” အရေးကောင်း – ဒိန်းဒေါင်းဖျက်သည် ” ဟု စကားပုံဖြစ်ပေါ်စေခဲ့သူ ငမှန်ကန်းအကြောင်း

ပုဂံပြည် အနော်ရထာမင်းစော လက်ထက် ပုဏ္ဏေးမတစ်ယောက် သန္ဓေတည်သောအခါ သားဖြစ်သော လက်ယာကန်းသည် အဖ ပုဏ္ဏား၏ လျှာကို လှီးလိမ့်မည်ဟု အိပ်မက်၏။ လင်ကို ပြောကြားလျှင် ပဋိသန္ဓေကို ဖျက်စေ၏။

ဤသို့ သုံးကြိမ်ဖျက်ပြီးနောက် လေးကြိမ်မြောက်၌ကား မဖျက်တော့ဘဲ ဖွားစေ၏။ဖွားသော် လက်ယာမျက်စိ ကန်းနေ၏။ ငှက်ပျောဖောင်နှင့် မျှောလိုက်ရာ သိန်းဃိုဠ် (သီရိလင်္ကာ) သား သက်ကြီး လင်မယားက ဆယ်ယူကျွေးမွေး၍ ဆရာ့ကျောင်းမှာအပ် ၊ ရှင်ပြု ၊ ဗေဒင်တတ်လှ၏။

တစ်ခါ၌ ကျောင်းသားတို့က မသင့်မတင့်ကြလျှင် ပုဂံက မျောလာသော လက်ယာကန်းဟု ရန်ရှာစကား ဆိုကြသည်ကို ဝမ်းနည်း၍ ပုဂံသို့ ကူးသန်းလာလေ၏။ဆိတ်ဖြူချင်းတောင်တွင် တစ်ညဉ့်အိပ်၍ ထိုရွာ၌ သူကြီးမတစ်ဦး နွားပျောက်သည်ကို ဗေဒင်ဟောပေး၍ ရသည်နှင့် သူကြီးမက ပစ္စည်းအလုံးစုံ ပေးအပ်လေသည်။

မောင်ရှင်ကား ပယ်ခဲ့၍ စဉ့်ကူးသို့ လာခဲ့သည်။ စဉ့်ကူးမင်း ဆရာတော်ကျောင်း၌ တည်းခိုနေစဉ် ၎င်းမြို့သူ ခုနစ်ယောက်သည် ခရီးသွားနေသော မိမိတို့ လင်များအကြောင်းကို ဗေဒင်မေးလာ၏။ မင်းဆရာတော်က ” သင်တို့လင်များ ဘေးဖြစ်လေပြီ ၊ မကောင်းတကား ” ဟု ဟောပေ၏။

ထိုစကားကို မောင်ရှင်ကြားသော် ” အရှင်ဘုရား ထိုထက်သေချာစွာ ဟောပါ ” ဟု ဆို၏။ ” ငါကား သည်မျှသာ စွမ်းပါသည်။ မောင်ရှင် စွမ်းလျှင် ဟောပါတော့ ” ဟု ပြန်၍ ဆိုလေ၏။

ထိုအခါ မောင်ရှင်က တွက်ချက်၍ ” မည်သူ၏ လင်လေးယောက်ကား သေလေပြီ ၊ မည်သူ၏ လင်သုံးယောက်ကား နက်ဖြန် နေထွက်ချိန်၌ တောင်အရပ်မှ ဦးထုပ် လွယ်အိတ်တို့ကို လွယ်၍ အင်္ကျီခေါင်းပေါင်းနှင့် လာလတ္တံ့ ” ဟု ဟောလေ၏။

ဟောတိုင်း ယောက်ျား သုံးယောက် ပြန်လာ၍ အခြားလေးယောက် လှေမှောက်၍ သေဆုံးကြောင်း ပြောသဖြင့် မိန်းမလေးယောက် ဖက်၍ ငိုကြစဉ် ” မည်သူ့လင် ဝတ်သော ပတ္တမြားလက်စွပ် ရောက်လာလိမ့်မည် ကြည့်လင့် ” ဟု ဆို၏။ မကြာမီပင် ငှက်ချီလာ၍ လက်စွပ်နှင့်တကွ လက်ညှိုးသည် ရင်ထက်သို့ ကျလာ၏။

စဉ့်ကူးမင်းဆရာလည်း ” မောင်ရှင် ငါ့ထက် သာလေသည် ငါ့ကျောင်းနှင့်တကွ ရှိပစ္စည်းကို သိမ်းပါတော့ ” ဟုဆိုလေ၏။ မောင်ရှင် ကလည်း ” တပည့်တော် ပုဂံသို့သာ သွားလိုပါသည် ” ဆိုသောကြောင့် ပို့လိုက်ရလေ၏။

