မယ်ဗမာ ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် သီပေါမင်း၏မြေးတော် ထိပ်စုဖုရားထွေး

ထိပ်စုဖုရားထွေး ( ၁၉၂၇ – ၂၀၀၃) သည် သီပေါမင်း၏ မြေးတော်တစ်ဦး ဖြစ်သည်။ ခမည်းတော် ကိုကိုနိုင်၊ သီပေါမင်းနှင့် မိဖုရားခေါင် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ဖြစ်သော မယ်တော် အသျှင် ထိပ်စုမြတ်ဖုရားကလေးတို့မှ ၂၀ ဩဂုတ် ၁၉၂၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

သီပေါမင်း၏ မြေးတော်အရင်း ဖြစ်ကာ၊ မွေးချင်း ခြောက်ယောက် အနက် အထွေးဆုံး ဖြစ်သည်။ မွေးချင်းများမှာ တော်ဖုရားကြီး(၁၉၂၁–၁၉၄၈)၊ ထိပ်စုဖုရားကြီး(ဒေါ်စုစုခင်)၊ တော်ဖုရား၊ တော်ဖုရားငယ်၊ တော်ဖုရားကလေး (ဦးအောင်ဇေ)၊ ထိပ်စုဖုရားထွေးတို့ ဖြစ်သည်။

ပညာရေး

မော်လမြိုင် စိန့်ဂျိုးဇက်ကွန်ဗင့်နှင့် ရန်ကုန် မြို့မအမျိုးသမီးအထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ အမည်ကို မားဂရက်မင်းသမီး(Princess Margret) ဟူ၍ ပြောင်းခဲ့ရသည်။ ထိပ်စုဖုရားထွေး ၈ နှစ်သမီးအရွယ် ၁၉၃၅ တွင် စတုတ္ထသမီးတော်သည် ၄၈ နှစ်နှင့် ကံတော်ကုန်သည်။

ဒုတိယကမ္ဘာစစ်အတွင် ထိပ်စုဖုရာထွေးတို့ စစ်ပြေးခဲ့ရသည်။ စစ်ပြီးချိန်တွင် ရန်ကုန်၊ စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ငယ်စဉ်က အားကစားလေ့ကျင့်ခြင်း၊ ရေကူးခြင်း ဝါသနာထုံခဲ့သည်။ ၁၉၄၆ တွင် ရေကူးပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သည်။

၁၉၄၇ တွင် ပထမဆုံး ကျင်းပသည့် မယ်ဗမာ ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။ ၁၉၄၈ တွင် အစ်ကိုဖြစ်သူ တော်ဖုရားကြီး ကွယ်လွန်စဉ် အားကစားလောကမှ အနားယူကာ ရသေ့ဝတ် နေထိုင်ခဲ့သည်။ယင်းနောက် လူထွက်ကာ၊ ၁၉၅၃ တွင် အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်း တက်သည်။

အမျိုးသား အားကစားရုံ အုပ်ချုပ်ရေးမှူး အဖြစ် ကျန်းမာရေး ဝန်ကြီးဌာန အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ ရန်ကုန်တိုင်း စည်းရုံးရေးမှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ထိပ်စုဘုရားထွေးသည် ရစ်ချက်တော်ဘုရားမြတ်ကြီး ( တော်ဘုရားနှင့် ထိပ်စုကြီးဘုရားတို့၏ သားတော်ကြီး ) နှင့် လက်ထပ်ခဲ့သည်။ ခေတ်မီ အထူး အင်္ဂလိပ်ဘာသာ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်၍ အင်္ဂလိပ်ဘာသာ ကျူရှင်ဆရာမအဖြစ် ဆောင်ရွက်ခဲ့သည်။

မိသားစု

၁၉၆၂ တွင် တော်ဖုရားမြတ်ကြီး(‌ခ) ဦးထွန်းကျော်နှင့် လက်ဆက်သည်။ သားမောင်အောင်နိုင်ကို ဖွားမြင်သည်။ အသက် ၇၆ နှစ် အရွယ် ၂၁ ဇွန် ၂၀၀၃၊ နံနက် ၄ နာရီခွဲတွင် သင်္ကန်းကျွန်းဆေးရုံ၌ ကံတော်ကုန်သည်။

crd,ဝီကီပီးဒီးယား

Zawgyi
ထိပ္စုဖုရားေထြး( ၁၉၂၇ ၂၀၀၃) သည္ သီေပါမင္း၏ ေျမးေတာ္တစ္ဦး ျဖစ္သည္။ ခမည္းေတာ္ ကိုကိုနိုင္၊သီေပါမင္းႏွင့္ မိဖုရားေခါင္စုဖုရားလတ္တို႔၏ စတုတၳသမီးေတာ္ ျဖစ္ေသာ မယ္ေတာ္အသွ်င္ ထိပ္စုျမတ္ဖုရားကေလးတို႔မွ ၂၀ ဩဂုတ္ ၁၉၂၇ ခုႏွစ္တြင္ ဖြားျမင္ခဲ့သည္။

