နိုင်ငံတော်သီချင်းSkynetမှာလာသွားတယ်စကားရည်လုပွဲကကလေးတွေကိုမေးခွန်းမေးတယ်”နိုင်ငံတော်သီချင်းကိုဘယ်သူရေးတာလဲ”တဲ့ကလေးကဖြေတယ်”ဝိုင်အမ်ဘီဆရာတင်”တဲ့ကလေးအသိလေးနဲ့ဖြေရှာတာကိုး..
skynetရဲ့presenterကပြန်ထောက်ရှာပါတယ်”ဝိုင်အမ်ဘီအေဆရာတင်”ပါတဲ့သေလိုက်ပါတော့လို့သာကိုယ့်နဖူးကိုယ်ရိုက်လိုက်မိတော့တယ်
မေးသူရဲ့အဖြေကိုနားထောင်တော့အဖြေကလဲဆရာတင်ပါပဲတဲ့တကယ်တော့ဝိုင်အမ်ဘီဆရာတင်ရေးခဲ့တာ”တို့ဗမာ”သီချင်းပါမြန်မာနိုင်ငံတော်သီချင်းမဟုတ်ပါဘူး..အားလုံးလိုလိုအမှတ်မှားနေကြတာလေးသိစေချင်လို့ဖတ်ထားမှတ်ထားတာလေးပြန်တင်ပေးပါရစေသိပြီးသူလဲတော်တော်များမှာပါ..
ဘယ်သူမဆိုကိုယ့်နိုင်ငံတော်သီချင်းသမိုင်းလေးတော့ကွဲကွဲပြားပြားသိထားစေချင်ပါသေးတယ်နိုင်ငံတော်သီချင်းရှင်းတမ်းမြန်မာ့တေးဂီတသမိုင်းတွင်စွမ်းအင်အထက်မြက်ဆုံးသောတေးတစ်ပုဒ်(သို့မဟုတ်)လူတိုင်းသီဆိုရန်တေးသွားနှင့်သံစဉ်ပါခက်ခဲလှသောတေးတစ်ပုဒ်သည်
ယနေ့”နိုင်ငံတော်သီချင်း”ဟုသတ်မှတ်ထားသည့်သီချင်းတစ်ပုဒ်ဖြစ်သည်။သီချင်းရေးစပ်တဲ့သူကစိန်မြမောင်ဖြစ်ပြီးဦးနုရဲ့တာ၀န်ပေးချက်အရဦးနုရဲ့အိမ်မှာပဲရေးစပ်ခဲ့တယ်လို့သိရပါတယ်။
ပထမဆုံးသီဆိုသူကတော့ရွှေညာမောင်ဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်၁၉၄၈ဇန်နဝါရီ၄ရက်နေ့မှာနိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက်ထိုနေ့တွင်နိုင်ငံတော်အလံတင်အခမ်းအနားမှာသီဆိုဖို့သီချင်းတစ်ပုဒ်လိုအပ်လာပါတယ်။
သည့်အတွက်ထိုစဉ်ကနိုင်ငံတော်၀န်ကြီးချုပ်ဦးနုကလွတ်လပ်ရေးအလံတင်အခမ်းအနားမှာသီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန်ဆရာရွှေတိုင်ညွန့်အားခေါ်လာပေးရန်ဦးစိန်မြမောင်ကိုပြောဆိုခဲ့ပါတယ်။
ဦးစိန်မြမောင်ကဆရာရွှေတိုင်ညွန့်ကွယ်လွန်သွားပြီဖြစ်သည့်အတွက်မရှိတော့ကြောင်းအကြောင်းပြန်ကြားခဲ့ရာဦးနုကတခြားတေးရေးဆရာများနှင့်တိုင်ပင်ရေးသားပေးရန်ဦးစိန်မြမောင်အားထပ်မံတာ၀န်ပေးအပ်လိုက်ပြန်ပါတယ်။
