အလောင်းစည်သူမင်းကြီ တည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညုဘုရား သမိုင်းကြောင်း

သဗ္ဗညုဘုရား သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ပုဂံနန်းမြို့ရိုး အတွင်း အာနန္ဒာ လိုဏ်ဂူတော်ဘုရားကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။

သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။

သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။

သဗ္ဗညုဘုရားဒါယကာမှာ ကျန်စစ်မင်းကြီး၏ အရိုက်အရာကို ဆက်ခံသည့် မြေးတော် အလောင်းစည်သူမင်းကြီးဖြစ်သည်။ အလောင်းစည်သူ မင်းကြီးသည် ခရစ် ၁၁၄၄-ခုနှစ်တွင် ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုလေသည်။

ထို့ကြောင့် ထိုလိုဏ်ဂူမှာ ဘုရားဝတ်ပြုရန် သက်သက်ချည်းသာ မဟုတ်ပဲ ရှေးခတ်က သံဃာတော်များ သီတင်းသုံးရန်နှင့် ပိဋကတ်တိုက်ထားရှိ သုံးစွဲရန်လည်း လျာထားစီမံခဲ့သည်ဟု ထင်ရန်ရှိလေသည်။

အမြင့်ဉာဏ်တော်မှာ ဖိနပ်တော်မှ ငှက်မြတ်နားထိ ၂၀၁-ပေမျှ ရှိသည်။ အခြားစေတီ ပုထိုးများကို လွှမ်းမိုးနေဘိ သကဲ့သို့ ရှိနေရာ ပုဂံမျှော်စင်ဟုပင် ခေါ်ဆိုကြသည်။ သဗ္ဗညု လိုဏ်ဂူတော် ဘုရားကြီးသည် ရှေးအခါက သံဃာတော်များ ပရိယတ္တိစာဝါ လေ့လာရန်နှင့် ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြသည်။ ပုဂံ၏ အလှဆုံးအချိန်ဟု သတ်မှတ်ထားသော ညနေနေဝင်ရီတရော အချိန်၌ ပုဂံ၏ အလှရှုခင်းအရသာကို သဗ္ဗညုဘုရားပေါ်မှ ကြည့်ရှုခံစားနိုင်သည်။

သမိုင်းကြောင်း

မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ထီးနန်းစိုးစံတော်မူ၍ ၁၁ နှစ်အကြာ တစ်နေ့သောအခါ၌ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်၏ အရှေ့မျက်နှာရှိ ဝိသာခါသူဌေးမ၏ ကောင်းမှုဖြစ်သောပုပ္ဖာရုံ ကျောင်းတော်သဏ္ဌာန် စေတီတည်ရသော်ကောင်းလေစွဟု အကြံဖြစ်တော်မူ၏။

ပုပ္ဖာရုံကျောင်းတော်ကား လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ဖြင့် မကြာမြင့်မီပင်တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ အောင်အောင်မြင်မြင်ပြီးစီးခြင်းသို့ ရောက်ရသောကျောင်းတော်ကြီး ဖြစ်သည်။ ယင်းကျောင်းကြီးသည် ဘုံတိုက်ခန်း ၅ဝဝ၊ အထက်ဆင့်၌တိုက်ခန်း ၅ဝဝ အားဖြင့်တိုက်ခန်း ၁ဝဝဝတို့ဖြင့် ဆန်းကြယ်စွာ တန်ဆာဆင်ယင်ထားသည်။

အလောင်းစည်သူမင်းကြီးသည် ရှင်အရဟံ၊ စိမ်းညက်မင်းသားတော် မဟာထေရ်ရှင်အာနန္ဒာစသော သံဃာတော်အရှင်မြတ်များ၊ ပညာရှိ မှူးတော်မတ်တော်များနှင့် တိုင်ပင်၍ အရှင်မောဂ္ဂလာန်စီရင်တော်မူသော ပုပ္ဖာရုံကျောင်းနှင့်သဏ္ဌာန်တူစွာ အမြင့်သံတောင် ၁၆ဝ ရှိသော သဗ္ဗညုစေတီကို မြန်မာသက္ကရာဇ် ၄၈၆ ခုနှစ် ၌ တည်ထားကိုးကွယ်တော်မူ၏။

