ပထမဆုံး မြန်မာ ကာတွန်းဆရာမကြီး ဒေါ်သိန်းရှင်

ဒေါ်သိန်းရှင်သည် ပထမဆုံး မြန်မာ ကာတွန်းဆရာမ ဖြစ်သည်။ ရယ်ရွှင်ဖွယ်ဖြစ်အောင် အချိုးအစားပြောင်းလဲ၍ ရေးဆွဲထားသော ကာတွန်းကို အမျိုးသားများသာ ရေးဆွဲလေ့ရှိသော်လည်း အမျိုးသားများနှင့် ပခုံးချင်းယှဉ်၍ ရေးဆွဲခဲ့သော မြန်မာ့ ပထမဆုံးကာတွန်းဆရာမမှာ ဒေါ်သိန်းရှင် ဖြစ်သည်။

ဒေါ်သိန်းရှင်ကို ၁၉၀၆−ခုနှစ်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ အဖ မီးပုံးပျံ ဦးကျော်ရင်နှင့် အမိ ဒေါ်မမတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ဆယ်ယောက်အနက် တတိယသမီး ဖြစ်သည်။ စာရေးဆရာ ထားဝယ်ကျော်မင်းနှင့် ကာတွန်းဆရာ ကျော်ဆန်း(က.ဆ)သည် အစ်ကိုများဖြစ်သည်။

ဒေါ်သိန်းရှင်သည် ထားဝယ်မြို့တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်ယူနီဗာစီတီ ကောလိပ်သို့ တက်ရောက်ပညာ ဆည်းပူးခဲ့သည်။ ပညာသင်ယူနေစဉ် ၁၉၂၉-ခုနှစ်ထုတ် ကောလိပ်မဂ္ဂဇင်းတွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ၁၉၃၀-ပြည့်နှစ်ထုတ် ကောလိပ်မဂ္ဂဇင်းများ၌လည်း ဒေါ်သိန်းရှင်၏ ကာတွန်းများ ပါရှိသည်။

ထိုစဉ် ကာတွန်းဆရာကြီးဦးဟိန်စွန်းလည်း ကောလိပ်၌ ပညာသင်ယူဆဲဖြစ်ရာ ကောလိပ်စက္ကတေရီ အဖြစ်လုပ်ဆောင်ရင်း ကောလိပ်မဂ္ဂဇင်း၌ ကာတွန်းများ ရေးဆွဲဖြစ်ခဲ့သည်။ အဆိုပါ ကောလိပ်မဂ္ဂဇင်းတွင် ပါဝင်သော ကာတွန်းများမှာ ကျောင်းတွင်းရေးရာများသာ ဖြစ်သည်။

ကျောင်းသားများက ကျောင်းသူများကို ခနဲ့၍ ကာတွန်းပုံများ ရေးကြသည်။ ဤတွင် ဒေါ်သိန်းရှင်က ကျောင်းသားများကို ပြန်ခနဲ့သော ကာတွန်းများကို ရေးဆွဲခဲ့သည်။ဒေါ်သိန်းရှင်သည် အိုင်အေ (ဥပဇာဝိဇ္ဇာ) အထက်တန်းထိ ပညာသင်ယူပြီးနောက် နေရှင်နယ်ကျောင်း၌ ဆရာမအဖြစ် အမှုထမ်းခဲ့သည်။

ဖခင်ဖြစ်သူ ဦးကျော်ရင်သည် အစိုးရအထက်တန်းကျောင်းမှ ပုံဆွဲဆရာအဖြစ် အငြိမ်းစားယူပြီးသောအခါ ဒေါ်သိန်းရှင်သည် အစိုးရအထက်တန်းကျောင်းသို့ ပြောင်း၍ ပုံဆွဲဆရာမအဖြစ် အမှုထမ်းခဲ့သည်။ သို့ဖြင့် ဒေါ်သိန်းရှင်သည် ပထမအမျိုးသမီး ကာတွန်းလက်ရာရှင် ဖြစ်သည့်အပြင် အစောဆုံး အမျိုးသမီး ပုံဆွဲဆရာလည်း ဖြစ်သည်။

ကျောင်းများ၌ ပုံဆွဲသင် ဆရာများသည် တပည့်များအား မြန်မာ့ရိုးရာ ဒီဇိုင်း၊ လူပုံ၊ ရှူမျှော်ခင်းပုံ၊ အရာဝတ္ထုပုံနှင့် နီးဝေးမြင် စနစ်များကို သင်ကြားပြသခဲ့ကြသည်။ ဒေါ်သိန်းရှင်လည်း ပုံဆွဲအရည်အသွေး ပြည့်ဝသည့်အလျောက် ပုံဆွဲဆရာမအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။

