စဉ့်ကူးမင်း၏မိဖုရား(သို့) နန်းတွင်းစာဆိုတော်ရှင်မင်း မိဖုရားကြီး

ကုန်းဘောင်ခေတ်တွင် အမျိုးသမီး နန်းတွင်းစာဆိုတော် အမြောက်အမြား ပေါ်ထွန်းခဲ့ရာ ယင်းတို့အနက် မိဖုရားကြီး ရှင်မင်းသည် အဦးအဖျား ဖြစ်လေသည်။

ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ပေါ်ထွက်ခဲ့သူ ဖြစ်၍ မိဖုရားမမြကလေး၊ လှိုင်ထိပ်ခေါင်တင် မင်းသမီး တို့ထက် ပို၍ အလျင်ကျသည်။ ရှင်မင်းသည် အမျိုးသမီး နန်းတွင်းစာဆို ဖြစ်သည်သာမက စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးလည်း ဖြစ်လေသည်။

မိဖုရားကြီးရှင်မင်းသည် အင်းဝဆင်ဖြူရင် မင်းတရားကြီး လက်ထက်တွင် နန်းတွင်းစာဆိုဖြစ်သော မြင်းစုဝန်ကြီးသမီး စန္ဒာဒေဝီဘွဲ့ခံ ရှင်ဖွားနှင့် ကျီအတွင်းဝန် နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့၏ သမီး ဖြစ်သည်။ စဉ့်ကူမင်းသား နန်းတက် သော သက္ကရာဇ် ၁၁၃၈ ခုနှစ်၌ ရှင်မင်းအား မဟာရတနာ စန္ဒာဒေဝီဘွဲ့ဖြင့် မိဖုရားခေါင်ကြီး မြေ|ာက်တော်မူသည်။

ရှင်မင်းသည် အဖြည့်ခံ ရတု၊ လေးဆစ်ကဗျာနှင့် တေး ထပ်များကို အများအပြား ရေးသားသည်။ ရတုတွင် မိဖုရားကြီး ရှင်မင်းသည် နဝဒေးကြီး၏အာဘော်ကိုလည်း မလိုက်ဘဲ တစ်သီးတစ်ခြား ပင်ကိုယ်နည်းဖြင့် ဖွဲ့နွဲ့သည်။ သို့သော် ဆိုလို ရင်းကို တိုက်ရိုက်မဆိုဘဲ အသွယ်အဝိုက် များနေ၍ ဖွဲ့နွဲ့ပုံသည် ပြေပြစ်သင့်သလောက် မပြေပြစ်ပေ။

မိုးဖွဲ့ ရတုများတွင်မူ ရှင်မင်း၏အဖွဲ့သည် အတော်ပင် ကောင်းပေသည်။ မိန်းမသား လည်းဖြစ်၊ နန်းတွင်းသူလည်း ဖြစ်ရကား ရှင်မင်း၏ အဖွဲ့အနွဲ့ များသည် လွန်စွာ ယဉ်ကျေးသိမ်မွေ့၍ သုတိသာပေသည်။ အထူးသဖြင့် အလွမ်းကို ပိုင်နိုင်စွာဖွဲ့ဆိုနိုင်သည်။ အသုံးအနှုန်း များသည်လည်း သိမ်မွေ့ နူးညံ့သည်။

မိုးအဖွဲ့အနွဲ့တွင် ရှင်သံခို နှင့် နတ်ရှင်နောင်တို့၏ ဖွဲ့နွဲ့ပုံကို အတုယူဟန် ရှိသော်လည်း ယင်းစာဆို တော်များ၏ အသုံးအနှုန်းကဲ့သို့ စကားလုံးနည်း နည်းနှင့် အဓိပ္ပါယ် ကျယ်ဝန်းနက်နဲခြင်း၊ ကျစ်လျစ်သိပ်သည်း ခြင်း မရှိချေ။
မိဖုရားကြီး ရှင်မင်းသည် တေးထပ်နှင့် လေးဆစ်ကဗျာ များကိုလည်း ရေးသားခဲ့သေးသည်။

