သင်္ဘောများကိုအီဂျစ်လူမျိုးတို့က စတင်၍ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။ လွန်ခဲ့သောနှစ် ပေါင်း၆ဝဝဝခန့်က အီဂျစ်လူမျိုးတို့တွင် ခရီးသည် ၅ဝခန့် တင်ဆောင်နိုင်သော သင်္ဘောများ ရှိခဲ့ဖူးသည်။ သို့သော် ထိုသင်္ဘောများမှာ သစ်သားဖြင့် တည်ဆောက်ထားသော ရွက်သင်္ဘောများသာဖြစ်ကြ၏။
၁၉ ရာစု အစလောက်တွင်မှ ခေတ်မီသင်္ဘောသစ်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။ ခေတ်မီသင်္ဘောများတွင် လေကို အားကိုးရသော ရွက်များအစား ရေနွေးငွေ့နှင့် ခုတ်မောင်းသောစက်များကို တပ်ဆင်လာကြသည်။ သစ်သားနှင့်ဆောက်လုပ်ခဲ့ရာမှသံဖြင့်၎င်း၊ ထိုနောက် သံထက် ပို၍ခိုင်ခန့်သောသံမဏိဖြင့်၎င်း ဆောက်လုပ်လာကြလေသည်။
ဘီစီ ၃၀၀၀ ခန့်ကပင် ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် သစ်သားပျဉ်ချပ်များမှ သင်္ဘော၏ ကိုယ်ထည်ဖြစ်အောင် ဆောက်သည့်နည်းကို သိရှိခဲ့ကြပြီးဖြစ်သည်။ ကျစ်ထားသော ကြိုးများကို သုံး၍ ပျဉ်ပြားများကို အတူတကွ စုစည်းချည်နှောင်ခဲ့ကြသည်။ ကျူပင်နှင့် မြက်ပင်များကို သစ်သားပြားများကြားတွင်ထည့်ခြင်းဖြင့် ဆက်ကြောင်းများမှ ရေလုံအောင် တားဆီးနိုင်ခဲ့သည်။
ဂရိလူမျိုး သမိုင်းရေးသူနှင့် မြေပုံဆွဲသူ အာဂါသာချီဒိစ် မှ ရှေးဟောင်းအီဂျစ်လူမျိုးတို့ကြား သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်းကို မှတ်တမ်းတင်ခဲ့ပုံမှာ ” ဘီစီ ၃၀ ရာစု နှင့် ၂၅ ရာစုကြား အီဂျစ် တိုင်းနိုင်ငံတော်ဟောင်း (Old Kingdom)၏ ချမ်းသာကြွယ်ဝသော အချိန်များတွင် မြစ်ကြောင်းလမ်းများမှာ စနစ်တကျရှိနေသည်။ အီဂျစ်သင်္ဘောများသည် ပင်လယ်နီအတွင်း သစ်စေးမွှေး နိုင်ငံ (myrrh-country) သို့တိုင်အောင် ရွက်လွင့်ခဲ့ကြသည်။” ဟူ၍ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒိန်းမတ် ရှိ ကွန်ဂန်လင်ဘီ (Kongens Lyngby) အနီးတွင် နေထိုင်သူများက အခန်းခွဲထားသော သင်္ဘောကိုယ်ထည်ကို တီထွင်ခဲ့ပြီး ထိုသို့ တည်ဆောက်မှု ကြောင့် လှေ၏ အရွယ်ပမာဏကို တဖြည်းဖြည်းချင်း တိုးချဲ့နိုင်သည်။ မကြာမီတွင် လှေများသည် ယနေ့ခေတ် အပျော်စီးလှေနှင့်တူသော မြစ်တွင်းသွား လှေများ(keel boats) အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။
