အိမ်မှာလုပ်ကြည့်ရအောင်?( ဝါသနာ ပါသူတွေအတွက်)
-ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို
နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။
နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။
-နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။
နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။
-ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊
ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။
-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။
မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။
-ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ
၄နာရီလောက်ထည့်ပြီးအအေးခံပါ ။
-ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး
သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။
-တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်
ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။
-ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။
အချိုးအဆမပေးပါဘူး။
နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။
များများထည့်ရင် များများမွှေးမယ်။
နှစ်သက်သလောက်ထည့်နိုင်ပါတယ်။
ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။
-သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။
-ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို
ဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။
-မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။
မူရင်းရေးသားသူအားလေးစားစွား Credit ပေးပါတယ်။
Zawgyi
အိမ္မွာလုပ္ၾကည့္ရေအာင္( ဝါသနာ ပါသူေတြအတြက္)
-ေရခဲမုန့္ကို ႏြားနို႔နဲ႕လည္းလုပ္လို႔ရသလို
နို႔မႈန့္နဲ႕လည္း လုပ္လို႔ရပါတယ္။
ႏြားနို႔ဆိုရင္ နို႔စစ္စစ္နဲ႕ပိုေကာင္းပါတယ္။
-ႏြားနို႔စစ္စစ္ ၁ ပိသာကို ဆူပြက္ေအာင္ႀကိဳ ပါ။
နို႔မႈန့္ဆိုရင္ ဂရမ္ ၂၀၀ကို ေရတစ္လီတာဘူးရွိတဲ့
ပြက္ပြက္ဆူေနတဲ့ ေရႏြေးနဲ႕ေဖ်ာ္ပါ။
-ေက်ာက္ေက်ာမႈန့္ စတီးဇြန္း ၁ဇြန္း ၊
ေျပာင္းဖူးမႈန့္ စတီးဇြန္း ၂ ဇြန္းေလာက္ကို
ေရနည္းနည္းထည့္ၿပီး အရည္ပ်စ္ပ်စ္ေဖ်ာ္ပါ။
-ၿပီးရင္ ဆူပြက္ေနတဲ့ နို႔အိုးထဲကိုေလာင္းထည့္ပါ။
သၾကားစတီးဇြန္း ၅ဇြန္းနဲ႕ဆားနည္းနည္းထည့္ပါ။
မျပတ္ေမႊေပးၿပီး ပ်စ္လာေအာင္ က်ိဳ ပါ။
-ပ်စ္ပ်စ္ေလးျဖစ္လာရင္ မီးဖိုေပၚကခ်ၿပီးအေအးခံပါ။
ေအးတဲ့အခါ ေရခဲေသတၱာ အေပၚကန့္မွာ
၄နာရီေလာက္ထည့္ၿပီးအေအးခံပါ ။
-ၿပီးရင္ ေရခဲေသတၱာထဲကထုတ္ၿပီး
သစ္သီးေမႊစက္ (Blender)ထဲထည့္ၿပီးတစ္မိနစ္ေလာက္ေမႊပါ။
-တကယ္လို႔ ေခ်ာကလက္ေရခဲမုန့္လိုခ်င္ရင္
ေခ်ာကလက္မႈန့္ စတီးဇြန္း ၁၀ဇြန္းထည့္ေမႊပါ။
-ဒူးရင္းသီးေရခဲမုန့္လိုခ်င္ရင္ ဒူးရင္းသီးအသားထည့္ေမႊပါ။
အခ်ိဳးအဆမေပးပါဘူး။
နည္းနည္းထည့္ရင္နည္းနည္းေမႊးမယ္။
မ်ားမ်ားထည့္ရင္ မ်ားမ်ားေမႊးမယ္။
ႏွစ္သက္သေလာက္ထည့္နိုင္ပါတယ္။
ေရခဲမုန့္အေနအထားၾကည့္ၿပီး ခ်င့္ခ်ိန္ထည့္ပါ။
-သီးစုံေရခဲမုန့္လိုရင္ေတာ့ ေက်ာက္ဖ႐ုံယို ၊ စပ်စ္သီးေျခာက္ ၊
သီဟိုဠ္ေစ့ တို႔ကိုေမႊၿပီးမွ ထည့္ပါ။သမေအာင္ ဇြန္းနဲ႕ေမႊပါ။
Blender ထဲထည့္ေမႊရင္ ေၾကကုန္ပါမယ္။
-ကိုယ္လိုခ်င္တဲ့ေရခဲမုန့္ကို
ဥာဏ္ရွိရင္ ရွိသလို ဆန္းသစ္တီထြင္နိုင္ပါတယ္။
-ေမႊၿပီးရင္ ေရခဲေသတၱာအေပၚခန္း(ေရခဲခန္း)ထဲျပန္ထည့္ပါ။
၈ နာရီျပည့္ရင္ ေရခဲမုန့္ေကာင္းေကာင္းခဲပါၿပီ။
မူရင္းေရးသားသူအားေလးစားစြား Credit ေပးပါတယ္။