သမီးက နိုင်ငံခြားမှာ ရောင်းစားခံရလို့ စိတ်မနှံ့တဲ့ မြေးလေးကို ပဲပြုတ်ရောင်းပြီး ရှာကျွေးနေရတဲ့ အဖွား စိတ်မနှံ့ မြေးမလေးအတွက်…အိမ်အပြန် မုန့်ဝယ်သွားမယ်`ပဲကတ္ထီပါပြုတ် ပူပူလေးဝယ်ကြအုံးမလား‘ တလှမ်းချင်း မနည်းလျှောက်နေရတဲ့ အဖွားကို မြင်လိုက်မိ။
အဖွားရေ…လာပါအုံး ဗျ။ သား ပဲကတ္ထီပါပြုတ် ဝယ်မလို့လား၊ ဟုတ်…အဖွား ဘယ်လိုရောင်းလဲ ဗျ၊ တထုပ် (၅၀၀)ကျပ်ပါ သားရယ်…သား ဘယ်နှထုပ် ယူမလဲ၊ သား မြည်းကြည့်ပါ အဖွား ပဲက ချိုတယ် စားကောင်းတယ် ဒါဆို သားမြည်းကြည့်မယ်…အွန်း ချိုတယ် အဖွား စားကောင်းတယ်။
အဖွား ဈေးဦးကော ပေါက်ပြီလား၊ မပေါက်သေးပါဘူး သားရယ်အဖွား ဒါတွေ အကုန် ရောင်းရရင်…ဘယ်လောက်ကျန်လဲ။ သားရယ်…ဒါဆို အကုန် (၈)ထောင်ဖိုး ရှိတယ်…အဖွား အတွက် ကျန်လဲ (၂)ထောင်လောက်ပဲ ကျ န်တာ သား။
အမ် ဟုတ်လား အဖွား (၂)ထောင်လောက်ပဲ ကျန်တာပေါ့။ဟုတ်တယ် သားရယ်…(၂)ထောင်ရလဲ အဖွားတို့ မြေးဖွားတွေ ထမင်းစားလို့ရရင် ရပါပြီ သားရယ်…ဒီလိုပဲ ဘဝကို ဖြတ်သန်းနေရတာ၊ အွန်း…အဖွား ပဲက စားလို့ကောင်းတယ် သား အကုန် ယူမယ်ဗျာဟာ…ဝမ်းသာလိုက်တာ…အဖွား လမ်းတွေအများကြီး မလျှောက်ရတော့ဘူးပေါ့။
ဒါပေါ့ အဖွားရဲ့အဖွား အားလုံး ဘယ်လောက်ကျလဲ တွက်ကြရအောင်ဘယ်နှထုပ်ရှိလဲ ဆိုတော့၊အားလုံး (၁၆)ထုပ်ရှိတယ်နော် အဖွား…စုပေါင်း (၈)ထောင်ပဲ ကျတယ်အဖွားတွက် ဘယ်ကျန်တော့မလဲ ရပါတယ် သားရယ်အဖွား ခေါင်းတွေလဲ မူး… ခြေထောက်က နာနေတာ လမ်းမလျှေ ာက်ရတာနဲ့တင် ကျေးဇူးတင်နေပါပြီ…အရင်းရရင် အဖွား ပျော်ပါပြီ သားရယ်။
အဖွား ရော့ ၁၀၀၀၀၀ ပဲကတ္ထီပါပြုတ်ဖိုးနော်အမ် အများကြီးပဲ သားရယ်…ပိုနေတယ်။ ပိုနေတာ အဖွား ဘာလုပ်ချင်တဲ့ ဆန္ဒရှိလဲ။ စိတ်မနှံ့တဲ့ မြေးမလေးအတွက်…မုန့်ဝယ်သွားမယ်။
အဖွား အိမ်လစာ ပေးချင်တယ် ဒါဆို အဲ့ပိုနေတာ သား မယူတော့ဘူး…အဖွား လုပ်ချင်တဲ့ ဆန္ဒလေး လုပ်လိုက်ပါနော်။ ဟာ…သားရယ် အဖွား အရမ်း ပျော်လိုက်တာ..
