မန်းသီတာဥယျာဉ်နှင့် ရေပေါ်အပန်းဖြေစခန်း

မန္တလေးမှာ တောင်ဘက်ကျုံးနှုတ်ခမ်းက ၂၆ဘီလမ်းသည် အလှဆုံးဖြစ်၏။ ဟိုးအရင်က တောင် ဘက်ကျုံးအတွင်း မန်းသီတာဥယျာဉ်ရှိစဉ်ကာလက ဥယျာဉ်အတွင်းမှ ကျုံးရေပြင်ကိုဖြတ်ပြီး ၂၆ဘီလမ်းကို လှမ်းကြည့်ရ တာ ကြည်နူးပျော်ရွှင်စရာကောင်းလှသည်။

သည်ဘက်ခြမ်းဥယျာဉ်ထဲမှာက သစ်ပင်စိမ်းမြရိပ်တွေ လွှမ်း၏။ ကျေးငှက် သံတွေက စီစီညံနေသည်။ကျုံးရေစပ်မှာ ပျံချည်ဆင်းချည်ရေသောက်ဆင်း၏။ ဥယျာဉ်တွင်း ကျောက်တုံးရောင်စုံခင်း လမ်းဘေးမှာလည်း သွင်သွင်စီးရေမြောင်းလေးတွေ ရှိသေးသည်။

သည်လို တောရိပ်တောင်ရိပ်လွှမ်းသော ဥယျာဉ်တွင်း က ကျုံးရေပြင်ကိုဖြတ်ပြီး ယာဉ်ပေါင်းစုံ တဝေါဝေါ ဖြတ်သန်းနေသော ၂၆ဘီလမ်းကြီးကို လှမ်းကြည့်ရတာ ရင်ခုန်ဖွယ် ကောင်းလှသည်။ အိပ်မက်ကမ္ဘာအတွင်းက ပစ္စုပ္ပန်သို့ အလည်ရောက်ရခြင်းနှင့် တူလှ၏။

၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက်ကျုံးအတွင်း မြို့ရိုးနှင့်ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေဥယျာဉ်ကြီးတစ်ခု ရှိခဲ့ဖူးသည်။အရှေ့ဘက်မင်္ဂလာတံခါးမှသည် အနောက်ဘက်၇၉လမ်းအထိ ရှည်လျားတာပေါ့။

ထိုစဉ်က ဥယျာဉ်အတွင်း စိုက်ထူထားသော ကျောက်စာအရ မန်းသီတာဥယျာဉ်သည် တစ်ခေတ် တစ်ခါက နာမည်ကျော်ကြားခဲ့သော မသုံးလုံးနယ်မြေသို့ အောင်မာဃစစ်ဆင်ရေး ဆင်နွှဲရာတွင် ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲကာလကတည်းက နာမည်ကျော်ကြားခဲ့သည့် ဗိုလ်အာဠာဝကကို ဖမ်းဆီးနိုင်သည့်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ချီးမြှင့် သည့် ဆုငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်သားဖူးသည်။

ထိုစဉ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာ (ဗိုလ်မှူးချုပ်စန်းယု ကွယ်လွန်သူ အငြိမ်းစားသမ္မတကြီး ဦးစန်းယု)ဟု မှတ်သားရသည်။ ဥယျာဉ်ထဲမှာ ကလေးများ အတွက် ကစားစရာတွေရှိသည်။ အနားယူအပန်းဖြေစရာ အရိပ်အာဝါသရှိသည်။ မိုးပျံတံတားဆိုတာလည်းရှိသည်။ အခါကြီးရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်းစင်မြင့်လည်းရှိသည်။

အမှတ်တရ ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေးစာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေရှိသည်။ ၂၆ဘီလမ်း (အာဇာနည်လမ်း) ဘက်မှ ဥယျာဉ်အတွင်း ဝင်ရန် မေတ္တာပေါင်းကူးတံတား အမည်နှင့် ဒီဇိုင်း လှပသော တံတားလည်း ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာဥယျာဉ်မှာ ရော ကျုံးအနောက်ဘက်ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနားကျင်းပသည်။

