တိရစ္ဆာန်တွေထဲမှာ ခွေးတွေကလည်း သူတို့နဲ့အတူနေခဲ့ဖူးတဲ့၊ သူတို့ကို ထိန်းကျောင်းပေးတဲ့သူတွေနဲ့ ဝေးသွားလည်းပဲ ပြန်ဆုံတွေ့တဲ့အခါမှာ မမေ့ဘဲ မှတ်မိနေတတ်ကြပါတယ်။
အဲဒီလိုပဲ တရုတ် နိုင်ငံက အငြိမ်းစားယူသွားခဲ့တဲ့ ရဲခွေးတစ်ကောင်ကလည်း သူ့ကို ထိန်းခဲ့တဲ့ရဲအရာရှိနဲ့ ပြန်ဆုံတွေ့တဲ့အခါမှာတော့ ပျော်လွန်းလို့ မျက်ရည်ကျခဲ့တဲ့အခိုက်အတန့်ရှိခဲ့ပါတယ်။ အဲဒီမြင်ကွင်းက မြင် တွေ့ ရသူတွေတိုင်းကို ပီတိဖြစ်စေခဲ့သလို စိတ်မကောင်းလည်းဖြစ်သွားစေခဲ့ပါတယ်။
အသက် (၈) နှစ်အရွယ် ဂျာမန်သိုးထိန်းခွေး အမျိုးအစား ဝမ်ဝမ် ဆိုတဲ့ခွေးလေးဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟယ်နန်ပြည်နယ်က လုံခြုံရေးစစ်ဆေးရေးဂိတ်တွေမှာ အနံ့ခံခွေးအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၉ခုနှစ် ဇွန်လမှာတော့ အငြိမ်းစားယူခဲ့ပြီး သူ ထာဝရနေထိုင်သွားမယ့် အိမ်နဲ့သူ့ကို စောင့်ရှောက်ပေးမယ့်သခင်ကို တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်မှာ သူ့နဲ့အတူတူ အလုပ် တွဲလုပ်ခဲ့တဲ့၊ သူ့ကို ထိန်းကျောင်းပေးခဲ့တဲ့ ရဲအရာရှိနဲ့ကွဲသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့လကတော့ ဝမ်ဝမ်ကို ထိန်းပေးခဲ့သူက သူ့ဆီ အလည်လာခဲ့ပါတယ်။ ရဲခွေးထိန်းပေးသူ အလည်လာတော့ ဝမ်ဝမ် ဖြစ်သွားခဲ့ပုံကိုXichan Police ရဲ့DouyinTikTok အကောင့်မှာ မျှဝေခဲ့ပါတယ်။ အဲဒီTikTok ဗီဒီယိုမှာ ဝမ်ဝမ်ရဲ့အိမ်အပြင်ဘက်ကနေ ရဲအရာရှိက ခေါ်နေတာကို မြင်တွေ့ခဲ့ရတာပါ။
အဲဒီအချိန်မှာ ဝမ်ဝမ်က အိမ်ထဲကနေပြေးထွက်လာပြီး ရဲခွေးထိန်းအရာရှိရဲ့လက်မောင်းထဲကို တိုးဝှေ့ခဲ့ပါတယ်။ ရဲအရာရှိရဲ့ခြေထောက်ကို ဝမ်ဝမ်က ပွတ်သပ်ပြီး မျက်ရည်ကျနေတဲ့ပုံစံကို မြင်တွေ့ ခဲ့ရပါတယ်။
