သုရှင်ရာဇဓိရာဇ်နှင့် မိဖုရား တလမေဒေါ ၏ နှလုံးသားစီးချင်း (သို့မဟုတ်)ပန်းကလေးတစ်ပွင့်နှင့် ခြင်္သေ့ကြီး တစ်ကောင်၏ အချစ်တိုက်ပွဲ

သုရှင်ရာဇဓိရာဇ် လို့ ဆိုလိုက်တာနဲ့ ကြမ်းကြမ်းရမ်းရမ်း ထက်ထက်မြက်မြက် နဲ့ တစ်ဇွတ်ထိုးဆန် သလောက် သူရဲကောင်းတွေကိုချစ်မြတ်နိုးတဲ့ဘုရင် ၊ ရန်သူကို ဖိုက်ချတဲ့နေရာမှာ
စကေး ကြမ်းသလောက် တစ်ခါတစ်ရံ ရက်စက်တတ်တဲ့ မာကျောတဲ့ စိတ်နှလုံးပိုင်ရှင် ကိုယ်ရည်ကိုယ်သွေး ထူးခြားတဲ့ ဟံသာဝတီ ဘုရင်တစ်ပါးကိုပြေးမြင်ကြမှာပါ

အတော်များများတွက်ကတော့ ဆယ်တန်းက ဖတ်စာမှာပါတဲ့ ဗညားနွဲ့နဲ့ ဗျည်းနွဲ့ရဲ့စီးချင်းတိုက်ပွဲကနေ စသိခဲ့ရတဲ့ ရန်သူသူရဲကောင်း ကိုတောင်မြှောက်စားလိုတဲ့သူပေါ့ဘုရင်တစ်ပါးအနေနဲ့ ထိတ်ထိတ်ကြဲစာရင်းဝင် သူ့မှာ အားလုံးသိပြီးတဲ့ ရင်နင့်ပြီး တသသပြောကျန်ရစ်ရတဲ့မေတ္တာဇာတ်လမ်းလေးရှိပါတယ်

ဒီဇာတ်လမ်းမှာ ရာဇဓိရာဇ်က သူ ကိုယ်တိုင်ပဲမင်းသားဖြစ်သလို သူကိုယ်တိုင်ပဲ ဗီလိန်လုပ်ခဲ့သူပါတလမေဒေါ(တလမည်ဒေါ) နဲ့ ဗညားနွဲ့ ရဲ့ ဇာတ်လမ်းအစကတော့ ရိုမီယို နဲ့ဂျုးလီယက်လို ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ လို စွန့်စားခန်းတစ်သီကြီးနဲ့ရင်တထိတ်ထိတ် ခိုးချစ်ကြရပါတယ်

တလမေဒေါက ဟံသာဝတီရွှေနန်းမှာ အနူးညံဆုံး အလှပဆုံး နဲ့ချုချင်သူတွေ ဝိုင်းနေတဲ့ပန်းကလေးတစ်ပွင့်ပါ။ဖခင်ဆင်ဖြူရှင်ဗညားဦးကလည်း အတော်ချစ်ပါတယ်။ ဗညားနွဲ့ရဲ့ဖအေတူမအေကွဲနှမတော်ပါ(ရှေးယခင်ကဆွေ ဆွေချင်းထပ်မြတ်တယ်လို့ယူဆတဲ့စံနှုန်းရှိတဲ့ တွက် မောင်နှမဝမ်းကွဲတွေ ယူတာမဆန်းပါဖူး)ဗညားနွဲ့ကတော့ အနေထားမတူပါဖူး ။

ဆင်ဖြူရှင်က သူကြမ်းကြမ်းတမ်းတမ်း နိုင်တာတွေ ထင်ရာစိုင်းတာတွေ တဇွတ်ထိုးလုပ်တာတွေ အပြင်ရုပ်ရည်ပြေပြစ်မှုမရှိဖူးဆိုပြီး ဘလိုင်းအမြင်ကတ်ခံနေရသူပါ။ သူသေရင် ဒီကောင်ကို နန်းမတင်ကြနဲ့လို့ကို အပြတ်ပြောထားပါတယ်။

ဒီတော့ တလမေဒေါက ဟံသာဝတီမှာ ကွင်း ဆိုရင်ဗညားနွဲ့ကတော့ လူကြမ်းပါ။ တလမေဒေါက ပန်းကလေးဆိုရင် ဗညားနွဲ့ကတော့ ဘီလူးဒါမှမဟုတ် ခြင်္သေ့တစ်ကောင်ပါ။ အဲ့လိုအနူးညံ့ဆုံးပန်းကလေးနဲ့ ကြမ်းကြမ်းရမ်းရမ်း ခြင်္သေ့
တစ်ကောင်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖူးစာလာဆုံရပါတော့တယ်။ ဖခင်ဆင်ဖြူရှင်သိတော့ ပြင်းပြင်းထန်ထန် ခွဲပါသတဲ့။ မင်းလို လူကြမ်းကများ တလမေဒေါကို ရာရာစစ ဘာညာ
ဘာညာ ဇာတ်လမ်းတွေထဲက အဖေတွေလို ဗီလိန် ထပြီးလုပ်ပါတယ်။