ပုဂံတွင် နန်းဆောက်မည်ဟု သစ်ရွေးနေသည့် အနီးသို့ ရောက်လာသော် မေးမြန်းသဖြင့် သိရမှ အနားတွင် ချဉ်း၍ နေလေ၏။ မင်းကြီးက ပုဏ္ဏားအား ” သစ် စေ့စုံပြီလော ” ဟု မေးလျှင် ” စေ့စုံပါပြီ ” ဟု လျှောက်၏။ မောင်ရှင်က ဝင်၍ ” အသင်ပုဏ္ဏား မစေ့စုံသေးတကား ” ဟု ဆို၏။

ထိုအခါ ပုဏ္ဏားက ရှင်ဖုန်းစားဟု ဆိုလေ၏။ (ဖုန်းစားကား သူတောင်းစား ဟု ဆိုလိုသည်) မောင်ရှင်ကလည်း ” အသင်ပုဏ္ဏား ရှင်တို့ ရဟန်းတို့ မည်သည်မှာ ဖုန်းစားချည်း မှန်၏ ” ဟု ပြန်ဆိုမှ ပုဏ္ဏား မသက်မသာရှိ၏။

တစ်ဖန် ဦးရူတိုင် စိုက်ထူရန် သစ်တစ်ခုကို ပုဏ္ဏားက ပြလေရာ မောင်ရှင်က ဝင်၍ ” ဤသစ်သည် အပြင်က ချောမောလှပ သော်လည်း မကောင်းသော အမျက်များ ပါသည်။ ၎င်းအပြင် အတွင်း၌ အခေါင်းရှိ၍ ဖားသတ္တဝါလည်း ရှိလေသည်။ ဤသစ်ကား မကောင်း တကား ” ဟု ဆိုလေ၏။

ထိုအခါ အငြင်းအခုံ ဖြစ်ကြ၍ လျှာလှီးတမ်း လောင်းလျက် သစ်ကို သေချာစွာ စုံစမ်းလေသော် မောင်ရှင် ဟောသည့်အတိုင်း အလုံးစုံ မှန်လေ၏။ မောင်ရှင်က လျှာကို လှီးမည်ရှိရာ ဆိုင်းပါဦးဟု ပုဏ္ဏားက တောင်းပန်ရလေ၏။

မင်းကြီးက ပုဏ္ဏားအား နန်းတော်ဆောက်ရန် အခါတောင်းလျှင် ” မြောက်က စွန်ပြောက်တစ်ကောင် ငါးကို ချီလာလိမ့်မည်။ ထိုငါးသည် စွန်လက်မှ လွတ်၍ သည်နေရာတွင် ကျလိမ့်မည် ” ဟု မြေတွင် ကွင်း၍ ပြကာ ” ဤကား အခါတည်း ” ဟု လျှောက်၏။

မောင်ရှင်ကမူကား ” ထိုနေရာမဟုတ် ၊ ဤနေရာတွင် ကျမည် ” ဟု အခြားတစ်နေရာတွင် ကွင်း၍ ပြပြန်လေ၏။လျှာလှီးတမ်းပင်လောင်း၍ စောင့်နေရာ ဆိုသည့်အတိုင်း စွန်ချီလာသည်မှာ ငါးရံ့အရှင် ဖြစ်၍ ပုဏ်ဏားပြရာ၌ ရှေးဦးစွာကျပြီးမှ ခုန်၍ သွားသောကြောင့် မောင်ရှင်ပြရာ မြေကွက်၌ တည်လေ၏။ မောင်ရှင်က လျှာလှီးမည် ပြုရာ ဆိုင်းပါဦးဟု ပုဏ်ဏားက တောင်းပန်ရ ပြန်လေ၏။

မကြာမီ သာသနာပိုင် ဆရာတော်သည် မင်းကြီး၏ နန်းတော်သို့လာ၍ ထိုပုရောဟိတ် ပုဏ္ဏားအား ” ငါ့အတွက် ကိန်းခန်းနက္ခတ် ကြည့်မိ၏လော ” ဟု မေး၏။ ပုဏ္ဏားကလည်း မကြည့်ဘဲလျက် ကြည့်၏ဟု ဆိုပြီးလျှင် ” စည်းစိမ်တည်၍ အသက်ရှင်လတ္တံ့ ” ဟု ဆိုပေ၏။