၁၉၉၀ကျော်ကာလတွင် လမ်း၈၀နှင့် ၂၆ဘီလမ်းထောင့် အနောက်တောင်ကျုံးထောင့် ကျုံးရေပြင်တွင် ရေပေါ်ဥယျာဉ်ခေါ် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က အနောက်တောင်ကျုံးထောင့် ကျုံးရေပြင်ထဲတွင် အချင်း ၂၆ ပေ၊ အမြင့် ၉ ပေ ၃ လက်မရှိ ၅ မြှောင့်ကြယ်ပွင့်ခံအုတ်ခုံကြီးပေါ်တွင် အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၁၄ ပေနှင့် အလေးချိန် ၄ တန်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ကြီးရှိခဲ့ဖူးသည်။

ကြေးရုပ်ကြီးရှေ့မျက်နှာစာတွင် အလေးပြုရန် နေရာကျယ်ကြီးလည်းရှိ၏။ ထိုနေရာမှ ကျုံးအတွင်းလှည့်လည်အပန်းဖြေသွား လာနိုင်ရန် ရေပေါ်တံတားငယ်လေးများ တည်ဆောက်ထားသည်။ တံတားငယ်လေးများပေါ်မှကြည့်လျှင် ကျုံးတွင်းရေပြင်တွင် အလှမွေးငါးများကို အကန့်များဖြင့် မွေးထားသေး၏။

လမ်း၈၀ဘက်မှ ကျုံးကိုဖြတ်လျက် တံတားတစ်စင်းလည်းရှိသည်။ မန်းသီတာဥယျာဉ်ဘက်က မူလတံတားနှင့် ပုံစံတူမို့ မေတ္တာပေါင်းကူးတံတား ၂ ဟု အမည်ပေးသည်။ ၁၉၉၂ ခုနှစ်ကဖွင့်လှစ်ခဲ့သော ရေပေါ်အပန်းဖြေစခန်းကို ထိုစဉ်က ငွေကျပ် ၉၅ သိန်းအကုန်ခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ညနေစောင်းသည်နှင့် မီးလုံးရောင်စုံများဖြင့် ရှုမညီးလှပနေသော ကျုံးထောင့်ရေပေါ်အပန်းဖြေစခန်းတွင် အပန်းဖြေလာသူများနှင့် ကျိတ်ကျိတ် တိုးစည်ကားနေသည်။ ဝင်ကြေးမှာ တစ်ယောက်လျှင် ၂ ကျပ်ပေးရ၏။ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ကြီးကိုလည်း မီးအလှများ၊ မီးမောင်းကြီးများဖြင့် ထိုးထားသည်။

ကျုံးထောင့် ရေပေါ်အပန်းဖြေစခန်းနှင့်အတူ စားသောက်ဆိုင်လည်း ပူးတွဲဖွင့်လှစ်ထားသည်။ စားသောက်ဆိုင်မှာ ဘီယာ၊ အရက်များ အပြင် ထိုစဉ်က စတင်ခေတ်စားနေသော ကာရာအိုကေသီဆိုဖျော်ဖြေမှုအစီအစဉ်ကလည်း ပုရိသတို့ သည်းခြေခိုက်ခဲ့၏။ ခေတ်ဆန်ချောမောလှပသော မြန်မာအမျိုးသမီးငယ်လေးများက ဆန်းသစ်လွန်းသည့် အဝတ်အစားများဖြင့် ကာရာအိုကေသီချင်းများကို သီဆိုဖျော်ဖြေကြသည်။