ဦးစိန်မြမောင်ကဆရာစိန်ဝေလျှံ၊ဒဂုန်ဆရာတင်၊စောင်းဦးဘသန်း၊ဂီတာဦးစိန်အောင်နှင့်ဆရာရန်နိုင်စိန်တို့ကိုလိုက်လံခေါ်ဆောင်ခဲ့ရပါတော့တယ်။သူတို့အားလုံးစုဝေးရောက်ရှိလာပြီးသီချင်းရေးစပ်ဖို့တိုင်ပင်ရာ၊ဆရာဦးစိန်ဝေလျှံနှင့်စောင်းဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက်စကားများရန်ဖြစ်ကြရာမှသီချင်းရေးဖို့အစီအစဉ်ပျက်ပြားခဲ့ရပါတော့တယ်။
နောက်ထပ်သီချင်းရေးစပ်ဖို့မည်သူ့ကိုမျှစည်းရုံး၍မရပဲဖြစ်ခဲ့ရပြီးအကြောင်းစုံကိုဦးစိန်မြမောင်ကဦးနုထံတင်ပြရာဦးနုကဦးစိန်မြမောင်တစ်ယောက်တည်းရေးနိုင်ကရေးပေးစေလိုကြောင်းပြောကြားတာ၀န်ပေးအပ်လိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်တာ၀န်ဖြစ်သည့်အတွက်ဦးစိန်မြမောင်ကရဲဝံ့စွာတာ၀န်ယူ၍”တရားမျှတ၊လွတ်လပ်ခြင်းနဲ့မသွေ”အစချီ”ကမ္ဘာမကြေ”သီချင်းကိုဦးနုအိမ်တွင်တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရတာဖြစ်ပါတယ်။ထိုသို့ရေးသားစပ်ဆိုရာ၌ဝိုင်အမ်ဘီအေဆရာတင်၏”ဒို့ဗမာ”သီချင်းသံစဉ်စာသားများကိုအခြေခံ၍”
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ”အစချီ၊ပထမခြေဆင်းပိုဒ်နှင့်”ကမ္ဘာမကြေ”ဒုတိယသံပြိုင်တို့ကိုရက်ပိုင်းအတွင်းပြီးစီးအောင်ရေးသားခဲ့နိုင်ပါတယ်။သီချင်းအစအဆုံးတစ်ပုဒ်လုံးကိုဆရာဇော်ဂျီဦးဆောင်သောအကဲဖြတ်အဖွဲ့ကသီချင်းစာသားများ၊တစ်လုံးချင်းအသေးစိတ်စိစစ်ပြီးသီချင်းကိုအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။အကဲဖြတ်အဖွဲ့ကအတည်ပြုပြီးနောက်၀န်ကြီးအဖွဲ့နှင့်လွှတ်တော်အဖွဲ့နှစ်ရပ်စလုံးကပါထပ်ဆင့်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
ဤသို့အဆင့်ဆင့်အတည်ပြုပြီးသော”ကမ္ဘာမကြေ”သီချင်းကိုမြန်မာ့အသံမှဒါရိုက်တာဦးခင်ဇော်ကမြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသောအမေရိကန်တီးဝိုင်းတစ်ခု၏အကူအညီဖြင့်အသံသွင်းခဲ့တာဖြစ်ပြီးသီချင်းသီဆိုသူကအဆိုတော်ရွှေညာမောင်ဖြစ်ပါတယ်ခင်ဗျာ