ဗညားနွဲ့ကလည်း ဇွတ်သမားဆိုတော့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်မယ့် ထုံးနှလုံးမူပြီး ဆင်နဲ့တင်ပြီးခိုးပြေးပါတယ်။ ဆင်ဖြူရှင် သိတော့ ရဲမက်တသီကြီးနဲ့ လိုက်ဖမ်းဗညားနွဲ့က ပြန်ဖိုက် နောက်ဆုံး မုံညက်အရောက်မှာမိတော့သုံးစားမရတဲ့ကောင်သွားစမ်း ဂျေး ဆိုပြီး ဗညားနွဲ့ကို အကျဉ်းချသတဲ့ တလမေဒေါကိုတော့ ပြန်သိမ်းထားပါတယ် ဆင်ဖြူရှင်ရဲ့ အစ်မတော် မဟာဒေဝီက အမျက်ပြေအောင်လျှောက်ပြီး နုတ်ယူရပါတယ်။

ဗညားနွဲ့နဲ့တလမေဒေါရဲ့ ဇတ်လမ်းက စလေတည်းက ရန်တွေပတ်လည်ဝိုင်းနေတဲ့ကြားကချစ်ကြရတာပါ။ ဖခင်ကသဘောမတူ ဘေးကလူတွေကလည်း တားနေတဲ့ကြားက တလမေဒေါ ဟာ ချစ်သူဗညားနွဲ့ ဖက်ကို ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။

မြေနိမ့်ရာလှံစိုက်သလိုခံစားနေရမယ့် ဗညားနွဲ့ဖက်ကတော့ သားသမီးချင်းတူတူမတူမတန်ဖူးသဘောထားရမလား ဆိုပြီး ဗညားဦးကို စိတ်မျက်သလို မင်းသားတစ်ပါးဖြစ်တဲ့ သူ့ကို မလေးမစားဆက်ဆံနေတဲ့ ရွှေနန်းကိုအမျိုးတွေကို တေးမှတ်ထားမယ့်သဘောရှိပါတယ်

ဒီလိုနဲ့ တလမေဒေါ နဲ့သားကလေးတစ်ယောက်ရတော့ ဖခင်ဆင်ဖြူရှင်မင်း အနားသည်းလာပါတယ် ဆင်ဖြူရှင် အစ်မတော်မဟာဒေဝီ ဟာ တူသမက်ဖြစ်တဲ့သမိန်မရူနဲ့ဖောက်ပြန်နေပြီး ဗညားနွဲ့အသက်ကိုရန်ရှာလာတယ်။ ရန်ရှာရတဲ့အကြောင်းကဆင်ဖြူရှင်သားတွေထဲမှာ ဗညားနွဲ့က ဇ အရှိဆုံးမို့ ဆင်ဖြူရှင်သေရင်သမိန်မရူကိုနန်းတင်ချင်တဲ့ မဟာဒေဝီအနေနဲ့ဗညားနွဲ့ကိုအပြတ်ရှင်းချင်တဲ့သဘောပါ။

ဗညားနွဲ့ကလည်း အချဉ်မဟုတ်တော့ ရှေ့တင်ကျအကယ်ဒမီ ရှော့ခ်အိုက်တင်တွေနဲ့တည့်ချင်သယောင် ပြပြီး လူသူစုပြီး ဒဂုန်ပြေး ပုန်ကန်ပါတော့တယ်။သူဒဂုန်ပြေးတော့ တလမေဒေါ နဲ့ သားငယ် ဘောလောကျန်းဒေါ က ဟံသာဝတီမှာကျန်ခဲ့ပါတယ်။ တလမေဒေါကို ထားခဲ့တာဟာ သူ့ခရီးကြမ်းနဲ့ ပျော့ဖတ်ဖတ် တလမေဒေါနဲ့ မဖြစ်ပါဖူးတွေးပြီး ထားခဲ့လေသလား။

ဒါမှမဟုတ် တလမေဒေါ ကပဲ ဖခင်ကို သံယောဇဉ်မပျက်လို့ လိုက်မသွားလေသလား။ အချင်းချင်း ပဲရန်ဖြစ်ထားကြသလား။
သမိုင်းဆရာတွေ အတိအကျ မသိနိုင်ပေမယ့် သူတို့နှစ်ယောက် ရဲ့ ပဋိပက္ခ ကတော့ အဲ့ဒီကတည်းက စခဲ့ပုံရပါတယ်။အဖုအထစ်ရှိခဲ့ပါတယ်။

ဒဂုန်မှာအရေးတော်ပုံဖန်တီးရင်း ဗညားနွဲ့က မွေ့မနိတ်ဆိုတဲ့ ဆီသည်မကို ကောက်ယူပြလိုက်ပါတယ် ။ တလမေဒေါကလည်း ရွဲ့ပြီး ဆီအိုးတစ်လုံးနဲ့ ချိန်ခွင်တစ်လုံးကို လက်ဖွဲ့ပို့ပေးခဲ့ပါတယ် ။ အဲ့သည်လက်ဖွဲ့တွေ ရတော့ ဗညားနွဲ့ ဟားတိုက်ရယ်တာကို ကြည့်ရင်သူတို့နှစ်ယောက် ကြားက အချစ်တိုက်ပွဲက
စနေပါပြီ။ ဟံသာဝတီနန်းမှာကျန်ခဲ့တဲ့ တလမေဒေါအနေနဲ့ ဗညားနွဲ့နဲ့မွေ့မနိတ်အကြောင်းဟာမိုးကြိုးပစ်ချခံရသလိုပါပဲ ။ ဟံသာဝတီနန်းအလယ်မှာမျက်စိသူငယ်နားသူငယ်နဲ့ လမ်းပျောက်နေရရှာပါပြီ။