မောင်ရှင်က ဝင်ပြန်၍ ” သင်၏ ဟောချက်မမှန် ၊ သာသနာပိုင် ယနေ့ပင် သေဆုံးလိမ့်မည် ” ဟု ဟောလေ၏။

သာသနာပိုင်သည် ကျောင်းသို့ ပြန်ရောက်လျှင် ပိဋကတ် သာသနာစိုးအား ” မင်းကြီးထံမှ လက်ယာကန်းကို သွား၍ယူခဲ့ ၊ ကျောင်းသို့ မပါစေနှင့် ၊ ပြီးခဲ့စေ ” ဟု စေလိုက်၏။ သာသနာစိုး သွားမည်ပြင်နေစဉ် သာသနာပိုင်သည် ရေအိမ်သို့တက်ရာ စိတ်မာန်နှင့် ရှူးရှူး ရှားရှား တက်သည်ဖြစ်၍ ရေအိမ်အထက် ထုပ်တွင်စွဲနှက်ထားသော သံသုံးချောင်းကို ဦးခေါင်းနှင့် တိုက်မိ စူး၍ သေလေ၏။ သာသနာစိုးလည်း မင်းကြီးအား အလုံးစုံ လျှောက်၏။

ထိုအခါ မောင်ရှင်ကလည်း အသင်ပုဏ္ဏား ” ငါက နိုင်သည်မှာ သုံးကြိမ်ရှိပြီ ၊ လှီးရအံ့တော့လော ” ဟု မေးလျှင် လှီးပါတော့ ဆိုမှ လှီးဖြတ်မည်ရှိရာ ပုဏ္ဏားက ” နေပါဦး မောင်ရှင် သိန်းဃိုဠ် (သီရိလင်္ကာ) သားလော ” ဟု မေးလျှင် မဟုတ်ပါ ၊ ပုဂံပြည်သား ၊ ဖွားစက ဖောင်နှင့် မျှောလိုက်ကြောင်းများကို ဆိုမှ သားအဖ ဖြစ်ကြောင်းများကို သိကြရလေ၏။

တစ်ခါသော ရှင်ငယ် တစ်ယောက်သည် မောင်ရှင် ငမှန်ကန်း ထံသို့ ဗေဒင်မေးရန် လာ၏။ ငမှန်ကန်းက ” ယနေက မွန်းတည့်လျှင် အနောက်တောင်ထောင့်က မိုးရွာလိမ့်မည်။ မွန်းတည့်လျှင် မောင်ရှင်ကို မိုးကြိုးပစ်၍ သေလိမ့်မည် ” ဟု ဟောလေ၏။

မောင်ရှင်လည်း မိမိဆရာ့ကျောင်းသို့ ပြန်၍ လျှောက်ပေ၏။ ဆရာကလည်း ” ပုဂံပြည်တွင် စကားတတ်လှ ပဒုမ ဟု ရှိလျှက် ငါ့တပည့်ကို မိုးကြိုးပစ်ရမည်လော ” ဟု ဆိုပြီးလျှင် မိမိ ဦးထုပ်တွင် စိန်နှင့် ဓာတ်တော်ကို ငုံစေပြီးသော် ကျောင်းရှေ့ လေးထောင့်ကန်တွင် နေစေ၏။

မွန်းတိမ်းလျှင် မိုးကြိုးပစ်၏။ သို့သော် မောင်ရှင်ကား မသေလေ။ မိုးသောက်သော် မောင်ရှင်သည် သွား၍ ” ငါ့ရှင် ငမှန်ကန်း ငါသည် မိုးကြိုးပစ်၍မသေ ၊ အသင် အားကိုး၍ ဟောသောကျမ်းသည် မမှန်ပြီတကား ” ဟု ပြက်ရယ်ဆိုလေရာ ထိုကျမ်းကို မီးတိုက်ပစ်လေ၏။

နောက်အတန်ကြာသော် အဖပုဏ္ဏားက
” ငါ့သားမောင်ရှင် ၊ ဗေဒင်ကျမ်း မမြင်ပါတကား ”
” ရှင်ပျက်ငယ် မမှန်ဟု ဆို၍ ငါ မီးတိုက်ပြီးပြီ ”
” ပြာ အဘယ်မှာနည်း ”
” ကြက်ယက်လေပြီ ”

” ကြက်ယက်ရုံသာလော ”
” လူးလည်း လူးလေ၏ ”
” လူးရုံသာလော ”
” စားလည်း စား၏ ”
” သို့ဖြစ်လျှင် ၊ သည်ကြက်ကို မည်သို့ပြုရအံ့နည်း ”