သစ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ကန်ထရိုက်လုပ်ငန်းများဖြင့် ငွေကိုရေလိုသာမက လေလိုပါသုံးနိုင်သော ပဝတ္တိသားတို့က ကာရာအိုကေခန်းမတွင် အံ့မခန်းသုံးစွဲ၊ ဆုချပန်းကုံး စွပ်ကြတာကိုပဲ မန္တလေးသူ၊ မန္တလေးသားတို့ ဝင်ကြေး ၂ ကျပ်ပေးကာ ကျုံးတွင်း တံတားငယ်လေးများပေါ်က မျှော်ကြည့်ရင်း အံ့အားသင့်ခဲ့ဖူးသည်။

အဆိုပါ မန်းသီတာ ဥယျာဉ်နှင့် ရေပေါ်အပန်းဖြေစခန်းကို ကျုံးုကြီး ပြန်လည်တူးဖော်သည့် စီမံကိန်းအပြီး ၁၉၉၅ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိုလည်း မနော်ယမံဥယျာဉ်သို့ ပြောင်းရွေ့လိုက်သည်။

ဆူးငှက်

Crd,

Zawgyi
မႏၱေလးမွာ ေတာင္ဘက္က်ဳံးႏႈတ္ခမ္းက ၂၆ဘီလမ္းသည္ အလွဆုံးျဖစ္၏။ ဟိုးအရင္က ေတာင္ ဘက္က်ဳံးအတြင္း မန္းသီတာဥယ်ာဥ္ရွိစဥ္ကာလက ဥယ်ာဥ္အတြင္းမွ က်ဳံးေရျပင္ကိုျဖတ္ၿပီး ၂၆ဘီလမ္းကို လွမ္းၾကည့္ရ တာ ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းလွသည္။

သည္ဘက္ျခမ္းဥယ်ာဥ္ထဲမွာက သစ္ပင္စိမ္းျမရိပ္ေတြ လႊမ္း၏။ ေက်းငွက္ သံေတြက စီစီညံေနသည္။က်ဳံးေရစပ္မွာ ပ်ံခ်ည္ဆင္းခ်ည္ေရေသာက္ဆင္း၏။ ဥယ်ာဥ္တြင္း ေက်ာက္တုံးေရာင္စုံခင္း လမ္းေဘးမွာလည္း သြင္သြင္စီးေရေျမာင္းေလးေတြ ရွိေသးသည္။

သည္လို ေတာရိပ္ေတာင္ရိပ္လႊမ္းေသာ ဥယ်ာဥ္တြင္း က က်ဳံးေရျပင္ကိုျဖတ္ၿပီး ယာဥ္ေပါင္းစုံ တေဝါေဝါ ျဖတ္သန္းေနေသာ ၂၆ဘီလမ္းႀကီးကို လွမ္းၾကည့္ရတာ ရင္ခုန္ဖြယ္ ေကာင္းလွသည္။ အိပ္မက္ကမၻာအတြင္းက ပစၥဳပၸန္သို႔ အလည္ေရာက္ရျခင္းႏွင့္ တူလွ၏။

၁၉၅၈ခုႏွစ္ ေလာက္ကတည္းက ေတာင္ဘက္က်ဳံးအတြင္း ၿမိဳ႕ရိုးႏွင့္က်ဳံးအၾကား ေျမကြက္လပ္မွာ လူထုအပန္းေျဖဥယ်ာဥ္ႀကီးတစ္ခု ရွိခဲ့ဖူးသည္။အေရွ႕ဘက္မဂၤလာတံခါးမွသည္ အေနာက္ဘက္၇၉လမ္းအထိ ရွည္လ်ားတာေပါ့။

ထိုစဥ္က ဥယ်ာဥ္အတြင္း စိုက္ထူထားေသာ ေက်ာက္စာအရ မန္းသီတာဥယ်ာဥ္သည္ တစ္ေခတ္ တစ္ခါက နာမည္ေက်ာ္ၾကားခဲ့ေသာ မသုံးလုံးနယ္ေျမသို႔ ေအာင္မာဃစစ္ဆင္ေရး ဆင္ႏႊဲရာတြင္ ဖက္ဆစ္ေတာ္လွန္ေရးႏွင့္ လြတ္လပ္ေရးတိုက္ပြဲကာလကတည္းက နာမည္ေက်ာ္ၾကားခဲ့သည့္ ဗိုလ္အာဠာဝကကို ဖမ္းဆီးနိုင္သည့္အတြက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္သို႔ ခ်ီးျမႇင့္ သည့္ ဆုေငြမ်ားျဖင့္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္ဟု မွတ္သားဖူးသည္။