ခွေးထိန်းရဲအရာရှိနဲ့ အတူပါလာတဲ့ ကင်းလှည့်အဖွဲ့က ရဲကားဆီပြန်သွားဖို့ လုပ်တဲ့အခါမှာတော့ ဝမ်ဝမ်ဟာ သူတို့ကို သွားခွင့်မပြုဘဲ ရဲခွေးထိန်းပေးသူရဲ့ဘေးမှာပဲ ထိုင်နေခဲ့ပါတယ်။ “ဝမ်ဝမ်ရဲ့အမွေးတွေက အဖြူရောင်ပြောင်းနေပေမဲ့ ကောင်းကောင်းစားသောက်ရလို့ ဝလာနေပါပြီ” လို့ Video မှာ ရေးသားထားပါတယ်။
အဲဒီဗီဒီယိုကိုမြင်တွေ့ခဲ့ရတဲ့ ကြည့်ရှုသူတွေရက ပီတိဖြစ်ခဲ့ရတဲ့အပြင် ဝမ်းနည်းသလိုလည်းခံစားခဲ့ကြရပါတယ်။ တချို့ကြည့်ရှုသူတွေက ဝမ်ဝမ်ကို သူ့ရဲ့ထိန်းကျောင်းသူနဲ့ ဘာလို့နေခွင့်မပေးတာလဲ လို့ သိချင်နေကြတာပါ။ အဲဒီမေးခွန်းကိုXichan Police က အခုလို ဖြေကြား ပေးထားပါတယ်။
“ရဲခွေးတွေကို လေ့ကျင့်ရေးစင်တာမှာ ကောင်းကောင်း ကျွေးမွေးကြပေမဲ့ ရဲဝန်ထမ်းတွေက အငြိမ်း စားယူထားတဲ့ ခွေးတွေကို လေ့ကျင့်ပေးဖို့၊ ကစားပေးဖို့၊ အဖော်ပြုပေးဖို့ အချိန်ပေးလို့မရကြပါဘူး။ သူတို့ကို လေ့ကျင့်ရေးစင်တာမှာ နေခိုင်းတာထက် သူတို့ကို စောင့်ရှောက်ပေးနိုင်မယ့် မိသားစုနဲ့နေတာ ပိုကောင်းပါတယ်” လို့ ဆိုပါတယ်။
crd,ရိုးရာလေး
Zawgyi
တိရစ္ဆာန္ေတြထဲမွာ ေခြးေတြကလည္း သူတို႔နဲ႕အတူေနခဲ့ဖူးတဲ့၊ သူတို႔ကို ထိန္းေက်ာင္းေပးတဲ့သူေတြနဲ႕ ေဝးသြားလည္းပဲ ျပန္ဆုံေတြ႕တဲ့အခါမွာ မေမ့ဘဲ မွတ္မိေနတတ္ၾကပါတယ္။
အဲဒီလိုပဲ တ႐ုတ္ နိုင္ငံက အၿငိမ္းစားယူသြားခဲ့တဲ့ ရဲေခြးတစ္ေကာင္ကလည္း သူ႕ကို ထိန္းခဲ့တဲ့ရဲအရာရွိနဲ႕ ျပန္ဆုံေတြ႕တဲ့အခါမွာေတာ့ ေပ်ာ္လြန္းလို႔ မ်က္ရည္က်ခဲ့တဲ့အခိုက္အတန႔္ရွိခဲ့ပါတယ္။ အဲဒီျမင္ကြင္းက ျမင္ ေတြ႕ ရသူေတြတိုင္းကို ပီတိျဖစ္ေစခဲ့သလို စိတ္မေကာင္းလည္းျဖစ္သြားေစခဲ့ပါတယ္။
အသက္ (၈) ႏွစ္အ႐ြယ္ ဂ်ာမန္သိုးထိန္းေခြး အမ်ိဳးအစား ဝမ္ဝမ္ ဆိုတဲ့ေခြးေလးဟာ တ႐ုတ္နိုင္ငံအလယ္ပိုင္း၊ ဟယ္နန္ျပည္နယ္က လုံၿခဳံေရးစစ္ေဆးေရးဂိတ္ေတြမွာ အနံ႕ခံေခြးအေနနဲ႕ တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။