ဤသို့ဖြင့်”တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ…တို့ပြေ၊တို့မြေ….များလူခပ်သိမ်းငြိမ်းချမ်းစေဖို့….ခွင့်တူညီမျှ….ဝါဒဖြူစင်တဲ့ပြည်…တို့ပြည်….တို့မြေ…ပြည်ထောင်စုအမွေအမြဲတည်တံ့စေ…အဓိဋ္ဌာန်ပြုပေ….ထိန်းသိမ်းစို့လေ….””ကမ္ဘာမကြေ…မြန်မာပြည်…တို့ဘိုးဘွားအမွေစစ်မို့…ချစ်မြတ်နိုးပေ…ပြည်ထောင်စုကိုအသက်ပေးလို့တို့ကာကွယ်မလေ…ဒါတို့ပြည်…ဒါတို့မြေ…တို့ပိုင်တဲ့မြေ…..တို့ပြည်….တို့မြေ….အကျိုးကို……ညီညာစွာတို့တတွေ…ထမ်းဆောင်ပါစို့လေ…
တို့တာ၀န်ပေ….အဖိုးတန်မြေ”..ဟူသောဤ”ကမ္ဘာမကြေ”သီချင်းသည်-မြန်မာ့လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားတွင်ယူနီယံဂျက်အလံဖြုတ်ချ၍မြန်မာနိုင်ငံတော်အလံလွင့်ထူရမည့်အချိန်၌သီဆိုရမည့်နိုင်ငံတော်သီချင်းဖြစ်လာပါတော့တယ်။
လွတ်လပ်ရေးနေ့ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင်ဦးစိန်မြမောင်သည်ဤကမ္ဘာမကြေသီချင်းဖြင့်၀ဏ္ဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီးဦးစိန်မြမောင်ကသူမကွယ်လွန်မီဤကမ္ဘာမကြေသီချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့အား၀ိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)ချီးမြှင့်ပေးအပ်ခဲ့ခြင်းကိုခံခဲ့ရသောလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပါတယ်။ရေးသူ..ဦးစိန်မြမောင်သီဆိုသူ..ဦးရွှေညာမောင်”ကမ္ဘာမကြေ”နိုင်ငံတော်သီချင်းဖြစ်ပါသည်..
Credit: Ka Kyi
Zawgyi
နိုင္ငံေတာ္သီခ်င္းSkynetမွာလာသြားတယ္စကားရည္လုပြဲကကေလးေတြကိုေမးခြန္းေမးတယ္နိုင္ငံေတာ္သီခ်င္းကိုဘယ္သူေရးတာလဲတဲ့ကေလးကေျဖတယ္ဝိုင္အမ္ဘီဆရာတင္တဲ့ကေလးအသိေလးနဲ႕ေျဖရွာတာကိုး..
skynetရဲ႕presenterကျပန္ေထာက္ရွာပါတယ္ဝိုင္အမ္ဘီေအဆရာတင္ပါတဲ့ေသလိုက္ပါေတာ့လို႔သာကိုယ့္နဖူးကိုယ္ရိုက္လိုက္မိေတာ့တယ္
ေမးသူရဲ႕အေျဖကိုနားေထာင္ေတာ့အေျဖကလဲဆရာတင္ပါပဲတဲ့တကယ္ေတာ့ဝိုင္အမ္ဘီဆရာတင္ေရးခဲ့တာတို႔ဗမာသီခ်င္းပါျမန္မာနိုင္ငံေတာ္သီခ်င္းမဟုတ္ပါဘူး..အားလုံးလိုလိုအမွတ္မွားေနၾကတာေလးသိေစခ်င္လို႔ဖတ္ထားမွတ္ထားတာေလးျပန္တင္ေပးပါရေစသိၿပီးသူလဲေတာ္ေတာ္မ်ားမွာပါ..
ဘယ္သူမဆိုကိုယ့္နိုင္ငံေတာ္သီခ်င္းသမိုင္းေလးေတာ့ကြဲကြဲျပားျပားသိထားေစခ်င္ပါေသးတယ္နိုင္ငံေတာ္သီခ်င္းရွင္းတမ္းျမန္မာ့ေတးဂီတသမိုင္းတြင္စြမ္းအင္အထက္ျမက္ဆုံးေသာေတးတစ္ပုဒ္(သို႔မဟုတ္)လူတိုင္းသီဆိုရန္ေတးသြားႏွင့္သံစဥ္ပါခက္ခဲလွေသာေတးတစ္ပုဒ္သည္