နောက်တော့ ၇လ ကြာ စစ်ရေးနဲ့တစ်ဖုံ ဗျုဟာတွေနဲ့ တစ်သွယ် ပရိယာယ်ကြွယ်ကြွယ်နဲ့ ဆင်နွှဲလိုက်တဲ့ ဗညားနွဲ့ရဲ့အရေးတော်ပုံက အောင်မြင်သွားပါတယ်။ ဆင်ဖြူရှင်လည်း သူ့ရောဂါနဲ့သူကွယ်လွန်ပြီ ။ သမိန်မရူ ကိုသတ်ပစ်ပြီး မဟာဒေဝီကို တော့သူငယ်စဉ်ကကျွေးမွေးစောင့်ရှောက်တဲ့ကျေးဇူးကြောင့်မသတ်ဘဲထားလိုက်ပါတယ်။

နန်းသိမ်းပွဲခံတော့ တလမေဒေါကို အခေါ်ခိုင်းပါတယ်။ တလမေဒေါက လိုက်မလာတဲ့တွက် သားတော်ကိုပဲခေါ်လာရပါတယ်။ ဒီနေရာမှ တလမေဒေါဟာ အချော့ခံချင်လို့ ဆိုပြီးသုံးသပ်ကြပေမယ့် ကိုယ့်အမြင်အရတော့ အချော့ခံချင်တာမဟုတ်ဘဲ ချေပြလိုက်တာပါ။

နင်ဘုရင်ဖြစ်ပြီဆိုတော့ နင်ပေးတဲ့မိဖုရားဘွဲ့အဆောင်အယောင် လေး ပြေးယူပြီး နင့်ကိုခစားမယ်ထင်နေသလား ဆိုတဲ့ တုံပြန်မှုပါ။ဒီတောတွင်းသူမခံစားခဲ့ရတဲ့ခံစားမှုတွေနဲ့ ဒုက္ခတွေ မျက်ရည်တွေကို အံကြိတ်ရင်ဆိုင်ခဲ့ရပြီးနောက် အရင်က အနူးညံ့ဆုံးပန်းပွင့်လေးဖြစ်ခဲ့တဲ့ တလမေဒေါဟာ ခုချိန်မှာ ဆူးတွေရှိတဲ့ နှင်းဆီပန်းလေးဖြစ်နေပါပြီ။ ချစ်သူဆီက အပြင်းစား ရိုက်ချက်ကိုခံရပြီးတဲ့နောက် စိတ်နာသွားတဲ့ သူမက ပြောင်းလဲသွားခဲ့ပါပြီ။

အခေါ်ခိုင်းတာလိုက်မလာဖူးဆိုတော့ ဗညားနွဲ့တင်းသွားလောက်ပါတယ်။ ဆီသည်မကိုမိဖုရားကြီးကောက်မြှောက်ပြလိုက်တယ်။ နောက်ထပ်မိဖုရားတွေလည်းထပ်ယူပါတယ်။တလမေဒေါက လွဲရင် ဘွဲ့တွေ အဆောင်အယောင် တွေတခမ်းတနားကို ပေးတာပါ။ တလမေဒေါကို တမင်တကာကို ကလိနေသလိုပါပဲ။
ငါ့လိုရှင်ဘုရင်ရှေ့ လာမခစားဘဲ နေနိုင်ရိုးလား ကြည့်ကြသေးတာပေါ့ ဆိုပြီး တမင်နှိပ်ကွက်နေတဲ့ပုံပေါက်ပါတယ်။

တလမေဒေါဟာလည်း မာပြီဆိုမှတော့ အင်မတန်ပြတ်သားလှပါတယ်။ ဗညားနွဲ့ဘာလုပ်ပြပြဂရုကိုမစိုက်ပါဖူး။ဗညားနွဲ့ဆီသွားပြီး လေပြေမသွေးသလို အခြားမိဖုရားတွေလို အခစားလည်းမဝင်ပါဖူး။ဒီတော့ ဗညားနွဲ့ဘာလုပ်သလဲဆိုရင် ဆင်ဖြူရှင် လက်ထပ်ကတည်းက ပိုင်ဆိုင်တဲ့ တလမေဒေါရဲ့အဆောင်အယောင် ကျေးကျွန် အကုန် ကောက်သိမ်းပစ်ပါတယ်။

အကြောင်းပြချက် မရှိကို ဘလိုင်းသိမ်းတာပါ ။ သမိုင်းစာမျက်နှာတွေမှာတော့ အမျက်ရှိ၍သိမ်းသည် လို့ပါပြီး အကြောင်းရင်းတော့ မသိရပါဖူး ။ဒါကိုကြည့်ရင် သူတို့နှစ်ယောက်သာသိနိုင်တဲ့အချစ်တိုက်ပွဲဟာအတော်လေးရေချိန်မြင့်ပြင်းထန်နေတဲ့သဘောပါ။ အကယ်၍ တလမေဒေါ ကို မချစ်တော့ရင်အဝေးကိုပို့လို့ရ သေဒဏ်ပေးလို့ရ ပါလျက် အနုနည်းနဲ့ကို တမင်ညစ်ကျယ်နေတဲ့ပုံပေါက်ပါတယ်။

ဘယ်လိုပဲနည်းလမ်းစုံ သုံး ဒုက္ခပေးပေမယ့် တလမေဒေါဟာ သူ့ရှေ့မလာပါဖူး။ မခစားပါဖူး။တောင်းပန်တိုးလျိုးမှုတွေမလုပ်ပါဖူး။ဒီတော့ ဗညားနွဲ့က ထပ်သိမ်းစရာဘာကျန်သေးလဲကြည့်တဲ့ခါတလမေဒေါကို ဖခင်ဆင်ဖြူရှင်ပေးခဲ့တဲ့ လက်စွပ်ကို သွားစဉ်းစားမိပါတယ် ။အမတ်ဒိန်ကိုလွတ်ပြီအယူခိုင်း တော့ တလမေဒေါအသားဆတ်ဆတ်တုန်ပြီးမူးမေ့လဲတဲ့အထိပါပဲ။သတိရလာတော့ မျက်ရည်ကျလျက်ပဲ သူ့ဆံထုံးမှာထည့်ထားတဲ့ လက်စွပ်ကို ဖြေပေးပါတယ် ။ တလမေဒေါ မှာ ဘာဆိုဘာမှကို မကျန်တော့တာပါ။

