ရှိတဲ့ပိုက်ဆံလေးနဲ့ အဆင်ပြေအောင် လိုင်းပေါ်ကနေ အိမ်ဆောက်ပညာတွေကို လေ့လာခဲ့ပြီး နေအိမ်ကို သူမကိုယ်တိုင်တစ်ယောက်တည်း တည်ဆောက်ခဲ့သည့် လေးစားဖွယ်အသက်၃၀အရွယ် အမျိုးသမီး

လူတစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင်နေအိမ်ဖြင့် အေးချမ်းစွာနေထိုင်လိုသော စိတ်ကူးလေးတော့ ရှိနေတတ်ကြပါတယ်။

သို့သော် နေအိမ်တစ်လုံးပိုင်ဆိုင်ရန်မှာ အလွန်ခက်ခဲပြီး ငွေကြေးများစွာကုန်ကျနိုင်တာဖြစ်ပါတယ်။

အိမ်ဆောက်ပစ္စည်းစရိတ်များအပြင် ဆောင်လုပ်ပေးရမည့် လက်ခစရိတ်များဖြင့်ဆိုလျှင် နေအိမ်တစ်ခု၏စရိတ်ဟာ အလွန်ကြီးမားလာခဲ့မှာဖြစ်ပါတယ်။

ထို့ကြောင့် မလေးရှားနိုင်ငံမှ Auni Haswani Faizunဆိုသည့် အသက်၃၀အရွယ်အမျိုးသမီးဟာ လက်သမားစရိတ်သက်သာစေရန်အတွက် ယူကျု့မှတစ်ဆင့် အိမ်ဆောက်နည်းတွေကို လေ့လာသင်ယူခဲ့ပါတယ်။

ထို့နောက်မှာတော့ သူမဟာ နေအိမ်ကို ကိုယ်တိုင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အသက်၃၀အရွယ်အမျိုးသမီးက နေအိမ်တစ်လုံးကို တစ်ယောက်တည်းပင်ပန်းစွာ ဆောက်လုပ်ရန်မှာ အလွန်ခက်ခဲသော်လည်း သူမကတော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Crd,
Zawgyi






crd,Shoon (Cele Daily)