တစ်ခါတစ်လေ လူသားတွေနဲ့ တိရိစ္ဆာန်လေးတွေကြားက သံယောဇဉ်ဟာ သိပ်ကို နက်ရှိုင်းလွန်းတတ်ပါတယ် ။အထူး သဖြင့်တော့ အာ၀ုလေးတွေရဲ့ ပိုင်ရှင်တွေအနေနဲ့ သူတို့ သိပ်ချစ်ရတဲ့ ခွေးလေးတွေ ကမ္ဘာကြီးထဲကနေ ထွက်ခွာသွားတဲ့အချိန်လောက် ဝမ်းနည်းရတာမျိုး ရှိမှာမဟုတ်ဘူး ။
ကာလို့စ် ဖရက်စ်ကို နဲ့ သူ့အချစ်ဆုံး သူငယ်ချင်းခွေးလေး မွန်တီကတော့ နှစ်ပေါင်းများစွာကြာအောင် မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး အတူတူ အချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြပါတယ် ။ မွန်တီက Labradoodle ခွေးအမျိုးအစားဖြစ်ပြီး အသက် ၁၀ နှစ် အရွယ် ရှိနေပါပြီ ။
ကာလို့စ်က အားလပ်ချိန်တွေမှာ တောင်တက်ဖို့ မွန်တီကို ခေါ်သွားလေ့ရှိပြီး Wales , Brecon Beacons မှာရှိတဲ့ Pen Fan တောင်ထိပ်ဆီကို မကြာမကြာ ရောက်လေ့ရှိပါတယ် ။ အဲဒီနေရာလေးကတော့ မွန်တီရဲ့ အကြိုက်ဆုံးနေရာလေးဆိုလည်း မမှားပါဘူး ။
ဒါပေမယ့်လည်း သက်တမ်းတိုလှတဲ့ မွန်တီလေးကတော့ ကင်ဆာရောဂါကို ခံစားရပြီး ကျန်းမာရေးသိသိသာသာ ဆိုးရွားသွားတဲ့အချိန် သခင်ဖြစ်သူ ကာလို့စ်က နောက်ဆုံးအနေနဲ့ သူ့အချစ်တော်လေးကို သူအနှစ်သက်ဆုံးတောင်ထိပ်ဆီခေါ်သွားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
အရင်ကလို မပြေးနိုင်တော့တဲ့မွန်တီကို ကာလို့စ်တစ်ယောက် တွန်းလှည်းလေးထဲ ထည့်ခေါ်သွားပါတယ်။သေဆုံးခါနီးဖြစ်နေတဲ့ မွန်တီလေးကို လမ်းတစ်လျှောက် လူတွေက သနားကြပြီး အတူတူ သူရဲ့ခရီးလေးမှာ လိုက်ပါအားပေးခဲ့ကြပါတယ် ။
မွန်တီလေးကတော့ သူငယ်ချင်းအသစ်တွေ အများကြီးနဲ့ တောင်ထိပ်ဆီကို တက်ရလို့ အားနည်းပြီး ပင်ပန်းနေပေမယ့်လည်း အရမ်းကို ပျော်ရွှင်ခဲ့ပါတယ် ။
(၁၈)လအကြာမှာတော့ မွန်တီလေး သေဆုံးသွားခဲ့ပါပြီ ။ ဒါပေမယ့် သူ့ကိုချစ်တဲ့သူတွေရဲ့ စိတ်ထဲမှာတော့ အမှတ်တရလေးတွေက စွဲထင်ကျန်ရစ်နေခဲ့တုန်းပါပဲ။
Crd,မူရင်း
Zawgyi
တစ္ခါတစ္ေလ လူသားေတြနဲ႕ တိရိစ္ဆာန္ေလးေတြၾကားက သံေယာဇဥ္ဟာ သိပ္ကို နက္ရွိုင္းလြန္းတတ္ပါတယ္ ။အထူး သျဖင့္ေတာ့ အာ၀ုလေးတွေရဲ့ ပိုင္ရွင္ေတြအေနနဲ႕ သူတို႔ သိပ္ခ်စ္ရတဲ့ ေခြးေလးေတြ ကမၻာႀကီးထဲကေန ထြက္ခြာသြားတဲ့အခ်ိန္ေလာက္ ဝမ္းနည္းရတာမ်ိဳး ရွိမွာမဟုတ္ဘူး ။
ကာလို႔စ္ ဖရက္စ္ကို နဲ႕ သူ႕အခ်စ္ဆုံး သူငယ္ခ်င္းေခြးေလး မြန္တီကေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မိတ္ေဆြေတြျဖစ္ခဲ့ၾကၿပီး အတူတူ အခ်ိန္ေတြကို ေကာင္းမြန္စြာ ျဖတ္သန္းခဲ့ၾကပါတယ္ ။ မြန္တီက Labradoodle ေခြးအမ်ိဳးအစားျဖစ္ၿပီး အသက္ ၁၀ ႏွစ္ အ႐ြယ္ ရွိေနပါၿပီ ။
ကာလို႔စ္က အားလပ္ခ်ိန္ေတြမွာ ေတာင္တက္ဖို႔ မြန္တီကို ေခၚသြားေလ့ရွိၿပီး Wales , Brecon Beacons မွာရွိတဲ့ Pen Fan ေတာင္ထိပ္ဆီကို မၾကာမၾကာ ေရာက္ေလ့ရွိပါတယ္ ။ အဲဒီေနရာေလးကေတာ့ မြန္တီရဲ႕ အႀကိဳက္ဆုံးေနရာေလးဆိုလည္း မမွားပါဘူး ။
ဒါေပမယ့္လည္း သက္တမ္းတိုလွတဲ့ မြန္တီေလးကေတာ့ ကင္ဆာေရာဂါကို ခံစားရၿပီး က်န္းမာေရးသိသိသာသာ ဆိုး႐ြားသြားတဲ့အခ်ိန္ သခင္ျဖစ္သူ ကာလို႔စ္က ေနာက္ဆုံးအေနနဲ႕ သူ႕အခ်စ္ေတာ္ေလးကို သူအႏွစ္သက္ဆုံးေတာင္ထိပ္ဆီေခၚသြားေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။
အရင္ကလို မေျပးနိုင္ေတာ့တဲ့မြန္တီကို ကာလို႔စ္တစ္ေယာက္ တြန္းလွည္းေလးထဲ ထည့္ေခၚသြားပါတယ္။ေသဆုံးခါနီးျဖစ္ေနတဲ့ မြန္တီေလးကို လမ္းတစ္ေလွ်ာက္ လူေတြက သနားၾကၿပီး အတူတူ သူရဲ႕ခရီးေလးမွာ လိုက္ပါအားေပးခဲ့ၾကပါတယ္ ။
မြန္တီေလးကေတာ့ သူငယ္ခ်င္းအသစ္ေတြ အမ်ားႀကီးနဲ႕ ေတာင္ထိပ္ဆီကို တက္ရလို႔ အားနည္းၿပီး ပင္ပန္းေနေပမယ့္လည္း အရမ္းကို ေပ်ာ္႐ႊင္ခဲ့ပါတယ္ ။
(၁၈)လအၾကာမွာေတာ့ မြန္တီေလး ေသဆုံးသြားခဲ့ပါၿပီ ။ ဒါေပမယ့္ သူ႕ကိုခ်စ္တဲ့သူေတြရဲ႕ စိတ္ထဲမွာေတာ့ အမွတ္တရေလးေတြက စြဲထင္က်န္ရစ္ေနခဲ့တုန္းပါပဲ။
Crd,မူရင္း