” အမိဖုရား ရတနာပုံ ပျံတော်မူခဲ့ရကား ပျံတော်မူခဲ့သည်ကိုရည်၍ မြတ်ကြီး မဟာကဿပအရပ်နှိုက် မင်းကြီးကျောင်းတော်တည်၍ ……..”
ဒါဟာ ရတနာပုံ မိဖုရားကြီးကွယ်လွန်သွားတဲ့ အတွက် မိဖုရားအဖို့ ရည်စူး ကုသိုလ်ပြုပေးခဲ့တဲ့အကြောင်းကိုရေးထားတဲ့ ကျောက်စာပါ စာသားတချို့ပါ။
မိဖုရားကြီး #ရတနာပုံ ဆိုတာ ကျွန်တော်အမြဲရေးတဲ့စာတွေထဲ ခဏခဏပါတဲ့ #နရသီဟပတေ့မင်းကြီး ရဲ့ မိဖုရားခေါင်ကြီးပါ။အကြောင်းတွေက်ိုပြောဖို့ အတိတ်ကာလကို ခေတ္တခဏပြန်သွားကြည့်ကြရအောင်ပါ။
ခရစ်နှစ် ၁၂၅၆ ခုနှစ်မှာ နရသီဟပတေ့မင်းဟာ အမတ်ကြီး ရာဇသင်္ကြံရဲ့ အစီအမံနဲ့ ပုဂံမှာနန်းတတ်လာခဲ့တယ်။ဒါပေမယ့် #နရသီဟပတေ့မင်း ရဲ့ အမိဘက်က မျိုးနွယ်ဟာ သာမန်အရပ်သူဖြစ်နေတော့ သွေးကြီးလှတဲ့ ပုဂံမင်းမျိူးမင်းနွယ်တွေရဲ့ ထောက်ခံမှုကိုရရှိဖို့ ရာဇသင်္ကြံဟာ ထပ်မံပြီးတော့အကွက်တွေ ရွေ့ရပြန်ပါတယ်။
ဒါကတော့ ထိုကာလအတွင်း ပုဂံနန်းတော်ထဲကမင်းမျိုးမင်းနွယ်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ #ကျစွာမင်းကြီး ရဲ့ အနွယ်တော်တွေနဲ့ နရသီဟပတေ့မင်းကို လက်ဆက်ပေးလိုက်တာပါပဲ။#နရသီဟပတေ့မင်း ရဲ့ အမိ #စုလည်းထုံး မိဖုရားဟာ သာမန်အရပ်သူဆိုပေမယ့် ခမည်းတော်ဖြစ်သူမှာ နတ်ရွာစံ ဥဇနာမင်းကြီး ဖြစ်နေတော့ သူ့ကိုထီးနန်းပေးအပ်မှုအပေါ် ဘယ်သူမှ အတွန့်တတ်နိုင်စွမ်းမရှိပါဘူး။
အမဘက်ရော အဖဘက်ပါ မင်းမျိုးမင်းနွယ်အစစ်တွေဖြစ်တဲ့ #မင်းယန် သည်လည်း နတ်ရွာစံ ဥဇနာမင်းကြီးနဲ့ အတူ လုပ်ကြံမှုအတွင်း ကံကုန်သွားခဲ့ရတဲ့အတွက် ထီးနန်းပေးရမည့်သူဟာ နရသီဟပတေ့ပဲရှိပါတော့တယ်။ဒီလိုနဲ့ မင်းမျိုးမှမင်းမျိုးဖြစ်နေသူများအကြား တစ်ဦးတည်းသာကျန်တော့တဲ့ ဘုရင့်သား နရသီဟပတေ့ဟာ အမတ်ကြီး ရာဇသင်္ကြံရဲ့ အစီအမံတွေနဲ့ အလွယ်တကူနဲ့ ထီးနန်းရခဲ့လိာက်တော့တာပါပဲ။
