ပါးစပ်ရာဇဝင်နှင့်အိပ်ရာဝင်ဒဏ္ဍာရီပုံပြင်တို့အလိုကား ရှေးအခါကဗိဿနိုးမင်းသမီးနှင့် ဒွတ္တပေါင်မင်းကြီး တို့သည် တစ်ခုသောဘဝ၌ ပွေးဖိုနှင့်ပွေးမအဖြစ် ပေါင်းသင်းကာ နေလာကြကုန်၏။
တစ်နေ့တွင် ပွေးဖိုကြီး အစာရှာသွာလေသော် ပွေးမကြီးသည် ရဟန်းတစ်ပါး အလှူခံလာသဖြင့် အိမ်၌ ရှိသော ပျားရည်တို့ကို လောင်းလှူလိုက်၏။ပွေးဖိုကြီးလည်း မည်သည့်အစားအစာမမျှ မရပဲ မောပန်း ဆာလောင်စွာ ပြန်လာ၏။
အိမ်၌ ရှိသော ပျားရည်ကိုသာ စားတော့အံ့ ဟူ၍ စိတ်ကူးလာလေ၏။အိမ်ပြန်ရောက်သော် ပျားရည်မရှိတော့သဖြင့် ဒေါသထွက်ကာ လင်မယား ရန်ဖြစ်ကြသည်ပုံပြင်ကဆို၏။ပွေးမကြီးလည်းရှင်နဲ့ကျမ နောင်ဘဝဆက်တိုင်း ငှက်ဖြစ်လျင်တောင် တစ်ကိုင်းထဲ မနားပါရစေနဲ့ဟု ဆုတောင်း၏။
ထိုထိုဘဝတွေမှ လွန်မြောက်ပြီး သကာလ ပွေးမကြီးကား ဗိဿ နိုး မင်းသမီး ဟူ၍ လာဖြစ်၏။ ပွေးဖို ကြီးကား ဒွတ္တပေါင်မင်းကြီး ဟူ၍ လာဖြစ်၏ဟုဆိုကြပါသည်။အခါတစ်ပါး၌ ဗိဿနိုးမင်းသမီးသည် (အစီအရင်)တို့ဖြင့် ယက်လုပ်ထားသောသာ တဘက်ကို ဒွတ္တပေါင် မင်းကြီးအား ဆက်သစေ၏။
မင်းကြီးလည်း မစူးစမ်းမဆင်ခြင်ပဲ သုံးလေသော် မျက်စိတို့သည် ကွယ်လေ၏။နဖူး၌ ရှိသော မှည့်ရှင်သည်လည်း ကွယ်လေ၏။ထိုအချိန်မှစ၍ မင်းတို့မည်သည် သူတစ်ပါးဆက်သသော လက်ဆောင်တို့ကို မစူးစမ်းပဲ မသုံးရာဟူ၍ ပေါ်ပေါက်လာ၏။
တစ်နေ့သော် ဒွတ္တပေါင်မင်းကြီး တိုင်းခမ်းလှည့်လည်ရာ အခါမဲ့မိုးကြီး ရွာချလေ၏။သို့နှင့် နီးစပ်ရာ အပင်အောက်သို့ မိုးခိုကြလေရာ မင်းကြီးလည်း တရော်ပင်ပေါ်သို့ ကင်ပွန်းခြုံတက်နေသည့် အပင်အောက်သို ဝင်မိလေသည်။
ထိုသို့ဝင်မိသောအခါတရော်ကင်ပွန်းခြုံပေါ်မှ ကျသော မိုးရေတို့သည် ဦးခေါင်းပေါ်သို့ ကျလေ၏။ထိုအခါ တရော်ကင်ပွန်းနှင့် ဦးခေါင်းဆေးသကဲ့သို့ ဖြစ်လေသဖြင့် မျက်စိတို့သည် ပြန်မြင်လာ၏။မှည့်ရှင်သည်လည်း ပြန်ပေါ်လာလေ၏။
ထိုအခါမှစ၍ တရော်ကင်ပွန့်းဖြင့် ဦးခေါင်းဆေးသည့် ဓလေ့သည် စတင် ပေါ်ပေါက်လာချေတော့သည်ဟုဆိုကြပါ၏။