သီေပါမင္း၏ ေျမးေတာ္အရင္း ျဖစ္ကာ၊ ေမြးခ်င္း ေျခာက္ေယာက္ အနက္ အေထြးဆုံး ျဖစ္သည္။ ေမြးခ်င္းမ်ားမွာ ေတာ္ဖုရားႀကီး(၁၉၂၁၁၉၄၈)၊ ထိပ္စုဖုရားႀကီး(ေဒၚစုစုခင္)၊ေတာ္ဖုရား၊ ေတာ္ဖုရားငယ္၊ေတာ္ဖုရားကေလး (ဦးေအာင္ေဇ)၊ ထိပ္စုဖုရားေထြးတို႔ ျဖစ္သည္။

ပညာေရး

ေမာ္လၿမိဳင္ စိန႔္ဂ်ိဳးဇက္ကြန္ဗင့္ႏွင့္ ရန္ကုန္ၿမိဳ႕မအမ်ိဳးသမီးအထက္တန္းေက်ာင္းတြင္ ပညာသင္ခဲ့သည္။ အမည္ကို မားဂရက္မင္းသမီး(Princess Margret) ဟူ၍ ေျပာင္းခဲ့ရသည္။ ထိပ္စုဖုရားေထြး ၈ ႏွစ္သမီးအ႐ြယ္ ၁၉၃၅ တြင္ စတုတၳသမီးေတာ္သည္ ၄၈ ႏွစ္ႏွင့္ ကံေတာ္ကုန္သည္။

ဒုတိယကမၻာစစ္အတြင္ ထိပ္စုဖုရာေထြးတို႔ စစ္ေျပးခဲ့ရသည္။ စစ္ၿပီးခ်ိန္တြင္ ရန္ကုန္၊ စိန႔္ဂ်ိဳးဇက္ကြန္ဗင့္ေက်ာင္းမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သည္။ ငယ္စဥ္က အားကစားေလ့က်င့္ျခင္း၊ ေရကူးျခင္း ဝါသနာထုံခဲ့သည္။ ၁၉၄၆ တြင္ ေရကူးၿပိဳင္ပြဲ၌ ျမန္မာ့လက္ေ႐ြးစင္ ျဖစ္ခဲ့သည္။

၁၉၄၇ တြင္ ပထမဆုံး က်င္းပသည့္ မယ္ဗမာ ၿပိဳင္ပြဲတြင္ ဒုတိယ ရရွိခဲ့သည္။ ၁၉၄၈ တြင္ အစ္ကိုျဖစ္သူ ေတာ္ဖုရားႀကီး ကြယ္လြန္စဥ္ အားကစားေလာကမွ အနားယူကာ ရေသ့ဝတ္ ေနထိုင္ခဲ့သည္။ယင္းေနာက္ လူထြက္ကာ၊ ၁၉၅၃ တြင္ အမ်ိဳးသမီး ကိုယ္လက္ႀကံ့ခိုင္ေရး သင္တန္း တက္သည္။

အမ်ိဳးသား အားကစား႐ုံ အုပ္ခ်ဳပ္ေရးမႉး အျဖစ္ က်န္းမာေရး ဝန္ႀကီးဌာန အမ်ိဳးသား ကိုယ္လက္ ႀကံ့ခိုင္ေရး ေကာင္စီ ရန္ကုန္တိုင္း စည္း႐ုံးေရးမႉး အျဖစ္လည္းေကာင္း ေဆာင္႐ြက္ခဲ့သည္။

ထိပ္စုဘုရားေထြးသည္ရစ္ခ်က္ေတာ္ဘုရားျမတ္ႀကီး(ေတာ္ဘုရားႏွင့္ထိပ္စုႀကီးဘုရားတို႔၏ သားေတာ္ႀကီး ) ႏွင့္ လက္ထပ္ခဲ့သည္။ ေခတ္မီ အထူး အဂၤလိပ္ဘာသာ အဂၤလိပ္စကားေျပာသင္တန္း ဖြင့္လွစ္၍ အဂၤလိပ္ဘာသာ က်ဴရွင္ဆရာမအျဖစ္ ေဆာင္႐ြက္ခဲ့သည္။

မိသားစု

၁၉၆၂ တြင္ ေတာ္ဖုရားျမတ္ႀကီး(ခ) ဦးထြန္းေက်ာ္ႏွင့္ လက္ဆက္သည္။ သားေမာင္ေအာင္နိုင္ကို ဖြားျမင္သည္။ အသက္ ၇၆ ႏွစ္ အ႐ြယ္ ၂၁ ဇြန္ ၂၀၀၃၊ နံနက္ ၄ နာရီခြဲတြင္ သကၤန္းကြၽန္းေဆး႐ုံ၌ကံေတာ္ကုန္သည္။

crd,ဝီကီပီးဒီးယား