ကျောင်းတက်၍ အဆောင်မှာပြောင်းနေရစဥ် အဖွားဖြစ်သူကိုပါ ခေါ်နေခဲ့ပြီး ပြုစုစောင့်ရှောက်ပေးခဲ့သော မြေးမလေး

လူတိုင်းက အိုခြင်းတရားကို ရှောင်လွှဲ၍မရပဲ တစ်နေ့အိုမင်းလာတဲ့အခါ သားသမီးတွေကို အနားမှာရှိစေချင်တတ်ကြပြီး ဂရုစိုက်မှု နွေးထွေးကြင်နာမှုတို့ကို လိုချင်တတ်ကြစမြဲဖြစ်ပေသည်။

သို့ဖြစ်၍ ထိုင်းယန်းပြည်နယ် တောင်တန်းဒေသတွင် နေထိုင်သော အသက် ၁၉နှစ်အရွယ် မိန်းကလေးသည် ငယ်စဥ်လေးတည်းက ဖခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး မိခင်ဖြစ်သူကလည်း နာတာရှည်ရောဂါနှင့်အတူ ကွယ်လွန်သွားခဲ့ပြန်၍ အဖွားဖြစ်သူဧ။်လက်ထဲတွင်သာ ကြီးပြင်းလာခဲ့သည်။

အဖွားဖြစ်သူသည် အသက် ၉၃နှစ်အရွယ် ရှိပြီဖြစ်ပြီး မြေးမလေးကို မိဘရင်းတွေအစား အရမ်းချစ်ပေးကာ ကြင်နာနွေးထွေးမှုတွေပေးခဲ့၍ မြေးမလေးမှလည်း မြို့ထဲသို့ ကျောင်းသွားတက်စဥ်အချိန်လေးမှာ စိတ်ချစွာမထားခဲ့နိုင်၍ အဖွားဖြစ်သူကို အဆောင်တွင် ခေါ်နေခဲ့သည်။

မြေးမလေးသည် အသက်ကြီးလာ၍ အရိုးအဆစ်တွေမသန်မာတော့သည့် အဖွားဖြစ်သူကို ငြိုငြင်ခြင်းမရှိပဲ ကျောင်းစာကတစ်ဖက် ပြုစုစောင့်ရှောက်ပေးခဲ့ရာ သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး လျှောက်လည်တာမျိုးမလုပ်ပဲ အဖွားဖြစ်သူအနားမှာပင် အချိန်တွေကုန်ဆုံးစေခဲ့၍ အများဧ။် ချီးကျူးခြင်းများစွာကို ခံနေရသည်။

crd,

Zawgyi
လူတိုင္းက အိုျခင္းတရားကို ေရွာင္လႊဲ၍မရပဲ တစ္ေန႕အိုမင္းလာတဲ့အခါ သားသမီးေတြကို အနားမွာရွိေစခ်င္တတ္ၾကၿပီး ဂ႐ုစိုက္မႈ ႏြေးေထြးၾကင္နာမႈတို႔ကို လိုခ်င္တတ္ၾကစၿမဲျဖစ္ေပသည္။

သို႔ျဖစ္၍ ထိုင္းယန္းျပည္နယ္ ေတာင္တန္းေဒသတြင္ ေနထိုင္ေသာ အသက္ ၁၉ႏွစ္အ႐ြယ္ မိန္းကေလးသည္ ငယ္စဥ္ေလးတည္းက ဖခင္ျဖစ္သူမွာ ဆုံးပါးသြားၿပီး မိခင္ျဖစ္သူကလည္း နာတာရွည္ေရာဂါႏွင့္အတူ ကြယ္လြန္သြားခဲ့ျပန္၍ အဖြားျဖစ္သူဧ။္လက္ထဲတြင္သာ ႀကီးျပင္းလာခဲ့သည္။

အဖြားျဖစ္သူသည္ အသက္ ၉၃ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ၿပီး ေျမးမေလးကို မိဘရင္းေတြအစား အရမ္းခ်စ္ေပးကာ ၾကင္နာႏြေးေထြးမႈေတြေပးခဲ့၍ ေျမးမေလးမွလည္း ၿမိဳ႕ထဲသို႔ ေက်ာင္းသြားတက္စဥ္အခ်ိန္ေလးမွာ စိတ္ခ်စြာမထားခဲ့နိုင္၍ အဖြားျဖစ္သူကို အေဆာင္တြင္ ေခၚေနခဲ့သည္။

ေျမးမေလးသည္ အသက္ႀကီးလာ၍ အရိုးအဆစ္ေတြမသန္မာေတာ့သည့္ အဖြားျဖစ္သူကို ၿငိဳျငင္ျခင္းမရွိပဲ ေက်ာင္းစာကတစ္ဖက္ ျပဳစုေစာင့္ေရွာက္ေပးခဲ့ရာ သူငယ္ခ်င္းေတြႏွင့္ ေပ်ာ္ေပ်ာ္ပါးပါး ေလွ်ာက္လည္တာမ်ိဳးမလုပ္ပဲ အဖြားျဖစ္သူအနားမွာပင္ အခ်ိန္ေတြကုန္ဆုံးေစခဲ့၍ အမ်ားဧ။္ ခ်ီးက်ဴးျခင္းမ်ားစြာကို ခံေနရသည္။

crd,