ကောင်းဖို့ ဖြစ်လာတာပါ

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရဲ့အတိုင်ပင်ခံ အမတ်ကြီးတစ်ဦးဟာ အင်မတန်မှ အကောင်းမြင်စိတ် ရှိသတဲ့။ ဘုရင်ကြီးက တစ်ခုခု တိုင်ပင်လိုက်တိုင်း အကောင်းမြင်တဲ့ ဘက်ကနေပဲ ဆွေးနွေးပါ သတဲ့။

အကောင်းမြင်၊ အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ်တွေတောင် အပြုသဘောဆောင်ပြီး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်း နိုင်ခဲ့တာ ချည်းပဲ တဲ့။

တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့လက်မမှာ ပြည်တည်နာကြီး ပေါက်လာသတဲ့။ အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့ အရှင်ဘုရား၊ စိတ်မပူပါနဲ့ ဆေးလိမ်း၊ ဆေးသောက်ရင် ပျောက်သွားမှာပါ၊ ကောင်းဖို့ ဖြစ်လာတာပါ ဘုရားလို့ လျှောက်တင်သတဲ့။

ဒီလိုနဲ့ ဘုရင်ကြီးရဲ့လက်မဟာ မသက်သာပဲ နောက်ဆုံးမှာ ဖြတ်လိုက် ရပါတော့တယ်။ အဲဒီလိုနဲ့ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ဘုရင်ကြီး ဖြစ်သွားတော့ တာပေါ့။

အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာ ဖြစ်ပြီး
အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက် စကားပြော၊ တိုင်ပင်ဖို့ ခေါ်ခိုင်း လိုက်ပါတယ်။ တိုင်ပင်တော့ အတိုင်ပင်ခံကြီးက ကောင်းဖို့ ဖြစ်လာတာပါ ဘုရားလို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး

အတိုင်ပင်ခံကြီးကို “ဒီလောက်တောင် ကောင်းဖို့ ဖြစ်လာရင် ဆရာကြီး ခဏလောက် အကျဉ်းတိုက်ထဲ သွားနေချည် “လို့ ဆိုပြီး အကျဉ်း ချထားလိုက်ပါတယ်။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့ အတွက် တောကစား ထွက်ခဲ့တယ်။ စိတ်၊ လက် မပျော်ပိုက်ပဲ ဖြစ်နေတဲ့ ဘုရင်ကြီးဟာ ကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး ယစ်ပူဇော်တဲ့ ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့။

ဘုရင်ကြီးလည်း ပြည်တည်နာ ပေါက်ကတည်းက ဂြိုလ်ဆိုး ဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့်ထိတောင် ရောက်လာပါလားလို့ တွေးရင်း စိတ်ဆင်းရဲ နေတာပေါ့။

ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုးပေး၊ အမွှေးနံ့သာ လိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့လက်မ ပြတ်နေတာကို တွေ့သွားကြသတဲ့။ ဒီတော့ အင်္ဂါမစုံတဲ့သူနဲ့ ယစ်ပူဇော်လို့ မရတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ် ပေးလိုက်ကြတယ်။

ဒီတော့မှ ဘုရင်ကြီးဟာ ” ဝိုး . . . ကောင်းဖို့ ဖြစ်လာတာ . . ကောင်းဖို့ ဖြစ်လာတာ ဆိုပြီး . . . ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ်။

နန်းတော်ကို ရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်းတိုက်က လွှတ်စေပြီး ခစား ခိုင်းသတဲ့။

” ဆရာကြီး၊ ခင်ဗျားပြောတာ မှန်တယ်ဗျာ။ ကျုပ်အတွက်တော့ ကောင်းဖို့ ဖြစ်လာတာဗျ။ ဒါပေမဲ့ ခင်ဗျား အတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ။ အဲဒီအတွက်တော့ စိတ်မကောင်းပါဘူး ဆရာကြီး “လို့ ပြောလိုက်တယ်။