” ကမ္ဘာအစ ကျမ်းမီးတိုက်ပြာကို စားသည် ၊ ယက်သည် ၊ လူးသည် ဖြစ်သောကြောင့် အရိုးကို ကမ္ဘာပြု ကြက်ရိုးထိုး၍ ဟောပြော ခြင်းကို ကမ္ဘာမကြေမချင်း ပြုလိမ့်မည် ”

ထို့နောက် အဖသည် သား ကျော်စောလှသည်ကို မနာလိုသည်နှင့် ရူးဆေးကို ပေးသဖြင့် သားသည် ရူးခဲ့၏။ ထို့နောက် ဗေဒင် မေးမြန်းကြလျှင်လည်း ” ငါ့သားကိုသာ မေးပါတော့ ၊ မှန်ပါကုန်၏ ” ဟု ဆို၏။

တစ်ခါ၌ ငမှန်ကန်းက အဖအား ” ယခု မထောင်းသာ ၊ သေပြီး နောက်မှသော်ကား ပေါကျိုးလတ္တံ့ ” ဟုဆို၏။ အဖကလည်း ” သေပြီးနောက်မှ အဘယ်မှာ ပေါင်ကျိုးနိုင်အံ့နည်း ” ဟု ဆိုလျှင် ” ဖခင် ကြည့်ရစ်တော့ ” ဟု ဆို၏။

ငမှန်ကန်းလည်း ရူးသည်နှင့် အစဉ်တိုက် မြည်တမ်းလည်ပတ်၍ နေရာမှ တစ်နေ့သော် အနိစ္စရောက်ခဲ့၏။ ပြည်သူတို့လည်း ပူဇော်လိုသည် ဖြစ်၍ တလားကို ပုဏ္ဏား မလုပ်စေရ ၊ ပြည်သူပြည်သားတို့က လုပ်၏။

သင်္ဂြီုဟ်အံ့ဟု တလားတွင် ထည့်သော် တလားငယ်၍ လူကောင် ကြီးနေသောကြောင့် မတန်ရှိသည်တွင် တလားကို အသစ်လည်း မလုပ်ကောင်း ၊ ဖောက်လည်း မဖောက်ကောင်း ၊ ဆက်လည်း မဆက်ကောင်း ရှိသည်နှင့် ဘယ်သို့ပြုရအံ့နည်းဟု မေးသော် ” ပေါင်ချိုး၍ ထည့်ကောင်း၏ ” ဟု အဖပုဏ္ဏားက ဆို၏။ ပြည်သူတို့လည်း ဝမ်းနည်းစွာနှင့် ချိုး၍ ထည့်ကြရ၏။ ရှေးဟောပြောချက် မှန်လေသတည်း။

ဤသို့လျှင် ငမှန်ကန်းသည် ရူးသောအခါ လှည့်လည်၍ ” ဤနေရာတွင် ငွေရှိ၏။ ထိုနေရာတွင် ပစ္စည်းရှိ၏ ” စသည်ဖြင့် ရှေးဖြစ် နောက်ဖြစ် အရပ်ရပ်တို့ကို ဆိုမြည် ပြောဟောလေ့ ရှိ၏။

ထိုပြောဟောချက်တို့ကို လူတို့နောက်က တိတ်တဆိတ်လိုက်၍ စာဖြင့် ရေးမှတ်ကြ၏။ ရေးကြောင်းကိုသိလျှင် ” ဒိန်းဒေါင်း – ဒိန်းဒေါင်း ” ဆို၍ သွားလေ၏။ ဤကိုစွဲ၍ ” အရေးကောင်း – ဒိန်းဒေါင်းဖျက်သည် ” ဟု စကားပုံ ဖြစ်လာသော ဟူ၏။ စင်စစ်သော်ကား ‘ ငမှန်ကန်းသိုက် ‘ ဟု အထင်အရှား ရှိလေသည်။

မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်။

Zawgyi
ပုဂံျပည္ အေနာ္ရထာမင္းေစာ လက္ထက္ ပုေဏၰးမတစ္ေယာက္ သႏၶေတည္ေသာအခါ သားျဖစ္ေသာ လက္ယာကန္းသည္ အဖ ပုဏၰား၏ လွ်ာကို လွီးလိမ့္မည္ဟု အိပ္မက္၏။ လင္ကို ေျပာၾကားလွ်င္ ပဋိသႏၶေကို ဖ်က္ေစ၏။