ယေန႕နိုင္ငံေတာ္သီခ်င္းဟုသတ္မွတ္ထားသည့္သီခ်င္းတစ္ပုဒ္ျဖစ္သည္။သီခ်င္းေရးစပ္တဲ့သူကစိန္ျမေမာင္ျဖစ္ၿပီးဦးႏုရဲ႕တာ၀န္ေပးခ်က္အရဦးႏုရဲ႕အိမ္မွာပဲေရးစပ္ခဲ့တယ္လို႔သိရပါတယ္။
ပထမဆုံးသီဆိုသူကေတာ့ေ႐ႊညာေမာင္ျဖစ္ပါတယ္။ျမန္မာနိုင္ငံလြတ္လပ္ေရးရသည့္၁၉၄၈ဇန္နဝါရီ၄ရက္ေန႕မွာနိုင္ငံေတာ္အလံကိုလႊင့္တင္ရမွာျဖစ္သည့္အတြက္ထိုေန႕တြင္နိုင္ငံေတာ္အလံတင္အခမ္းအနားမွာသီဆိုဖို႔သီခ်င္းတစ္ပုဒ္လိုအပ္လာပါတယ္။
သည့္အတြက္ထိုစဥ္ကနိုင္ငံေတာ္၀န္ႀကီးခ်ဳပ္ဦးႏုကလြတ္လပ္ေရးအလံတင္အခမ္းအနားမွာသီဆိုဖို႔သီခ်င္းတစ္ပုဒ္ေရးရန္ဆရာေ႐ႊတိုင္ၫြန့္အားေခၚလာေပးရန္ဦးစိန္ျမေမာင္ကိုေျပာဆိုခဲ့ပါတယ္။
ဦးစိန္ျမေမာင္ကဆရာေ႐ႊတိုင္ၫြန့္ကြယ္လြန္သြားၿပီျဖစ္သည့္အတြက္မရွိေတာ့ေၾကာင္းအေၾကာင္းျပန္ၾကားခဲ့ရာဦးႏုကတျခားေတးေရးဆရာမ်ားႏွင့္တိုင္ပင္ေရးသားေပးရန္ဦးစိန္ျမေမာင္အားထပ္မံတာ၀န္ေပးအပ္လိုက္ျပန္ပါတယ္။
ဦးစိန္ျမေမာင္ကဆရာစိန္ေဝလွ်ံ၊ဒဂုန္ဆရာတင္၊ေစာင္းဦးဘသန္း၊ဂီတာဦးစိန္ေအာင္ႏွင့္ဆရာရန္နိုင္စိန္တို႔ကိုလိုက္လံေခၚေဆာင္ခဲ့ရပါေတာ့တယ္။သူတို႔အားလုံးစုေဝးေရာက္ရွိလာၿပီးသီခ်င္းေရးစပ္ဖို႔တိုင္ပင္ရာ၊ဆရာဦးစိန္ေဝလွ်ံႏွင့္ေစာင္းဦးဘသန္းတို႔တစ္ေယာက္ႏွင့္တစ္ေယာက္စကားမ်ားရန္ျဖစ္ၾကရာမွသီခ်င္းေရးဖို႔အစီအစဥ္ပ်က္ျပားခဲ့ရပါေတာ့တယ္။
ေနာက္ထပ္သီခ်င္းေရးစပ္ဖို႔မည္သူ႕ကိုမွ်စည္း႐ုံး၍မရပဲျဖစ္ခဲ့ရၿပီးအေၾကာင္းစုံကိုဦးစိန္ျမေမာင္ကဦးႏုထံတင္ျပရာဦးႏုကဦးစိန္ျမေမာင္တစ္ေယာက္တည္းေရးနိုင္ကေရးေပးေစလိုေၾကာင္းေျပာၾကားတာ၀န္ေပးအပ္လိုက္တာျဖစ္ပါတယ္။
နိုင္ငံေတာ္တာ၀န္ျဖစ္သည့္အတြက္ဦးစိန္ျမေမာင္ကရဲဝံ့စြာတာ၀န္ယူ၍တရားမွ်တ၊လြတ္လပ္ျခင္းနဲ႕မေသြအစခ်ီကမၻာမေၾကသီခ်င္းကိုဦးႏုအိမ္တြင္တစ္ေယာက္တည္းေရးသားစပ္ဆိုခဲ့ရတာျဖစ္ပါတယ္။ထိုသို႔ေရးသားစပ္ဆိုရာ၌ဝိုင္အမ္ဘီေအဆရာတင္၏ဒို႔ဗမာသီခ်င္းသံစဥ္စာသားမ်ားကိုအေျခခံ၍