ပထမဆုံးသော ရေကြောင်းသွားလာသူများသည် တိရိစ္ဆာန်တို့၏ အရေပြားများနှင့် ရက်လုပ်ထားသော အဝတ်စများကို ရွက်များအဖြစ်စတင် အသုံးပြုလာကြသည်။ လှေပေါ်တွင် မတ်မတ်ထောင်ထားသော ရွက်တိုင်၏ ထိပ်တွင် ခိုင်မြဲစွာ တပ်ဆင်ခြင်းဖြင့် ဤရွက်များသည် အစောပိုင်းသင်္ဘောများကို အလွန်ဝေးကွာသော အကွာအဝေးအထိ သွားလာစေနိုင်ခဲ့သည်။
ဤသို့ သွားလာနိုင်ခဲ့ခြင်းကြောင့် လူတို့ကို ကျယ်ပြန့်စွာ စူးစမ်းရှာဖွေသွားလာစေနိုင်ခဲ့သည်။ ဥပမာအားဖြင့် အိုရှန်းနီးယားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကစ၍ အခြေချနေထိုင်နိုင်ခဲ့ခြင်း ကို ကြည့်နိုင်သည်။
ရှေးဟောင်းအီဂျစ်လူမျိုးတို့သည် အလွန်လွယ်ကူစွာ နှင့် ပြည့်စုံစွာ ရွက်သင်္ဘောများတည်ဆောက်နိုင်ခဲ့သည်။ သူတို့၏ သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာမှ မှတ်သားလောက်ဖွယ် ကျွမ်းကျင်မှုမှာ ကူဖူးသင်္ဘောဖြစ်သည်။
ထို ၁၄၃ ပေ (၄၄ မီတာ) ရှည်သော သင်္ဘောကို ဘီစီ ၂၅၀၀ ခန့်က ဂိုင်ဇာမဟာပိရိမစ်ကြီး၏ အောက်ခြေတွင် ထည့်သွင်းမြှုပ်နှံခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မပျက်မယွင်းဘဲ ပြန်လည်တွေ့ရှိခဲ့သည်။ ဟီရိုဒိုးတပ်၏ အဆိုအရ အီဂျစ်လူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်တွင် အာဖရိကကိုပတ်၍ ပထမဆုံး ရွက်လွှင့်ခဲ့သည် ဟု သိရသည်။
ဖိုနီးရှန်းလူမျိုး နှင့် ဂရိလူမျိုးတို့သည် ပင်လယ်တွင်း၌ ထရိုင်ရင်းမ် (triremes) ခေါ်သော ရွက်နှင့် လှော်ခတ်သူ နှစ်မျိုးစလုံးပါသည့် လှေများကို သုံး၍ ရေကြောင်းသွားလာခြင်းတွင် တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး မြေထဲပင်လယ်ဒေသတွင် သင်္ဘောသုံး၍ စူးစမ်းရှာဖွေခြင်း နှင့် ကိုလိုနီနယ်ချဲ့ခြင်း တို့ကို ပြုလုပ်လာကြသည်။ ဘီစီ ၃၄၀ ခန့်တွင် ဂရိ ရေကြောင်းသွားလာသူ မာဆာလီးယားမှ ပိုင်သီးယာစ်သည် ဂရိမှနေ၍ အနောက်ဥရောပ နှင့် ဂရိတ်ဗြိတိန်တို့သို့ စွန့်စားသွားရောက်ခဲ့သည်။
သံလိုက်အိမ်မြှောင်ကို အသုံးမပြုမီအချိန်က ကောင်းကင်ကိုကြည့်၍ သွားလာခြင်းသည်သာ ပင်လယ်ရေကြောင်းသွားလာရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
တရုတ်ပြည်တွင် သံလိုက်အိမ်မြှောင်၏ အစောပိုင်း ပုံစံကို တီထွင်ပြုလုပ်ခဲ့ကြပြီး ၁၀၄၀ ခုနှစ် မှစ၍ ၁၁၁၇ ခုနှစ်အတွင်း ရေကြောင်းသွားလာရေးတွင် အသုံးပြုခဲ့ကြသည်။