ဗိဿနိုးဘုရင်မနှင့်ရန်ပယ်ချောင်း
ဗိဿ နိုးမင်းသမီး၌ သားရေဖြင့် ကျက်ထားသော စည်ကြီး ရှိသည်ဆို၏။အခွန်တော်ကောက်ချိန်ရောက်လျှင်ထိုစည်ကြီးကို တီးလေသော်အဝေး၊အနီးမှ ကြားရသူ အပေါင်း တို့သည် အခွန်ပဏ္ဏာများ လာရောက် ဆက်သကြရသည်ဆို၏။မဆက်သလျင်ကား ယားယံသည့် ဝေဒနာကို ခံစားကြရသည်ဆို၏။
ရန်သူတို့ ဗိဿ နိုးမြို့ကို ဝိုင်းရံလာလျင် မြို့စောင့်တို့က စည်တီး၍ အချက်ပေးလေ၏။ စည်တီးသံကိုကြားသော် ဆည်အစောင့်တို့က ရေတံခါးတို့ကို ဖွင့်ချလိုက်လျင် ရန်သူတို့လည်း ရေနောက်သို့ မျောပါသေကျေ ကြကုန်၏။
ရန်သူတို့လည်း ဗိဿ နိုးမြို့ကို မလုပ်ကြံနိုင်ကြလေကုန်။
ဒွတ္တပေါင်မင်းကြီးသည် ဗိဿ နိုးမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် စည်ကြီးကို ဖျက်စီးနိုင်ရန် လိမ္မာပါးနပ်၍ ကောက်ကျစ်သောအမတ်ကြီးတစ်ဦးကိုဗိဿ နိုးသို့ စေလွှတ်လေ၏။
ဗိဿနိုးဘုရင်မနှင့်ကိုရင်ကြီး
အမတ်ကြီးသည် သင်္ကန်းဝတ်၍ ဦးဇင်း(ကိုရင်ကြီး)အ ယောင်ဆောင်ကာ သွား၏။ဗိဿနိုးသို့ရောက်သော်အရပ်ထဲ၌ ဗေဒင်ဆရာယောင်ဆောင်၍ ဟောလေ၏။ဗေဒင်ဆရာ မှန်လှကြောင်း တဖြေးဖြေးနှင့်သတင်းစကားများမိဖုရားကြီးနားကြားလေသော် ရှေ့တော်သို့သွင်းစေလေသည်။
သူမ၏စည်ကြီး ကိုသည့်ထက်မကပိုမို၍ မြည်စေလိုကြောင်း မေးလေသော် ကိုရင်ကြီးလည်း ဝမ်းသာအားရ စည်ကြီးပျက်ဆီးစေရန် တစ်ထွာလောက်ဖြတ်၍ ပြန်ကျက်ပါဟုလျောက်၏။တစ်ထွာဖြတ်လေသော် နဂိုထက်ပင် ပိုမိုအသံကျယ်လာသည်ဆို၏။
ဗိဿနိုးဘုရင်မလည်း အခွန်အကောက်ပိုမို ရရှိလာ၏။ဘုရင်မလည်း သည့်ထက်မြည်ချင်သည်ဆိုပြန်၏။တစ်ထွာခန့်ထပ်ဖြတ်တော်မူပါဘုရားဟု လျောက်လေသော် ဖြတ်ပြန်၏။သည်တစ်ကြိမ်တွင်လည်း အရင်ကထက် နှစ်ဆခန့်ပိုမြည်သည်ဟုဆို၏။
ကိုရင်ကြီးကား အခက်တွေ့ချေ၏။ပျက်စေရန်အကြံပြုရာ ပို၍သာ မြည်နေ၏။ဘုရင်မလည်း သည့်ထက်ပိုမြည်ချင်သည် ဆိုလာပြန်၏ ။ဦးရင်ကြီးလည်း တစ်တောင်ခန့် ထပ်ဖြတ်ပါဘုရားဟု လျောက်သော် နောက်ထပ်တစ်တောင်ခန့်ထပ်ဖြတ်စေ၏။