တရားမွ်တလြတ္လပ္ျခင္းနဲ႕မေသြအစခ်ီ၊ပထမေျခဆင္းပိုဒ္ႏွင့္ကမၻာမေၾကဒုတိယသံၿပိဳင္တို႔ကိုရက္ပိုင္းအတြင္းၿပီးစီးေအာင္ေရးသားခဲ့နိုင္ပါတယ္။သီခ်င္းအစအဆုံးတစ္ပုဒ္လုံးကိုဆရာေဇာ္ဂ်ီဦးေဆာင္ေသာအကဲျဖတ္အဖြဲ႕ကသီခ်င္းစာသားမ်ား၊တစ္လုံးခ်င္းအေသးစိတ္စိစစ္ၿပီးသီခ်င္းကိုအတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။အကဲျဖတ္အဖြဲ႕ကအတည္ျပဳၿပီးေနာက္၀န္ႀကီးအဖြဲ႕ႏွင့္လႊတ္ေတာ္အဖြဲ႕ႏွစ္ရပ္စလုံးကပါထပ္ဆင့္အတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။
ဤသို႔အဆင့္ဆင့္အတည္ျပဳၿပီးေသာကမၻာမေၾကသီခ်င္းကိုျမန္မာ့အသံမွဒါရိုက္တာဦးခင္ေဇာ္ကျမန္မာနိုင္ငံသို႔ေခတၱေရာက္ရွိေနေသာအေမရိကန္တီးဝိုင္းတစ္ခု၏အကူအညီျဖင့္အသံသြင္းခဲ့တာျဖစ္ၿပီးသီခ်င္းသီဆိုသူကအဆိုေတာ္ေ႐ႊညာေမာင္ျဖစ္ပါတယ္ခင္ဗ်ာ
ဤသို႔ျဖင့္တရားမွ်တလြတ္လပ္ျခင္းနဲ႕မေသြတို႔ေျပ၊တို႔ေျမ.မ်ားလူခပ္သိမ္းၿငိမ္းခ်မ္းေစဖို႔.ခြင့္တူညီမွ်.ဝါဒျဖဴစင္တဲ့ျပည္တို႔ျပည္.တို႔ေျမျပည္ေထာင္စုအေမြအၿမဲတည္တံ့ေစအဓိ႒ာန္ျပဳေပ.ထိန္းသိမ္းစို႔ေလ.ကမၻာမေၾကျမန္မာျပည္တို႔ဘိုးဘြားအေမြစစ္မို႔ခ်စ္ျမတ္နိုးေပျပည္ေထာင္စုကိုအသက္ေပးလို႔တို႔ကာကြယ္မေလဒါတို႔ျပည္ဒါတို႔ေျမတို႔ပိုင္တဲ့ေျမ..တို႔ျပည္.တို႔ေျမ.အက်ိဳးကိုညီညာစြာတို႔တေတြထမ္းေဆာင္ပါစို႔ေလ
တို႔တာ၀န္ေပ.အဖိုးတန္ေျမ..ဟူေသာဤကမၻာမေၾကသီခ်င္းသည္-ျမန္မာ့လြတ္လပ္ေရးေန႕အလံတင္အခမ္းအနားတြင္ယူနီယံဂ်က္အလံျဖဳတ္ခ်၍ျမန္မာနိုင္ငံေတာ္အလံလြင့္ထူရမည့္အခ်ိန္၌သီဆိုရမည့္နိုင္ငံေတာ္သီခ်င္းျဖစ္လာပါေတာ့တယ္။
လွတ်လပ်ရေးနေ့ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင်ဦးစိန်မြမောင်သည်ဤကမ္ဘာမကြေသီချင်းဖြင့်၀ဏ္ဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီးဦးစိန်မြမောင်ကသူမကွယ်လွန်မီဤကမ္ဘာမကြေသီချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့အား၀ိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့္)ခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္းကိုခံခဲ့ရေသာေလးစားထိုက္တဲ့ပုဂၢိုလ္ႀကီးျဖစ္ခဲ့ပါတယ္။ေရးသူ..ဦးစိန္ျမေမာင္သီဆိုသူ..ဦးေ႐ႊညာေမာင္ကမၻာမေၾကနိုင္ငံေတာ္သီခ်င္းျဖစ္ပါသည္..
Credit: Ka Kyi