တိုင်းနိုင်ငံအသီးသီးမှ ဆက်သအပ်သော ဓာတ်တော်များကိုလည်း ဌာပနာ၍ မလည်တောင်ခြေအရပ်မှ ရအပ်သောပတ္တမြားများကို ပေါက်ပေါက်ပြုကာ ကြဲဖြန့်ပူဇော်တော်မူ၏။ အခန်းကြီး အခန်းငယ်နှင့်တကွ အသွယ်သွယ်သော ကြောင်လိမ်တို့ကိုလည်း အံ့မခန်းမျှစီမံတော်မူ၏။ အချိန်တစ်သောင်းရှိသော ကြေးစင်ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းတော်မူ၏။ ဘုရား၏အရှေ့တောင် ထောင့်တွင်ခေါင်းလောင်း ချိတ်ဆွဲသည့် ကျောက်တိုင်ကြီးများမှာ ယခုတိုင်ရှိနေသည်။

ဗိသုကာ လက်ရာများ

သဗ္ဗညုဘုရား၏ အရှေ့မြောက်စောင်းတန်းတွင် ကပ်လျက်ရှိသည်။ သဗ္ဗညုဘုရားတည်ဆောက်ထားပုံမှာ အာနန္ဒာဘုရားတည်ဆောက်ထားပုံကဲ့သို့ အာရုံခံ လေးဘက် လေးမျက်နှာမရှိဘဲ အရှေ့ဘက်တစ်မျက်နှာတွင်သာ အာရုံခံရှိသည်။

ယင်းအာရုံခံသည် ကုလားကျောင်းမှ ထိုးထွက်နေသောကြောင့် ဘုရား၏စံနစ်ပုံစံမှာ အာနန္ဒာဘုရားကဲ့သို့ ကြက်ခြေလေးဘက် မညီချေ။ အာရုံခံ တစ်ဘက်သာရှိသော် လည်း အုတ်နံရံထုအကြား၌ ဆောက်လုပ်ထားသော ကြောင်လိမ်လှေခါးတို့ဖြင့် တက်ရသည့် အဆင့်ဆင့်ရှိသော အဆောက်အအုံဖြစ်သည်။

ပထမနှင့်ဒုတိယအဆင့်များသည် ရဟန်းတော်များ သီတင်းသုံးရန်ဖြစ်၍ တတိယအဆင့်တွင် ရုပ်ပွားတော်များထားရှိသည်။ စတုတ္ထအဆင့်ကိုမူကား ပိဋကတ်တိုက်အတွက်အသုံးပြု၍ ပဉ္စမအဆင့်တွင်မှ စေတီတည်၍ ဓာတ်တော်များ ဌာပနာထားသည်။ သို့ဖြင့် အဆောက်အအုံမှာ စေတီလည်းဖြစ် ကျောင်းလည်းဖြစ်လေသည်။ ထုထည်ကြီးမားသော ပုဂံခေတ် ကုလားကျောင်းခံဘုရားများတွင် သဗ္ဗညုဘုရားလည်း တစ်ဆူအပါအဝင် ဖြစ်လေသည်။

သဗ္ဗညုလိုဏ်ဂူသည် ပုဂံဝန်းကျင်တွင် ထုထည် အကြီးမားဆုံး အဆောက်အအုံ ဖြစ်သည်။ ဘုံနှစ်ဆင့် ရှိသည်။ အောက်ဘုံတွင်လည်းကောင်း၊ အထက်ဘုံတွင် လည်းကောင်း၊ စိန်တောင် ထောင့်စေတီ၊ ပစ္စယာသုံးဆင့်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဘုံနှစ်ခုစလုံးတွင် လေသာပြတင်း နှစ်ဆင့်စီ ရှိသဖြင့် နံရံအတွင်း၌ အလင်းရောင် ကောင်းစွာရနိုင်လေသည်။ ထိုလိုဏ်ဂူသည် ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် (၂၀၁) ပေ ရှိလေသည်။