ထိုအခါ စည်ကြီးလည်း အသံ လုံးဝ ထွက်မလာတော့ချေ။ဘုရင်မလည်း စိတ်ဆိုးလှသဖြင့် ထွက်ပြေးသွားသောဦးရင်ကြီးအား သတ်ရန် နောက်လိုက်များဖြင့်စည်ထမ်း၍ လိုက်လေ၏။
ထိုသို့ဘုရင်မနှင့်နောက်လိုက်များစည်ကြီးကိုထမ်း၍ပိုး၍ လိုက်သောချောင်းကို ယနေ့တိုင်စည်ပိုးချောင်းဟု ခေါ်ကြကုန်၏။တောင်တွင်းကြီးနယ်ကြောင်ဆင်းအိုင်ရွာအနီးတွင် ရှိသည်ဟုဆိုကြပါသည်။
စည်ထမ်း၍ လိုက်ရာမှ မောပန်းသဖြင့် စည်ကိုချ၍ ကန်လှိမ့်ပစ်ရာမှ စည်လိမ့်သွားရာ တစ်လျောက်၌ ချောင်းဖြစ်သွားသဖြင့် အဆိုပါချောင်းကို စည်တုံးလုံးချောင်းဟူ၍ ခေါ်၏။ထိုအရပ်ခေါ်ကား စည်ပတုံးချောင်းဟုခေါ်၏။
ကိုရင်ကြီးလည်း ဘုရင်မလိုက်သဖြင့် ပြေးလာရာ ဆွမ်းထိုင်ကာစားသောက်ခဲ့သောနေရာ၌ ဆွမ်းစားအိုင်ဟူ၍ အမည်တွင်ရစ်၏။ရွာသစ်ကုန်းရွာနှင့် တောင်ကျောင်းရွာသွားရာ လမ်းဘေး၌ တည်ရှိ၏။
ကိုရင်ကြီး မောပန်းသဖြင့် အင်ဖက်များခင်း၍ နားခဲ့သည့်နေရာကို ဖက်ခင်းအိုင်ဟု ခေါ်၏။စည်တုံးလုံးချောင်း၏ မြောက်ဘက်ကမ်း အင်တိုင်းတောကြားဝယ် တည်ရှိ၏။
ထိုမှဆက်ပြေးလာရာ တောင်တွင်းကြီးနယ်လက်ရှိ ဇီးပေါက်ရွာ၏ အနောက်တောင်ထောင့် မိုင်ဝက်ခန့်အကွာ ယခုလက်ရှိ ဦးရင်ကန်နေရာ၌ ဗိဿ နိုးမင်းသမီးမှ မှီလာပြီး ကိုရင်ကြီး အား သတ်လိုက်သည်ဟုဆို၏။
ကိုရင်ကြီး အသတ်ခံရပြီး လူးလှိမ့်ရာမှ ကန်ငယ်ကလေးဖြစ်သွားသဖြင့် ကာလရှည်ကြာလာသောအခါဦးရင်ကန်ဟု ခေါ်ကြကုန်၏။မိုးရာသီမှသာ ရေရှိ၏။သောက်၍ကား မရချေ။ဦးရင်ကြီး သွေးစွန်းနေသဖြင့် ရေတို့သည် သွေးရောင် လွှမ်းနေသည်ဟု ဆိုကြပါ၏။
သို့သော် အနှီ ဆွမ်းစားအိုင်။ဖက်ခင်းအိုင် ၊ဦးရင်ကန်တို့ကား အမှန်တကယ် ကျန်ရှိလေ၏။ ထိုအရပ်ဒေသရှိကျေးရွာများမှ လယ်သမားများ မိုးဦးကျလျင် စည်ပတုံးချောင်းရေ သွယ်ရန် အတွက်ဗိဿနိုးမင်းသမီးအား အရင်ဆုံး ပူဇော်ပသရခြင်းမှာယနေ့ထိယုံကြည်နေကြသောထိုဒေသ၏ဓလေ့ထုံးစံပင်ဖြစ်နေပါတော့သည်။
