တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတော မှာ ရေလိုလို့ ရေတွင်း တစ်တွင်းတူးပါတယ် ။ အတောင် ( ၂၀ ) လောက်လည်းရောက်ရော လူလည်း တော်တော် ကြီးကို မောပန်း နေပါတယ် ။ ဒါပေမယ့် ရေတွေ့မယ့် အရိပ် အယောင်အနံ့ အသက်တောင်မှ မရသေးပါဘူး ။
ဒါနဲ့ အမောဖြေ နေတုန်း လူတစ်ယောက် ရောက်လာပြီး ပြောပါတယ် ။“ ခင်ဗျားဗျာ ၊ ဒီလို နေရာမှာရေတွင်းတူးလို့ ဘယ်ရေ တွေ့မှာလဲ ။ လာ ကျွန်တော်ပြတဲ့ နေရာမှာသာ တူးလိုက် ၊ အတောင် ( ၂၀ ) မပြည့်ခင်ရေ မတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော ” ဆိုပြီး နေရာသစ် တစ်ခုကိုလိုက်ပြပါတယ် ။
အဲဒါ နဲ့ အဲဒီလူ ပြတဲ့နေရာမှာ သူ ဆက်ပြီး တူးပါတယ် ။ အတောင် ( ၂၀ ) ကျော် အစိတ်လောက် ရောက်လည်း ရေက မတွေ့ ပါဘူး ။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ် ။အဲဒီတုန်း နောက်ထပ် ဆရာ တစ်ယောက် ရောက်လာ ပြန်ပါတယ် ။
သူကလည်း ပြောတယ် ..“ဟာ – ဒီလူတွေ ရေကြော အကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ ၊ဒုက္ခပါဘဲ ၊ လာလာ ၊ ကျွန်တော် နောက်လိုက်ခဲ့ ၊ ကျွန်တော်ပြတဲ့ နေရာမှာသာ တူးလိုက် ၊ အတောင် ( ၂၀ ) နဲ့ အစိတ်ကြားလောက် မှာ ရေတွေ့ကို တွေ့ရမယ်” ဆိုပြီး နေရာသစ် တစ်ခုကို လိုက်ပြပြန်ပါတယ် ။
ဒါနဲ့ သူလည်း “အင်း ဒီလူပြော တာတော့ ဟုတ်ဟန် တူတယ် ။ နေရာသစ် ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်း တစ်တွင်း တူးပြန်ပါတယ် ။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး ( ၃၀ ) နားကပ် လာတာတောင်ရေက အရိပ်အငွေ့ တောင် မမြင်ရပါဘူး ။ လူကလည်း ဖတ်ဖတ်မောနေပါပြီ ။ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင် စဉ်းစားတယ် ။
“အင်း – ပထမဆုံး တူးခဲ့တာ အတောင်( ၂၀ ) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်( ၃၀ ) နဲ့ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်( ၇၀ ) တောင် ကျော်နေပါကောလား ” “ငါ့ဟာငါ ဆက်တူး နေရင်ဒီနယ်မှာ အတောင် ( ၆၀ ) ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။
သူများ စကား နားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ် တင်တယ်၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်” ဆိုပြီးသူ ပထမဆုံး တူးခဲ့တဲ့ တွင်းဆီ ပြန်သွားပြီး စိုက်လိုက် မတ်တပ်နဲ့ တူးလိုက်တာ အတောင် ( ၄၀ ) ကျော် လောက်မှာရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ် ။
ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုဘဲ အစကတော့အားကြိုး မာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်ဝက် တစ်ပျက် ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘဝရည်မှန်းချက်တွေ ဘယ်လောက် တောင်မှ များခဲ့ ပြီလဲ ။
ကြီးမားတဲ့ ဘဝရည်မှန်းချက်တွေသာမက အတတ်ပညာ တစ်ခု သင်ယူတာ ၊ သင်တန်း တစ်ခု တက်တာ ၊ ကိုယ် အလေးချိန်ချတာ . . . စတဲ့ ကိစ္စလေးတွေ အပါအဝင်ပေါ့ ။ခင်ဗျား တို့တော့ မသိဘူးကျွန်တော့် မှာတော့ ဒီလို ကိစ္စတွေ မရေမတွက် နိုင်အောင် များခဲ့လှပါပြီ ။
ရလဒ်ကတော့ ဘာကိုမှ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလို ငါလို ဘဝမှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ ။ ကိုယ့်ကိုယ် ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ် ။
အထက်က ရေတွင်းတူးတဲ့ လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခု ကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ် ၊ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ် ဆိုရင် ကျွန်တော်တို့မှာ ရေထွက် နေတဲ့ ရေတွင်း ပေါင်းများစွာ ပိုင်ဆိုင် နေပြီပေါ့ ။
အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း ၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့“အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေ” ဘဲ ဖြစ်နေရတော့တာပေါ့။ကိုယ့်ဘဝကိုယ် ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့အဖြစ်ဟာရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေချနေရတဲ့ အဖြစ်မျိုးပါ။
ရေထွက်အောင် တူးသွားနိုင်သူတွေကတော့ သူတို့တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ သူတို့ကို ငေးကြည့်နေရတယ်။ကဲ – မိတ်ဆွေ ၊ ခင်ဗျားလည်း လူ ၊ သူတို့လည်းလူ အတူတူပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။
ကျွန်တော်တို့ တကယ် လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။ကဲ – ကနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီးပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့ ။ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့ ၊ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။
“ငါ လုပ်နိုင်တယ်” “ငါ စွမ်းဆောင်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခု ကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စ, လိုက်ကြပါစို့။
အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။(ဇွဲနဲ့သာ တစိုက်မတ်မတ်တူး . . နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး )
credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
တစ္ခါက လူတစ္ေယာက္ဟာ သူ႕ရဲ႕ ယာေတာ မွာ ေရလိုလို႔ ေရတြင္း တစ္တြင္းတူးပါတယ္ ။ အေတာင္ ( ၂၀ ) ေလာက္လည္းေရာက္ေရာ လူလည္း ေတာ္ေတာ္ ႀကီးကို ေမာပန္း ေနပါတယ္ ။ ဒါေပမယ့္ ေရေတြ႕မယ့္ အရိပ္ အေယာင္အနံ႕ အသက္ေတာင္မွ မရေသးပါဘူး ။
ဒါနဲ႕ အေမာေျဖ ေနတုန္း လူတစ္ေယာက္ ေရာက္လာၿပီး ေျပာပါတယ္ ။ ခင္ဗ်ားဗ်ာ ၊ ဒီလို ေနရာမွာေရတြင္းတူးလို႔ ဘယ္ေရ ေတြ႕မွာလဲ ။ လာ ကြၽန္ေတာ္ျပတဲ့ ေနရာမွာသာ တူးလိုက္ ၊ အေတာင္ ( ၂၀ ) မျပည့္ခင္ေရ မေတြ႕ရင္ က်ဳပ္ကို ေျပာခ်င္သလိုေျပာ ဆိုၿပီး ေနရာသစ္ တစ္ခုကိုလိုက္ျပပါတယ္ ။
အဲဒါ နဲ႕ အဲဒီလူ ျပတဲ့ေနရာမွာ သူ ဆက္ၿပီး တူးပါတယ္ ။ အေတာင္ ( ၂၀ ) ေက်ာ္ အစိတ္ေလာက္ ေရာက္လည္း ေရက မေတြ႕ ပါဘူး ။ သူလည္း ေမာကလည္းေမာ ၊ စိတ္ကလည္း ေတာ္ေတာ္ပ်က္ေနပါေတာ့တယ္ ။အဲဒီတုန္း ေနာက္ထပ္ ဆရာ တစ္ေယာက္ ေရာက္လာ ျပန္ပါတယ္ ။
သူကလည္း ေျပာတယ္ ..ဟာ ဒီလူေတြ ေရေၾကာ အေၾကာင္း ဘာမွ မသိဘဲနဲ႕ ေလွ်ာက္ေျပာေနၾကတာ ၊ဒုကၡပါဘဲ ၊ လာလာ ၊ ကြၽန္ေတာ္ ေနာက္လိုက္ခဲ့ ၊ ကြၽန္ေတာ္ျပတဲ့ ေနရာမွာသာ တူးလိုက္ ၊ အေတာင္ ( ၂၀ ) နဲ႕ အစိတ္ၾကားေလာက္ မွာ ေရေတြ႕ကို ေတြ႕ရမယ္ ဆိုၿပီး ေနရာသစ္ တစ္ခုကို လိုက္ျပျပန္ပါတယ္ ။
ဒါနဲ႕ သူလည္း အင္း ဒီလူေျပာ တာေတာ့ ဟုတ္ဟန္ တူတယ္ ။ ေနရာသစ္ ကို တူးမွ ဆိုၿပီး ေနရာသစ္မွာ ေနာက္ထပ္ေရတြင္း တစ္တြင္း တူးျပန္ပါတယ္ ။ ဟိုလူေျပာသလို အေတာင္ အစိတ္ေက်ာ္ၿပီး ( ၃၀ ) နားကပ္ လာတာေတာင္ေရက အရိပ္အေငြ႕ ေတာင္ မျမင္ရပါဘူး ။ လူကလည္း ဖတ္ဖတ္ေမာေနပါၿပီ ။ဒါနဲ႕ သူလည္း အေမာေျဖရင္း ထိုင္ စဥ္းစားတယ္ ။
အင္း ပထမဆုံး တူးခဲ့တာ အေတာင္( ၂၀ ) ၊ ဒုတိယတြင္းမွာ အေတာင္ အစိတ္ ၊ တတိယတြင္းမွာ အေတာင္( ၃၀ ) နဲ႕ေပါင္းလိုက္ရင္ ငါတူးခဲ့တာ အေတာင္( ၇၀ ) ေတာင္ ေက်ာ္ေနပါေကာလား ငါ့ဟာငါ ဆက္တူး ေနရင္ဒီနယ္မွာ အေတာင္ ( ၆၀ ) ေက်ာ္ေအာင္ တူးရတဲ့ ေရတြင္း ခပ္ရွားရွားရယ္။
သူမ်ား စကား နားေယာင္ၿပီး ဟိုတြင္းတူး ၊ ဒီတြင္းတူးနဲ႕ ေမာတာသာ အဖတ္ တင္တယ္၊ ငါ့တြင္းဘဲ ငါဆက္တူးေတာ့မယ္ ဆိုၿပီးသူ ပထမဆုံး တူးခဲ့တဲ့ တြင္းဆီ ျပန္သြားၿပီး စိုက္လိုက္ မတ္တပ္နဲ႕ တူးလိုက္တာ အေတာင္ ( ၄၀ ) ေက်ာ္ ေလာက္မွာေရတြင္းက ေအာင္သြားၿပီး ေရေတြ႕သြားပါေတာ့တယ္ ။
ကြၽန္ေတာ္တို႔ ဘဝမွာလည္း ဒီလိုဘဲ အစကေတာ့အားႀကိဳး မာန္တက္နဲ႕ စခဲ့ၾကေပမယ့္ တစ္ဝက္ တစ္ပ်က္ ေရာက္ခါမွ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ရပ္နားထားတဲ့ အလုပ္ေတြ ၊ စီမံကိန္းေတြ ၊ ဘဝရည္မွန္းခ်က္ေတြ ဘယ္ေလာက္ ေတာင္မွ မ်ားခဲ့ ၿပီလဲ ။