လမ်းတွေ အများကြီး မလျှောက်ရတာနဲ့တင် ပျော်နေတာ…ခုလို အများကြီး ပေးတော့ အဖွား အရမ်းပျော်တာပဲ။ရပါတယ် အဖွားရယ်…အဖွား ခြေ ထောက်တွက် ဦးသာရင် လိမ်းဆေးနှင့်ရှူးဆေး လေး ပေးလိုက်မယ်နော် အဖွား ဂရုစိုက်ပြီ ပြန်နော်။ အေးပါ သားရယ်…အဖွား ဖြေးဖြေးလေးပဲ လျှောက်ပါမယ်။
အဖွား အသက် (၇၄)နှစ်။ သမီးဖြစ်သူက နို င်ငံခြားမှာဆိုပြီ ရောင်းစားခံရတာလား မသိ…ဆက်သွယ်မရ။ မြေးမလေး (၂)ယောက်ကျန်ခဲ့တယ်။ အကြီးလေးက စိတ်ဝေဒနာသည်လို့ သိရပါတယ်။ အိမ်ငှါးနေတာပါ…တလ (၅)သောင်းတဲ့။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကို ယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)ဪ…အဖွား ရ ယ်ပြုံးသွားတာလေး ကြည့်ပြီ…စိတ်ထဲ ဝ မ်းနည်း ဝမ်းသာကြီး ကျန်ခဲ့ရတယ်။ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ
crd
Zawgyi
သမီးက နိုင္ငံျခားမွာ ေရာင္းစားခံရလို႔ စိတ္မႏွံ႕တဲ့ ေျမးေလးကို ပဲျပဳတ္ေရာင္းၿပီး ရွာေကြၽးေနရတဲ့ အဖြား စိတ္မႏွံ႕ ေျမးမေလးအတြက္အိမ္အျပန္ မုန႔္ဝယ္သြားမယ္`ပဲကတၳီပါျပဳတ္ ပူပူေလးဝယ္ၾကအုံးမလား တလွမ္းခ်င္း မနည္းေလွ်ာက္ေနရတဲ့ အဖြားကို ျမင္လိုက္မိ။
အဖြားေရလာပါအုံး ဗ်။ သား ပဲကတၳီပါျပဳတ္ ဝယ္မလို႔လား၊ ဟုတ္အဖြား ဘယ္လိုေရာင္းလဲ ဗ်၊ တထုပ္ (၅၀၀)က်ပ္ပါ သားရယ္သား ဘယ္ႏွထုပ္ ယူမလဲ၊ သား ျမည္းၾကည့္ပါ အဖြား ပဲက ခ်ိဳတယ္ စားေကာင္းတယ္ ဒါဆို သားျမည္းၾကည့္မယ္အြန္း ခ်ိဳတယ္ အဖြား စားေကာင္းတယ္။
အဖြား ေဈးဦးေကာ ေပါက္ၿပီလား၊ မေပါက္ေသးပါဘူး သားရယ္အဖြား ဒါေတြ အကုန္ ေရာင္းရရင္ဘယ္ေလာက္က်န္လဲ။ သားရယ္ဒါဆို အကုန္ (၈)ေထာင္ဖိုး ရွိတယ္အဖြား အတြက္ က်န္လဲ (၂)ေထာင္ေလာက္ပဲ က် န္တာ သား။