ပြီးတော့ မိဖုရားခေါင်ကြီးဟာလည်း အမျိုးအမြင့်ဆုံး ကျစွာမင်းကြီးရဲ့ မြေးတော်လည်းဖြစ် အမတ်ကြီး သရိယ် နဲ့ သံပျင်မင်းသမီးကြီးတို့ သမီးတော် ဆ်ိုတော့ နန်းတွင်းဆွေမျိုး ရင်ကြားစေ့ရေးဟာ အဆင်ပြေချောမွေ့သွားပါတော့တယ်။
ဒီလိုနဲ့ ကျစွာမင်းကြီး နဲ့ စောမင်းလတ် မိဖုရားကြီးတို့ရဲ့ မြေးတော် #ရတနာပုံ ဟာ နရသီဟပတေ့မင်းကြီးရဲ့ မိဖုရားခေါင်ကြီးဖြစ်လာခဲ့ရပါတယ်။သူဟာ ညီမ လေးျယာက်အနက် အကြီးဆုံးပါ။သူ့ရဲ့ညီမတော်တွေကတော့ နောင်အခါသမိုင်းမှာ အထုးထင်ရှားလာမည့် #စောလှဝန်းဖွားစော ၊#ဧကရီဖွားစော နဲ့ #သစ္စာဝတီဖွားစော တို့ပါပဲ။
ဒါပေမယ့် ရတနာပုံမိဖုရားကြီးနဲ့ နရသီဟပတေ့မင်းတို့ဟာ အချိန်အကြာကြီး မပေါင်းဖက်ခဲ့လိုက်ရပါဘူး။သက္ကရာဇ် ၆၂၄ ခုနှစ် ၊ ခရစ်နှစ် ၁၂၆၂ ခုနှစ် ဇွန်လ မှာ မမျှော် လင့်ပဲ မိဖုရားကြီး ရတနာပုံ ကံကုန်သွားခဲ့ရပါတယ်။နရသီဟပတေ့မင်းဟာ သူနဲ့ မောင်နှမဝမ်းကွဲလည်းတော်စပ်သလို ၊ သူရဲ့ မိဖုရားခေါင်ကြီးလည်းဖြစ်တဲ့ ရတနာပုံ ကံကုန်သွားရတဲ့အတွက်
အတော်ကြေကွဲသွားခဲ့ပုံရပါတယ်။
အကြောင်းကတော့ နရသီဟပတေ့မင်းဆိုတာ ပုဂံမင်းဆက်အထဲ အဆိုးဆုံးဘုရင်လို့ စာရင်းအသွင်းခံထားတဲ့သူပါ။ဒါပေမယ့် အခြားဘယ်ပုဂံဘုရင်မှ မလုပ်ခဲ့ဖူးတဲ့ သူ့မိဖုရားအတွက် အမှတ်
တရ ရည်စူးကုသိုလ်ပြုပေးခဲ့တာမျ်ိုးကို လုပ်ပေးခဲ့ပါတယ်။ဒါကို ကျောက်ထက်အက္ခရာတင်ပြီးတော့ပါ မှတ်တမ်းတင်ထားတာပါ။တော်တော်ထူးခြားပါတယ်။
တော်ယုံတန်ယုံ သံယောဇဥ်တော့ မဟုတ်နိုင်ပါဘူး။ဒီနေရာမှာ အနည်းငယ်သုံးသပ်ပြပါဦးမယ်။ရတနာပုံ မိဖုရားကြီဟာ နရသီဟပတေ့မင်းနဲ့ အသက်အရွယ်အားဖြင့်မတိမ်းမယိမ်းရှ်ိခဲ့ကြတယ်။နရသီဟပတေ့မင်းရဲ့ ဖခင် ဥဇနာမင်းကြီး နန်းမတတ်ရသေးမီ ၁၂ နှစ်ခန့်အလို အိမ်ရှေ့စံဥပရာဇာဘဝမှာကတည်းက သူတို့ နှစ်ဦးလုံးဟာ မွေးဖွားခဲ့ပြီးဖြစ်ပါတယ်။