ထိုစဥ္က အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးမွာ (ဗိုလ္မႉးခ်ဳပ္စန္းယု ကြယ္လြန္သူ အၿငိမ္းစားသမၼတႀကီး ဦးစန္းယု)ဟု မွတ္သားရသည္။ ဥယ်ာဥ္ထဲမွာ ကေလးမ်ား အတြက္ ကစားစရာေတြရွိသည္။ အနားယူအပန္းေျဖစရာ အရိပ္အာဝါသရွိသည္။ မိုးပ်ံတံတားဆိုတာလည္းရွိသည္။ အခါႀကီးရက္ႀကီးမ်ား၌ ေဖ်ာ္ေျဖရန္အတြက္ တီးဝိုင္းစင္ျမင့္လည္းရွိသည္။

အမွတ္တရ ဓာတ္ပုံဆိုင္လည္း ရွိသည္။ ျပန္ၾကားေရးစာၾကည့္တိုက္လည္း ရွိသည္။ စားေသာက္ဆိုင္ေတြရွိသည္။ ၂၆ဘီလမ္း (အာဇာနည္လမ္း) ဘက္မွ ဥယ်ာဥ္အတြင္း ဝင္ရန္ ေမတၱာေပါင္းကူးတံတား အမည္ႏွင့္ ဒီဇိုင္း လွပေသာ တံတားလည္း ရွိသည္။ ထိုစဥ္က လြတ္လပ္ေရးေအာင္ပြဲ အခမ္းအနားမ်ားကို က်ဳံးအတြင္း မန္းသီတာဥယ်ာဥ္မွာ ေရာ က်ဳံးအေနာက္ဘက္ကြင္းျပင္မွာေရာ ခုနစ္ရက္ခုနစ္လီ တခမ္းတနားက်င္းပသည္။

၁၉၉၀ေက်ာ္ကာလတြင္ လမ္း၈၀ႏွင့္ ၂၆ဘီလမ္းေထာင့္ အေနာက္ေတာင္က်ဳံးေထာင့္ က်ဳံးေရျပင္တြင္ ေရေပၚဥယ်ာဥ္ေခၚ အပန္းေျဖစခန္းတစ္ခု ဖြင့္လွစ္ခဲ့သည္။ ထိုစဥ္က အေနာက္ေတာင္က်ဳံးေထာင့္ က်ဳံးေရျပင္ထဲတြင္ အခ်င္း ၂၆ ေပ၊ အျမင့္ ၉ ေပ ၃ လက္မရွိ ၅ ျမႇောင့္ၾကယ္ပြင့္ခံအုတ္ခုံႀကီးေပၚတြင္ အလ်ား ၁၅ ေပ၊ အနံ ၃ ေပ၊ အျမင့္ ၁၄ ေပႏွင့္ အေလးခ်ိန္ ၄ တန္ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ႀကီးရွိခဲ့ဖူးသည္။

ေၾကး႐ုပ္ႀကီးေရွ႕မ်က္ႏွာစာတြင္ အေလးျပဳရန္ ေနရာက်ယ္ႀကီးလည္းရွိ၏။ ထိုေနရာမွ က်ဳံးအတြင္းလွည့္လည္အပန္းေျဖသြား လာနိုင္ရန္ ေရေပၚတံတားငယ္ေလးမ်ား တည္ေဆာက္ထားသည္။ တံတားငယ္ေလးမ်ားေပၚမွၾကည့္လွ်င္ က်ဳံးတြင္းေရျပင္တြင္ အလွေမြးငါးမ်ားကို အကန႔္မ်ားျဖင့္ ေမြးထားေသး၏။

