ကုန်းဘောင်ခေတ်ဘုရင်မင်းမြတ်တို့၏ နတ်ရွာမစံခင် နိမိတ်များ

မြန်မာကုန်းဘောင်မင်းဆက်တွေထဲမှာ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တွေ နတ်ရွာမစံခင်မှာ ကောင်းကင်ကနိမိတ်အမျိုးမျိုးတွေပြတယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိခဲ့ရပါတယ်။

ထိုကြောင်းအရာကိုနန်းတွင်းရှိ ပုဏ္ဍား၊ ပရောဟိတ်တွေက အဓိပ္ပါယ်တွေကောက်ခဲ့ကြပါတယ်။ ဘုရင်မင်းမြတ်တွေနတ်ရွာမစံခင် ဖြစ်ပေါ်ခဲ့တဲ့ နိမိတ်အကြောင်းကို ပရိသတ်ကြီးဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အလောင်းမင်းတရားကြီး (AD ၁၇၅၂ – ၁၇၆၀)

ဦးအောင်ဇေယျ သည် (AD ၁၇၅၂-၁၇၆၀) တွင် နန်းတက်သည်။ ကုန်းဘောင်မင်းဆက်၏ အစအဦး ဖြစ်သည်။ (၂၁-၆-၁၇၅၃) တွင် မုဆိုးဖိုကို ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးအဖြစ် သမုတ်ပြီး ထီးနန်းစိုက်သည်။ မင်းစည်းစိမ်ကို ၈ နှစ် ခံစားပြီး သက်တော် ၄၅ နှစ် (၁၁-၅-၁၇၆၀) တွင် အနိစ္စရောက်သည်။

အနိစ္စရောက်လိုသော် နိမိတ်များကား-

နေပြည်တော်တွင် မိုးကြိုး ၁၃ ချက် တစ်ပြိုင်တည်း ကျ၏။ ညောင်ပွင့်၏။ တိမ်တံခွန် ပြ၏။ အင်္ဂါဂြိုဟ် အခိုးထွက်၏။ ကြတ္တိကာကြယ် လသို့ ချင်း၏။

(၂) နောင်တော်ကြီးမင်း (AD ၁၇၆၀ – ၁၇၆၃)

နောင်တော်ကြီးမင်းသည် (၇-၆-၁၇၆၀) တွင် ရွှေဘိုထီးနန်း၌ နန်းတက်သည်။ မင်းစည်းစိမ်ကို ၃ နှစ် ခံစားပြီး သက်တော် ၂၉ နှစ် (၂၈-၁၁-၁၇၆၃) တွင် အနိစ္စရောက်သည်။

အနိစ္စရောက်လိုသော် နိမိတ်များကား-

ရတနာသီခ နေပြည်တော်ပတ်လည် အလိုမဲ့ သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် အသံတို့ကို ပြင်းစွာ ကြားရသည်။ အနောက်တောင် အရပ်ကလည်း အမြောက်သံ ပဲ့တင်ထပ်စေလျက် အချက်ပေါင်းများစွာ ကြားရသည်။ တိမ်တံခွန် ပြ၏။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက် သင့်၏

(၃) ဆင်ဖြူရှင် မြေဒူးမင်း (AD ၁၇၆၃ – ၁၇၇၆)

ဆင်ဖြူရှင်မင်းသည် (၂၉-၁၁-၁၇၆၃) တွင် ရွှေဘိုထီးနန်း၌ နန်းတက်သည်။ မင်းစည်းစိမ်ကို ၁၃ နှစ် ခံစားပြီး သက်တော် ၄၀နှစ် (၉-၆-၁၇၇၆)တွင် အနိစ္စရောက်သည်။

အနိစ္စရောက်လိုသော် နိမိတ်များကား-

ရောဟဏီကြယ် အခိုးထွက်၏။ ရွှေစာရံဘုရား ပြို၏။ ငလျင် ပြင်းစွာလှုပ်၍ နေပြည်တော်ဝန်းကျင် ဘုရားပုထိုးတို့ ပြိုကျပျက်စီးခဲ့၏။ မြစ်မ၊ မြစ်ငယ်များတွင် မိကျောင်း အများပေါ်၏။ မြို့ကြီးတွင်းသို့ ကျားဝင်၏။ မြို့မြောက် ရေနန်းတော်က တကောင်းစျေးတံခါး အဝင်တွင် နတ် ဆီး၍ ရယ်နှင့်၏။ မှန်နန်းတော်သို့ အဝင်တွင် နတ် ဆီး၍ ငိုနှင့်၏။