အရှေ့ဘက် အာရုံခံမှာ အခြားဘက်များထက် ပို၍ ကျယ်ပြန့်သည်။ အတွင်းသို့ ဝင်လိုက်သော် အထက်တက်ရန် လှေကားမကြီးကို မြင်ရသည်။ လှေကားမကြီးအစ ဝဲဘက်ယာဘက်တွင် ဒွာရပါလ အစောင့် နတ်ရုပ်များသည် မုခ်ဝကို မျက်နှာမူ၍ မတ်တပ်ရပ်နေသည်။ လှေကားမကြီးအဆုံးတွင် အထပ်ငယ် တစ်ထပ်ရှိသည်။ ထို အထပ်ငယ်၌ အလယ်မဏ္ဍိုင်ကြီးကို စင်္ကြနှစ်ထပ် ပတ်ဝိုင်းထားသည်။

ထိုအထပ်ငယ်မှ တစ်ဆင့် နှစ်ဖတ် နံရံအတွင်း ဖောက်ထွင်းပြုလုပ်ထားသော လှေကားများဖြင့် ဆက်တက်လိုက်သော် အရှေ့ဘက် အာရုံခံအမိုးပေါ်ရှိ လေသာဆောင်သို့ ရောက်လိမ့်မည်။ ထိုမှ လှေကားဖြင့် အနောက်ဘက်တက်သော် ဂန္ဓကုဋိတိုက်တွင်း၌ တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို ဖူးတွေ့ရလိမ့်မည်။ ဤသည်မှာ တတိယထပ်ဖြစ်သည်။ ထိုအထပ်မှ ပုဂံပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နိုင်သည်။

တတိယထပ် တစ်ဖက်တစ်ချက်ရှိ နံရံတွင်း လှေကားဖြင့် တက်ပြန်သော် စတုတ္ထအထပ်ငယ်သို့ ရောက်လိမ့်မည်။ ထိုအထပ်၏ အပြင်ဘက်အာရုံခံမှ နတ်လှေကားဖြင့် အပေါ်တက်ပြန်သော် ကွမ်းထောင် အထက်၌ကား စေတီပေါက်ထားလေသည်။

သဗ္ဗညုလိုဏ်ဂူကို ခေတ်အဆက်ဆက် ကုသိုလ်ရှင်များက ထုံးသတ်ခဲ့လေ၍ ယခုအခါ အင်္ဂတေပန်းများ မပေါ်တော့ပြီ။ အနောက်ဘက် မျက်နှာအာရုံခံ အမိုးတွင်မူ ကျိုက်တငို ပန်းဝိုင်းများ ရှိနေသေးသည်။

လိုဏ်ဂူဘုရား၏ အနောက်ဘက် ဘုန်းကြီးကျောင်းဝင်းအထဲတွင် အလောင်းစည်သူမင်း၏ ကောင်းမှု ခေါင်းလောင်းတိုင်ကြီးများ ရှိသည်။ မူလက ကြေးစင်အချိန် တစ်သောင်းကို သွန်းသော ခေါင်းလောင်းကြီးကို ချိတ်ဆွဲထားခဲ့သော်လည်း ယခုအခါ မတွေ့နိုင်တော့ပေ။

ဂရို့ချိုးဘုရား

သဗ္ဗညုလိုဏ်ဂူနှင့် ကပ်လျက်ရှိသော ဂူဘုရားငယ်တစ်ဆူသည် ဂရို့ချိုးဘုရားဟု အမည်တွင်သည်။ အဆိုရှိသည်မှာ သဗ္ဗညုလိုဏ်ဂူကို တည်ဆောက်စဉ်က အုတ်တစ်သောင်းပါ အုတ်တစ်ဖိုလျှင် အုတ်တချပ်ကျဖြင့် ဂရို့ချိုးမှတ်ပြီး တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။

UNESCO စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆

Crd,ဝီကီပီးဒီးယား

Zawgyi
သဗၺၫုဘုရား သည္ ျမန္မာနိုင္ငံ၊ မႏၱေလးတိုင္းေဒသႀကီး၊ ပုဂံတြင္ တည္ရွိသည္။ ပုဂံနန္းၿမိဳ႕ရိုး အတြင္း အာနႏၵာ လိုဏ္ဂူေတာ္ဘုရားႀကီး၏ အေနာက္ေတာင္ ယြန္းယြန္း ကိုက္ ၅၀ဝ ခန႔္ အကြာတြင္ တည္ရွိသည္။