ရှင်မင်းသည် အခြား ကဗျာများထက် တေးထပ်အရေးအစပ်တွင် ပို၍ ထက်သန်ပုံ ရကာ အဖွဲ့အနွဲ့ ပို၍ ကောင်းသည်ကို တွေ့ရသည်။ ဆံခွေကို ဖြန့်ကျင်းလို့၊ ပြတင်းက မယ်မျှော်၊ ရွှေလမင်း စန္ဒော်ငယ်၊ ထွက်ပေါ်လာမူနိုး၊ စောင့်စားလို့ တာရှည် သည်၊ နေခြည်မှာ ပန်းကဲ့သို့ညှိုး။

ချနေကျ မှန်စာကို၊ အခါခါ မယ်ထိုး၊ စနဲပုံ ရွှေကြက်ရိုး ရယ်က၊ အကျိုးငယ် မထင်။ ရွှေတိုင်ထူ နတ်ကိန်းက၊ တိမ်းယိမ်းလို့ မမှန်လေကျင်။ ဘယ် ကျွန်းသူ့ သခင်ရယ်၊ ထိပ်တင်ကို ချော့ပါလိမ့်၊ မေ့လျော့နေ သည့်နှယ်၊ ရှိပြန်ရတယ်။ ပူလွန်းလို့ ပြန့်ကျယ်တယ်၊ ဘုန်း ကြွယ်ကြွယ် ဘုရာ့ကြောင့်လေး
အထက်ပါ တေးထပ်သည် မိဖုရားကြီး၏ အကောင်းဆုံး အမျှော်စိုက်တေးတပ် ဖြစ်သည်။

စဉ့်ကူးမင်းသည် အခြားမိဖုရား များ၊ ကိုယ်လုပ်တော်များနှင့်သာ ပျော်မွေ့နေကာ မိမိထံတော်သို့ ကြွမြန်းတော်မမူလာသဖြင့် မိမိမှာ အပူမီး ငြိတွယ်ပုံကို တေးထပ်စာကိုယ်က ထင်ရှားစွာ ပြဆိုထားလေသည်။ မိဖုရားကြီး ရှင်မင်း၏ လေးဆစ်သဖြန်များသည် အဖွဲ့အနွဲ့ အဆင့်အတန်း မမြင့်လှသော်လည်း ရှေးကျသောသည်။

မိဖုရား ကြီး ရှင်မင်းသည် ၁၁၄၃ ခုနှစ် ဘိုးတော်ဘုရား (ဗဒုံမင်း) ထီးနန်းကို လုပ်ကြံ၍ အောင်မြင်ရာတွင် စဉ့်ကူမင်းနှင့်အတူ ဖျောက်ဖျက်ခြင်း ခံရလေသည်။ မင်းရွှေနှစ်အမည်ရှိ သမီးတော် တစ်ပါး ထွန်းကား၍ ခမည်းတော် မယ်တော်တို့နှင့်အတူ ဆုံးခဲ့ ရှာသည်။ မိဖုရားကြီးရှင်မင်း၏ ကုသိုလ်တော်မှာ စစ်ကိုင်းမြို့ရှိ ရတနာစံလွတ် ကျောင်းတော်ကြီးဖြစ်၍ မင်းဘူး ဆရာတော်အား ဆောက်လုပ် လှူဒါန်းခဲ့လေသည်။

Credit; မူရင်း

Zawgyi
ကုန္းေဘာင္ေခတ္တြင္ အမ်ိဳးသမီး နန္းတြင္းစာဆိုေတာ္ အေျမာက္အျမား ေပၚထြန္းခဲ့ရာ ယင္းတို႔အနက္ မိဖုရားႀကီး ရွင္မင္းသည္ အဦးအဖ်ား ျဖစ္ေလသည္။

