧ။္ကားအား ေနာက္ကေနဝင္တိုက္မိခဲ့ၿပီး မီးနီမျပေသးပဲ ကားဘာလို႔ရပ္လိုက္တာလဲဟု ယာဥ္ေမာင္းသူမွဆင္းလာၿပီး ေျပာဆိုခဲ့သည္။

မိန္းကေလးလည္း မီးပြိုင့္ကို လက္ညိုးထိုးၿပီးျပခဲ့ရာ အမွန္တကယ္ မီးနီမဟုတ္ပဲ ေမ်ာက္ဖင္နီရဲ႕ တင္ပါးသာျဖစ္ေန၍ စိတ္ဆိုးမည့္အစား ရယ္ေမာခဲ့ၾကၿပီး ေမ်ာက္ေလးကို ဆပ္ကပ္အဖြဲ႕မွေမြးထားျခင္းျဖစ္ေၾကာင္း သိခဲ့ရသည္။

ထို႔ေၾကာင့္ ဆပ္ကပ္အဖြဲ႕မွ ေမ်ာက္ေလးအား ထိခိုက္ဒဏ္ရာမရွိပဲ ျပန္ေတြ႕ခဲ့ရ၍ ဝမ္းသာေနရေသာ္လည္း ပ်က္စီးသြားေသာ ကားႏွစ္စီးလုံးကို ျပန္ေလ်ာ္ေပးမည္ဟု ဂတိျပဳထားၿပီးၿပီျဖစ္၍ ေၾကကြဲသြားခဲ့ရသည္။

Crd,