သဗၺၫု လွိုဏ္ဂူေတာ္ ဘုရားႀကီးသည္ လွည္းဝင္ရိုးသံ တညံညံ ပုဂံဘုရားတြင္ ထုထည္ႀကီးမားေသာ ဘုရားႀကီးမ်ားအနက္ ထင္ရွားေက်ာ္ၾကားေသာ ဘုရားတစ္ဆူပင္ ျဖစ္သည္။ဉာဏ္ေတာ္ ေပ (၂၀၀)ေက်ာ္ ျမင့္သျဖင့္ အျခားဘုရားပုထိုးမ်ား အၾကားတြင္ ထီးထီးမားမားႀကီး တည္ရွိေနသည္။

သဗၺၫုဟူေသာ ေဝါဟာရကို ပုဂံေခတ္ ေရးထိုးေက်ာက္စာမ်ားတြင္ သိစပ္ျမင္ႏွံ႕ ဟူ၍ ျပန္ဆိုေရးသားေလ့ ရွိသျဖင့္ ဗုဒၶဘုရားသခင္၏ အလုံးစုံကို သိျမင္ေတာ္မူေသာ သဗၺၫုတ ဉာဏ္ေတာ္ကို အာ႐ုံျပဳေခၚေဝၚ သမုတ္သည္ဟု ယူဆၾကသည္။

သဗၺၫုဘုရားဒါယကာမွာ က်န္စစ္မင္းႀကီး၏ အရိုက္အရာကို ဆက္ခံသည့္ ေျမးေတာ္ အေလာင္းစည္သူမင္းႀကီးျဖစ္သည္။ အေလာင္းစည္သူ မင္းႀကီးသည္ ခရစ္ ၁၁၄၄-ခုႏွစ္တြင္ ရွင္မဟာေမာဂၢလႅာန္ ၾကပ္မတ္၍ တည္ေဆာက္ခဲ့ေသာ ေက်ာင္းအမႀကီး ဝိသာခါ၏ ပုပၹာ႐ုံေက်ာင္းေတာ္ႀကီးကို အတုယူကာ တည္ထားကိုးကြယ္ခဲ့ျခင္း ျဖစ္သည္ဟု ဘုရားသမိုင္းမ်ားတြင္ ဆိုေလသည္။

ထို႔ေၾကာင့္ ထိုလိုဏ္ဂူမွာ ဘုရားဝတ္ျပဳရန္ သက္သက္ခ်ည္းသာ မဟုတ္ပဲ ေရွးခတ္က သံဃာေတာ္မ်ား သီတင္းသုံးရန္ႏွင့္ ပိဋကတ္တိုက္ထားရွိ သုံးစြဲရန္လည္း လ်ာထားစီမံခဲ့သည္ဟု ထင္ရန္ရွိေလသည္။

အျမင့္ဉာဏ္ေတာ္မွာ ဖိနပ္ေတာ္မွ ငွက္ျမတ္နားထိ ၂၀၁-ေပမွ် ရွိသည္။ အျခားေစတီ ပုထိုးမ်ားကို လႊမ္းမိုးေနဘိ သကဲ့သို႔ ရွိေနရာ ပုဂံေမွ်ာ္စင္ဟုပင္ ေခၚဆိုၾကသည္။ သဗၺၫု လိုဏ္ဂူေတာ္ ဘုရားႀကီးသည္ ေရွးအခါက သံဃာေတာ္မ်ား ပရိယတၱိစာဝါ ေလ့လာရန္ႏွင့္ ပိဋကတ္တိုက္သဖြယ္ အသုံးျပဳခဲ့ၾကသည္။ ပုဂံ၏ အလွဆုံးအခ်ိန္ဟု သတ္မွတ္ထားေသာ ညေနေနဝင္ရီတေရာ အခ်ိန္၌ ပုဂံ၏ အလွရႈခင္းအရသာကို သဗၺၫုဘုရားေပၚမွ ၾကည့္ရႈခံစားနိုင္သည္။