ကုန္းေဘာင္ေခတ္ ပထမပိုင္းတြင္ ေပၚထြက္ခဲ့သူ ျဖစ္၍ မိဖုရားမျမကေလး၊ လွိုင္ထိပ္ေခါင္တင္ မင္းသမီး တို႔ထက္ ပို၍ အလ်င္က်သည္။ ရွင္မင္းသည္ အမ်ိဳးသမီး နန္းတြင္းစာဆို ျဖစ္သည္သာမက စဉ့္ကူးမင္း၏ မိဖုရားေခါင္ႀကီးလည္း ျဖစ္ေလသည္။

မိဖုရားႀကီးရွင္မင္းသည္ အင္းဝဆင္ျဖဴရင္ မင္းတရားႀကီး လက္ထက္တြင္ နန္းတြင္းစာဆိုျဖစ္ေသာ ျမင္းစုဝန္ႀကီးသမီး စႏၵာေဒဝီဘြဲ႕ခံ ရွင္ဖြားႏွင့္ က်ီအတြင္းဝန္ နႏၵေက်ာ္ထင္ဘြဲ႕ခံ ေမာင္ထြန္းတို႔၏ သမီး ျဖစ္သည္။ စဉ့္ကူမင္းသား နန္းတက္ ေသာ သကၠရာဇ္ ၁၁၃၈ ခုႏွစ္၌ ရွင္မင္းအား မဟာရတနာ စႏၵာေဒဝီဘြဲ႕ျဖင့္ မိဖုရားေခါင္ႀကီး ေျမ|ာက္ေတာ္မူသည္။

ရွင္မင္းသည္ အျဖည့္ခံ ရတု၊ ေလးဆစ္ကဗ်ာႏွင့္ ေတး ထပ္မ်ားကို အမ်ားအျပား ေရးသားသည္။ ရတုတြင္ မိဖုရားႀကီး ရွင္မင္းသည္ နဝေဒးႀကီး၏အာေဘာ္ကိုလည္း မလိုက္ဘဲ တစ္သီးတစ္ျခား ပင္ကိုယ္နည္းျဖင့္ ဖြဲ႕ႏြဲ႕သည္။ သို႔ေသာ္ ဆိုလို ရင္းကို တိုက္ရိုက္မဆိုဘဲ အသြယ္အဝိုက္ မ်ားေန၍ ဖြဲ႕ႏြဲ႕ပုံသည္ ေျပျပစ္သင့္သေလာက္ မေျပျပစ္ေပ။

မိုးဖြဲ႕ ရတုမ်ားတြင္မူ ရွင္မင္း၏အဖြဲ႕သည္ အေတာ္ပင္ ေကာင္းေပသည္။ မိန္းမသား လည္းျဖစ္၊ နန္းတြင္းသူလည္း ျဖစ္ရကား ရွင္မင္း၏ အဖြဲ႕အႏြဲ႕ မ်ားသည္ လြန္စြာ ယဥ္ေက်းသိမ္ေမြ႕၍ သုတိသာေပသည္။ အထူးသျဖင့္ အလြမ္းကို ပိုင္နိုင္စြာဖြဲ႕ဆိုနိုင္သည္။ အသုံးအႏႈန္း မ်ားသည္လည္း သိမ္ေမြ႕ ႏူးညံ့သည္။

မိုးအဖြဲ႕အႏြဲ႕တြင္ ရွင္သံခို ႏွင့္ နတ္ရွင္ေနာင္တို႔၏ ဖြဲ႕ႏြဲ႕ပုံကို အတုယူဟန္ ရွိေသာ္လည္း ယင္းစာဆို ေတာ္မ်ား၏ အသုံးအႏႈန္းကဲ့သို႔ စကားလုံးနည္း နည္းႏွင့္ အဓိပ္ပါယ် က်ယ္ဝန္းနက္နဲျခင္း၊ က်စ္လ်စ္သိပ္သည္း ျခင္း မရွိေခ်။
မိဖုရားႀကီး ရွင္မင္းသည္ ေတးထပ္ႏွင့္ ေလးဆစ္ကဗ်ာ မ်ားကိုလည္း ေရးသားခဲ့ေသးသည္။