အမ္ ဟုတ္လား အဖြား (၂)ေထာင္ေလာက္ပဲ က်န္တာေပါ့။ဟုတ္တယ္ သားရယ္(၂)ေထာင္ရလဲ အဖြားတို႔ ေျမးဖြားေတြ ထမင္းစားလို႔ရရင္ ရပါၿပီ သားရယ္ဒီလိုပဲ ဘဝကို ျဖတ္သန္းေနရတာ၊ အြန္းအဖြား ပဲက စားလို႔ေကာင္းတယ္ သား အကုန္ ယူမယ္ဗ်ာဟာဝမ္းသာလိုက္တာအဖြား လမ္းေတြအမ်ားႀကီး မေလွ်ာက္ရေတာ့ဘူးေပါ့။
ဒါေပါ့ အဖြားရဲ႕အဖြား အားလုံး ဘယ္ေလာက္က်လဲ တြက္ၾကရေအာင္ဘယ္ႏွထုပ္ရွိလဲ ဆိုေတာ့၊အားလုံး (၁၆)ထုပ္ရွိတယ္ေနာ္ အဖြားစုေပါင္း (၈)ေထာင္ပဲ က်တယ္အဖြားတြက္ ဘယ္က်န္ေတာ့မလဲ ရပါတယ္ သားရယ္အဖြား ေခါင္းေတြလဲ မူး ေျခေထာက္က နာေနတာ လမ္းမေလွ် ာက္ရတာနဲ႕တင္ ေက်းဇူးတင္ေနပါၿပီအရင္းရရင္ အဖြား ေပ်ာ္ပါၿပီ သားရယ္။
အဖြား ေရာ့ ၁၀၀၀၀၀ ပဲကတၳီပါျပဳတ္ဖိုးေနာ္အမ္ အမ်ားႀကီးပဲ သားရယ္ပိုေနတယ္။ ပိုေနတာ အဖြား ဘာလုပ္ခ်င္တဲ့ ဆႏၵရွိလဲ။ စိတ္မႏွံ႕တဲ့ ေျမးမေလးအတြက္မုန႔္ဝယ္သြားမယ္။
အဖြား အိမ္လစာ ေပးခ်င္တယ္ ဒါဆို အဲ့ပိုေနတာ သား မယူေတာ့ဘူးအဖြား လုပ္ခ်င္တဲ့ ဆႏၵေလး လုပ္လိုက္ပါေနာ္။ ဟာသားရယ္ အဖြား အရမ္း ေပ်ာ္လိုက္တာ..
လမ္းေတြ အမ်ားႀကီး မေလွ်ာက္ရတာနဲ႕တင္ ေပ်ာ္ေနတာခုလို အမ်ားႀကီး ေပးေတာ့ အဖြား အရမ္းေပ်ာ္တာပဲ။ရပါတယ္ အဖြားရယ္အဖြား ေျခ ေထာက္တြက္ ဦးသာရင္ လိမ္းေဆးႏွင့္ရႉးေဆး ေလး ေပးလိုက္မယ္ေနာ္ အဖြား ဂ႐ုစိုက္ၿပီ ျပန္ေနာ္။ ေအးပါ သားရယ္အဖြား ေျဖးေျဖးေလးပဲ ေလွ်ာက္ပါမယ္။
အဖြား အသက္ (၇၄)ႏွစ္။ သမီးျဖစ္သူက နို င္ငံျခားမွာဆိုၿပီ ေရာင္းစားခံရတာလား မသိဆက္သြယ္မရ။ ေျမးမေလး (၂)ေယာက္က်န္ခဲ့တယ္။ အႀကီးေလးက စိတ္ေဝဒနာသည္လို႔ သိရပါတယ္။ အိမ္ငွါးေနတာပါတလ (၅)ေသာင္းတဲ့။
(က်ေနာ္တို႔ႏွင့္အတူ ပူးေပါင္းပါဝင္လႉဒါန္းေပးၾကေသာ (၇)ရက္သားသမီးမ်ားအား အဖြားကို ယ္စား ေက်းဇူးတင္ရွိပါတယ္ဗ်)ဪအဖြား ရ ယ္ၿပဳံးသြားတာေလး ၾကည့္ၿပီစိတ္ထဲ ဝ မ္းနည္း ဝမ္းသာႀကီး က်န္ခဲ့ရတယ္။ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက ကိုပူတူးႏွင့္ေဘာ္ဒါမ်ား
crd