ကုန်းဘောင်မျိုးဆက် ရတနာနတ်မယ် (သို့) တစ်ချိန်တုန်းက သမ္မတကတော်

ရတနာနတ်မယ် ဆိုတဲ့ အမျိုးသမီးအကြောင်းကို ငယ်ငယ္က ကြားဖူးတုန်းကတော့ အရမ်းချော အရမ်းလှတဲ့အမျိုးသမီးတစ်ယောက်၊ဦးနေဝင်းရဲ့ ဇနီး ပြီးတော့ သူလျှိုလိုလို ဘာလိုလို ဇာတ်လမ်းတစ်ခုပေါ့။

အခု ကြီးလာတော့ ရတနာနတ်မယ် အကြောင်းကို အခုလို သိခဲ့ရပါတယ်။ရတနာနတ်မယ် ဟာ ကနောင်မင်း သားရဲ့ မြစ်တော်ဖြစ်ပါတယ်။ ကနောင်ရဲ့ သားတော် လင်းပင်မင်းသားနဲ့ မြောက်သား ရေနံသာခင်ခင်ကြီးတို့ရဲ့ သမီးလတ်ဖြစ်သူထိပ်တင်မလတ် ဟာ သြစတြေးလျနိုင်ငံသား ဘယ္လာမီ ဆိုသူ နဲ့ လက်ထပ်ခဲ့ပြီး ရတနာနတ်မယ်ကို ၁၉၃၂ ခုနှစ်၊ ဇွန်(၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ရတနာနတ်မယ်ရဲ့ အင်္ဂလိပ်နာမည်ကတော့June Rose ဖြစ်ပါတယ်။

June လမှာမွေးတဲ့အတွက် ဖခင်ကြီးက ဇွန်နှင်းဆီ လို့ ပေးခဲ့တာပါ။လင်းပင်မင်းသားကြီးဟာ ထိပ်တင်မလတ်ကို လူမျိုးကွဲ၊ ဘာသာကွဲနဲ့သေဘာမတူခဲ့ပါဘူး။

ဒါပေမယ့် ထိပ်တင်မလတ်ဟာ မွေးတဲ့ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေရပါမယ်ဆိုတဲ့ကတိပေးခဲ့ပြီး ဘယ္လာမီ ကိုယ်တိုင်ကလည်း ဘာသာရေးကို သိပ်စိတ်မဝင်စားဘဲ ထိပ်တင်မလတ်ကို လက်ထပ်ချင်စိတ်တစ်ခုသာ ရှိခဲ့တာကြောင့် လင်းပင်မင်းသားကြီးက သဘောမတူချင်ဘဲ တူခဲ့ရတာဖြစ်ပါတယ်။

ဘယ္လာမီကသမီးဖြစ်သူကို June Rose လို့ နာမည်ပေးခဲ့ပေမယ့် ထိပ်တင်မလတ်ကတော့ ထုံးတမ်းစဉ်လာအတိုင်း ထီးဟန်နန်းဟန် နာမည်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒီမွာ သူ့ခေါင်းထဲကိုရောက်လာတဲ့နာမည်ကတော့ အဘိုးဖြစ်သူ ကနောင်မင်းသားရဲ့မိဖုရား လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဝိဇယကာရီ နန်းတွင်း ဝတ္ထုထဲက ရတနာနတ်မယ် မင်းသမီးလေး ဆိုတဲ့ နာမည်ပဲဖြစ်တယ်။

ဒါနဲ့ သမီးတော်လေးကို ရတနာနတ်မယ် လို့မှည့်ခေါ်ခဲ့ပြီး လင်းပင်မင်းသားကြီးကလည်း သေဘာက် နှစ်ခြိုက်ခဲ့တယ်လို့ သိရပါတယ်။ရတနာနတ်မယ် ကေလးဘဝမွာ လင်းပင်ထိပ်တင်မလတ် တို့ဟာ အိန္ဒိယကို စစ်ပြေးကြရပါတယ်။ ကျောင်းနေတဲ့အခါ နိုင်ငံခြားသွေးနှောသူမို့ အနှိမ်ခံရပါတယ်။

သူ့ကိုအရှက်ခွဲတာကို မဟုတ်မခံ တုံ့ပြန်ခဲ့တဲ့အတွက် ကျောင်းထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာတော့ ပြင်ဦးလွင် မြို့ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး စိန့်မိုက်ကယ်ကျောင်းမှာ ပညာဆက်လက် သင်ကြားခဲ့ပါတယ်။

ရတနာနတ်မယ်ဟာ သိချင်စိတ်၊ စူးစမ်းချင်စိတ်ရှိပါတယ်။ အပြင်ပန်းမှာ အေးတိအေးစက်၊ ဘာသိဘာသာနေလို့ မာနကြီးတယ် အထင်ခံရပေမယ့် တကယ်တမ်းက သူဟာဇွဲကြီးတယ်၊ သူ့ထက်တော်ရင် ဆရာတင်ဖို့ ဝန်မလေးဘူး၊ဘယ်သူ့အပေါ်မှာမှ ကြောလိုစိတ် ၊အမြတ်ထုတ်လိုစိတ် မရှိတဲ့သူပါ။

ရတနာနတ်မယ် အသက် ၂၂ နှစ်အရွယ်မှာ ကမ်ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ဒေါက်တာမာရီယိ နဲ့ လက်ထပ်ခဲ့ပါတယ်။သားနှစ်ယောက် ထွန်းကားခဲ့ပြီးမိုက်ကယ် နဲ့ မောရစ်လို့ ခေါ်ပါတယ်။ သားကြီး မိုက်ကယ်ဟာ ၁၉၉၇ ခုနှစ်က ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ရင်း ကားတိုက်ပြီး ဆုံးပါးခဲ့ပါတယ်။