ႀကီးမားတဲ့ ဘဝရည္မွန္းခ်က္ေတြသာမက အတတ္ပညာ တစ္ခု သင္ယူတာ ၊ သင္တန္း တစ္ခု တက္တာ ၊ ကိုယ္ အေလးခ်ိန္ခ်တာ . . . စတဲ့ ကိစၥေလးေတြ အပါအဝင္ေပါ့ ။ခင္ဗ်ား တို႔ေတာ့ မသိဘူးကြၽန္ေတာ့္ မွာေတာ့ ဒီလို ကိစၥေတြ မေရမတြက္ နိုင္ေအာင္ မ်ားခဲ့လွပါၿပီ ။
ရလဒ္ကေတာ့ ဘာကိုမွ ေအာင္ျမင္ၿပီးစီးေအာင္ မလုပ္နိုင္ဘဲ သူလို ငါလို ဘဝမွာဘဲ ေယာင္ခ်ာခ်ာ ျဖစ္ေနရတာပါဘဲ ။ ကိုယ့္ကိုယ္ ကို ယုံၾကည္မႈလည္း က်ဆင္းလာပါတယ္ ။
အထက္က ေရတြင္းတူးတဲ့ လူလို စ, ၿပီး တူးမိတဲ့ ေရတြင္းတစ္ခု ကိုသာ ေရေတြ႕သည္အထိ ၿပီးစီးေအာင္ တူးမယ္ ၊ၿပီးရင္ ေနာက္တစ္တြင္း ဆက္ၿပီး တူးမယ္ ဆိုရင္ ကြၽန္ေတာ္တို႔မွာ ေရထြက္ ေနတဲ့ ေရတြင္း ေပါင္းမ်ားစြာ ပိုင္ဆိုင္ ေနၿပီေပါ့ ။
အခုေတာ့ ေရမထြက္တဲ့တြင္းေတြ ဟိုမွာလည္း တစ္တြင္း ၊ ဒီမွာလည္း တစ္တြင္းနဲ႕ တြင္းေတြသာမ်ားေနၿပီး ဘာမွ ေသာက္လို႔မရ၊ သုံးလို႔မရနဲ႕အသုံးမက်တဲ့ ေရတြင္းပိုင္ရွင္ေတြ ဘဲ ျဖစ္ေနရေတာ့တာေပါ့။ကိုယ့္ဘဝကိုယ္ ျပန္ၿပီးသုံးသပ္ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔အျဖစ္ဟာေရမထြက္တဲ့ ေရတြင္းေတြရဲ႕ အလည္မွာ ငုတ္တုတ္ထိုင္ မွိုင္ေတြခ်ေနရတဲ့ အျဖစ္မ်ိဳးပါ။
ေရထြက္ေအာင္ တူးသြားနိုင္သူေတြကေတာ့ သူတို႔တူးထားတဲ့ ေရတြင္းထဲကေရေတြကို ေပ်ာ္႐ႊင္စြာ ေသာက္သုံးေနၾကတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ကို ေငးၾကည့္ေနရတယ္။ကဲ မိတ္ေဆြ ၊ ခင္ဗ်ားလည္း လူ ၊ သူတို႔လည္းလူ အတူတူပါဘဲဗ်ာ။ ဘာမွ ကြာျခားခ်က္ မရွိပါဘူး။
ကြၽန္ေတာ္တို႔ တကယ္ လိုအပ္ေနတာကေတာ့ ေရတြင္းကို ၿပီးစီးေအာင္ ဆက္မတူးၾကတာပါဘဲ။ကဲ ကေန႕ကစၿပီး ကြၽန္ေတာ္နဲ႕အတူတူ ခင္ဗ်ားတူးလက္စ ေရတြင္းေတြထဲက ခင္ဗ်ားအတူးခ်င္ဆုံး ေရတြင္းတစ္တြင္းကို ျပန္ေ႐ြးခ်ယ္လိုက္ၿပီးျပန္တူးၾကရေအာင္လား။ ေရထြက္သည့္ တိုင္ေအာင္ေပါ့ ။ကိုယ္တူးလိုက္တဲ့ ေရတြင္းက ေရထြက္လာတဲ့ ေအာင္ျမင္မႈ နဲ႕ ၊ေက်နပ္ပီတိျဖစ္ရမႈတို႔ကို ကြၽန္ေတာ္တို႔ ခံစားရယူၾကမယ္ေလ။
ငါ လုပ္နိုင္တယ္ ငါ စြမ္းေဆာင္နိုင္တယ္ ဆိုတဲ့ ယုံၾကည္မႈေတြကို ကြၽန္ေတာ္တို႔ ဘဝမွာ ျပန္ၿပီး တည္ေဆာက္ယူၾကမယ္။ကြၽန္ေတာ္တို႔ စိတ္ဓာတ္ခြန္အားေတြ ေမြးၿပီး ျပန္ႀကိဳးစားၾကရေအာင္လား။ ကြၽန္ေတာ္တို႔မွာ တူးလက္စ ေရတြင္း တစ္ခုမဟုတ္ တစ္ခု ကေတာ့ ကိုယ္စီ ရွိေနၾကတာဘဲ မဟုတ္လား။ ဒီေတာ့ အခုဘဲ စ, လိုက္ၾကပါစို႔။
အခ်ိန္မႏွောင္းေသးပါဘူး။ ကြၽန္ေတာ္တို႔ ေရတြင္း ျပန္တူးၾကမယ္ေလ။(ဇြဲနဲ႕သာ တစိုက္မတ္မတ္တူး . . ေနာက္ဆုံး ေရေတြ႕ရမွာ မလြဲပါဘူး )
credit ,မူရင္းေရးသားသူအားေလးစားစြာျဖင့္