ဆံပင်ညှပ်လိုက်တိုင်း စီးပွားရေးအဆင်မပြေလို့ ဆံပင်ကိုအရှည်ထားခဲ့ရာမှ နက်မှောင်သန်စွန်းပြီး ကောင်မလေးတိုင်းအားကျရတဲ့ ခြေမျက်စိအထိရှည်သောဆံကေသာကို ပိုင်ဆိုင်ထားခဲ့သည့် အမျိုးသား

ဆံကေသာများကို ထိန်းထိမ်းရန်မှာခက်ထဲလှသော အရာတစ်ခုဖြစ်ပါတယ်။သို့သော်မိန်းကလေးတို့၏ဘုန်းဆံထုံးဆိုသောစကားအတိုင်း မိန်းကလေးအများစုတို့ကတော့ ဆံပင်အရှည်ကို ထားရှိတတ်ကြပါတယ်။

ယောကျာ်းလေးတို့အတွက် ဆံပင်ရှည်ထားရန်ခက်ခဲလှပြီး အရှည်ထားသူမှာ အနည်းငယ်မျှသာရှိပါတယ်။

ဗီယက်နမ်နိုင်ငံမှ Mr. Nguyen Quoc Khanhဆိုသည့်အမျိုးသား၏ ဆံပင်အရှည်ထားသည့်ပုံစံဟာ ကောင်မလေးများ၏ ငေးမောစရာတစ်ခုအထိကို ဖြစ်လာခဲ့ပါတယ်။

ထို့ကြောင့် လူအများက ဆံပင်အရှည်ထားရသည့်အကြောင်းကို မေးမြန်းကြည့်ရာတွင် သူဟာ ဆံပင်ညှပ်လိုက်သည်နှင့် ခေါင်းအလွန်ကိုက်တတ်ပြီး စီးပွားရေးလုပ်ရာတွင်လည်း အဆင်မပြေဖြစ်တတ်သောကြောင့် မညှပ်ဖြစ်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။

crd,

Zawgyi




crd,