နရသီဟပတေ့မင်းဟာ သူ့ဖခင်ဥဇနာမင်းကြီးနန်းတတ်တော့မှ နန်းလျာကိစ္စအရှုပ်အထွေးမဖြစ်အောင်ဆိုတဲ့ ခေါင်းစဥ်နဲ့ မင်းဆရာဘုန်းတော်ကြီးကျောင်းကို အပို့ခံခဲ့ရတာပါ။နရသီဟပတေ့ရဲ့ မိခင် #စုလည်းထုံးမိဖုရား ကိုလည်းသာမန်အရပ်သူဖြစ်နေတဲ့အတွက် နန်းတွင်းမှာမထားပဲ ရွာပြန်ပို့ခဲ့ပါတယ်။
ယူခဲ့တုန်းကတော့ ရွာသူမှန်းသိသိနဲ့ မြောက်စံအိမ်ပေါ်ခေါ်တင်လာခဲ့တာနော်။ထားပါတော့။ပြောချင်တာက နရသီဟပတေ့မင်းဟာ သူဘုန်းကြီးကျောင်းအပို့မခံရမီ ၁၂ နှစ်အတွင်း သက်တူရွယ်တူဖြစ်တဲ့ ရတနာပုံ နဲ့ ခင်မင်ပြီးဖြစ်နေနိုင်တယ်ဆိုတာပါပဲ။ဘာ့ကြောင့်လဲဆိုအင်မတန် ခက်ထန်ကြမ်းကြုပ်ပြီး လုမဆန်လောက် အောင်ဆိုးဝါးလှပါတယ်ဆိုတဲ့ နရသီဟပတေ့မင်းရဲ့ သိတတ်မှုကိုရခဲ့တာ မိဖုရားကြီးရတနာပုံ ပဲရှိခဲ့တာမလို့ပါ။
မင်းဆ်ိုးမင်းညစ်ဆိုတဲ့ နရသီဟပတေ့မင်းဟာ ဒီတစ်ကွက်တည်းနဲ့တင် အပုံကြီးစားသွားတယ်ပြောရမှာပဲ။မိဖုရား #စဝ်လုံ ကိုမီးရှို့သတ်ခဲ့ပြီး မိဖုရားတွေကို အလွန်ညှင်းပမ်းနှိက်စက်ပြီးဒုက္ခမျိုးစုံပေးတတ်တယ်လို့ရာဇဝင်မှာဖော်ပြခြင်းခံရတဲ့ ဘုရင်ကြီးရဲ့ သူ့မိဖုရားအပေါ်လုပ်ပေးတာတွေက ထူးတော့ထူးနေပါတယ်။
ဒီလိုနဲ့ နရသီဟပတေ့မင်းဟာ မိဖုရားကြီးရတနာပုံ ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့မိဖုရားကြီးအတွက် မမေ့မလျော့ ရည်စူးအလှူတွေလုပ်ပေးခဲ့တယ်။မျက်မှောက်ခေတ်မှာ မင်းနန်သူရွာဆိုပြီး လူသိများတဲ့ မြတ်ကြီးမဟာကဿပအရပ်မှာ ရတနာပုံအတွက်ရည်စူးပြီး ကြီးစွာသော ကျောင်းကြီးဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
ဒီကြောင်းကို ကျောက်စာရေးထိုးမှတ်တမ်းတင်ထားခဲ့ပါသေးတယ်။ဒီကျောက်စာဟာ ကျောင်းတော်ကြီးရဲ့ အရှေ့
မြောက်ထောင့်မှာရှိတဲ့ သီဟိုဠ်ပုံစေတီတစ်ဆူ ရဲ့လိုဏ်အတွင်းမှာ ရှိနေပါတယ်။ဒီသီဟိုဠ်ပုံစေတီကို “ငလူးဂူ”လို့ခေါ်ကြတယ်။
“ငလူးဂူ”