ဆရာကြီးက ပြုံးပြုံးကြီးနဲ့ ကျွန်တော်မျိုး အတွက်လဲ ကောင်းဖို့ ဖြစ်ခဲ့တာပါ ဘုရားတဲ့။ တကယ်လို့ ကျွန်တော်မျိုးသာ အကျဉ်း မကျရင် မင်းကြီးနဲ့ တူတူလိုက်ရမှာမို့ အဖမ်း ခံရတဲ့အခါ ဘုရင်နဲ့ ကျွန်တော်၊ နှစ်ဦး ဖမ်းခံရမှာပါ။ ဒီအချိန်မှာ အင်္ဂါစုံသူ ကျွန်တော်ဟာ ယစ်ပူဇော် ခံရပြီး အသက်နဲ့ကိုယ် အိုးစား ကွဲမှာပါ ဘုရား။ အခုတော့ အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရားတဲ့။

ဘုရင်ကြီးကလည်း ကောင်းပါလေ့ ဆရာကြီးရယ် လို့ ပြောပြီး တဟားဟားနဲ့ အားရ၊ ပါးရ ရီမော ကြပါသတဲ့။

ကျွန်တော်တို့ ဘဝမှာလည်း တစ်ခါတစ်ရံ အခက်အခဲလေးတွေ အတိုက်၊ အခိုက်လေးတွေ ကြုံတွေ့ လာရတဲ့အခါ လူတော်တော်များများက စိတ်ပျက်၊ ငြီးငြူ တတ်ကြတယ်။ အမှန်တော့ အဲဒီ အခက်အခဲတွေ၊ အတိုက်အခိုက်တွေ ဆိုတာ နောင်တစ်ချိန်မှာ အရာရာအတွက် ကောင်းဖို့ ဖြစ်လာ တတ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ ဘဝမှာ ဘယ်လို အခက်အခဲပဲ ကြုံကြုံ၊ ဘယ်လို အတိုက်အခိုက်ပဲ ကြုံကြုံ ကောင်းဖို့ဖြစ်လာတာလို့ စိတ်ထဲမှာ မှတ်ပါ။

ခုလည်းပဲ ဒီစာကို ဖတ်ဖြစ်သွားတာဟာ မိတ်ဆွေအတွက် ကောင်းဖို့ ဖြစ်လာတာပါ…..။

Credit :မူရင်း

Zawgyi
ဟိုးေရွးေရွးတုန္းက ဘုရင္ႀကီးတစ္ပါးရဲ႕အတိုင္ပင္ခံ အမတ္ႀကီးတစ္ဦးဟာ အင္မတန္မွ အေကာင္းျမင္စိတ္ ရွိသတဲ့။ ဘုရင္ႀကီးက တစ္ခုခု တိုင္ပင္လိုက္တိုင္း အေကာင္းျမင္တဲ့ ဘက္ကေနပဲ ေဆြးႏြေးပါ သတဲ့။

အေကာင္းျမင္၊ အျပဳသေဘာ ေဆြးႏြေးေတာ့ ေတာ္႐ုံ အျပစ္ေတြေတာင္ အျပဳသေဘာေဆာင္ၿပီး တစ္ဦးနဲ႕တစ္ဦး ခ်စ္ခ်စ္ခင္ခင္၊ စည္းစည္းလုံးလုံးနဲ႕ ျပႆနာေတြကို ေပ်ာ္႐ႊင္စြာ ေျဖရွင္း နိုင္ခဲ့တာ ခ်ည္းပဲ တဲ့။

တစ္ေန႕မွာေတာ့ ဘုရင္ႀကီးရဲ႕လက္မမွာ ျပည္တည္နာႀကီး ေပါက္လာသတဲ့။ အတိုင္ပင္ခံႀကီးကို ေခၚတိုင္ပင္ေတာ့ အရွင္ဘုရား၊ စိတ္မပူပါနဲ႕ ေဆးလိမ္း၊ ေဆးေသာက္ရင္ ေပ်ာက္သြားမွာပါ၊ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရားလို႔ ေလွ်ာက္တင္သတဲ့။