ဤသို႔ သုံးႀကိမ္ဖ်က္ၿပီးေနာက္ ေလးႀကိမ္ေျမာက္၌ကား မဖ်က္ေတာ့ဘဲ ဖြားေစ၏။ဖြားေသာ္ လက္ယာမ်က္စိ ကန္းေန၏။ ငွက္ေပ်ာေဖာင္ႏွင့္ ေမွ်ာလိုက္ရာ သိန္းဃိုဠ္ (သီရိလကၤာ) သား သက္ႀကီး လင္မယားက ဆယ္ယူေကြၽးေမြး၍ ဆရာ့ေက်ာင္းမွာအပ္ ၊ ရွင္ျပဳ ၊ ေဗဒင္တတ္လွ၏။

တစ္ခါ၌ ေက်ာင္းသားတို႔က မသင့္မတင့္ၾကလွ်င္ ပုဂံက ေမ်ာလာေသာ လက္ယာကန္းဟု ရန္ရွာစကား ဆိုၾကသည္ကို ဝမ္းနည္း၍ ပုဂံသို႔ ကူးသန္းလာေလ၏။ဆိတ္ျဖဴခ်င္းေတာင္တြင္ တစ္ညဥ့္အိပ္၍ ထို႐ြာ၌ သူႀကီးမတစ္ဦး ႏြားေပ်ာက္သည္ကို ေဗဒင္ေဟာေပး၍ ရသည္ႏွင့္ သူႀကီးမက ပစၥည္းအလုံးစုံ ေပးအပ္ေလသည္။

ေမာင္ရွင္ကား ပယ္ခဲ့၍ စဥ့္ကူးသို႔ လာခဲ့သည္။ စဥ့္ကူးမင္း ဆရာေတာ္ေက်ာင္း၌ တည္းခိုေနစဥ္ ၎ၿမိဳ႕သူ ခုနစ္ေယာက္သည္ ခရီးသြားေနေသာ မိမိတို႔ လင္မ်ားအေၾကာင္းကို ေဗဒင္ေမးလာ၏။ မင္းဆရာေတာ္က ” သင္တို႔လင္မ်ား ေဘးျဖစ္ေလၿပီ ၊ မေကာင္းတကား ” ဟု ေဟာေပ၏။

ထိုစကားကို ေမာင္ရွင္ၾကားေသာ္ ” အရွင္ဘုရား ထိုထက္ေသခ်ာစြာ ေဟာပါ ” ဟု ဆို၏။ ” ငါကား သည္မွ်သာ စြမ္းပါသည္။ ေမာင္ရွင္ စြမ္းလွ်င္ ေဟာပါေတာ့ ” ဟု ျပန္၍ ဆိုေလ၏။

ထိုအခါ ေမာင္ရွင္က တြက္ခ်က္၍ ” မည္သူ၏ လင္ေလးေယာက္ကား ေသေလၿပီ ၊ မည္သူ၏ လင္သုံးေယာက္ကား နက္ျဖန္ ေနထြက္ခ်ိန္၌ ေတာင္အရပ္မွ ဦးထုပ္ လြယ္အိတ္တို႔ကို လြယ္၍ အကၤ်ီေခါင္းေပါင္းႏွင့္ လာလတၱံ့ ” ဟု ေဟာေလ၏။

ေဟာတိုင္း ေယာက္်ား သုံးေယာက္ ျပန္လာ၍ အျခားေလးေယာက္ ေလွေမွာက္၍ ေသဆုံးေၾကာင္း ေျပာသျဖင့္ မိန္းမေလးေယာက္ ဖက္၍ ငိုၾကစဥ္ ” မည္သူ႕လင္ ဝတ္ေသာ ပတၱျမားလက္စြပ္ ေရာက္လာလိမ့္မည္ ၾကည့္လင့္ ” ဟု ဆို၏။ မၾကာမီပင္ ငွက္ခ်ီလာ၍ လက္စြပ္ႏွင့္တကြ လက္ညွိုးသည္ ရင္ထက္သို႔ က်လာ၏။

စဥ့္ကူးမင္းဆရာလည္း ” ေမာင္ရွင္ ငါ့ထက္ သာေလသည္ ငါ့ေက်ာင္းႏွင့္တကြ ရွိပစၥည္းကို သိမ္းပါေတာ့ ” ဟုဆိုေလ၏။ ေမာင္ရွင္ ကလည္း ” တပည့္ေတာ္ ပုဂံသို႔သာ သြားလိုပါသည္ ” ဆိုေသာေၾကာင့္ ပို႔လိုက္ရေလ၏။