ထိပ်တင်မလတ် ရဲ့ မွေးလာတဲ့ ကလေးတွေကိုဗုဒ္ဓဘာသာဖြစ်စေရပါမယ်လို့ ခမည်းတော် လင်းပင်မင်းသားကြီး ကိုထားတဲ့ကတိဟာ မြေးတော်တွေအထိ ဆက်လက် တည်မြဲနေတယ်လို့ ပြောရမှာပါပဲ။ ရတနာနတ်မယ် ဟာ ခင်ပွန်းသည် မာရီယိုနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ပြတ်စဲခဲ့ပြီး အီတလီနိုင်ငံမှာ ပဲနေထိုင်ခဲ့ပါတယ်။

ရတနာနတ်မယ်ဟာ ဖခင်ဘယ်လာမီ ဆုံးစဉ်ကရော၊ မိခင် ထိပ်တင်မလတ် ဆုံးပါးစဉ်ကရော သံရုံးကို အကူအညီတောင်းခဲ့ရတာတွေ ရှိခဲ့ပါတယ်။ သူအကူအညီတောင်းရတာကတော့ ဦးနေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်း ဆီကိုဖြစ်ပါတယ်။ အမွန္က ရတနာနတ်မယ်ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ဦးနေဝင်းနဲ့ ချစ်ကြိုက်ဖူးပါတယ်။

ဒါပေမယ့် ဖခင်ကြီး ဘယ္လာမီဟာ ဦးနေဝင်းရဲ့ အကျင့်စရိုက်ကို ဘယ်လိုမှသဘောမကျတာမို့ လမ်းခွဲခိုင်းခဲ့တာဖြစ်ပါတယ်။ မိခင် ဖခင် ဆုံးပါးပြီးနောက်ပိုင်း ၊ သြစတြေးလျနိုင်ငံကို ဦးနေဝင်း ဆေးလာကုတဲ့အချိန် ပြန်လည် ဆက်သွယ်မိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဦးနေဝင်းရဲ့ ဇနီးက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

၁၉၇၆ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဦးနေဝင်း နဲ့ ရတနာနတ်မယ်တို့ဟာ သမ္မတအိမ်တော်မှာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ အဲဒီအချိန် မွာ ဦးနေဝင်းဟာ ၆၇ ၊ ရတနာနတ်မယ် က ၄၅ နှစ်ရှိပါပြီ။ ရတနာနတ်မယ်ဟာ ဦးနေဝင်းရဲ့၅ ယောက်မြောက်ဇနီးလည်း ဖြစ်ပါတယ်။

သတင်းကြားရသလို သူဟာ နိုင်ငံခြားက လွှတ်လိုက်တဲ့ သူလျှိုတော့ မဟုတ်ခဲ့ပါဘူး။ ဦးနေဝင်းနဲ့ ပေါင်းသင်းချိန်ဟာ ရက်ပေါင်း ၁၅၀ ပဲ ရွိခဲ့ပါသတဲ့။ပွေပွေရှုပ်ရှုပ် အတ္တသမား ဦးနေဝင်းကို နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ရတနာနတ်မယ်ဟာလည်း ကံဆိုးတာလို့ပဲပြောရမှာပါပဲ။ သူများတွေက ဦးနေဝင်းကို ချစ်တယ်ဆိုတဲ့အချစ်ဟာ သူက ဦးနေဝင်းကို မုန်းသလောက်ပဲ ရှိပါတယ်တဲ့။

တစ်ရက်တော့ ဦးနေဝင်း ဂေါက်ကစားလို့ ရှုံးပြီး ရှုံးမဲမဲကာ ရတနာနတ်မယ်နဲ့ စကားများကြပါတယ်။ အဲဒီမွာ ရတနာနတ်မယ်ကို ဆေးလိပ်ခွက်နဲ့ ပေါက်တာ နှဖူးကွဲခဲ့တယ် ပြောပါတယ်။ ရတနာနတ်မယ်ကလည်းဒေါက်ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့ ဦးနေဝင်းကို ကန်ပစ်ခဲ့တာ ချက်ကောင်းထိပြီး အသံတောင်မထွက်နိုင်ဘဲ ပုံလျက် လဲပြီး ကျန်ခဲ့ပါတယ်။

အိမ်ပေါ်ကဆင်းလာတဲ့ ရတနာနတ်မယ်ဟာ ဦးနေဝင်း ပြန်လာခေါ်နိုးနဲ့ ၂၂ ရက်တောင် စောင့်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဦးနေဝင်းဟာ ရတနာနတ်မယ်ကို ရှိတယ်လို့ကိုမမှတ်ဘဲ အနေအစားမပျက် သွားလာလှုပ်ရှားနေတဲ့အခါစိတ်နာပြီး အီတလီနိုင်ငံကို ပြန်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ်က မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ငါးထပ်ကြီး ဘုရားစောင်းအနီးရှိ အဘိုးဖြစ်သူ လင်းပင်မင်းသားကြီး အုတ်ဂူကို လာရောက်ကန်တော့ကာသံဃာတော် အပါး ၁၂၀ ကို ဆွမ်းကပ်လှူခဲ့ပါတယ်။ နာဂစ်ပြီးကာစအချိန်ကလည်း ပြန်လာခဲ့သေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများမှာ တတ်နိုင်သမျှ ပါခဲ့သေးတယ်လို့ သိရပါတယ်။

Credit – မူရင်းရေးသူအားလေးစားစွာဖြင့်