ဒီလိုနဲ႕ ဘုရင္ႀကီးရဲ႕လက္မဟာ မသက္သာပဲ ေနာက္ဆုံးမွာ ျဖတ္လိုက္ ရပါေတာ့တယ္။ အဲဒီလိုနဲ႕ ကိုယ္လက္အဂၤါ မျပည့္စုံတဲ့ ဘုရင္ႀကီး ျဖစ္သြားေတာ့ တာေပါ့။

အဲဒီေတာ့ ဘုရင္ႀကီးလည္း စိတ္မသက္မသာ ျဖစ္ၿပီး
အတိုင္ပင္ခံႀကီးနဲ႕ စိတ္ေျပလက္ေပ်ာက္ စကားေျပာ၊ တိုင္ပင္ဖို႔ ေခၚခိုင္း လိုက္ပါတယ္။ တိုင္ပင္ေတာ့ အတိုင္ပင္ခံႀကီးက ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရားလို႔ ထပ္ၿပီး ေျဖသိမ့္ျပန္ေတာ့ ဘုရင္ႀကီးက စိတ္ဆိုးၿပီး

အတိုင္ပင္ခံႀကီးကို “ဒီေလာက္ေတာင္ ေကာင္းဖို႔ ျဖစ္လာရင္ ဆရာႀကီး ခဏေလာက္ အက်ဥ္းတိုက္ထဲ သြားေနခ်ည္ “လို႔ ဆိုၿပီး အက်ဥ္း ခ်ထားလိုက္ပါတယ္။

တစ္ရက္မွာေတာ့ ဘုရင္ႀကီးဟာ စိတ္အပန္းေျပေစဖို႔ အတြက္ ေတာကစား ထြက္ခဲ့တယ္။ စိတ္၊ လက္ မေပ်ာ္ပိုက္ပဲ ျဖစ္ေနတဲ့ ဘုရင္ႀကီးဟာ ကိုယ္ရံေတာ္ေတြနဲ႕ ကြဲသြားၿပီး ယစ္ပူေဇာ္တဲ့ ဓေလ့ရွိတဲ့ လူမ်ိဳးစုေတြရဲ႕ ဖမ္းဆီးျခင္းကို ခံရၿပီး သူတို႔က ဘုရင္ႀကီးကို ယစ္ပူေဇာ္ဖို႔ လုပ္ၾကသတဲ့။

ဘုရင္ႀကီးလည္း ျပည္တည္နာ ေပါက္ကတည္းက ၿဂိဳလ္ဆိုး ဝင္ခဲ့တာ ခုဆို ေသရမယ့္ အဆင့္ထိေတာင္ ေရာက္လာပါလားလို႔ ေတြးရင္း စိတ္ဆင္းရဲ ေနတာေပါ့။

ယစ္ပူေဇာ္ဖို႔ ဘုရင္ႀကီးကို ေရခ်ိဳးေပး၊ အေမႊးနံ႕သာ လိမ္းေပးခ်ိန္မွာ ဘုရင္ႀကီးရဲ႕လက္မ ျပတ္ေနတာကို ေတြ႕သြားၾကသတဲ့။ ဒီေတာ့ အဂၤါမစုံတဲ့သူနဲ႕ ယစ္ပူေဇာ္လို႔ မရတာေၾကာင့္ ဘုရင္ႀကီးကို ျပန္လႊတ္ ေပးလိုက္ၾကတယ္။

ဒီေတာ့မွ ဘုရင္ႀကီးဟာ ” ဝိုး . . . ေကာင္းဖို႔ ျဖစ္လာတာ . . ေကာင္းဖို႔ ျဖစ္လာတာ ဆိုၿပီး . . . ေပ်ာ္႐ႊင္စြာနဲ႕ နန္းေတာ္ကို ျပန္လာခဲ့တယ္။