ဖခင် မီးပုံးပျံဦးကျော်ရင်သည်လည်း ထားဝယ်မြို့အနောက်ဘက် (၇)မိုင်ခန့် အကွာရှိ ပန်းဒလဲရွာ ဇာတိဖြစ်ပြီး ငယ်စဉ်က ရွာဘုန်းတော်ကြီး ကျောင်း၌ ပညာသင်ကြားခဲ့သည်။ ထိုစဉ်က ကျောင်းနေဘက်သား ဆရာကျော်နှင့် အထူးဘားကျွမ်း အတတ်ကိုပါ လေ့လာလိုက်စားခဲ့သည်။

ဦးကျော်ရင်သည် ဘားကျွမ်းပညာကို သာမက နပန်း၊ အလေးမ၊ ပြေးခုန်ပစ် စသည့်အားကစားဘက်၌လည်း ထူးချွန်သည်။ ၁၉၂၉-ခုနှစ်မှစ၍ မီးပုံးပျံစီးခဲ့သဖြင့် မီးပုံးပျံဦးကျော်ရင်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ဘားကျွမ်းဆရာကျော်မှာ ဘားမယ်ကြွေ ၏ ဆရာရင်းဖြစ်သည်။

ဒေါ်သိန်းရှင်လည်း ငယ်စဉ်ကပင် ဘားကျွမ်းအတတ်တွင် စိတ်ဝင်စားခဲ့သည့်အလျောက် မယ်ကြွေနှင့်အတူ လေ့ကျင့်သင်ကြားခဲ့ရာ ကြိုးတန်းလျှောက်ခြင်း နှင့် အခြားဘားကစားနည်းမျိုးစုံကိုပါ ကစားနိုင်ခဲ့သည်။

ကာတွန်းဆရာမ ဒေါ်သိန်းရှင်သည် ၁၉၆၆-ခုနှစ်၊ အသက် (၆၀)အရွယ်တွင် ထားဝယ်မြို့၌ပင် ကွယ်လွန်ခဲ့သည်။

ကိုးကားပြင်ဆင်

↑ သန်းဝင်းလှိုင် (ဇန်နဝါရီ ၂၀၁၂)။ သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ။

Crd,ဝီကီပီးဒီးယား

Zawgyi
ေဒၚသိန္းရွင္သည္ ပထမဆုံး ျမန္မာ ကာတြန္းဆရာမ ျဖစ္သည္။ ရယ္႐ႊင္ဖြယ္ျဖစ္ေအာင္ အခ်ိဳးအစားေျပာင္းလဲ၍ ေရးဆြဲထားေသာ ကာတြန္းကို အမ်ိဳးသားမ်ားသာ ေရးဆြဲေလ့ရွိေသာ္လည္း အမ်ိဳးသားမ်ားႏွင့္ ပခုံးခ်င္းယွဥ္၍ ေရးဆြဲခဲ့ေသာ ျမန္မာ့ ပထမဆုံးကာတြန္းဆရာမမွာ ေဒၚသိန္းရွင္ ျဖစ္သည္။

ေဒၚသိန္းရွင္ကို ၁၉၀၆ခုႏွစ္တြင္တနသၤာရီတိုင္း၊ထားဝယ္ၿမိဳ႕၌ အဖမီးပုံးပ်ံ ဦးေက်ာ္ရင္ႏွင့္ အမိ ေဒၚမမတို႔မွ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ဆယ္ေယာက္အနက္ တတိယသမီး ျဖစ္သည္။ စာေရးဆရာထားဝယ္ေက်ာ္မင္းႏွင့္ ကာတြန္းဆရာေက်ာ္ဆန္း(က.ဆ)သည္ အစ္ကိုမ်ားျဖစ္သည္။

ေဒၚသိန္းရွင္သည္ ထားဝယ္ၿမိဳ႕တြင္ ပညာသင္ၾကားခဲ့သည္။ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ ရန္ကုန္ယူနီဗာစီတီ ေကာလိပ္သို႔ တက္ေရာက္ပညာ ဆည္းပူးခဲ့သည္။ ပညာသင္ယူေနစဥ္ ၁၉၂၉-ခုႏွစ္ထုတ္ ေကာလိပ္မဂၢဇင္းတြင္ ကာတြန္းမ်ား စတင္ေရးဆြဲခဲ့သည္။ ၁၉၃၀-ျပည့္ႏွစ္ထုတ္ ေကာလိပ္မဂၢဇင္းမ်ား၌လည္း ေဒၚသိန္းရွင္၏ ကာတြန္းမ်ား ပါရွိသည္။

ထိုစဥ္ ကာတြန္းဆရာႀကီးဦးဟိန္စြန္းလည္း ေကာလိပ္၌ ပညာသင္ယူဆဲျဖစ္ရာ ေကာလိပ္စကၠေတရီ အျဖစ္လုပ္ေဆာင္ရင္း ေကာလိပ္မဂၢဇင္း၌ ကာတြန္းမ်ား ေရးဆြဲျဖစ္ခဲ့သည္။ အဆိုပါ ေကာလိပ္မဂၢဇင္းတြင္ ပါဝင္ေသာ ကာတြန္းမ်ားမွာ ေက်ာင္းတြင္းေရးရာမ်ားသာ ျဖစ္သည္။