သမိုင္းေၾကာင္း

ျမန္မာသကၠရာဇ္ ၄၇၄ ခုႏွစ္တြင္ မင္းအျဖစ္သို႔ ေရာက္ေတာ္မူေသာ အေလာင္းစည္သူမင္းႀကီးသည္ ထီးနန္းစိုးစံေတာ္မူ၍ ၁၁ ႏွစ္အၾကာ တစ္ေန႕ေသာအခါ၌ ေဂါတမျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္ သီတင္းသုံးေတာ္မူရာ သာဝတၳိျပည္၏ အေရွ႕မ်က္ႏွာရွိ ဝိသာခါသူေဌးမ၏ ေကာင္းမႈျဖစ္ေသာပုပၹာ႐ုံ ေက်ာင္းေတာ္သဏၭာန္ ေစတီတည္ရေသာ္ေကာင္းေလစြဟု အႀကံျဖစ္ေတာ္မူ၏။

ပုပၹာ႐ုံေက်ာင္းေတာ္ကား လက္ဝဲေတာ္ရံ ရွင္ေမာဂၢလာန္၏ တန္ခိုးအာႏုေဘာ္ျဖင့္ မၾကာျမင့္မီပင္တစ္စုံတစ္ရာ ခြၽတ္ယြင္းပ်က္စီးျခင္းမရွိ၊ ေအာင္ေအာင္ျမင္ျမင္ၿပီးစီးျခင္းသို႔ ေရာက္ရေသာေက်ာင္းေတာ္ႀကီး ျဖစ္သည္။ ယင္းေက်ာင္းႀကီးသည္ ဘုံတိုက္ခန္း ၅ဝဝ၊ အထက္ဆင့္၌တိုက္ခန္း ၅ဝဝ အားျဖင့္တိုက္ခန္း ၁ဝဝဝတို႔ျဖင့္ ဆန္းၾကယ္စြာ တန္ဆာဆင္ယင္ထားသည္။

အေလာင္းစည္သူမင္းႀကီးသည္ ရွင္အရဟံ၊ စိမ္းညက္မင္းသားေတာ္ မဟာေထရ္ရွင္အာနႏၵာစေသာ သံဃာေတာ္အရွင္ျမတ္မ်ား၊ ပညာရွိ မႉးေတာ္မတ္ေတာ္မ်ားႏွင့္ တိုင္ပင္၍ အရွင္ေမာဂၢလာန္စီရင္ေတာ္မူေသာ ပုပၹာ႐ုံေက်ာင္းႏွင့္သဏၭာန္တူစြာ အျမင့္သံေတာင္ ၁၆ဝ ရွိေသာ သဗၺၫုေစတီကို ျမန္မာသကၠရာဇ္ ၄၈၆ ခုႏွစ္ ၌ တည္ထားကိုးကြယ္ေတာ္မူ၏။

တိုင္းနိုင္ငံအသီးသီးမွ ဆက္သအပ္ေသာ ဓာတ္ေတာ္မ်ားကိုလည္း ဌာပနာ၍ မလည္ေတာင္ေျခအရပ္မွ ရအပ္ေသာပတၱျမားမ်ားကို ေပါက္ေပါက္ျပဳကာ ႀကဲျဖန႔္ပူေဇာ္ေတာ္မူ၏။ အခန္းႀကီး အခန္းငယ္ႏွင့္တကြ အသြယ္သြယ္ေသာ ေၾကာင္လိမ္တို႔ကိုလည္း အံ့မခန္းမွ်စီမံေတာ္မူ၏။ အခ်ိန္တစ္ေသာင္းရွိေသာ ေၾကးစင္ေခါင္းေလာင္းႀကီးကိုလည္း သြန္းလုပ္လႉဒါန္းေတာ္မူ၏။ ဘုရား၏အေရွ႕ေတာင္ ေထာင့္တြင္ေခါင္းေလာင္း ခ်ိတ္ဆြဲသည့္ ေက်ာက္တိုင္ႀကီးမ်ားမွာ ယခုတိုင္ရွိေနသည္။