(၄) စဉ့်ကူးမင်း (AD ၁၇၇၆- ၁၇၈၂)

စဉ့်ကူးမင်းသည် (၁၀-၆-၁၇၇၆) တွင် နန်းတက်သည်။ မင်းစည်းစိမ်ကို ၆ နှစ် ခံစားပြီး သက်တော် ၂၆ နှစ်တွင် အနိစ္စရောက်သည်။

နန်းကျလိုသော် နိမိတ်များကား-

တောင်အရပ်က လိပ်ပြာများ မိုးလုံးပြည်မျှ ပျံလာ၍ မြစ်မြောက်ဘက်သို့ ကူး၏။ မြို့ရိုး တံခါးဝက ဆင်ရိုးကျ၍ သေ၏။ တိမ်တံခွန် ပြ၏။ ဥပါ ကြီးစွာ ကျ၏။ တစ်မိုးလုံး သွေးပေါက်ကဲ့သို့ ခြင်းခြင်းနီ၏။ မြို့ရိုးပတ်လည် အစိတ်အစိတ် ကွဲအက်၏။ ပင်းယ ရွှေစည်းခုံဘုရား ပြို၏။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ျမန္မာကုန္းေဘာင္မင္းဆက္ေတြထဲမွာ တိုင္းျပည္အုပ္ခ်ဳပ္တဲ့ ဘုရင္ေတြ နတ္႐ြာမစံခင္မွာ ေကာင္းကင္ကနိမိတ္အမ်ိဳးမ်ိဳးေတြျပတယ္လို႔ မွတ္တမ္းမွတ္ရာေတြအရ သိခဲ့ရပါတယ္။

ထိုေၾကာင္းအရာကိုနန္းတြင္းရွိ ပု႑ား၊ ပေရာဟိတ္ေတြက အဓိပ္ပါယ်တွေကောက်ခဲ့ကြပါတယ်။ ဘုရင္မင္းျမတ္ေတြနတ္႐ြာမစံခင္ ျဖစ္ေပၚခဲ့တဲ့ နိမိတ္အေၾကာင္းကို ပရိသတ္ႀကီးဗဟုသုတရေစရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အေလာင္းမင္းတရားႀကီး (AD ၁၇၅၂ – ၁၇၆၀)

ဦးေအာင္ေဇယ် သည္ (AD ၁၇၅၂-၁၇၆၀) တြင္ နန္းတက္သည္။ ကုန္းေဘာင္မင္းဆက္၏ အစအဦး ျဖစ္သည္။ (၂၁-၆-၁၇၅၃) တြင္ မုဆိုးဖိုကို ရတနာသိဃၤ ကုန္းေဘာင္ျပည္ႀကီးအျဖစ္ သမုတ္ၿပီး ထီးနန္းစိုက္သည္။ မင္းစည္းစိမ္ကို ၈ ႏွစ္ ခံစားၿပီး သက္ေတာ္ ၄၅ ႏွစ္ (၁၁-၅-၁၇၆၀) တြင္ အနိစၥေရာက္သည္။

အနိစၥေရာက္လိုေသာ္ နိမိတ္မ်ားကား-

ေနျပည္ေတာ္တြင္ မိုးႀကိဳး ၁၃ ခ်က္ တစ္ၿပိဳင္တည္း က်၏။ ေညာင္ပြင့္၏။ တိမ္တံခြန္ ျပ၏။ အဂၤါၿဂိဳဟ္ အခိုးထြက္၏။ ၾကတၱိကာၾကယ္ လသို႔ ခ်င္း၏။

(၂) ေနာင္ေတာ္ႀကီးမင္း (AD ၁၇၆၀ – ၁၇၆၃)