၂၀၁၉ခုႏွစ္ ဇြန္လမွာေတာ့ အၿငိမ္းစားယူခဲ့ၿပီး သူ ထာဝရေနထိုင္သြားမယ့္ အိမ္နဲ႕သူ႕ကို ေစာင့္ေရွာက္ေပးမယ့္သခင္ကို ေတြ႕ရွိခဲ့တာပါ။ အဲဒီအခ်ိန္မွာ သူ႕နဲ႕အတူတူ အလုပ္ တြဲလုပ္ခဲ့တဲ့၊ သူ႕ကို ထိန္းေက်ာင္းေပးခဲ့တဲ့ ရဲအရာရွိနဲ႕ကြဲသြားခဲ့ရပါတယ္။
ၿပီးခဲ့တဲ့လကေတာ့ ဝမ္ဝမ္ကို ထိန္းေပးခဲ့သူက သူ႕ဆီ အလည္လာခဲ့ပါတယ္။ ရဲေခြးထိန္းေပးသူ အလည္လာေတာ့ ဝမ္ဝမ္ ျဖစ္သြားခဲ့ပုံကိုXichan Police ရဲ႕DouyinTikTok အေကာင့္မွာ မွ်ေဝခဲ့ပါတယ္။ အဲဒီTikTok ဗီဒီယိုမွာ ဝမ္ဝမ္ရဲ႕အိမ္အျပင္ဘက္ကေန ရဲအရာရွိက ေခၚေနတာကို ျမင္ေတြ႕ခဲ့ရတာပါ။
အဲဒီအခ်ိန္မွာ ဝမ္ဝမ္က အိမ္ထဲကေနေျပးထြက္လာၿပီး ရဲေခြးထိန္းအရာရွိရဲ႕လက္ေမာင္းထဲကို တိုးေဝွ႕ခဲ့ပါတယ္။ ရဲအရာရွိရဲ႕ေျခေထာက္ကို ဝမ္ဝမ္က ပြတ္သပ္ၿပီး မ်က္ရည္က်ေနတဲ့ပုံစံကို ျမင္ေတြ႕ ခဲ့ရပါတယ္။
ေခြးထိန္းရဲအရာရွိနဲ႕ အတူပါလာတဲ့ ကင္းလွည့္အဖြဲ႕က ရဲကားဆီျပန္သြားဖို႔ လုပ္တဲ့အခါမွာေတာ့ ဝမ္ဝမ္ဟာ သူတို႔ကို သြားခြင့္မျပဳဘဲ ရဲေခြးထိန္းေပးသူရဲ႕ေဘးမွာပဲ ထိုင္ေနခဲ့ပါတယ္။ ဝမ္ဝမ္ရဲ႕အေမြးေတြက အျဖဴေရာင္ေျပာင္းေနေပမဲ့ ေကာင္းေကာင္းစားေသာက္ရလို႔ ဝလာေနပါၿပီ လို႔ Video မွာ ေရးသားထားပါတယ္။
အဲဒီဗီဒီယိုကိုျမင္ေတြ႕ခဲ့ရတဲ့ ၾကည့္ရႈသူေတြရက ပီတိျဖစ္ခဲ့ရတဲ့အျပင္ ဝမ္းနည္းသလိုလည္းခံစားခဲ့ၾကရပါတယ္။ တခ်ိဳ႕ၾကည့္ရႈသူေတြက ဝမ္ဝမ္ကို သူ႕ရဲ႕ထိန္းေက်ာင္းသူနဲ႕ ဘာလို႔ေနခြင့္မေပးတာလဲ လို႔ သိခ်င္ေနၾကတာပါ။ အဲဒီေမးခြန္းကိုXichan Police က အခုလို ေျဖၾကား ေပးထားပါတယ္။
ရဲေခြးေတြကို ေလ့က်င့္ေရးစင္တာမွာ ေကာင္းေကာင္း ေကြၽးေမြးၾကေပမဲ့ ရဲဝန္ထမ္းေတြက အၿငိမ္း စားယူထားတဲ့ ေခြးေတြကို ေလ့က်င့္ေပးဖို႔၊ ကစားေပးဖို႔၊ အေဖာ္ျပဳေပးဖို႔ အခ်ိန္ေပးလို႔မရၾကပါဘူး။ သူတို႔ကို ေလ့က်င့္ေရးစင္တာမွာ ေနခိုင္းတာထက္ သူတို႔ကို ေစာင့္ေရွာက္ေပးနိုင္မယ့္ မိသားစုနဲ႕ေနတာ ပိုေကာင္းပါတယ္ လို႔ ဆိုပါတယ္။
crd,ရိုးရာေလး