ဗညားနွဲ့ကတော့ ဒီလောက်ထိ ဖြစ်နေတာတောင် ငါ့ဆီ မလာဘဲ မာနကြီးနိုင်သေးတယ် သိကြသေးတာပေါ့ ဆိုပြီး အဲ့ဒီလက်စွပ်ကို ပီယရာဇာမိဖုရားကို ပေးစေပါတယ်။ ဘုရင်တစ်ပါးတွက် ရတနာမရှားပါဘဲ တလမေဒေါဆီကဟာမှ တောင်းတယ် တောင်းပြီးပီယရာဇာကိုပေးတယ်ဆိုကတည်းက ဗညားနွဲ့ ဟာ
တမင်ကို ပညာပြနေတာပါ။

နောက်ဆုံးမခံနိုင်တဲ့တစ်နေ့ တလမေဒေါ သူ့ကိုဒူးလာထောက်လိမ့်မယ်လို့မျှော်လင့်နေပုံပါပဲ။ဒါပေမဲ့ တလမေဒေါ ဟာ ဗညားနွဲ့ကိုဒူးထောက်မယ့်အစား သေလမ်းကိုရွေးသွားပါတယ်။ သူ့ကိုယ်သူ သတ်သေလိုက်ပါတယ်။ တင်းလွန်းတဲ့ စောင်းကြိုးဟာ တောက်ခနဲပြတ်သွားသလိုကို ပြတ်သွားတာပါ။အချစ်ကြီးရင်အမျက်လည်းကြီးပါသတဲ့။သူသေပစ်လိုက်တာကပဲ
အရာရာထိန်းချုပ်ခိုင်းစေနိုင်တယ်ဆိုတဲ့ဘုရင်တစ်ယောက်ကို အရှုံးမပေးနိုင်ဖူးလို့ကြေညာပြသွားတာပါ။

တလမေဒေါ သေတော့ ဗညားနွဲ့ဘယ်လိုခံစားရသလဲဆိုတာ သမိုင်းစာမျက်နှာမှာ အသေးစိတ်မပါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ဖြစ်ကျန်ခဲ့တာပါ။ ပြီးတော့ဗညားနွဲ့ကအင်မတန်ဟန်ဆောင်ကောင်းသူပါ သမိန်မရူ သူ့ကိုအကောက်ကြံမှန်းသိတုန်းကတောင် ရှေ့ရောက်ရင် ယောက်ဖတော် ဆိုပြီး သေရည်အတူသောက်ရင်း ပြုံးပြုံးလေးနေပြနိင်ခဲ့တဲ့ကောင်မျိုးပါ။

စီးချင်းတိုက်ပွဲတိုင်း နိုင်ခဲ့တဲ့ ဗညားနွဲ့တွက် တလမေဒေါနဲ့ထိုးတဲ့နှလုံးသားစီးချင်းမှာ ရှုံးကျန်ခဲ့တာလို့ဆိုလို့ရပါတယ် ။ ဒါမဲ့သူကအောင်နိုင်သူ လိုပဲ နေခဲ့သလို သူ့အကျင့်စရိုက်တိုင်း အရှုံးမပေးလိုတဲ့သူမျိုးပါ ။

တလမေဒေါဆုံးတာနဲ့ဇာတ်လမ်းကမဆုံးပါဖူးသူ့တို့နှစ်ယောက်ရဲ့သား ဗောလောကျန်းဒေါနဲ့ရာဇဓိရာဇ် ၊ အပြစ်မရှိဘဲ ကွပ်မျက်ခံရပြီး သေတဲ့ ဗောလောကျန်းဒေါပြန်ဝင်စားတဲ့ မင်းရဲကျော်စွာနဲ့ ရာဇဓိရာဇ် သူတို့ကြားက အဖြစ်တွေကသမိုင်းမှာအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်ကျန်ရစ်ပါတယ် သမိုင်းဆရာတွေအမျိုးမျိုးသုံးသပ် သလို လူတွေကလည်းအမြင်ကိုယ်စီနဲ့ ထင်မြင်ကြပါတယ်

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
သုရွင္ရာဇဓိရာဇ္ လို႔ ဆိုလိုက္တာနဲ႕ ၾကမ္းၾကမ္းရမ္းရမ္း ထက္ထက္ျမက္ျမက္ နဲ႕ တစ္ဇြတ္ထိုးဆန္ သေလာက္ သူရဲေကာင္းေတြကိုခ်စ္ျမတ္နိုးတဲ့ဘုရင္ ၊ ရန္သူကို ဖိုက္ခ်တဲ့ေနရာမွာ
စေကး ၾကမ္းသေလာက္ တစ္ခါတစ္ရံ ရက္စက္တတ္တဲ့ မာေက်ာတဲ့ စိတ္ႏွလုံးပိုင္ရွင္ ကိုယ္ရည္ကိုယ္ေသြး ထူးျခားတဲ့ ဟံသာဝတီ ဘုရင္တစ္ပါးကိုေျပးျမင္ၾကမွာပါ

