ယနေ့တိုင်ထင်ရှားလျှက်ရှိသော သံပျင်ဋီကာ ကိုပေါ်ပေါက်စေခဲ့တဲ့ ကျမ်းတတ်သော သံပျင်မင်းသမီးကြီး

သံပျင်မင်းသမီးသည် သက္ကရာဇ် ၅၃၆ခုနှစ် ပုဂံမြို့၌နန်းတက်တော်မူသော နရပတိစည်သူမင်း၏ အစွန်အဖျားဖြစ်သော သမီးတော်တစ်ပါး ဖြစ်သည်။

နရပတိစည်သူ မင်းကြီးလက်ထက် ကျမ်းဂန်သင်မြောက်ကျနပြီးသောပုဂ္ဂိုလ်တစ်ဦး သည် မင်းကြီး၏အမြိတ်အစွန်းမင်းသမီး ၌တပ်မက်၍မကျန်းမမာ ရပ်တည်ရာမရအောင်ဖြစ်နေသည်ကို မင်းကြီးသိသဖြင့်အခိုင်အခန့်သုံးဆောင် လောက်သောကျမ်းတစ်စောင်ရေးနိုင်လျှင် ပေးစားမည်ဟုအမိန့်ရှိသောကြောင့် ဉာာသ်ကျမ်း၏အဖွင့်ဋီကာကို ပြု၍ မင်းကြီးထံဆက်၏။

မင်းကြီးလည်းကျမ်းကို နှစ်သက်တော်မူသဖြင် လူထွက်စေပြီးလျှင် မင်းသမီး နှင့်ထိမ်းမြားကာမြေတိုင်းသံပျင်အရာကိုပေးသောကြောင့် သံပျင်အမတ်ဟုထင်ရှားသည်။ မင်းသမီးလည်းသံပျင်မင်းသမီးဟု တွင်၍ကျမ်းလည်းသံပျင်ဋီကာဟူ၍တွင်သည်။

ဤကားသာသနာ လင်္ကာရစာတမ်း စ သော ရှေးစာဟောင်းစာတမ်းများ၌ရေးသားဖော်ပြချက်ဖြစ်သည်။ နှုတ်ဖြင့်အစဉ်အလာတစ်ဖန်ဤသို့ပြောလေ့ရှိပြန်သည်။ သက္ကရာဇ် ၅၉၆ခုနှစ်တွင်နန်းတက်တော်မူ သောကျစွာမင်းကြီး လက်ထက်တွင်မှ သံပျင်ဋီကာပေါ်ပေါက်လာသည်ဟုဆိုသည်။

ကျစွာမင်းကြီးသည် ပိဋကတ်သုံးပုံကို ကိုးခေါက်ပြန်၍သင် ကြားသဖြင့်တတ်မြောက်လှသောကြောင့် ရဟန်းသံဃာများကိုပင် တစ်နေ့လျှင်ခုနစ်ကြိမ်စာသင်ကြားပို့ချပေးသည်ဟုဆိုသည်။

ကျစွာမင်းကြီးသာမဟုတ်၊ သမီးတော်တစ်ပါးလည်း ခမည်းတော်နည်းတူ ပိဋကတ်တတ်မြောက်လှသောကြောင့် ရဟန်းသံဃာများကိုတစ်နေ့ခုနှစ်ကြိမ် ပင်သင်ကြားပြသပို့ချရသည်ဟုဆို၏။ စာပို့ချရာ၌မူ ထိုရဟန်းသံဃာတို့မမြင်စေလိုသောကြောင့် မင်းသမီး လည်းအကာအရံအတွင်းမှနေ၍စာပို့ချရလေသည်။

တစ်ခါသော်ကျမ်းဂန်တတ်ရဟန်းတစ်ပါးသည် မင်းသမီး၏ အဆင်းအင်္ဂါလက္ခဏာကိုမြင်လိုလှသော ကြောင့်ပို့ချသောစာတွင်ဟိံဇာလေ ဟေဟေးလားဟူသောတံငါသည်တို့ကွန်ကြိုးဆွဲရာတွင် ဆိုသောသီ ချင်းကိုရေးထဲ့၍ထား၏။ စာပို့ချပြီနောက်ဤပါဠိ ကျန်ပါသေးသည်ဟု ရဟန်းကဆို၏။ မင်းသမီးလည်းကျွန်ုပ်စာတွင်မရှိဟုဆို၏။