ဗိသုကာ လက္ရာမ်ား

သဗၺၫုဘုရား၏ အေရွ႕ေျမာက္ေစာင္းတန္းတြင္ ကပ္လ်က္ရွိသည္။ သဗၺၫုဘုရားတည္ေဆာက္ထားပုံမွာ အာနႏၵာဘုရားတည္ေဆာက္ထားပုံကဲ့သို႔ အာ႐ုံခံ ေလးဘက္ ေလးမ်က္ႏွာမရွိဘဲ အေရွ႕ဘက္တစ္မ်က္ႏွာတြင္သာ အာ႐ုံခံရွိသည္။

ယင္းအာ႐ုံခံသည္ ကုလားေက်ာင္းမွ ထိုးထြက္ေနေသာေၾကာင့္ ဘုရား၏စံနစ္ပုံစံမွာ အာနႏၵာဘုရားကဲ့သို႔ ၾကက္ေျခေလးဘက္ မညီေခ်။ အာ႐ုံခံ တစ္ဘက္သာရွိေသာ္ လည္း အုတ္နံရံထုအၾကား၌ ေဆာက္လုပ္ထားေသာ ေၾကာင္လိမ္ေလွခါးတို႔ျဖင့္ တက္ရသည့္ အဆင့္ဆင့္ရွိေသာ အေဆာက္အအုံျဖစ္သည္။

ပထမႏွင့္ဒုတိယအဆင့္မ်ားသည္ ရဟန္းေတာ္မ်ား သီတင္းသုံးရန္ျဖစ္၍ တတိယအဆင့္တြင္ ႐ုပ္ပြားေတာ္မ်ားထားရွိသည္။ စတုတၳအဆင့္ကိုမူကား ပိဋကတ္တိုက္အတြက္အသုံးျပဳ၍ ပၪၥမအဆင့္တြင္မွ ေစတီတည္၍ ဓာတ္ေတာ္မ်ား ဌာပနာထားသည္။ သို႔ျဖင့္ အေဆာက္အအုံမွာ ေစတီလည္းျဖစ္ ေက်ာင္းလည္းျဖစ္ေလသည္။ ထုထည္ႀကီးမားေသာ ပုဂံေခတ္ ကုလားေက်ာင္းခံဘုရားမ်ားတြင္ သဗၺၫုဘုရားလည္း တစ္ဆူအပါအဝင္ ျဖစ္ေလသည္။

သဗၺၫုလိုဏ္ဂူသည္ ပုဂံဝန္းက်င္တြင္ ထုထည္ အႀကီးမားဆုံး အေဆာက္အအုံ ျဖစ္သည္။ ဘုံႏွစ္ဆင့္ ရွိသည္။ ေအာက္ဘုံတြင္လည္းေကာင္း၊ အထက္ဘုံတြင္ လည္းေကာင္း၊ စိန္ေတာင္ ေထာင့္ေစတီ၊ ပစၥယာသုံးဆင့္တို႔ျဖင့္ တန္ဆာဆင္ထားသည္။ ဘုံႏွစ္ခုစလုံးတြင္ ေလသာျပတင္း ႏွစ္ဆင့္စီ ရွိသျဖင့္ နံရံအတြင္း၌ အလင္းေရာင္ ေကာင္းစြာရနိုင္ေလသည္။ ထိုလိုဏ္ဂူသည္ ဖိနပ္ေတာ္မွ ငွက္ျမတ္နားအထိ ဉာဏ္ေတာ္ (၂၀၁) ေပ ရွိေလသည္။

အေရွ႕ဘက္ အာ႐ုံခံမွာ အျခားဘက္မ်ားထက္ ပို၍ က်ယ္ျပန႔္သည္။ အတြင္းသို႔ ဝင္လိုက္ေသာ္ အထက္တက္ရန္ ေလွကားမႀကီးကို ျမင္ရသည္။ ေလွကားမႀကီးအစ ဝဲဘက္ယာဘက္တြင္ ဒြာရပါလ အေစာင့္ နတ္႐ုပ္မ်ားသည္ မုခ္ဝကို မ်က္ႏွာမူ၍ မတ္တပ္ရပ္ေနသည္။ ေလွကားမႀကီးအဆုံးတြင္ အထပ္ငယ္ တစ္ထပ္ရွိသည္။ ထို အထပ္ငယ္၌ အလယ္မ႑ိုင္ႀကီးကို စၾကၤႏွစ္ထပ္ ပတ္ဝိုင္းထားသည္။