အေတာ္မ်ားမ်ားတြက္ကေတာ့ ဆယ္တန္းက ဖတ္စာမွာပါတဲ့ ဗညားႏြဲ႕နဲ႕ ဗ်ည္းႏြဲ႕ရဲ႕စီးခ်င္းတိုက္ပြဲကေန စသိခဲ့ရတဲ့ ရန္သူသူရဲေကာင္း ကိုေတာင္ျမႇောက္စားလိုတဲ့သူေပါ့ဘုရင္တစ္ပါးအေနနဲ႕ ထိတ္ထိတ္ႀကဲစာရင္းဝင္ သူ႕မွာ အားလုံးသိၿပီးတဲ့ ရင္နင့္ၿပီး တသသေျပာက်န္ရစ္ရတဲ့ေမတၱာဇာတ္လမ္းေလးရွိပါတယ္

ဒီဇာတ္လမ္းမွာ ရာဇဓိရာဇ္က သူ ကိုယ္တိုင္ပဲမင္းသားျဖစ္သလို သူကိုယ္တိုင္ပဲ ဗီလိန္လုပ္ခဲ့သူပါတလေမေဒါ(တလမည္ေဒါ) နဲ႕ ဗညားႏြဲ႕ ရဲ႕ ဇာတ္လမ္းအစကေတာ့ ရိုမီယို နဲ႕ဂ်ဳးလီယက္လို ရွင္ေမြ႕ႏြန္းနဲ႕မင္းနႏၵာ လို စြန့္စားခန္းတစ္သီႀကီးနဲ႕ရင္တထိတ္ထိတ္ ခိုးခ်စ္ၾကရပါတယ္

တလေမေဒါက ဟံသာဝတီေ႐ႊနန္းမွာ အႏူးညံဆုံး အလွပဆုံး နဲ႕ခ်ဳခ်င္သူေတြ ဝိုင္းေနတဲ့ပန္းကေလးတစ္ပြင့္ပါ။ဖခင္ဆင္ျဖဴရွင္ဗညားဦးကလည္း အေတာ္ခ်စ္ပါတယ္။ ဗညားႏြဲ႕ရဲ႕ဖေအတူမေအကြဲႏွမေတာ္ပါ(ေရွးယခင္ကေဆြ ေဆြခ်င္းထပ္ျမတ္တယ္လို႔ယူဆတဲ့စံႏႈန္းရွိတဲ့ တြက္ ေမာင္ႏွမဝမ္းကြဲေတြ ယူတာမဆန္းပါဖူး)ဗညားႏြဲ႕ကေတာ့ အေနထားမတူပါဖူး ။

ဆင္ျဖဴရွင္က သူၾကမ္းၾကမ္းတမ္းတမ္း နိုင္တာေတြ ထင္ရာစိုင္းတာေတြ တဇြတ္ထိုးလုပ္တာေတြ အျပင္႐ုပ္ရည္ေျပျပစ္မႈမရွိဖူးဆိုၿပီး ဘလိုင္းအျမင္ကတ္ခံေနရသူပါ။ သူေသရင္ ဒီေကာင္ကို နန္းမတင္ၾကနဲ႕လို႔ကို အျပတ္ေျပာထားပါတယ္။

ဒီေတာ့ တလေမေဒါက ဟံသာဝတီမွာ ကြင္း ဆိုရင္ဗညားႏြဲ႕ကေတာ့ လူၾကမ္းပါ။ တလေမေဒါက ပန္းကေလးဆိုရင္ ဗညားႏြဲ႕ကေတာ့ ဘီလူးဒါမွမဟုတ္ ျခေသၤ့တစ္ေကာင္ပါ။ အဲ့လိုအႏူးညံ့ဆုံးပန္းကေလးနဲ႕ ၾကမ္းၾကမ္းရမ္းရမ္း ျခေသၤ့
တစ္ေကာင္ဟာ တိုက္တိုက္ဆိုင္ဆိုင္ ဖူးစာလာဆုံရပါေတာ့တယ္။ ဖခင္ဆင္ျဖဴရွင္သိေတာ့ ျပင္းျပင္းထန္ထန္ ခြဲပါသတဲ့။ မင္းလို လူၾကမ္းကမ်ား တလေမေဒါကို ရာရာစစ ဘာညာ
ဘာညာ ဇာတ္လမ္းေတြထဲက အေဖေတြလို ဗီလိန္ ထၿပီးလုပ္ပါတယ္။

ဗညားႏြဲ႕ကလည္း ဇြတ္သမားဆိုေတာ့ ဓားေတာင္ကိုေက်ာ္ၿပီး မီးပင္လယ္ျဖတ္မယ့္ ထုံးႏွလုံးမူၿပီး ဆင္နဲ႕တင္ၿပီးခိုးေျပးပါတယ္။ ဆင္ျဖဴရွင္ သိေတာ့ ရဲမက္တသီႀကီးနဲ႕ လိုက္ဖမ္းဗညားႏြဲ႕က ျပန္ဖိုက္ ေနာက္ဆုံး မုံညက္အေရာက္မွာမိေတာ့သုံးစားမရတဲ့ေကာင္သြားစမ္း ေဂ်း ဆိုၿပီး ဗညားႏြဲ႕ကို အက်ဥ္းခ်သတဲ့ တလေမေဒါကိုေတာ့ ျပန္သိမ္းထားပါတယ္ ဆင္ျဖဴရွင္ရဲ႕ အစ္မေတာ္ မဟာေဒဝီက အမ်က္ေျပေအာင္ေလွ်ာက္ၿပီး ႏုတ္ယူရပါတယ္။

