အဝေးမှာအလုပ်လုပ်နေပြီး ၃နှစ်ကြာမှ ပထမဆုံးအကြိမ် အိမ်ကိုလာလည်ကာတွေ့ဆုံခဲ့သော မိခင်ဖြစ်သူကို ပြန်သွားချိန်တွင် မခွဲနိုင်၍ ဆိုင်ကယ်နောက်လိုက်ပြေးကာ တားဆီးခဲ့သည့် ကလေးမလေး

အိမ်ထောင်ပြုခြင်းသည် လွယ်ကူသောအရာမဟုတ်ပဲ တစ်ယောက်အပေါ် တစ်ယောက်နားလည်မှုမရှိပါက ကွာရှင်းပြတ်စဲကြရာတွင် သားသမီးတွေရှိလာသည့်အခါ အတော်လေး ဒုက္ခရောက်ကြရသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Shuangjiangပြည်နယ်တွင် နေထိုင်သော အသက်၉နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ဖခင်နှင့် ကွာရှင်းပြတ်စဲပြီး အဝေးမှာသွားရောက်ကာ အလုပ်လုပ်နေသော မိခင်ဖြစ်သူနဲ့ မခွဲနိုင်ဖြစ်ပြီး ဆိုင်ကယ်နောက်ကပြေးလိုက်ခဲ့သည်။

ကလေးမလေးရဲ့ မိဘနှစ်ပါးမှာ လွန်ခဲ့သော ၃နှစ်လောက်က ကွာရှင်းပြတ်စဲထားပြီး တစ်ယောက်တစ်နေရာစီ အလုပ်ထွက်လုပ်ကြရာ သမီးဖြစ်သူကို အဖိုးအဖွားဆီမှာ အပ်နှံထားခဲ့ကြသည်။

မိခင်ဖြစ်သူသည် သုံးနှစ်အကြာမှ ကလေးမလေးဆီ အလည်လာတွေ့ခဲ့ပြီး အလုပ်ကြောင့် ခွင့်၂ရက်ပဲရ၍ တွေ့ချိန်မှာ နည်းပါးပြီး အလုပ်ပြန်သွားရတော့မည့်အချိန်တွင် သမီးဖြစ်သူမှာ မိခင်အား မခွဲနိုင်တာကြောင့် မိခင်စီးသွားသော ဆိုင်ကယ်နောက် အပြေးလိုက်ကာ မပြန်ဖို့တားဆီးခဲ့သည်။

Rain (For Ialinks)

လေးစားလျက်

Zawgyi




Rain (For Ialinks)

လေးစားလျက်