ယခုအကြောင်းအရာလေးကို ကြားသိလိုက်ရချိန်တွင် စားရေသူအနေဖြင့် အတန်းထဲတွင် ဘယ်နေရာမှ မထူးချွန်ခဲ့တာကိုပင် ရှက်ရွံ့သလိုဖြစ်မိခဲ့ပါတယ်။
အကြောင်းကတော့ လက်နှစ်ဖက်လုံးမရှိသည့်ကျောင်းသားလေးက လက်ရေးအလှဆုံးကျောင်းသားဆိုသော ဂုဏ်ပုဒ်ကိုရယူထားနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။
ကျောင်းသားလေးဟာ အသက်၉နှစ်အရွယ်သာရှိသေးပြီး Quoc Hungဟုအမည်ရကာ အမှတ်နှစ် Minh Lapမူလတန်းကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ပါတယ်။
လူငယ်လေးသည် မသန်စွမ်းသူတစ်ဦးဖြစ်သော်လည်း သူ၏ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုဟာ သာမန်ကျောင်းသားများထက်နှိမ့်ကျမနေဘဲ ပိုမိုသာလွန်သော အရည်းအချင်းတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။
ထိုကဲ့သို့သော ကလေးသည် လူသားတိုင်း၏စံနမူနာထားသင့်သော ကလေးငယ်၏တင်စားလျှင်ပင် လွန်လိမ့်မည်ဟုမထင်မှတ်တော့ပေ။
crd,Shoon (Cele Daily)
Zawgyi
crd,Shoon (Cele Daily)