ပုဂံတြင္ နန္းေဆာက္မည္ဟု သစ္ေ႐ြးေနသည့္ အနီးသို႔ ေရာက္လာေသာ္ ေမးျမန္းသျဖင့္ သိရမွ အနားတြင္ ခ်ဥ္း၍ ေနေလ၏။ မင္းႀကီးက ပုဏၰားအား ” သစ္ ေစ့စုံၿပီေလာ ” ဟု ေမးလွ်င္ ” ေစ့စုံပါၿပီ ” ဟု ေလွ်ာက္၏။ ေမာင္ရွင္က ဝင္၍ ” အသင္ပုဏၰား မေစ့စုံေသးတကား ” ဟု ဆို၏။

ထိုအခါ ပုဏၰားက ရွင္ဖုန္းစားဟု ဆိုေလ၏။ (ဖုန္းစားကား သူေတာင္းစား ဟု ဆိုလိုသည္) ေမာင္ရွင္ကလည္း ” အသင္ပုဏၰား ရွင္တို႔ ရဟန္းတို႔ မည္သည္မွာ ဖုန္းစားခ်ည္း မွန္၏ ” ဟု ျပန္ဆိုမွ ပုဏၰား မသက္မသာရွိ၏။

တစ္ဖန္ ဦး႐ူတိုင္ စိုက္ထူရန္ သစ္တစ္ခုကို ပုဏၰားက ျပေလရာ ေမာင္ရွင္က ဝင္၍ ” ဤသစ္သည္ အျပင္က ေခ်ာေမာလွပ ေသာ္လည္း မေကာင္းေသာ အမ်က္မ်ား ပါသည္။ ၎အျပင္ အတြင္း၌ အေခါင္းရွိ၍ ဖားသတၱဝါလည္း ရွိေလသည္။ ဤသစ္ကား မေကာင္း တကား ” ဟု ဆိုေလ၏။

ထိုအခါ အျငင္းအခုံ ျဖစ္ၾက၍ လွ်ာလွီးတမ္း ေလာင္းလ်က္ သစ္ကို ေသခ်ာစြာ စုံစမ္းေလေသာ္ ေမာင္ရွင္ ေဟာသည့္အတိုင္း အလုံးစုံ မွန္ေလ၏။ ေမာင္ရွင္က လွ်ာကို လွီးမည္ရွိရာ ဆိုင္းပါဦးဟု ပုဏၰားက ေတာင္းပန္ရေလ၏။

မင္းႀကီးက ပုဏၰားအား နန္းေတာ္ေဆာက္ရန္ အခါေတာင္းလွ်င္ ” ေျမာက္က စြန္ေျပာက္တစ္ေကာင္ ငါးကို ခ်ီလာလိမ့္မည္။ ထိုငါးသည္ စြန္လက္မွ လြတ္၍ သည္ေနရာတြင္ က်လိမ့္မည္ ” ဟု ေျမတြင္ ကြင္း၍ ျပကာ ” ဤကား အခါတည္း ” ဟု ေလွ်ာက္၏။

ေမာင္ရွင္ကမူကား ” ထိုေနရာမဟုတ္ ၊ ဤေနရာတြင္ က်မည္ ” ဟု အျခားတစ္ေနရာတြင္ ကြင္း၍ ျပျပန္ေလ၏။လွ်ာလွီးတမ္းပင္ေလာင္း၍ ေစာင့္ေနရာ ဆိုသည့္အတိုင္း စြန္ခ်ီလာသည္မွာ ငါးရံ႕အရွင္ ျဖစ္၍ ပုဏ္ဏားျပရာ၌ ေရွးဦးစြာက်ၿပီးမွ ခုန္၍ သြားေသာေၾကာင့္ ေမာင္ရွင္ျပရာ ေျမကြက္၌ တည္ေလ၏။ ေမာင္ရွင္က လွ်ာလွီးမည္ ျပဳရာ ဆိုင္းပါဦးဟု ပုဏ္ဏားက ေတာင္းပန္ရ ျပန္ေလ၏။

မၾကာမီ သာသနာပိုင္ ဆရာေတာ္သည္ မင္းႀကီး၏ နန္းေတာ္သို႔လာ၍ ထိုပုေရာဟိတ္ ပုဏၰားအား ” ငါ့အတြက္ ကိန္းခန္းနကၡတ္ ၾကည့္မိ၏ေလာ ” ဟု ေမး၏။ ပုဏၰားကလည္း မၾကည့္ဘဲလ်က္ ၾကည့္၏ဟု ဆိုၿပီးလွ်င္ ” စည္းစိမ္တည္၍ အသက္ရွင္လတၱံ့ ” ဟု ဆိုေပ၏။

ေမာင္ရွင္က ဝင္ျပန္၍ ” သင္၏ ေဟာခ်က္မမွန္ ၊ သာသနာပိုင္ ယေန႕ပင္ ေသဆုံးလိမ့္မည္ ” ဟု ေဟာေလ၏။