ဗညားႏြဲ႕နဲ႕တလေမေဒါရဲ႕ ဇတ္လမ္းက စေလတည္းက ရန္ေတြပတ္လည္ဝိုင္းေနတဲ့ၾကားကခ်စ္ၾကရတာပါ။ ဖခင္ကသေဘာမတူ ေဘးကလူေတြကလည္း တားေနတဲ့ၾကားက တလေမေဒါ ဟာ ခ်စ္သူဗညားႏြဲ႕ ဖက္ကို ျပတ္ျပတ္သားသားရပ္တည္ခဲ့သူပါ။

ေျမနိမ့္ရာလွံစိုက္သလိုခံစားေနရမယ့္ ဗညားႏြဲ႕ဖက္ကေတာ့ သားသမီးခ်င္းတူတူမတူမတန္ဖူးသေဘာထားရမလား ဆိုၿပီး ဗညားဦးကို စိတ္မ်က္သလို မင္းသားတစ္ပါးျဖစ္တဲ့ သူ႕ကို မေလးမစားဆက္ဆံေနတဲ့ ေ႐ႊနန္းကိုအမ်ိဳးေတြကို ေတးမွတ္ထားမယ့္သေဘာရွိပါတယ္

ဒီလိုနဲ႕ တလေမေဒါ နဲ႕သားကေလးတစ္ေယာက္ရေတာ့ ဖခင္ဆင္ျဖဴရွင္မင္း အနားသည္းလာပါတယ္ ဆင္ျဖဴရွင္ အစ္မေတာ္မဟာေဒဝီ ဟာ တူသမက္ျဖစ္တဲ့သမိန္မ႐ူနဲ႕ေဖာက္ျပန္ေနၿပီး ဗညားႏြဲ႕အသက္ကိုရန္ရွာလာတယ္။ ရန္ရွာရတဲ့အေၾကာင္းကဆင္ျဖဴရွင္သားေတြထဲမွာ ဗညားႏြဲ႕က ဇ အရွိဆုံးမို႔ ဆင္ျဖဴရွင္ေသရင္သမိန္မ႐ူကိုနန္းတင္ခ်င္တဲ့ မဟာေဒဝီအေနနဲ႕ဗညားႏြဲ႕ကိုအျပတ္ရွင္းခ်င္တဲ့သေဘာပါ။

ဗညားႏြဲ႕ကလည္း အခ်ဥ္မဟုတ္ေတာ့ ေရွ႕တင္က်အကယ္ဒမီ ေရွာ့ခ္အိုက္တင္ေတြနဲ႕တည့္ခ်င္သေယာင္ ျပၿပီး လူသူစုၿပီး ဒဂုန္ေျပး ပုန္ကန္ပါေတာ့တယ္။သူဒဂုန္ေျပးေတာ့ တလေမေဒါ နဲ႕ သားငယ္ ေဘာေလာက်န္းေဒါ က ဟံသာဝတီမွာက်န္ခဲ့ပါတယ္။ တလေမေဒါကို ထားခဲ့တာဟာ သူ႕ခရီးၾကမ္းနဲ႕ ေပ်ာ့ဖတ္ဖတ္ တလေမေဒါနဲ႕ မျဖစ္ပါဖူးေတြးၿပီး ထားခဲ့ေလသလား။

ဒါမွမဟုတ္ တလေမေဒါ ကပဲ ဖခင္ကို သံေယာဇဥ္မပ်က္လို႔ လိုက္မသြားေလသလား။ အခ်င္းခ်င္း ပဲရန္ျဖစ္ထားၾကသလား။
သမိုင္းဆရာေတြ အတိအက် မသိနိုင္ေပမယ့္ သူတို႔ႏွစ္ေယာက္ ရဲ႕ ပဋိပကၡ ကေတာ့ အဲ့ဒီကတည္းက စခဲ့ပုံရပါတယ္။အဖုအထစ္ရွိခဲ့ပါတယ္။

ဒဂုန္မွာအေရးေတာ္ပုံဖန္တီးရင္း ဗညားႏြဲ႕က ေမြ႕မနိတ္ဆိုတဲ့ ဆီသည္မကို ေကာက္ယူျပလိုက္ပါတယ္ ။ တလေမေဒါကလည္း ႐ြဲ႕ၿပီး ဆီအိုးတစ္လုံးနဲ႕ ခ်ိန္ခြင္တစ္လုံးကို လက္ဖြဲ႕ပို႔ေပးခဲ့ပါတယ္ ။ အဲ့သည္လက္ဖြဲ႕ေတြ ရေတာ့ ဗညားႏြဲ႕ ဟားတိုက္ရယ္တာကို ၾကည့္ရင္သူတို႔ႏွစ္ေယာက္ ၾကားက အခ်စ္တိုက္ပြဲက
စေနပါၿပီ။ ဟံသာဝတီနန္းမွာက်န္ခဲ့တဲ့ တလေမေဒါအေနနဲ႕ ဗညားႏြဲ႕နဲ႕ေမြ႕မနိတ္အေၾကာင္းဟာမိုးႀကိဳးပစ္ခ်ခံရသလိုပါပဲ ။ ဟံသာဝတီနန္းအလယ္မွာမ်က္စိသူငယ္နားသူငယ္နဲ႕ လမ္းေပ်ာက္ေနရရွာပါၿပီ။

