မြန်မာပြည် အလံ နိုင်ငံတကာ အာကာသစခန်းထဲ ရောက်ရှိခဲ့တယ်လို့ ဒီနေ့ အွန်လိုင်းပေါ်က သတင်းတွေအရ သိရှိရပါတယ်။
အရှေ့ဖျား စီးပွားရေးဖိုရမ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖိုရမ်မှာ ပါဝင်တဲ့ မြန်မာ၊ ရုရှား၊ တရုတ်၊ အာမေနီးယားနဲ့ မွန်ဂိုလီးယား အလံတွေကို ရုရှားအာကာသယာဉ်မှူးများက နိုင်ငံတကာ အာကာသစခန်းရဲ့ တနေရာမှာ ၅ နိုင်ငံအလံတွေကို လွှင့်ထူခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) တုန်းက ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိရှိသူ သိပ်မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ဖြစ်တဲ့ ၁၉၇၂ ဒီဇင်ဘာလ ၇ ရက်နေ့မှာ လပေါ်ကို လွှတ်တင်ခဲ့တဲ့ အပိုလို (၁၇) အာကာသယာဉ် ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အလံကို အမေရိကန် အာကာသယာဉ်မှူးတွေက ယူဆောင်သွားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံသား ဦးသန့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် အာကာသယာဉ်မှူးတွေက လပေါ်ကို မြန်မာနိုင်ငံအလံ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အလံနဲ့ အတူ လပေါ်ကနေ ယူဆောင်လာတဲ့ လကျောက်တုံး တတုံးကို အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
အဆိုပါ မြန်မာအလံနဲ့ လကျောက်တုံးကို အမျိုးသား ပြတိုက်မှာ ပြသထားရှိခဲ့ပေမယ့် ယခုတော့ ဘယ်ရောက်သွားလဲ မသိတော့ဘူးလို့ ပြတိုက်ကို ရောက်ရှိသူတွေက ပြောပြခဲ့ကြပါတယ်။
အဆိုပါ အပိုလို (၁၇) ခရီးစဉ်ဟာ လူသားတွေအနေနဲ့ လကမ္ဘာပေါ်ကို ခြေချခဲ့တဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကြာမြင့်တဲ့ ယနေ့ ၂၀၂၂ ခုနှစ်မှာ လူသားတွေအနေနဲ့ လပေါ်ကို ပြန်ခြေချဖို့ ကြိုးပမ်းနေကြပါတယ်။
မြန်မာနိုင်ငံအလံအနေနဲ့ အာကာသထဲမှာ သာမက လကမ္ဘာအထိပါ ရောက်ရှိခဲ့ဖူးကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ။
Crd
Zawgyi
ျမန္မာျပည္ အလံ နိုင္ငံတကာ အာကာသစခန္းထဲ ေရာက္ရွိခဲ့တယ္လို႔ ဒီေန႕ အြန္လိုင္းေပၚက သတင္းေတြအရ သိရွိရပါတယ္။
အေရွ႕ဖ်ား စီးပြားေရးဖိုရမ္ကို ဂုဏ္ျပဳတဲ့အေနနဲ႕ ဖိုရမ္မွာ ပါဝင္တဲ့ ျမန္မာ၊ ႐ုရွား၊ တ႐ုတ္၊ အာေမနီးယားနဲ႕ မြန္ဂိုလီးယား အလံေတြကို ႐ုရွားအာကာသယာဥ္မႉးမ်ားက နိုင္ငံတကာ အာကာသစခန္းရဲ႕ တေနရာမွာ ၅ နိုင္ငံအလံေတြကို လႊင့္ထူခဲ့တာ ျဖစ္ပါတယ္။
အလားတူ ျဖစ္ရပ္မ်ိဳး လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅၀) တုန္းက ျဖစ္ပ်က္ခဲ့တယ္ဆိုတာ သိရွိသူ သိပ္မရွိေတာ့ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅၀) ျဖစ္တဲ့ ၁၉၇၂ ဒီဇင္ဘာလ ၇ ရက္ေန႕မွာ လေပၚကို လႊတ္တင္ခဲ့တဲ့ အပိုလို (၁၇) အာကာသယာဥ္ ခရီးစဥ္မွာ ျမန္မာနိုင္ငံရဲ႕ အလံကို အေမရိကန္ အာကာသယာဥ္မႉးေတြက ယူေဆာင္သြားခဲ့ဖူးပါတယ္။
ျမန္မာနိုင္ငံသား ဦးသန႔္က ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ရာထူးကို ဒုတိယအႀကိမ္ တာဝန္ထမ္းေဆာင္ျခင္းကို ဂုဏ္ျပဳတဲ့အေနနဲ႕ အေမရိကန္ အာကာသယာဥ္မႉးေတြက လေပၚကို ျမန္မာနိုင္ငံအလံ ယူေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။
အဆိုပါ အလံနဲ႕ အတူ လေပၚကေန ယူေဆာင္လာတဲ့ လေက်ာက္တုံး တတုံးကို အေမရိကန္နိုင္ငံက ျမန္မာနိုင္ငံသို႔ လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။
အဆိုပါ ျမန္မာအလံနဲ႕ လေက်ာက္တုံးကို အမ်ိဳးသား ျပတိုက္မွာ ျပသထားရွိခဲ့ေပမယ့္ ယခုေတာ့ ဘယ္ေရာက္သြားလဲ မသိေတာ့ဘူးလို႔ ျပတိုက္ကို ေရာက္ရွိသူေတြက ေျပာျပခဲ့ၾကပါတယ္။
အဆိုပါ အပိုလို (၁၇) ခရီးစဥ္ဟာ လူသားေတြအေနနဲ႕ လကမၻာေပၚကို ေျခခ်ခဲ့တဲ့ ေနာက္ဆုံး ခရီးစဥ္ ျဖစ္ၿပီး ႏွစ္ေပါင္း ၅၀ ၾကာျမင့္တဲ့ ယေန႕ ၂၀၂၂ ခုႏွစ္မွာ လူသားေတြအေနနဲ႕ လေပၚကို ျပန္ေျခခ်ဖိဳ႕ ႀကိဳးပမ္းေနၾကပါတယ္။
ျမန္မာနိုင္ငံအလံအေနနဲ႕ အာကာသထဲမွာ သာမက လကမၻာအထိပါ ေရာက္ရွိခဲ့ဖူးေၾကာင္းကို ဗဟုသုတအေနနဲ႕ ေဖာ္ျပ ေပးလိုက္ပါတယ္ခင္ဗ်ာ။
Crd