လမ္း၈၀ဘက္မွ က်ဳံးကိုျဖတ္လ်က္ တံတားတစ္စင္းလည္းရွိသည္။ မန္းသီတာဥယ်ာဥ္ဘက္က မူလတံတားႏွင့္ ပုံစံတူမို႔ ေမတၱာေပါင္းကူးတံတား ၂ ဟု အမည္ေပးသည္။ ၁၉၉၂ ခုႏွစ္ကဖြင့္လွစ္ခဲ့ေသာ ေရေပၚအပန္းေျဖစခန္းကို ထိုစဥ္က ေငြက်ပ္ ၉၅ သိန္းအကုန္ခံတည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ညေနေစာင္းသည္ႏွင့္ မီးလုံးေရာင္စုံမ်ားျဖင့္ ရႈမညီးလွပေနေသာ က်ဳံးေထာင့္ေရေပၚအပန္းေျဖစခန္းတြင္ အပန္းေျဖလာသူမ်ားႏွင့္ က်ိတ္က်ိတ္ တိုးစည္ကားေနသည္။ ဝင္ေၾကးမွာ တစ္ေယာက္လွ်င္ ၂ က်ပ္ေပးရ၏။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ႀကီးကိုလည္း မီးအလွမ်ား၊ မီးေမာင္းႀကီးမ်ားျဖင့္ ထိုးထားသည္။

က်ဳံးေထာင့္ ေရေပၚအပန္းေျဖစခန္းႏွင့္အတူ စားေသာက္ဆိုင္လည္း ပူးတြဲဖြင့္လွစ္ထားသည္။ စားေသာက္ဆိုင္မွာ ဘီယာ၊ အရက္မ်ား အျပင္ ထိုစဥ္က စတင္ေခတ္စားေနေသာ ကာရာအိုေကသီဆိုေဖ်ာ္ေျဖမႈအစီအစဥ္ကလည္း ပုရိသတို႔ သည္းေျခခိုက္ခဲ့၏။ ေခတ္ဆန္ေခ်ာေမာလွပေသာ ျမန္မာအမ်ိဳးသမီးငယ္ေလးမ်ားက ဆန္းသစ္လြန္းသည့္ အဝတ္အစားမ်ားျဖင့္ ကာရာအိုေကသီခ်င္းမ်ားကို သီဆိုေဖ်ာ္ေျဖၾကသည္။

သစ္လုပ္ငန္း၊ ေက်ာက္စိမ္းလုပ္ငန္း၊ ကန္ထရိုက္လုပ္ငန္းမ်ားျဖင့္ ေငြကိုေရလိုသာမက ေလလိုပါသုံးနိုင္ေသာ ပဝတၱိသားတို႔က ကာရာအိုေကခန္းမတြင္ အံ့မခန္းသုံးစြဲ၊ ဆုခ်ပန္းကုံး စြပ္ၾကတာကိုပဲ မႏၱေလးသူ၊ မႏၱေလးသားတို႔ ဝင္ေၾကး ၂ က်ပ္ေပးကာ က်ဳံးတြင္း တံတားငယ္ေလးမ်ားေပၚက ေမွ်ာ္ၾကည့္ရင္း အံ့အားသင့္ခဲ့ဖူးသည္။

အဆိုပါ မန္းသီတာ ဥယ်ာဥ္ႏွင့္ ေရေပၚအပန္းေျဖစခန္းကို က်ဳံးုႀကီး ျပန္လည္တူးေဖာ္သည့္ စီမံကိန္းအၿပီး ၁၉၉၅ခုႏွစ္တြင္ ဖ်က္သိမ္းခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္ကိုလည္း မေနာ္ယမံဥယ်ာဥ္သို႔ ေျပာင္းေ႐ြ႕လိုက္သည္။

ဆူးငွက္

Crd,