ေနာက္ေတာ့ ၇လ ၾကာ စစ္ေရးနဲ႕တစ္ဖုံ ဗ်ဳဟာေတြနဲ႕ တစ္သြယ္ ပရိယာယ္ႂကြယ္ႂကြယ္နဲ႕ ဆင္ႏႊဲလိုက္တဲ့ ဗညားႏြဲ႕ရဲ႕အေရးေတာ္ပုံက ေအာင္ျမင္သြားပါတယ္။ ဆင္ျဖဴရွင္လည္း သူ႕ေရာဂါနဲ႕သူကြယ္လြန္ၿပီ ။ သမိန္မ႐ူ ကိုသတ္ပစ္ၿပီး မဟာေဒဝီကို ေတာ့သူငယ္စဥ္ကေကြၽးေမြးေစာင့္ေရွာက္တဲ့ေက်းဇူးေၾကာင့္မသတ္ဘဲထားလိုက္ပါတယ္။

နန္းသိမ္းပြဲခံေတာ့ တလေမေဒါကို အေခၚခိုင္းပါတယ္။ တလေမေဒါက လိုက္မလာတဲ့တြက္ သားေတာ္ကိုပဲေခၚလာရပါတယ္။ ဒီေနရာမွ တလေမေဒါဟာ အေခ်ာ့ခံခ်င္လို႔ ဆိုၿပီးသုံးသပ္ၾကေပမယ့္ ကိုယ့္အျမင္အရေတာ့ အေခ်ာ့ခံခ်င္တာမဟုတ္ဘဲ ေခ်ျပလိုက္တာပါ။

နင္ဘုရင္ျဖစ္ၿပီဆိုေတာ့ နင္ေပးတဲ့မိဖုရားဘြဲ႕အေဆာင္အေယာင္ ေလး ေျပးယူၿပီး နင့္ကိုခစားမယ္ထင္ေနသလား ဆိုတဲ့ တုံျပန္မႈပါ။ဒီေတာတြင္းသူမခံစားခဲ့ရတဲ့ခံစားမႈေတြနဲ႕ ဒုကၡေတြ မ်က္ရည္ေတြကို အံႀကိတ္ရင္ဆိုင္ခဲ့ရၿပီးေနာက္ အရင္က အႏူးညံ့ဆုံးပန္းပြင့္ေလးျဖစ္ခဲ့တဲ့ တလေမေဒါဟာ ခုခ်ိန္မွာ ဆူးေတြရွိတဲ့ ႏွင္းဆီပန္းေလးျဖစ္ေနပါၿပီ။ ခ်စ္သူဆီက အျပင္းစား ရိုက္ခ်က္ကိုခံရၿပီးတဲ့ေနာက္ စိတ္နာသြားတဲ့ သူမက ေျပာင္းလဲသြားခဲ့ပါၿပီ။

အေခၚခိုင္းတာလိုက္မလာဖူးဆိုေတာ့ ဗညားႏြဲ႕တင္းသြားေလာက္ပါတယ္။ ဆီသည္မကိုမိဖုရားႀကီးေကာက္ျမႇောက္ျပလိုက္တယ္။ ေနာက္ထပ္မိဖုရားေတြလည္းထပ္ယူပါတယ္။တလေမေဒါက လြဲရင္ ဘြဲ႕ေတြ အေဆာင္အေယာင္ ေတြတခမ္းတနားကို ေပးတာပါ။ တလေမေဒါကို တမင္တကာကို ကလိေနသလိုပါပဲ။
ငါ့လိုရွင္ဘုရင္ေရွ႕ လာမခစားဘဲ ေနနိုင္ရိုးလား ၾကည့္ၾကေသးတာေပါ့ ဆိုၿပီး တမင္ႏွိပ္ကြက္ေနတဲ့ပုံေပါက္ပါတယ္။

တလေမေဒါဟာလည္း မာၿပီဆိုမွေတာ့ အင္မတန္ျပတ္သားလွပါတယ္။ ဗညားႏြဲ႕ဘာလုပ္ျပျပဂ႐ုကိုမစိုက္ပါဖူး။ဗညားႏြဲ႕ဆီသြားၿပီး ေလေျပမေသြးသလို အျခားမိဖုရားေတြလို အခစားလည္းမဝင္ပါဖူး။ဒီေတာ့ ဗညားႏြဲ႕ဘာလုပ္သလဲဆိုရင္ ဆင္ျဖဴရွင္ လက္ထပ္ကတည္းက ပိုင္ဆိုင္တဲ့ တလေမေဒါရဲ႕အေဆာင္အေယာင္ ေက်းကြၽန္ အကုန္ ေကာက္သိမ္းပစ္ပါတယ္။

အေၾကာင္းျပခ်က္ မရွိကို ဘလိုင္းသိမ္းတာပါ ။ သမိုင္းစာမ်က္ႏွာေတြမွာေတာ့ အမ်က္ရွိ၍သိမ္းသည္ လို႔ပါၿပီး အေၾကာင္းရင္းေတာ့ မသိရပါဖူး ။ဒါကိုၾကည့္ရင္ သူတို႔ႏွစ္ေယာက္သာသိနိုင္တဲ့အခ်စ္တိုက္ပြဲဟာအေတာ္ေလးေရခ်ိန္ျမင့္ျပင္းထန္ေနတဲ့သေဘာပါ။ အကယ္၍ တလေမေဒါ ကို မခ်စ္ေတာ့ရင္အေဝးကိုပို႔လို႔ရ ေသဒဏ္ေပးလို႔ရ ပါလ်က္ အႏုနည္းနဲ႕ကို တမင္ညစ္က်ယ္ေနတဲ့ပုံေပါက္ပါတယ္။