ငrd:MinGyi
Zawgyi
ပါးစပ္ရာဇဝင္ႏွင့္အိပ္ရာဝင္ဒ႑ာရီပုံျပင္တို႔အလိုကား ေရွးအခါကဗိႆနိုးမင္းသမီးႏွင့္ ဒြတၱေပါင္မင္းႀကီး တို႔သည္ တစ္ခုေသာဘဝ၌ ေပြးဖိုႏွင့္ေပြးမအျဖစ္ ေပါင္းသင္းကာ ေနလာၾကကုန္၏။
တစ္ေန႕တြင္ ေပြးဖိုႀကီး အစာရွာသြာေလေသာ္ ေပြးမႀကီးသည္ ရဟန္းတစ္ပါး အလႉခံလာသျဖင့္ အိမ္၌ ရွိေသာ ပ်ားရည္တို႔ကို ေလာင္းလႉလိုက္၏။ေပြးဖိုႀကီးလည္း မည္သည့္အစားအစာမမွ် မရပဲ ေမာပန္း ဆာေလာင္စြာ ျပန္လာ၏။
အိမ္၌ ရွိေသာ ပ်ားရည္ကိုသာ စားေတာ့အံ့ ဟူ၍ စိတ္ကူးလာေလ၏။အိမ္ျပန္ေရာက္ေသာ္ ပ်ားရည္မရွိေတာ့သျဖင့္ ေဒါသထြက္ကာ လင္မယား ရန္ျဖစ္ၾကသည္ပုံျပင္ကဆို၏။ေပြးမႀကီးလည္းရွင္နဲ႕က်မ ေနာင္ဘဝဆက္တိုင္း ငွက္ျဖစ္လ်င္ေတာင္ တစ္ကိုင္းထဲ မနားပါရေစနဲ႕ဟု ဆုေတာင္း၏။
ထိုထိုဘဝေတြမွ လြန္ေျမာက္ၿပီး သကာလ ေပြးမႀကီးကား ဗိႆ နိုး မင္းသမီး ဟူ၍ လာျဖစ္၏။ ေပြးဖို ႀကီးကား ဒြတၱေပါင္မင္းႀကီး ဟူ၍ လာျဖစ္၏ဟုဆိုၾကပါသည္။အခါတစ္ပါး၌ ဗိႆနိုးမင္းသမီးသည္ (အစီအရင္)တို႔ျဖင့္ ယက္လုပ္ထားေသာသာ တဘက္ကို ဒြတၱေပါင္ မင္းႀကီးအား ဆက္သေစ၏။
မင္းႀကီးလည္း မစူးစမ္းမဆင္ျခင္ပဲ သုံးေလေသာ္ မ်က္စိတို႔သည္ ကြယ္ေလ၏။နဖူး၌ ရွိေသာ မွည့္ရွင္သည္လည္း ကြယ္ေလ၏။ထိုအခ်ိန္မွစ၍ မင္းတို႔မည္သည္ သူတစ္ပါးဆက္သေသာ လက္ေဆာင္တို႔ကို မစူးစမ္းပဲ မသုံးရာဟူ၍ ေပၚေပါက္လာ၏။
တစ္ေန႕ေသာ္ ဒြတၱေပါင္မင္းႀကီး တိုင္းခမ္းလွည့္လည္ရာ အခါမဲ့မိုးႀကီး ႐ြာခ်ေလ၏။သို႔ႏွင့္ နီးစပ္ရာ အပင္ေအာက္သို႔ မိုးခိုၾကေလရာ မင္းႀကီးလည္း တေရာ္ပင္ေပၚသို႔ ကင္ပြန္းၿခဳံတက္ေနသည့္ အပင္ေအာက္သို ဝင္မိေလသည္။
ထိုသို႔ဝင္မိေသာအခါတေရာ္ကင္ပြန္းၿခဳံေပၚမွ က်ေသာ မိုးေရတို႔သည္ ဦးေခါင္းေပၚသို႔ က်ေလ၏။ထိုအခါ တေရာ္ကင္ပြန္းႏွင့္ ဦးေခါင္းေဆးသကဲ့သို႔ ျဖစ္ေလသျဖင့္ မ်က္စိတို႔သည္ ျပန္ျမင္လာ၏။မွည့္ရွင္သည္လည္း ျပန္ေပၚလာေလ၏။
ထိုအခါမွစ၍ တေရာ္ကင္ပြန့္းျဖင့္ ဦးေခါင္းေဆးသည့္ ဓေလ့သည္ စတင္ ေပၚေပါက္လာေခ်ေတာ့သည္ဟုဆိုၾကပါ၏။