သာသနာပိုင္သည္ ေက်ာင္းသို႔ ျပန္ေရာက္လွ်င္ ပိဋကတ္ သာသနာစိုးအား ” မင္းႀကီးထံမွ လက္ယာကန္းကို သြား၍ယူခဲ့ ၊ ေက်ာင္းသို႔ မပါေစႏွင့္ ၊ ၿပီးခဲ့ေစ ” ဟု ေစလိုက္၏။ သာသနာစိုး သြားမည္ျပင္ေနစဥ္ သာသနာပိုင္သည္ ေရအိမ္သို႔တက္ရာ စိတ္မာန္ႏွင့္ ရႉးရႉး ရွားရွား တက္သည္ျဖစ္၍ ေရအိမ္အထက္ ထုပ္တြင္စြဲႏွက္ထားေသာ သံသုံးေခ်ာင္းကို ဦးေခါင္းႏွင့္ တိုက္မိ စူး၍ ေသေလ၏။ သာသနာစိုးလည္း မင္းႀကီးအား အလုံးစုံ ေလွ်ာက္၏။

ထိုအခါ ေမာင္ရွင္ကလည္း အသင္ပုဏၰား ” ငါက နိုင္သည္မွာ သုံးႀကိမ္ရွိၿပီ ၊ လွီးရအံ့ေတာ့ေလာ ” ဟု ေမးလွ်င္ လွီးပါေတာ့ ဆိုမွ လွီးျဖတ္မည္ရွိရာ ပုဏၰားက ” ေနပါဦး ေမာင္ရွင္ သိန္းဃိုဠ္ (သီရိလကၤာ) သားေလာ ” ဟု ေမးလွ်င္ မဟုတ္ပါ ၊ ပုဂံျပည္သား ၊ ဖြားစက ေဖာင္ႏွင့္ ေမွ်ာလိုက္ေၾကာင္းမ်ားကို ဆိုမွ သားအဖ ျဖစ္ေၾကာင္းမ်ားကို သိၾကရေလ၏။

တစ္ခါေသာ ရွင္ငယ္ တစ္ေယာက္သည္ ေမာင္ရွင္ ငမွန္ကန္း ထံသို႔ ေဗဒင္ေမးရန္ လာ၏။ ငမွန္ကန္းက ” ယေနက မြန္းတည့္လွ်င္ အေနာက္ေတာင္ေထာင့္က မိုး႐ြာလိမ့္မည္။ မြန္းတည့္လွ်င္ ေမာင္ရွင္ကို မိုးႀကိဳးပစ္၍ ေသလိမ့္မည္ ” ဟု ေဟာေလ၏။

ေမာင္ရွင္လည္း မိမိဆရာ့ေက်ာင္းသို႔ ျပန္၍ ေလွ်ာက္ေပ၏။ ဆရာကလည္း ” ပုဂံျပည္တြင္ စကားတတ္လွ ပဒုမ ဟု ရွိလွ်က္ ငါ့တပည့္ကို မိုးႀကိဳးပစ္ရမည္ေလာ ” ဟု ဆိုၿပီးလွ်င္ မိမိ ဦးထုပ္တြင္ စိန္ႏွင့္ ဓာတ္ေတာ္ကို ငုံေစၿပီးေသာ္ ေက်ာင္းေရွ႕ ေလးေထာင့္ကန္တြင္ ေနေစ၏။

မြန္းတိမ္းလွ်င္ မိုးႀကိဳးပစ္၏။ သို႔ေသာ္ ေမာင္ရွင္ကား မေသေလ။ မိုးေသာက္ေသာ္ ေမာင္ရွင္သည္ သြား၍ ” ငါ့ရွင္ ငမွန္ကန္း ငါသည္ မိုးႀကိဳးပစ္၍မေသ ၊ အသင္ အားကိုး၍ ေဟာေသာက်မ္းသည္ မမွန္ၿပီတကား ” ဟု ျပက္ရယ္ဆိုေလရာ ထိုက်မ္းကို မီးတိုက္ပစ္ေလ၏။

ေနာက္အတန္ၾကာေသာ္ အဖပုဏၰားက
” ငါ့သားေမာင္ရွင္ ၊ ေဗဒင္က်မ္း မျမင္ပါတကား ”
” ရွင္ပ်က္ငယ္ မမွန္ဟု ဆို၍ ငါ မီးတိုက္ၿပီးၿပီ ”
” ျပာ အဘယ္မွာနည္း ”
” ၾကက္ယက္ေလၿပီ ”