ငလူးဂူဟာ မင်းနန်သူရွာရဲ့အနောင်ဘက်ဘက် စောလှဝန်းဘုရားရဲ့ အရှေ့တောင်ဘက်မှာတည်ရှ်ိပါတယ်။အလွယ်ပြောရရင် လေးမျက်နှာကျောင်းတိုက်ကြီးရဲ့ နောက်ကျောဘက်မှာရှိပါတယ်။သီဟိဠ်ပုံစေတီဖြစ်ပြီး အနောက်ဘက်မှာ မုခ်ဆောင်တစ်ခုထုတ်ထားတာတွေ့ရပါမယ်။
ရုတ်တရက်ဆိုရင် ဒီဘုရားကို စောလှဝန်းဖွားစောရဲ့ သားတော် ရာဇသူမင်းသားကွယ်လွန်သွားလို့ အထိမ်းအမှတ်တည်ထားတဲ့ ရာဇသူစေတီနဲ့ မှားတတ်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ နှစ်ဆူလုံးက မုခ်အနောက်ဘက်လှည့်ထားတဲ့ သီဟိုဠ်ပုံစေတီတွေချည်းဖြစ်နေလို့ပါ။ဒါပေမယ့် ရာဇသူစေတီက စောလှဝန်းဘုရားတံတိုင်းအတွင်းမှာ ရှိပါတယ်။ငလူးဂူကတော့ စောလှဝန်းဘုရားနဲ့ နည်းနည်းလှမ်းပါတယ်။
လက်ရှိမှာတော့ မိဖုရားကြီး ရတနာပုံ မရှိတော့သလို နရသီဟပတေ့မင်းကြီးလည်းမရှိတော့ပါဘူး။သူ လှူဒါန်းထားခဲ့တဲ့ ကျောင်းကြီးကလည်း သင်္ခါရသဘောကို ပြသပေးနေပါပြီ။တချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ မြတ်ကြီးမဟာကဿပအရပ် ဆိုတဲ့နေရာကလည်း E bike တောင် ကောင်းကောင်းမောင်းမရလို့ လမ်းဆင်းလျှောက်ရတဲ့ အနေအထားပါပဲ။
crd,အသင်္ခယာ
Zawgyi
” အမိဖုရား ရတနာပုံ ပ်ံေတာ္မူခဲ့ရကား ပ်ံေတာ္မူခဲ့သည္ကိုရည္၍ ျမတ္ႀကီး မဟာကႆပအရပ္ႏွိုက္ မင္းႀကီးေက်ာင္းေတာ္တည္၍ ……..”
ဒါဟာ ရတနာပုံ မိဖုရားႀကီးကြယ္လြန္သြားတဲ့ အတြက္ မိဖုရားအဖို႔ ရည္စူး ကုသိုလ္ျပဳေပးခဲ့တဲ့အေၾကာင္းကိုေရးထားတဲ့ ေက်ာက္စာပါ စာသားတခ်ိဳ႕ပါ။
မိဖုရားႀကီး #ရတနာပုံ ဆိုတာ ကြၽန္ေတာ္အၿမဲေရးတဲ့စာေတြထဲ ခဏခဏပါတဲ့ #နရသီဟပေတ့မင္းႀကီး ရဲ႕ မိဖုရားခေါင်ကြီးပါ။အကြောင်းတွေက်ိုပြောဖို့ အတိတ္ကာလကို ေခတၱခဏျပန္သြားၾကည့္ၾကရေအာင္ပါ။
ခရစ္ႏွစ္ ၁၂၅၆ ခုႏွစ္မွာ နရသီဟပေတ့မင္းဟာ အမတ္ႀကီး ရာဇသၾကၤံရဲ႕ အစီအမံနဲ႕ ပုဂံမွာနန္းတတ္လာခဲ့တယ္။ဒါေပမယ့္ #နရသီဟပေတ့မင္း ရဲ႕ အမိဘက္က မ်ိဳးႏြယ္ဟာ သာမန္အရပ္သူျဖစ္ေနေတာ့ ေသြးႀကီးလွတဲ့ ပုဂံမင္းမ်ိဴးမင္းႏြယ္ေတြရဲ႕ ေထာက္ခံမႈကိုရရွိဖို႔ ရာဇသၾကၤံဟာ ထပ္မံၿပီးေတာ့အကြက္ေတြ ေ႐ြ႕ရျပန္ပါတယ္။