ေက်ာင္းသားမ်ားက ေက်ာင္းသူမ်ားကို ခနဲ႕၍ ကာတြန္းပုံမ်ား ေရးၾကသည္။ ဤတြင္ ေဒၚသိန္းရွင္က ေက်ာင္းသားမ်ားကို ျပန္ခနဲ႕ေသာ ကာတြန္းမ်ားကို ေရးဆြဲခဲ့သည္။ေဒၚသိန္းရွင္သည္ အိုင္ေအ (ဥပဇာဝိဇၨာ) အထက္တန္းထိ ပညာသင္ယူၿပီးေနာက္ ေနရွင္နယ္ေက်ာင္း၌ ဆရာမအျဖစ္ အမႈထမ္းခဲ့သည္။

ဖခင္ျဖစ္သူ ဦးေက်ာ္ရင္သည္ အစိုးရအထက္တန္းေက်ာင္းမွ ပုံဆြဲဆရာအျဖစ္ အၿငိမ္းစားယူၿပီးေသာအခါ ေဒၚသိန္းရွင္သည္ အစိုးရအထက္တန္းေက်ာင္းသို႔ ေျပာင္း၍ ပုံဆြဲဆရာမအျဖစ္ အမႈထမ္းခဲ့သည္။ သို႔ျဖင့္ ေဒၚသိန္းရွင္သည္ ပထမအမ်ိဳးသမီး ကာတြန္းလက္ရာရွင္ ျဖစ္သည့္အျပင္ အေစာဆုံး အမ်ိဳးသမီး ပုံဆြဲဆရာလည္း ျဖစ္သည္။

ေက်ာင္းမ်ား၌ ပုံဆြဲသင္ ဆရာမ်ားသည္ တပည့္မ်ားအား ျမန္မာ့ရိုးရာ ဒီဇိုင္း၊ လူပုံ၊ ရႉေမွ်ာ္ခင္းပုံ၊ အရာဝတၳဳပုံႏွင့္ နီးေဝးျမင္ စနစ္မ်ားကို သင္ၾကားျပသခဲ့ၾကသည္။ ေဒၚသိန္းရွင္လည္း ပုံဆြဲအရည္အေသြး ျပည့္ဝသည့္အေလ်ာက္ ပုံဆြဲဆရာမအျဖစ္ ဝင္ေရာက္အမႈထမ္းခဲ့သည္။

ဖခင္ မီးပုံးပ်ံဦးေက်ာ္ရင္သည္လည္း ထားဝယ္ၿမိဳ႕အေနာက္ဘက္ (၇)မိုင္ခန႔္ အကြာရွိ ပန္းဒလဲ႐ြာ ဇာတိျဖစ္ၿပီး ငယ္စဥ္က ႐ြာဘုန္းေတာ္ႀကီး ေက်ာင္း၌ ပညာသင္ၾကားခဲ့သည္။ ထိုစဥ္က ေက်ာင္းေနဘက္သား ဆရာေက်ာ္ႏွင့္ အထူးဘားကြၽမ္း အတတ္ကိုပါ ေလ့လာလိုက္စားခဲ့သည္။

ဦးေက်ာ္ရင္သည္ ဘားကြၽမ္းပညာကို သာမက နပန္း၊ အေလးမ၊ ေျပးခုန္ပစ္ စသည့္အားကစားဘက္၌လည္း ထူးခြၽန္သည္။ ၁၉၂၉-ခုႏွစ္မွစ၍ မီးပုံးပ်ံစီးခဲ့သျဖင့္ မီးပုံးပ်ံဦးေက်ာ္ရင္ဟု အမည္တြင္ခဲ့ျခင္း ျဖစ္သည္။ ဘားကြၽမ္းဆရာေက်ာ္မွာ ဘားမယ္ေႂကြ ၏ ဆရာရင္းျဖစ္သည္။

ေဒၚသိန္းရွင္လည္း ငယ္စဥ္ကပင္ ဘားကြၽမ္းအတတ္တြင္ စိတ္ဝင္စားခဲ့သည့္အေလ်ာက္ မယ္ေႂကြႏွင့္အတူ ေလ့က်င့္သင္ၾကားခဲ့ရာ ႀကိဳးတန္းေလွ်ာက္ျခင္း ႏွင့္ အျခားဘားကစားနည္းမ်ိဳးစုံကိုပါ ကစားနိုင္ခဲ့သည္။

ကာတြန္းဆရာမ ေဒၚသိန္းရွင္သည္ ၁၉၆၆-ခုႏွစ္၊ အသက္ (၆၀)အ႐ြယ္တြင္ ထားဝယ္ၿမိဳ႕၌ပင္ ကြယ္လြန္ခဲ့သည္။

ကိုးကားျပင္ဆင္

သန္းဝင္းလွိုင္ (ဇန္နဝါရီ ၂၀၁၂)။သမိုင္းတစ္ေကြ႕မွ အေက်ာ္ေဇယ် အမ်ိဳးသမီးမ်ား။

Crd,ဝီကီပီးဒီးယား