ရဟန်းက ကြည့်လှည့်ပါ ဆိုလျှင်မင်းသမီးလာ၍ရဟန်း၏စာကို ယူငင်ကြည့်ရှုလိုက်ပြီးသော် အဟိံ၊ ယုတ်မာသောတံငါတို့သည်။ ဇာလေ၊ ကွန်တို့ကို။ ဟေဟေးလား၊ ဆွဲကြငင်ကြကုန်၏။ ဟူ၍စကားနှင့်လျော်အောင် အနက်သမ္ဗာန်ပြီးသည်၏အဆုံး၌ ဝင်၍သွားလေ၏။

ရဟန်းလည်းမင်းသမီးကိုမြင်ရသည်မှစ၍ တပ်မက်မောခြင်းပြင်းစွာဖြစ်ပြီးသော်ရပ်တည်ရာမရဖြစ် ခဲ့၏။ အကြောင်းကို ခမည်းတော်ကျစွာမင်းကြီး သိတော်မူလေလျှင်ခေါ်တော်မူ၍ ငါ့သမီးကိုလိုလျှင် ကျမ်းဂန်ပြုလေဦးဟု မိန့်တော်မူလိုက်၏။

ရဟန်းလည်း ကျမ်းဂန်တတ်မြောက်ပြီးဖြစ်သောကြောင့် ကစ္စည်းသဒ္ဒါကျမ်းကိုဖွင့်ဆိုသောဉာသ်ကျမ်းကိုအဖွင့်ဋီကာကျမ်းကိုစီရင်၏။ မင်းကြီးလည်း ကျမ်းကို နှစ်သက်တော်မူသဖြင့် မြေတိုင်းသံပျင်အရာကိုပေး၍ သမီးတော်နှင့်ဆောင်နှင်း၏။

သံပျင်အမတ်ဟု တွင်ဘိ၏။ မင်းသမီးလည်း သံပျင်မင်းသမီးဟုတွင်ပေ၏။ ဋီကာကျမ်းသည်လည်းသံပျင်ဋှီကာ ဟု ယခုတိုင်ထင်ရှားလျက်ရှိလေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Crd,ဝီကီပီးဒီးယား

Zawgyi
သံပ်င္မင္းသမီးသည္ သကၠရာဇ္ ၅၃၆ခုႏွစ္ ပုဂံၿမိဳ႕၌နန္းတက္ေတာ္မူေသာ နရပတိစည္သူမင္း၏ အစြန္အဖ်ားျဖစ္ေသာ သမီးေတာ္တစ္ပါး ျဖစ္သည္။

နရပတိစည္သူ မင္းႀကီးလက္ထက္ က်မ္းဂန္သင္ေျမာက္က်နၿပီးေသာပုဂၢိုလ္တစ္ဦး သည္ မင္းႀကီး၏အၿမိတ္အစြန္းမင္းသမီး ၌တပ္မက္၍မက်န္းမမာ ရပ္တည္ရာမရေအာင္ျဖစ္ေနသည္ကို မင္းႀကီးသိသျဖင့္အခိုင္အခန႔္သုံးေဆာင္ ေလာက္ေသာက်မ္းတစ္ေစာင္ေရးနိုင္လွ်င္ ေပးစားမည္ဟုအမိန႔္ရွိေသာေၾကာင့္ ဉာာသ်ကျမ်း၏အဖွင့်ဋီကာကို ျပဳ၍ မင္းႀကီးထံဆက္၏။

မင္းႀကီးလည္းက်မ္းကို ႏွစ္သက္ေတာ္မူသျဖင္ လူထြက္ေစၿပီးလွ်င္ မင္းသမီး ႏွင့္ထိမ္းျမားကာေျမတိုင္းသံပ်င္အရာကိုေပးေသာေၾကာင့္ သံပ်င္အမတ္ဟုထင္ရွားသည္။ မင္းသမီးလည္းသံပ်င္မင္းသမီးဟု တြင္၍က်မ္းလည္းသံပ်င္ဋီကာဟူ၍တြင္သည္။

ဤကားသာသနာ လကၤာရစာတမ္း စ ေသာ ေရွးစာေဟာင္းစာတမ္းမ်ား၌ေရးသားေဖာ္ျပခ်က္ျဖစ္သည္။ ႏႈတ္ျဖင့္အစဥ္အလာတစ္ဖန္ဤသို႔ေျပာေလ့ရွိျပန္သည္။ သကၠရာဇ္ ၅၉၆ခုႏွစ္တြင္နန္းတက္ေတာ္မူ ေသာက်စြာမင္းႀကီး လက္ထက္တြင္မွ သံပ်င္ဋီကာေပၚေပါက္လာသည္ဟုဆိုသည္။