ေနာင္ေတာ္ႀကီးမင္းသည္ (၇-၆-၁၇၆၀) တြင္ ေ႐ႊဘိုထီးနန္း၌ နန္းတက္သည္။ မင္းစည္းစိမ္ကို ၃ ႏွစ္ ခံစားၿပီး သက္ေတာ္ ၂၉ ႏွစ္ (၂၈-၁၁-၁၇၆၃) တြင္ အနိစၥေရာက္သည္။

အနိစၥေရာက္လိုေသာ္ နိမိတ္မ်ားကား-

ရတနာသီခ ေနျပည္ေတာ္ပတ္လည္ အလိုမဲ့ ေသာေသာ႐ုတ္႐ုတ္ အုတ္အုတ္က်က္က်က္ အသံတို႔ကို ျပင္းစြာ ၾကားရသည္။ အေနာက္ေတာင္ အရပ္ကလည္း အေျမာက္သံ ပဲ့တင္ထပ္ေစလ်က္ အခ်က္ေပါင္းမ်ားစြာ ၾကားရသည္။ တိမ္တံခြန္ ျပ၏။ ဒိႏၷက္သဲ သၾကၤန္ တစ္ၿပိဳင္နက္ သင့္၏

(၃) ဆင္ျဖဴရွင္ ေျမဒူးမင္း (AD ၁၇၆၃ – ၁၇၇၆)

ဆင္ျဖဴရွင္မင္းသည္ (၂၉-၁၁-၁၇၆၃) တြင္ ေ႐ႊဘိုထီးနန္း၌ နန္းတက္သည္။ မင္းစည္းစိမ္ကို ၁၃ ႏွစ္ ခံစားၿပီး သက္ေတာ္ ၄၀ႏွစ္ (၉-၆-၁၇၇၆)တြင္ အနိစၥေရာက္သည္။

အနိစၥေရာက္လိုေသာ္ နိမိတ္မ်ားကား-

ေရာဟဏီၾကယ္ အခိုးထြက္၏။ ေ႐ႊစာရံဘုရား ၿပိဳ၏။ ငလ်င္ ျပင္းစြာလႈပ္၍ ေနျပည္ေတာ္ဝန္းက်င္ ဘုရားပုထိုးတို႔ ၿပိဳက်ပ်က္စီးခဲ့၏။ ျမစ္မ၊ ျမစ္ငယ္မ်ားတြင္ မိေက်ာင္း အမ်ားေပၚ၏။ ၿမိဳ႕ႀကီးတြင္းသို႔ က်ားဝင္၏။ ၿမိဳ႕ေျမာက္ ေရနန္းေတာ္က တေကာင္းေစ်းတံခါး အဝင္တြင္ နတ္ ဆီး၍ ရယ္ႏွင့္၏။ မွန္နန္းေတာ္သို႔ အဝင္တြင္ နတ္ ဆီး၍ ငိုႏွင့္၏။

(၄) စဉ့္ကူးမင္း (AD ၁၇၇၆- ၁၇၈၂)

စဉ့္ကူးမင္းသည္ (၁၀-၆-၁၇၇၆) တြင္ နန္းတက္သည္။ မင္းစည္းစိမ္ကို ၆ ႏွစ္ ခံစားၿပီး သက္ေတာ္ ၂၆ ႏွစ္တြင္ အနိစၥေရာက္သည္။

နန္းက်လိဳေသာ္ နိမိတ္မ်ားကား-

ေတာင္အရပ္က လိပ္ျပာမ်ား မိုးလုံးျပည္မွ် ပ်ံလာ၍ ျမစ္ေျမာက္ဘက္သို႔ ကူး၏။ ၿမိဳ႕ရိုး တံခါးဝက ဆင္ရိုးက်၍ ေသ၏။ တိမ္တံခြန္ ျပ၏။ ဥပါ ႀကီးစြာ က်၏။ တစ္မိုးလုံး ေသြးေပါက္ကဲ့သို႔ ျခင္းျခင္းနီ၏။ ၿမိဳ႕ရိုးပတ္လည္ အစိတ္အစိတ္ ကြဲအက္၏။ ပင္းယ ေ႐ႊစည္းခုံဘုရား ၿပိဳ၏။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္