” ၾကက္ယက္႐ုံသာေလာ ”
” လူးလည္း လူးေလ၏ ”
” လူး႐ုံသာေလာ ”
” စားလည္း စား၏ ”
” သို႔ျဖစ္လွ်င္ ၊ သည္ၾကက္ကို မည္သို႔ျပဳရအံ့နည္း ”

” ကမၻာအစ က်မ္းမီးတိုက္ျပာကို စားသည္ ၊ ယက္သည္ ၊ လူးသည္ ျဖစ္ေသာေၾကာင့္ အရိုးကို ကမၻာျပဳ ၾကက္ရိုးထိုး၍ ေဟာေျပာ ျခင္းကို ကမၻာမေၾကမခ်င္း ျပဳလိမ့္မည္ ”

ထို႔ေနာက္ အဖသည္ သား ေက်ာ္ေစာလွသည္ကို မနာလိုသည္ႏွင့္ ႐ူးေဆးကို ေပးသျဖင့္ သားသည္ ႐ူးခဲ့၏။ ထို႔ေနာက္ ေဗဒင္ ေမးျမန္းၾကလွ်င္လည္း ” ငါ့သားကိုသာ ေမးပါေတာ့ ၊ မွန္ပါကုန္၏ ” ဟု ဆို၏။

တစ္ခါ၌ ငမွန္ကန္းက အဖအား ” ယခု မေထာင္းသာ ၊ ေသၿပီး ေနာက္မွေသာ္ကား ေပါက်ိဳးလတၱံ့ ” ဟုဆို၏။ အဖကလည္း ” ေသၿပီးေနာက္မွ အဘယ္မွာ ေပါင္က်ိဳးနိုင္အံ့နည္း ” ဟု ဆိုလွ်င္ ” ဖခင္ ၾကည့္ရစ္ေတာ့ ” ဟု ဆို၏။

ငမွန္ကန္းလည္း ႐ူးသည္ႏွင့္ အစဥ္တိုက္ ျမည္တမ္းလည္ပတ္၍ ေနရာမွ တစ္ေန႕ေသာ္ အနိစၥေရာက္ခဲ့၏။ ျပည္သူတို႔လည္း ပူေဇာ္လိုသည္ ျဖစ္၍ တလားကို ပုဏၰား မလုပ္ေစရ ၊ ျပည္သူျပည္သားတို႔က လုပ္၏။

သျဂၤီုဟ္အံ့ဟု တလားတြင္ ထည့္ေသာ္ တလားငယ္၍ လူေကာင္ ႀကီးေနေသာေၾကာင့္ မတန္ရွိသည္တြင္ တလားကို အသစ္လည္း မလုပ္ေကာင္း ၊ ေဖာက္လည္း မေဖာက္ေကာင္း ၊ ဆက္လည္း မဆက္ေကာင္း ရွိသည္ႏွင့္ ဘယ္သို႔ျပဳရအံ့နည္းဟု ေမးေသာ္ ” ေပါင္ခ်ိဳး၍ ထည့္ေကာင္း၏ ” ဟု အဖပုဏၰားက ဆို၏။ ျပည္သူတို႔လည္း ဝမ္းနည္းစြာႏွင့္ ခ်ိဳး၍ ထည့္ၾကရ၏။ ေရွးေဟာေျပာခ်က္ မွန္ေလသတည္း။

ဤသို႔လွ်င္ ငမွန္ကန္းသည္ ႐ူးေသာအခါ လွည့္လည္၍ ” ဤေနရာတြင္ ေငြရွိ၏။ ထိုေနရာတြင္ ပစၥည္းရွိ၏ ” စသည္ျဖင့္ ေရွးျဖစ္ ေနာက္ျဖစ္ အရပ္ရပ္တို႔ကို ဆိုျမည္ ေျပာေဟာေလ့ ရွိ၏။

ထိုေျပာေဟာခ်က္တို႔ကို လူတို႔ေနာက္က တိတ္တဆိတ္လိုက္၍ စာျဖင့္ ေရးမွတ္ၾက၏။ ေရးေၾကာင္းကိုသိလွ်င္ ” ဒိန္းေဒါင္း – ဒိန္းေဒါင္း ” ဆို၍ သြားေလ၏။ ဤကိုစြဲ၍ ” အေရးေကာင္း – ဒိန္းေဒါင္းဖ်က္သည္ ” ဟု စကားပုံ ျဖစ္လာေသာ ဟူ၏။ စင္စစ္ေသာ္ကား ‘ ငမွန္ကန္းသိုက္ ‘ ဟု အထင္အရွား ရွိေလသည္။

မူရင္းေရးသူအားေလးစားစြာCrdေပးပါသည္။