ရေကြောင်းသွားသူတို့သုံးသော ခြောက်သွေ့နေသော သေတ္တာထဲတွင် လည်ပတ်နေသော အပ်ထည့်ထားသည့် သံလိုက်အိမ်မြှောင် ကို ဥရောပတွင် ၁၃၀၀ ခုနှစ် မတိုင်မီတွင် တီထွင်ခဲ့ကြသည်။
crd, Wikipedia
Zawgyi
သေဘၤာမ်ားကိုအီဂ်စ္လူမ်ိဳးတို႔က စတင္၍ေဆာက္လုပ္ခဲ့ၾကသည္ဟု ဆိုသည္။ လြန္ခဲ့ေသာႏွစ္ ေပါင္း၆ဝဝဝခန႔္က အီဂ်စ္လူမ်ိဳးတို႔တြင္ ခရီးသည္ ၅ဝခန႔္ တင္ေဆာင္နိုင္ေသာ သေဘၤာမ်ား ရွိခဲ့ဖူးသည္။ သို႔ေသာ္ ထိုသေဘၤာမ်ားမွာ သစ္သားျဖင့္ တည္ေဆာက္ထားေသာ ႐ြက္သေဘၤာမ်ားသာျဖစ္ၾက၏။
၁၉ ရာစု အစေလာက္တြင္မွ ေခတ္မီသေဘၤာသစ္မ်ား ေပၚေပါက္လာခဲ့ျခင္း ျဖစ္ေလသည္။ ေခတ္မီသေဘၤာမ်ားတြင္ ေလကို အားကိုးရေသာ ႐ြက္မ်ားအစား ေရႏြေးေငြ႕ႏွင့္ ခုတ္ေမာင္းေသာစက္မ်ားကို တပ္ဆင္လာၾကသည္။ သစ္သားႏွင့္ေဆာက္လုပ္ခဲ့ရာမွသံျဖင့္၎၊ ထိုေနာက္ သံထက္ ပို၍ခိုင္ခန႔္ေသာသံမဏိျဖင့္၎ ေဆာက္လုပ္လာၾကေလသည္။
ဘီစီ ၃၀၀၀ ခန႔္ကပင္ ေရွးေဟာင္းအီဂ်စ္လူမ်ိဳးတို႔သည္ သစ္သားပ်ဥ္ခ်ပ္မ်ားမွ သေဘၤာ၏ ကိုယ္ထည္ျဖစ္ေအာင္ ေဆာက္သည့္နည္းကို သိရွိခဲ့ၾကၿပီးျဖစ္သည္။ က်စ္ထားေသာ ႀကိဳးမ်ားကို သုံး၍ ပ်ဥ္ျပားမ်ားကို အတူတကြ စုစည္းခ်ည္ႏွောင္ခဲ့ၾကသည္။ က်ဴပင္ႏွင့္ ျမက္ပင္မ်ားကို သစ္သားျပားမ်ားၾကားတြင္ထည့္ျခင္းျဖင့္ ဆက္ေၾကာင္းမ်ားမွ ေရလုံေအာင္ တားဆီးနိုင္ခဲ့သည္။
ဂရိလူမ်ိဳး သမိုင္းေရးသူႏွင့္ ေျမပုံဆြဲသူ အာဂါသာခ်ီဒိစ္ မွ ေရွးေဟာင္းအီဂ်စ္လူမ်ိဳးတို႔ၾကား သေဘၤာျဖင့္ သယ္ယူပို႔ေဆာင္ျခင္းကို မွတ္တမ္းတင္ခဲ့ပုံမွာ ” ဘီစီ ၃၀ ရာစု ႏွင့္ ၂၅ ရာစုၾကား အီဂ်စ္ တိုင္းနိုင္ငံေတာ္ေဟာင္း (Old Kingdom)၏ ခ်မ္းသာႂကြယ္ဝေသာ အခ်ိန္မ်ားတြင္ ျမစ္ေၾကာင္းလမ္းမ်ားမွာ စနစ္တက်ရွိေနသည္။ အီဂ်စ္သေဘၤာမ်ားသည္ ပင္လယ္နီအတြင္း သစ္ေစးေမႊး နိုင္ငံ (myrrh-country) သို႔တိုင္ေအာင္ ႐ြက္လြင့္ခဲ့ၾကသည္။” ဟူ၍ ျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ ဒိန္းမတ္ ရွိ ကြန္ဂန္လင္ဘီ (Kongens Lyngby) အနီးတြင္ ေနထိုင္သူမ်ားက အခန္းခြဲထားေသာ သေဘၤာကိုယ္ထည္ကို တီထြင္ခဲ့ၿပီး ထိုသို႔ တည္ေဆာက္မႈ ေၾကာင့္ ေလွ၏ အ႐ြယ္ပမာဏကို တျဖည္းျဖည္းခ်င္း တိုးခ်ဲ့နိုင္သည္။ မၾကာမီတြင္ ေလွမ်ားသည္ ယေန႕ေခတ္ အေပ်ာ္စီးေလွႏွင့္တူေသာ ျမစ္တြင္းသြား ေလွမ်ား(keel boats) အျဖစ္ တိုးတက္ေျပာင္းလဲလာခဲ့သည္။