ဒါကေတာ့ ထိုကာလအတြင္း ပုဂံနန္းေတာ္ထဲကမင္းမ်ိဳးမင္းႏြယ္ေတြထဲမွာ အျမင့္ဆုံးျဖစ္တဲ့ #က်စြာမင္းႀကီး ရဲ႕ အႏြယ္ေတာ္ေတြနဲ႕ နရသီဟပေတ့မင္းကို လက္ဆက္ေပးလိုက္တာပါပဲ။#နရသီဟပေတ့မင္း ရဲ႕ အမိ #စုလည္းထုံး မိဖုရားဟာ သာမန္အရပ္သူဆိုေပမယ့္ ခမည္းေတာ္ျဖစ္သူမွာ နတ္႐ြာစံ ဥဇနာမင္းႀကီး ျဖစ္ေနေတာ့ သူ႕ကိုထီးနန္းေပးအပ္မႈအေပၚ ဘယ္သူမွ အတြန့္တတ္နိုင္စြမ္းမရွိပါဘူး။
အမဘက္ေရာ အဖဘက္ပါ မင္းမ်ိဳးမင္းႏြယ္အစစ္ေတြျဖစ္တဲ့ #မင္းယန္ သည္လည္း နတ္႐ြာစံ ဥဇနာမင္းႀကီးနဲ႕ အတူ လုပ္ႀကံမႈအတြင္း ကံကုန္သြားခဲ့ရတဲ့အတြက္ ထီးနန္းေပးရမည့္သူဟာ နရသီဟပေတ့ပဲရွိပါေတာ့တယ္။ဒီလိုနဲ႕ မင္းမ်ိဳးမွမင္းမ်ိဳးျဖစ္ေနသူမ်ားအၾကား တစ္ဦးတည္းသာက်န္ေတာ့တဲ့ ဘုရင့္သား နရသီဟပေတ့ဟာ အမတ္ႀကီး ရာဇသၾကၤံရဲ႕ အစီအမံေတြနဲ႕ အလြယ္တကူနဲ႕ ထီးနန္းရခဲ့လိာက္ေတာ့တာပါပဲ။
ၿပီးေတာ့ မိဖုရားေခါင္ႀကီးဟာလည္း အမ်ိဳးအျမင့္ဆုံး က်စြာမင္းႀကီးရဲ႕ ေျမးေတာ္လည္းျဖစ္ အမတ္ႀကီး သရိယ္ နဲ႕ သံပ်င္မင္းသမီးႀကီးတို႔ သမီးေတာ္ ဆ်ိုတော့ နန္းတြင္းေဆြမ်ိဳး ရင္ၾကားေစ့ေရးဟာ အဆင္ေျပေခ်ာေမြ႕သြားပါေတာ့တယ္။
ဒီလိုနဲ႕ က်စြာမင္းႀကီး နဲ႕ ေစာမင္းလတ္ မိဖုရားႀကီးတို႔ရဲ႕ ေျမးေတာ္ #ရတနာပုံ ဟာ နရသီဟပေတ့မင္းႀကီးရဲ႕ မိဖုရားေခါင္ႀကီးျဖစ္လာခဲ့ရပါတယ္။သူဟာ ညီမ လေးျယာက်အနက် အႀကီးဆုံးပါ။သူ႕ရဲ႕ညီမေတာ္ေတြကေတာ့ ေနာင္အခါသမိုင္းမွာ အထုးထင္ရွားလာမည့္ #ေစာလွဝန္းဖြားေစာ ၊#ဧကရီဖြားေစာ နဲ႕ #သစၥာဝတီဖြားေစာ တို႔ပါပဲ။
ဒါေပမယ့္ ရတနာပုံမိဖုရားႀကီးနဲ႕ နရသီဟပေတ့မင္းတို႔ဟာ အခ်ိန္အၾကာႀကီး မေပါင္းဖက္ခဲ့လိုက္ရပါဘူး။သကၠရာဇ္ ၆၂၄ ခုႏွစ္ ၊ ခရစ္ႏွစ္ ၁၂၆၂ ခုႏွစ္ ဇြန္လ မွာ မေမွ်ာ္ လင့္ပဲ မိဖုရားႀကီး ရတနာပုံ ကံကုန္သြားခဲ့ရပါတယ္။နရသီဟပေတ့မင္းဟာ သူနဲ႕ ေမာင္ႏွမဝမ္းကြဲလည္းေတာ္စပ္သလို ၊ သူရဲ႕ မိဖုရားေခါင္ႀကီးလည္းျဖစ္တဲ့ ရတနာပုံ ကံကုန္သြားရတဲ့အတြက္