က်စြာမင္းႀကီးသည္ ပိဋကတ္သုံးပုံကို ကိုးေခါက္ျပန္၍သင္ ၾကားသျဖင့္တတ္ေျမာက္လွေသာေၾကာင့္ ရဟန္းသံဃာမ်ားကိုပင္ တစ္ေန႕လွ်င္ခုနစ္ႀကိမ္စာသင္ၾကားပို႔ခ်ေပးသည္ဟုဆိုသည္။

က်စြာမင္းႀကီးသာမဟုတ္၊ သမီးေတာ္တစ္ပါးလည္း ခမည္းေတာ္နည္းတူ ပိဋကတ္တတ္ေျမာက္လွေသာေၾကာင့္ ရဟန္းသံဃာမ်ားကိုတစ္ေန႕ခုႏွစ္ႀကိမ္ ပင္သင္ၾကားျပသပို႔ခ်ရသည္ဟုဆို၏။ စာပို႔ခ်ရာ၌မူ ထိုရဟန္းသံဃာတို႔မျမင္ေစလိုေသာေၾကာင့္ မင္းသမီး လည္းအကာအရံအတြင္းမွေန၍စာပို႔ခ်ရေလသည္။

တစ္ခါေသာ္က်မ္းဂန္တတ္ရဟန္းတစ္ပါးသည္ မင္းသမီး၏ အဆင္းအဂၤါလကၡဏာကိုျမင္လိုလွေသာ ေၾကာင့္ပို႔ခ်ေသာစာတြင္ဟႎဇာေလ ေဟေဟးလားဟူေသာတံငါသည္တို႔ကြန္ႀကိဳးဆြဲရာတြင္ ဆိုေသာသီ ခ်င္းကိုေရးထဲ့၍ထား၏။ စာပို႔ခ်ၿပီေနာက္ဤပါဠိ က်န္ပါေသးသည္ဟု ရဟန္းကဆို၏။ မင်းသမီးလည်းကျွန်ုပ်စာတွင်မရှိဟုဆို၏။

ရဟန္းက ၾကည့္လွည့္ပါ ဆိုလွ်င္မင္းသမီးလာ၍ရဟန္း၏စာကို ယူငင္ၾကည့္ရႈလိုက္ၿပီးေသာ္ အဟႎ၊ ယုတ္မာေသာတံငါတို႔သည္။ ဇာေလ၊ ကြန္တို႔ကို။ ေဟေဟးလား၊ ဆြဲၾကငင္ၾကကုန္၏။ ဟူ၍စကားႏွင့္ေလ်ာ္ေအာင္ အနက္သမၺာန္ၿပီးသည္၏အဆုံး၌ ဝင္၍သြားေလ၏။

ရဟန္းလည္းမင္းသမီးကိုျမင္ရသည္မွစ၍ တပ္မက္ေမာျခင္းျပင္းစြာျဖစ္ၿပီးေသာ္ရပ္တည္ရာမရျဖစ္ ခဲ့၏။ အေၾကာင္းကို ခမည္းေတာ္က်စြာမင္းႀကီး သိေတာ္မူေလလွ်င္ေခၚေတာ္မူ၍ ငါ့သမီးကိုလိုလွ်င္ က်မ္းဂန္ျပဳေလဦးဟု မိန႔္ေတာ္မူလိုက္၏။

ရဟန္းလည္း က်မ္းဂန္တတ္ေျမာက္ၿပီးျဖစ္ေသာေၾကာင့္ ကစ္စည်းသဒ္ဒါကျမ်းကိုဖွင့်ဆိုသောဉာသ်ကျမ်းကိုအဖွင့်ဋီကာကျမ်းကိုစီရင်၏။ မင္းႀကီးလည္း က်မ္းကို ႏွစ္သက္ေတာ္မူသျဖင့္ ေျမတိုင္းသံပ်င္အရာကိုေပး၍ သမီးေတာ္ႏွင့္ေဆာင္ႏွင္း၏။

သံပ်င္အမတ္ဟု တြင္ဘိ၏။ မင္းသမီးလည္း သံပ်င္မင္းသမီးဟုတြင္ေပ၏။ ဋီကာက်မ္းသည္လည္းသံပ်င္ဋွီကာ ဟု ယခုတိုင္ထင္ရွားလ်က္ရွိေလသည္။

ကိုးကား

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)

Crd,ဝီကီပီးဒီးယား