ဗိႆနိုးဘုရင္မႏွင့္ရန္ပယ္ေခ်ာင္း
ဗိႆ နိုးမင္းသမီး၌ သားေရျဖင့္ က်က္ထားေသာ စည္ႀကီး ရွိသည္ဆို၏။အခြန္ေတာ္ေကာက္ခ်ိန္ေရာက္လွ်င္ထိုစည္ႀကီးကို တီးေလေသာ္အေဝး၊အနီးမွ ၾကားရသူ အေပါင္း တို႔သည္ အခြန္ပဏၰာမ်ား လာေရာက္ ဆက္သၾကရသည္ဆို၏။မဆက္သလ်င္ကား ယားယံသည့္ ေဝဒနာကို ခံစားၾကရသည္ဆို၏။
ရန္သူတို႔ ဗိႆ နိုးၿမိဳ႕ကို ဝိုင္းရံလာလ်င္ ၿမိဳ႕ေစာင့္တို႔က စည္တီး၍ အခ်က္ေပးေလ၏။ စည္တီးသံကိုၾကားေသာ္ ဆည္အေစာင့္တို႔က ေရတံခါးတို႔ကို ဖြင့္ခ်လိဳက္လ်င္ ရန္သူတို႔လည္း ေရေနာက္သို႔ ေမ်ာပါေသေက် ၾကကုန္၏။
ရန္သူတို႔လည္း ဗိႆ နိုးၿမိဳ႕ကို မလုပ္ႀကံနိုင္ၾကေလကုန္။
ဒြတၱေပါင္မင္းႀကီးသည္ ဗိႆ နိုးၿမိဳ႕ကို သိမ္းပိုက္နိုင္ရန္အတြက္ စည္ႀကီးကို ဖ်က္စီးနိုင္ရန္ လိမၼာပါးနပ္၍ ေကာက္က်စ္ေသာအမတ္ႀကီးတစ္ဦးကိုဗိႆ နိုးသို႔ ေစလႊတ္ေလ၏။
ဗိႆနိုးဘုရင္မႏွင့္ကိုရင္ႀကီး
အမတ္ႀကီးသည္ သကၤန္းဝတ္၍ ဦးဇင္း(ကိုရင္ႀကီး)အ ေယာင္ေဆာင္ကာ သြား၏။ဗိႆနိုးသို႔ေရာက္ေသာ္အရပ္ထဲ၌ ေဗဒင္ဆရာေယာင္ေဆာင္၍ ေဟာေလ၏။ေဗဒင္ဆရာ မွန္လွေၾကာင္း တေျဖးေျဖးႏွင့္သတင္းစကားမ်ားမိဖုရားႀကီးနားၾကားေလေသာ္ ေရွ႕ေတာ္သို႔သြင္းေစေလသည္။
သူမ၏စည္ႀကီး ကိုသည့္ထက္မကပိုမို၍ ျမည္ေစလိုေၾကာင္း ေမးေလေသာ္ ကိုရင္ႀကီးလည္း ဝမ္းသာအားရ စည္ႀကီးပ်က္ဆီးေစရန္ တစ္ထြာေလာက္ျဖတ္၍ ျပန္က်က္ပါဟုေလ်ာက္၏။တစ္ထြာျဖတ္ေလေသာ္ နဂိုထက္ပင္ ပိုမိုအသံက်ယ္လာသည္ဆို၏။
ဗိႆနိုးဘုရင္မလည္း အခြန္အေကာက္ပိုမို ရရွိလာ၏။ဘုရင္မလည္း သည့္ထက္ျမည္ခ်င္သည္ဆိုျပန္၏။တစ္ထြာခန့္ထပ္ျဖတ္ေတာ္မူပါဘုရားဟု ေလ်ာက္ေလေသာ္ ျဖတ္ျပန္၏။သည္တစ္ႀကိမ္တြင္လည္း အရင္ကထက္ ႏွစ္ဆခန့္ပိုျမည္သည္ဟုဆို၏။
ကိုရင္ႀကီးကား အခက္ေတြ႕ေခ်၏။ပ်က္ေစရန္အႀကံျပဳရာ ပို၍သာ ျမည္ေန၏။ဘုရင္မလည္း သည့္ထက္ပိုျမည္ခ်င္သည္ ဆိုလာျပန္၏ ။ဦးရင္ႀကီးလည္း တစ္ေတာင္ခန့္ ထပ္ျဖတ္ပါဘုရားဟု ေလ်ာက္ေသာ္ ေနာက္ထပ္တစ္ေတာင္ခန့္ထပ္ျဖတ္ေစ၏။