အေတာ္ေၾကကြဲသြားခဲ့ပုံရပါတယ္။
အေၾကာင္းကေတာ့ နရသီဟပေတ့မင္းဆိုတာ ပုဂံမင္းဆက္အထဲ အဆိုးဆုံးဘုရင္လို႔ စာရင္းအသြင္းခံထားတဲ့သူပါ။ဒါေပမယ့္ အျခားဘယ္ပုဂံဘုရင္မွ မလုပ္ခဲ့ဖူးတဲ့ သူ႕မိဖုရားအတြက္ အမွတ္
တရ ရည်စူးကုသိုလ်ပြုပေးခဲ့တာမျ်ိုးကို လုပ္ေပးခဲ့ပါတယ္။ဒါကို ေက်ာက္ထက္အကၡရာတင္ၿပီးေတာ့ပါ မွတ္တမ္းတင္ထားတာပါ။ေတာ္ေတာ္ထူးျခားပါတယ္။
ေတာ္ယုံတန္ယုံ သံေယာဇဥ္ေတာ့ မဟုတ္နိုင္ပါဘူး။ဒီေနရာမွာ အနည္းငယ္သုံးသပ္ျပပါဦးမယ္။ရတနာပုံ မိဖုရားႀကီဟာ နရသီဟပေတ့မင္းနဲ႕ အသက်အရွယ်အားဖြင့်မတိမ်းမယိမ်းရှ်ိခဲ့ကြတယ်။နရသီဟပတေ့မင်းရဲ့ ဖခင္ ဥဇနာမင္းႀကီး နန္းမတတ္ရေသးမီ ၁၂ ႏွစ္ခန့္အလို အိမ္ေရွ႕စံဥပရာဇာဘဝမွာကတည္းက သူတို႔ ႏွစ္ဦးလုံးဟာ ေမြးဖြားခဲ့ၿပီးျဖစ္ပါတယ္။
နရသီဟပေတ့မင္းဟာ သူ႕ဖခင္ဥဇနာမင္းႀကီးနန္းတတ္ေတာ့မွ နန္းလ်ာကိစၥအရႈပ္အေထြးမျဖစ္ေအာင္ဆိုတဲ့ ေခါင္းစဥ္နဲ႕ မင္းဆရာဘုန္းေတာ္ႀကီးေက်ာင္းကို အပို႔ခံခဲ့ရတာပါ။နရသီဟပေတ့ရဲ႕ မိခင္ #စုလည္းထုံးမိဖုရား ကိုလည္းသာမန္အရပ္သူျဖစ္ေနတဲ့အတြက္ နန္းတြင္းမွာမထားပဲ ႐ြာျပန္ပို႔ခဲ့ပါတယ္။
ယူခဲ့တုန္းကေတာ့ ႐ြာသူမွန္းသိသိနဲ႕ ေျမာက္စံအိမ္ေပၚေခၚတင္လာခဲ့တာေနာ္။ထားပါေတာ့။ေျပာခ်င္တာက နရသီဟပေတ့မင္းဟာ သူဘုန္းႀကီးေက်ာင္းအပို႔မခံရမီ ၁၂ ႏွစ္အတြင္း သက္တူ႐ြယ္တူျဖစ္တဲ့ ရတနာပုံ နဲ႕ ခင္မင္ၿပီးျဖစ္ေနနိုင္တယ္ဆိုတာပါပဲ။ဘာ့ေၾကာင့္လဲဆိုအင္မတန္ ခက္ထန္ၾကမ္းၾကဳပ္ၿပီး လုမဆန္ေလာက္ ေအာင္ဆိုးဝါးလွပါတယ္ဆိုတဲ့ နရသီဟပေတ့မင္းရဲ႕ သိတတ္မႈကိုရခဲ့တာ မိဖုရားႀကီးရတနာပုံ ပဲရွိခဲ့တာမလို႔ပါ။
မင်းဆ်ိုးမင်းညစ်ဆိုတဲ့ နရသီဟပေတ့မင္းဟာ ဒီတစ္ကြက္တည္းနဲ႕တင္ အပုံႀကီးစားသြားတယ္ေျပာရမွာပဲ။မိဖုရား #စဝ္လုံ ကိုမီးရွို႔သတ္ခဲ့ၿပီး မိဖုရားေတြကို အလြန္ညွင္းပမ္းႏွိက္စက္ၿပီးဒုကၡမ်ိဳးစုံေပးတတ္တယ္လို႔ရာဇဝင္မွာေဖာ္ျပျခင္းခံရတဲ့ ဘုရင္ႀကီးရဲ႕ သူ႕မိဖုရားအေပၚလုပ္ေပးတာေတြက ထူးေတာ့ထူးေနပါတယ္။