ရွင္မင္းသည္ အျခား ကဗ်ာမ်ားထက္ ေတးထပ္အေရးအစပ္တြင္ ပို၍ ထက္သန္ပုံ ရကာ အဖြဲ႕အႏြဲ႕ ပို၍ ေကာင္းသည္ကို ေတြ႕ရသည္။ ဆံေခြကို ျဖန႔္က်င္းလို႔၊ ျပတင္းက မယ္ေမွ်ာ္၊ ေ႐ႊလမင္း စႏၵော္ငယ္၊ ထြက္ေပၚလာမူနိုး၊ ေစာင့္စားလို႔ တာရွည္ သည္၊ ေနျခည္မွာ ပန္းကဲ့သို႔ညွိုး။

ခ်ေနက် မွန္စာကို၊ အခါခါ မယ္ထိုး၊ စနဲပုံ ေ႐ႊၾကက္ရိုး ရယ္က၊ အက်ိဳးငယ္ မထင္။ ေ႐ႊတိုင္ထူ နတ္ကိန္းက၊ တိမ္းယိမ္းလို႔ မမွန္ေလက်င္။ ဘယ္ ကြၽန္းသူ႕ သခင္ရယ္၊ ထိပ္တင္ကို ေခ်ာ့ပါလိမ့္၊ ေမ့ေလ်ာ့ေန သည့္ႏွယ္၊ ရွိျပန္ရတယ္။ ပူလြန္းလို႔ ျပန႔္က်ယ္တယ္၊ ဘုန္း ႂကြယ္ႂကြယ္ ဘုရာ့ေၾကာင့္ေလး
အထက္ပါ ေတးထပ္သည္ မိဖုရားႀကီး၏ အေကာင္းဆုံး အေမွ်ာ္စိုက္ေတးတပ္ ျဖစ္သည္။

စဉ့္ကူးမင္းသည္ အျခားမိဖုရား မ်ား၊ ကိုယ္လုပ္ေတာ္မ်ားႏွင့္သာ ေပ်ာ္ေမြ႕ေနကာ မိမိထံေတာ္သို႔ ႂကြျမန္းေတာ္မမူလာသျဖင့္ မိမိမွာ အပူမီး ၿငိတြယ္ပုံကို ေတးထပ္စာကိုယ္က ထင္ရွားစြာ ျပဆိုထားေလသည္။ မိဖုရားႀကီး ရွင္မင္း၏ ေလးဆစ္သျဖန္မ်ားသည္ အဖြဲ႕အႏြဲ႕ အဆင့္အတန္း မျမင့္လွေသာ္လည္း ေရွးက်ေသာသည္။

မိဖုရား ႀကီး ရွင္မင္းသည္ ၁၁၄၃ ခုႏွစ္ ဘိုးေတာ္ဘုရား (ဗဒုံမင္း) ထီးနန္းကို လုပ္ႀကံ၍ ေအာင္ျမင္ရာတြင္ စဉ့္ကူမင္းႏွင့္အတူ ေဖ်ာက္ဖ်က္ျခင္း ခံရေလသည္။ မင္းေ႐ႊႏွစ္အမည္ရွိ သမီးေတာ္ တစ္ပါး ထြန္းကား၍ ခမည္းေတာ္ မယ္ေတာ္တို႔ႏွင့္အတူ ဆုံးခဲ့ ရွာသည္။ မိဖုရားႀကီးရွင္မင္း၏ ကုသိုလ္ေတာ္မွာ စစ္ကိုင္းၿမိဳ႕ရွိ ရတနာစံလြတ္ ေက်ာင္းေတာ္ႀကီးျဖစ္၍ မင္းဘူး ဆရာေတာ္အား ေဆာက္လုပ္ လႉဒါန္းခဲ့ေလသည္။

Credit; မူရင္း