ထိုအခါ စည္ႀကီးလည္း အသံ လုံးဝ ထြက္မလာေတာ့ေခ်။ဘုရင္မလည္း စိတ္ဆိုးလွသျဖင့္ ထြက္ေျပးသြားေသာဦးရင္ႀကီးအား သတ္ရန္ ေနာက္လိုက္မ်ားျဖင့္စည္ထမ္း၍ လိုက္ေလ၏။
ထိုသို႔ဘုရင္မႏွင့္ေနာက္လိုက္မ်ားစည္ႀကီးကိုထမ္း၍ပိုး၍ လိုက္ေသာေခ်ာင္းကို ယေန႕တိုင္စည္ပိုးေခ်ာင္းဟု ေခၚၾကကုန္၏။ေတာင္တြင္းႀကီးနယ္ေၾကာင္ဆင္းအိုင္႐ြာအနီးတြင္ ရွိသည္ဟုဆိုၾကပါသည္။
စည္ထမ္း၍ လိုက္ရာမွ ေမာပန္းသျဖင့္ စည္ကိုခ်၍ ကန္လွိမ့္ပစ္ရာမွ စည္လိမ့္သြားရာ တစ္ေလ်ာက္၌ ေခ်ာင္းျဖစ္သြားသျဖင့္ အဆိုပါေခ်ာင္းကို စည္တုံးလုံးေခ်ာင္းဟူ၍ ေခၚ၏။ထိုအရပ္ေခၚကား စည္ပတုံးေခ်ာင္းဟုေခၚ၏။
ကိုရင္ႀကီးလည္း ဘုရင္မလိုက္သျဖင့္ ေျပးလာရာ ဆြမ္းထိုင္ကာစားေသာက္ခဲ့ေသာေနရာ၌ ဆြမ္းစားအိုင္ဟူ၍ အမည္တြင္ရစ္၏။႐ြာသစ္ကုန္း႐ြာႏွင့္ ေတာင္ေက်ာင္း႐ြာသြားရာ လမ္းေဘး၌ တည္ရွိ၏။
ကိုရင္ႀကီး ေမာပန္းသျဖင့္ အင္ဖက္မ်ားခင္း၍ နားခဲ့သည့္ေနရာကို ဖက္ခင္းအိုင္ဟု ေခၚ၏။စည္တုံးလုံးေခ်ာင္း၏ ေျမာက္ဘက္ကမ္း အင္တိုင္းေတာၾကားဝယ္ တည္ရွိ၏။
ထိုမွဆက္ေျပးလာရာ ေတာင္တြင္းႀကီးနယ္လက္ရွိ ဇီးေပါက္႐ြာ၏ အေနာက္ေတာင္ေထာင့္ မိုင္ဝက္ခန့္အကြာ ယခုလက္ရွိ ဦးရင္ကန္ေနရာ၌ ဗိႆ နိုးမင္းသမီးမွ မွီလာၿပီး ကိုရင္ႀကီး အား သတ္လိုက္သည္ဟုဆို၏။
ကိုရင္ႀကီး အသတ္ခံရၿပီး လူးလွိမ့္ရာမွ ကန္ငယ္ကေလးျဖစ္သြားသျဖင့္ ကာလရွည္ၾကာလာေသာအခါဦးရင္ကန္ဟု ေခၚၾကကုန္၏။မိုးရာသီမွသာ ေရရွိ၏။ေသာက္၍ကား မရေခ်။ဦးရင္ႀကီး ေသြးစြန္းေနသျဖင့္ ေရတို႔သည္ ေသြးေရာင္ လႊမ္းေနသည္ဟု ဆိုၾကပါ၏။
သို႔ေသာ္ အႏွီ ဆြမ္းစားအိုင္။ဖက္ခင္းအိုင္ ၊ဦးရင္ကန္တို႔ကား အမွန္တကယ္ က်န္ရွိေလ၏။ ထိုအရပ္ေဒသရွိေက်း႐ြာမ်ားမွ လယ္သမားမ်ား မိုးဦးက်လ်င္ စည္ပတုံးေခ်ာင္းေရ သြယ္ရန္ အတြက္ဗိႆနိုးမင္းသမီးအား အရင္ဆုံး ပူေဇာ္ပသရျခင္းမွာယေန႕ထိယုံၾကည္ေနၾကေသာထိုေဒသ၏ဓေလ့ထုံးစံပင္ျဖစ္ေနပါေတာ့သည္။
ငrd:MinGyi