နန္းေတာ္ကို ေရာက္ေရာက္ခ်င္းပဲ ဆရာႀကီးကို အက်ဥ္းတိုက္က လႊတ္ေစၿပီး ခစား ခိုင္းသတဲ့။

” ဆရာႀကီး၊ ခင္ဗ်ားေျပာတာ မွန္တယ္ဗ်ာ။ က်ဳပ္အတြက္ေတာ့ ေကာင္းဖို႔ ျဖစ္လာတာဗ်။ ဒါေပမဲ့ ခင္ဗ်ား အတြက္ေတာ့ အက်ဥ္းက်ၿပီး အေနဆင္းရဲ၊ အစားဆင္းရဲ ျဖစ္သြားတယ္ဗ်ာ။ အဲဒီအတြက္ေတာ့ စိတ္မေကာင္းပါဘူး ဆရာႀကီး “လို႔ ေျပာလိုက္တယ္။

ဆရာႀကီးက ၿပဳံးၿပဳံးႀကီးနဲ႕ ကြၽန္ေတာ္မ်ိဳး အတြက္လဲ ေကာင္းဖို႔ ျဖစ္ခဲ့တာပါ ဘုရားတဲ့။ တကယ္လို႔ ကြၽန္ေတာ္မ်ိဳးသာ အက်ဥ္း မက်ရင္ မင္းႀကီးနဲ႕ တူတူလိုက္ရမွာမို႔ အဖမ္း ခံရတဲ့အခါ ဘုရင္နဲ႕ ကြၽန္ေတာ္၊ ႏွစ္ဦး ဖမ္းခံရမွာပါ။ ဒီအခ်ိန္မွာ အဂၤါစုံသူ ကြၽန္ေတာ္ဟာ ယစ္ပူေဇာ္ ခံရၿပီး အသက္နဲ႕ကိုယ္ အိုးစား ကြဲမွာပါ ဘုရား။ အခုေတာ့ အက်ဥ္းတိုက္ထဲမွာ အနားရလို႔ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရားတဲ့။

ဘုရင္ႀကီးကလည္း ေကာင္းပါေလ့ ဆရာႀကီးရယ္ လို႔ ေျပာၿပီး တဟားဟားနဲ႕ အားရ၊ ပါးရ ရီေမာ ၾကပါသတဲ့။

ကြၽန္ေတာ္တို႔ ဘဝမွာလည္း တစ္ခါတစ္ရံ အခက္အခဲေလးေတြ အတိုက္၊ အခိုက္ေလးေတြ ႀကဳံေတြ႕ လာရတဲ့အခါ လူေတာ္ေတာ္မ်ားမ်ားက စိတ္ပ်က္၊ ၿငီးျငဴ တတ္ၾကတယ္။ အမွန္ေတာ့ အဲဒီ အခက္အခဲေတြ၊ အတိုက္အခိုက္ေတြ ဆိုတာ ေနာင္တစ္ခ်ိန္မွာ အရာရာအတြက္ ေကာင္းဖို႔ ျဖစ္လာ တတ္ပါတယ္။

ဒါေၾကာင့္ မိတ္ေဆြတို႔ရဲ႕ ဘဝမွာ ဘယ္လို အခက္အခဲပဲ ႀကဳံႀကဳံ၊ ဘယ္လို အတိုက္အခိုက္ပဲ ႀကဳံႀကဳံ ေကာင္းဖို႔ျဖစ္လာတာလို႔ စိတ္ထဲမွာ မွတ္ပါ။

ခုလည္းပဲ ဒီစာကို ဖတ္ျဖစ္သြားတာဟာ မိတ္ေဆြအတြက္ ေကာင္းဖို႔ ျဖစ္လာတာပါ…..။

Credit :မူရင္း