ပထမဆုံးေသာ ေရေၾကာင္းသြားလာသူမ်ားသည္ တိရိစ္ဆာန္တို႔၏ အေရျပားမ်ားႏွင့္ ရက္လုပ္ထားေသာ အဝတ္စမ်ားကို ႐ြက္မ်ားအျဖစ္စတင္ အသုံးျပဳလာၾကသည္။ ေလွေပၚတြင္ မတ္မတ္ေထာင္ထားေသာ ႐ြက္တိုင္၏ ထိပ္တြင္ ခိုင္ၿမဲစြာ တပ္ဆင္ျခင္းျဖင့္ ဤ႐ြက္မ်ားသည္ အေစာပိုင္းသေဘၤာမ်ားကို အလြန္ေဝးကြာေသာ အကြာအေဝးအထိ သြားလာေစနိုင္ခဲ့သည္။
ဤသို႔ သြားလာနိုင္ခဲ့ျခင္းေၾကာင့္ လူတို႔ကို က်ယ္ျပန႔္စြာ စူးစမ္းရွာေဖြသြားလာေစနိုင္ခဲ့သည္။ ဥပမာအားျဖင့္ အိုရွန္းနီးယားေဒသတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀၀၀ ေက်ာ္ကစ၍ အေျခခ်ေနထိုင္နိုင္ခဲ့ျခင္း ကို ၾကည့္နိုင္သည္။
ေရွးေဟာင္းအီဂ်စ္လူမ်ိဳးတို႔သည္ အလြန္လြယ္ကူစြာ ႏွင့္ ျပည့္စုံစြာ ႐ြက္သေဘၤာမ်ားတည္ေဆာက္နိုင္ခဲ့သည္။ သူတို႔၏ သေဘၤာတည္ေဆာက္ျခင္း အတတ္ပညာမွ မွတ္သားေလာက္ဖြယ္ ကြၽမ္းက်င္မႈမွာ ကူဖူးသေဘၤာျဖစ္သည္။
ထို ၁၄၃ ေပ (၄၄ မီတာ) ရွည္ေသာ သေဘၤာကို ဘီစီ ၂၅၀၀ ခန႔္က ဂိုင္ဇာမဟာပိရိမစ္ႀကီး၏ ေအာက္ေျခတြင္ ထည့္သြင္းျမႇုပ္ႏွံခဲ့ၿပီး ၁၉၅၄ ခုႏွစ္တြင္ မပ်က္မယြင္းဘဲ ျပန္လည္ေတြ႕ရွိခဲ့သည္။ ဟီရိုဒိုးတပ္၏ အဆိုအရ အီဂ်စ္လူမ်ိဳးတို႔သည္ ဘီစီ ၆၀၀ ခန႔္တြင္ အာဖရိကကိုပတ္၍ ပထမဆုံး ႐ြက္လႊင့္ခဲ့သည္ ဟု သိရသည္။
ဖိုနီးရွန္းလူမ်ိဳး ႏွင့္ ဂရိလူမ်ိဳးတို႔သည္ ပင္လယ္တြင္း၌ ထရိုင္ရင္းမ္ (triremes) ေခၚေသာ ႐ြက္ႏွင့္ ေလွာ္ခတ္သူ ႏွစ္မ်ိဳးစလုံးပါသည့္ ေလွမ်ားကို သုံး၍ ေရေၾကာင္းသြားလာျခင္းတြင္ တျဖည္းျဖည္း ကြၽမ္းက်င္လာၾကၿပီး ေျမထဲပင္လယ္ေဒသတြင္ သေဘၤာသုံး၍ စူးစမ္းရွာေဖြျခင္း ႏွင့္ ကိုလိုနီနယ္ခ်ဲ့ျခင္း တို႔ကို ျပဳလုပ္လာၾကသည္။ ဘီစီ ၃၄၀ ခန႔္တြင္ ဂရိ ေရေၾကာင္းသြားလာသူ မာဆာလီးယားမွ ပိုင္သီးယာစ္သည္ ဂရိမွေန၍ အေနာက္ဥေရာပ ႏွင့္ ဂရိတ္ၿဗိတိန္တို႔သို႔ စြန႔္စားသြားေရာက္ခဲ့သည္။
သံလိုက္အိမ္ျမႇောင္ကို အသုံးမျပဳမီအခ်ိန္က ေကာင္းကင္ကိုၾကည့္၍ သြားလာျခင္းသည္သာ ပင္လယ္ေရေၾကာင္းသြားလာေရးအတြက္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သည္။
တ႐ုတ္ျပည္တြင္ သံလိုက္အိမ္ျမႇောင္၏ အေစာပိုင္း ပုံစံကို တီထြင္ျပဳလုပ္ခဲ့ၾကၿပီး ၁၀၄၀ ခုႏွစ္ မွစ၍ ၁၁၁၇ ခုႏွစ္အတြင္း ေရေၾကာင္းသြားလာေရးတြင္ အသုံးျပဳခဲ့ၾကသည္။
ေရေၾကာင္းသြားသူတို႔သုံးေသာ ေျခာက္ေသြ႕ေနေသာ ေသတၱာထဲတြင္ လည္ပတ္ေနေသာ အပ္ထည့္ထားသည့္ သံလိုက္အိမ္ျမႇောင္ ကို ဥေရာပတြင္ ၁၃၀၀ ခုႏွစ္ မတိုင္မီတြင္ တီထြင္ခဲ့ၾကသည္။
crd, Wikipedia