ဒီလိုနဲ႕ နရသီဟပေတ့မင္းဟာ မိဖုရားႀကီးရတနာပုံ ကြယ္လြန္သြားၿပီးတဲ့ေနာက္မွာ သူ႕မိဖုရားႀကီးအတြက္ မေမ့မေလ်ာ့ ရည္စူးအလႉေတြလုပ္ေပးခဲ့တယ္။မ်က္ေမွာက္ေခတ္မွာ မင္းနန္သူ႐ြာဆိုၿပီး လူသိမ်ားတဲ့ ျမတ္ႀကီးမဟာကႆပအရပ္မွာ ရတနာပုံအတြက္ရည္စူးၿပီး ႀကီးစြာေသာ ေက်ာင္းႀကီးေဆာက္လုပ္လႉဒါန္းခဲ့ပါတယ္။
ဒီေၾကာင္းကို ေက်ာက္စာေရးထိုးမွတ္တမ္းတင္ထားခဲ့ပါေသးတယ္။ဒီေက်ာက္စာဟာ ေက်ာင္းေတာ္ႀကီးရဲ႕ အေရွ႕
ေျမာက္ေထာင့္မွာရွိတဲ့ သီဟိုဠ္ပုံေစတီတစ္ဆူ ရဲ႕လိုဏ္အတြင္းမွာ ရွိေနပါတယ္။ဒီသီဟိုဠ္ပုံေစတီကို “ငလူးဂူ”လို႔ေခၚၾကတယ္။
“ငလူးဂူ”
ငလူးဂူဟာ မင္းနန္သူ႐ြာရဲ႕အေနာင္ဘက္ဘက္ ေစာလွဝန္းဘုရားရဲ႕ အရှေ့တောင်ဘက်မှာတည်ရှ်ိပါတယ်။အလွယ်ပြောရရင် ေလးမ်က္ႏွာေက်ာင္းတိုက္ႀကီးရဲ႕ ေနာက္ေက်ာဘက္မွာရွိပါတယ္။သီဟိဠ္ပုံေစတီျဖစ္ၿပီး အေနာက္ဘက္မွာ မုခ္ေဆာင္တစ္ခုထုတ္ထားတာေတြ႕ရပါမယ္။
႐ုတ္တရက္ဆိုရင္ ဒီဘုရားကို ေစာလွဝန္းဖြားေစာရဲ႕ သားေတာ္ ရာဇသူမင္းသားကြယ္လြန္သြားလို႔ အထိမ္းအမွတ္တည္ထားတဲ့ ရာဇသူေစတီနဲ႕ မွားတတ္ပါတယ္။ဘာ့ေၾကာင့္လဲဆိုေတာ့ ႏွစ္ဆူလုံးက မုခ္အေနာက္ဘက္လွည့္ထားတဲ့ သီဟိုဠ္ပုံေစတီေတြခ်ည္းျဖစ္ေနလို႔ပါ။ဒါေပမယ့္ ရာဇသူေစတီက ေစာလွဝန္းဘုရားတံတိုင္းအတြင္းမွာ ရွိပါတယ္။ငလူးဂူကေတာ့ ေစာလွဝန္းဘုရားနဲ႕ နည္းနည္းလွမ္းပါတယ္။
လက္ရွိမွာေတာ့ မိဖုရားႀကီး ရတနာပုံ မရွိေတာ့သလို နရသီဟပေတ့မင္းႀကီးလည္းမရွိေတာ့ပါဘူး။သူ လႉဒါန္းထားခဲ့တဲ့ ေက်ာင္းႀကီးကလည္း သခၤါရသေဘာကို ျပသေပးေနပါၿပီ။တခ်ိန္က ႀကီးက်ယ္ခမ္းနားခဲ့တဲ့ ျမတ္ႀကီးမဟာကႆပအရပ္ ဆိုတဲ့ေနရာကလည္း E bike ေတာင္ ေကာင္းေကာင္းေမာင္းမရလို႔ လမ္းဆင္းေလွ်ာက္ရတဲ့ အေနအထားပါပဲ။
crd,အသခၤယာ