ဘယ္လိုပဲနည္းလမ္းစုံ သုံး ဒုကၡေပးေပမယ့္ တလေမေဒါဟာ သူ႕ေရွ႕မလာပါဖူး။ မခစားပါဖူး။ေတာင္းပန္တိုးလ်ိဳးမႈေတြမလုပ္ပါဖူး။ဒီေတာ့ ဗညားႏြဲ႕က ထပ္သိမ္းစရာဘာက်န္ေသးလဲၾကည့္တဲ့ခါတလေမေဒါကို ဖခင္ဆင္ျဖဴရွင္ေပးခဲ့တဲ့ လက္စြပ္ကို သြားစဥ္းစားမိပါတယ္ ။အမတ္ဒိန္ကိုလြတ္ၿပီအယူခိုင္း ေတာ့ တလေမေဒါအသားဆတ္ဆတ္တုန္ၿပီးမူးေမ့လဲတဲ့အထိပါပဲ။သတိရလာေတာ့ မ်က္ရည္က်လ်က္ပဲ သူ႕ဆံထုံးမွာထည့္ထားတဲ့ လက္စြပ္ကို ေျဖေပးပါတယ္ ။ တလေမေဒါ မွာ ဘာဆိုဘာမွကို မက်န္ေတာ့တာပါ။

ဗညားႏြဲ႕ကေတာ့ ဒီေလာက္ထိ ျဖစ္ေနတာေတာင္ ငါ့ဆီ မလာဘဲ မာနႀကီးနိုင္ေသးတယ္ သိၾကေသးတာေပါ့ ဆိုၿပီး အဲ့ဒီလက္စြပ္ကို ပီယရာဇာမိဖုရားကို ေပးေစပါတယ္။ ဘုရင္တစ္ပါးတြက္ ရတနာမရွားပါဘဲ တလေမေဒါဆီကဟာမွ ေတာင္းတယ္ ေတာင္းၿပီးပီယရာဇာကိုေပးတယ္ဆိုကတည္းက ဗညားႏြဲ႕ ဟာ
တမင္ကို ပညာျပေနတာပါ။

ေနာက္ဆုံးမခံနိုင္တဲ့တစ္ေန႕ တလေမေဒါ သူ႕ကိုဒူးလာေထာက္လိမ့္မယ္လို႔ေမွ်ာ္လင့္ေနပုံပါပဲ။ဒါေပမဲ့ တလေမေဒါ ဟာ ဗညားႏြဲ႕ကိုဒူးေထာက္မယ့္အစား ေသလမ္းကိုေ႐ြးသြားပါတယ္။ သူ႕ကိုယ္သူ သတ္ေသလိုက္ပါတယ္။ တင္းလြန္းတဲ့ ေစာင္းႀကိဳးဟာ ေတာက္ခနဲျပတ္သြားသလိုကို ျပတ္သြားတာပါ။အခ်စ္ႀကီးရင္အမ်က္လည္းႀကီးပါသတဲ့။သူေသပစ္လိုက္တာကပဲ
အရာရာထိန္းခ်ဳပ္ခိုင္းေစနိုင္တယ္ဆိုတဲ့ဘုရင္တစ္ေယာက္ကို အရႈံးမေပးနိုင္ဖူးလို႔ေၾကညာျပသြားတာပါ။

တလေမေဒါ ေသေတာ့ ဗညားႏြဲ႕ဘယ္လိုခံစားရသလဲဆိုတာ သမိုင္းစာမ်က္ႏွာမွာ အေသးစိတ္မပါေပမယ့္ မွန္းခ်က္နဲ႕ႏွမ္းထြက္မကိုက္ဘဲ ျဖစ္က်န္ခဲ့တာပါ။ ၿပီးေတာ့ဗညားႏြဲ႕ကအင္မတန္ဟန္ေဆာင္ေကာင္းသူပါ သမိန္မ႐ူ သူ႕ကိုအေကာက္ႀကံမွန္းသိတုန္းကေတာင္ ေရွ႕ေရာက္ရင္ ေယာက္ဖေတာ္ ဆိုၿပီး ေသရည္အတူေသာက္ရင္း ၿပဳံးၿပဳံးေလးေနျပနိင္ခဲ့တဲ့ေကာင္မ်ိဳးပါ။

စီးခ်င္းတိုက္ပြဲတိုင္း နိုင္ခဲ့တဲ့ ဗညားႏြဲ႕တြက္ တလေမေဒါနဲ႕ထိုးတဲ့ႏွလုံးသားစီးခ်င္းမွာ ရႈံးက်န္ခဲ့တာလို႔ဆိုလို႔ရပါတယ္ ။ ဒါမဲ့သူကေအာင္နိုင္သူ လိုပဲ ေနခဲ့သလို သူ႕အက်င့္စရိုက္တိုင္း အရႈံးမေပးလိုတဲ့သူမ်ိဳးပါ ။

တလေမေဒါဆုံးတာနဲ႕ဇာတ္လမ္းကမဆုံးပါဖူးသူ႕တို႔ႏွစ္ေယာက္ရဲ႕သား ေဗာေလာက်န္းေဒါနဲ႕ရာဇဓိရာဇ္ ၊ အျပစ္မရွိဘဲ ကြပ္မ်က္ခံရၿပီး ေသတဲ့ ေဗာေလာက်န္းေဒါျပန္ဝင္စားတဲ့ မင္းရဲေက်ာ္စြာနဲ႕ ရာဇဓိရာဇ္ သူတို႔ၾကားက အျဖစ္ေတြကသမိုင္းမွာအင္မတန္မွစိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြ ျဖစ္က်န္ရစ္ပါတယ္ သမိုင္းဆရာေတြအမ်ိဳးမ်ိဳးသုံးသပ္ သလို လူေတြကလည္းအျမင္ကိုယ္စီနဲ႕ ထင္ျမင္ၾကပါတယ္

crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္