ထိုအထပ္ငယ္မွ တစ္ဆင့္ ႏွစ္ဖတ္ နံရံအတြင္း ေဖာက္ထြင္းျပဳလုပ္ထားေသာ ေလွကားမ်ားျဖင့္ ဆက္တက္လိုက္ေသာ္ အေရွ႕ဘက္ အာ႐ုံခံအမိုးေပၚရွိ ေလသာေဆာင္သို႔ ေရာက္လိမ့္မည္။ ထိုမွ ေလွကားျဖင့္ အေနာက္ဘက္တက္ေသာ္ ဂႏၶကုဋိတိုက္တြင္း၌ တင္ပ်ဥ္ေခြ ႐ုပ္ပြားေတာ္ႀကီးတစ္ဆူကို ဖူးေတြ႕ရလိမ့္မည္။ ဤသည္မွာ တတိယထပ္ျဖစ္သည္။ ထိုအထပ္မွ ပုဂံပတ္ဝန္းက်င္ကို ေကာင္းစြာ ျမင္နိုင္သည္။

တတိယထပ္ တစ္ဖက္တစ္ခ်က္ရွိ နံရံတြင္း ေလွကားျဖင့္ တက္ျပန္ေသာ္ စတုတၳအထပ္ငယ္သို႔ ေရာက္လိမ့္မည္။ ထိုအထပ္၏ အျပင္ဘက္အာ႐ုံခံမွ နတ္ေလွကားျဖင့္ အေပၚတက္ျပန္ေသာ္ ကြမ္းေထာင္ အထက္၌ကား ေစတီေပါက္ထားေလသည္။

သဗၺၫုလိုဏ္ဂူကို ေခတ္အဆက္ဆက္ ကုသိုလ္ရွင္မ်ားက ထုံးသတ္ခဲ့ေလ၍ ယခုအခါ အဂၤေတပန္းမ်ား မေပၚေတာ့ၿပီ။ အေနာက္ဘက္ မ်က္ႏွာအာ႐ုံခံ အမိုးတြင္မူ က်ိဳက္တငို ပန္းဝိုင္းမ်ား ရွိေနေသးသည္။

လိုဏ္ဂူဘုရား၏ အေနာက္ဘက္ ဘုန္းႀကီးေက်ာင္းဝင္းအထဲတြင္ အေလာင္းစည္သူမင္း၏ ေကာင္းမႈ ေခါင္းေလာင္းတိုင္ႀကီးမ်ား ရွိသည္။ မူလက ေၾကးစင္အခ်ိန္ တစ္ေသာင္းကို သြန္းေသာ ေခါင္းေလာင္းႀကီးကို ခ်ိတ္ဆြဲထားခဲ့ေသာ္လည္း ယခုအခါ မေတြ႕နိုင္ေတာ့ေပ။

ဂရို႔ခ်ိဳးဘုရား

သဗၺၫုလိုဏ္ဂူႏွင့္ ကပ္လ်က္ရွိေသာ ဂူဘုရားငယ္တစ္ဆူသည္ ဂရို႔ခ်ိဳးဘုရားဟု အမည္တြင္သည္။ အဆိုရွိသည္မွာ သဗၺၫုလိုဏ္ဂူကို တည္ေဆာက္စဥ္က အုတ္တစ္ေသာင္းပါ အုတ္တစ္ဖိုလွ်င္ အုတ္တခ်ပ္က်ျဖင့္ ဂရို႔ခ်ိဳးမွတ္ၿပီး တည္ေဆာက္ခဲ့သည္ ဟူ၍ ျဖစ္သည္။

UNESCO ေစတီပုထိုးအမွတ္=၁၅၉၇/၉၀၆

Crd,ဝီကီပီးဒီးယား