ဗိဿနိုးမြို့ဟောင်းဟာ တောင်တွင်းကြီး ကနေ ၁၂ မိုင် ခန့်အကွာမှာ တည်ရှိပါတယ်။ ဘီစီ ၄ရာစုလောက် မှာ တည် ထောင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။
မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်း က ရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက် သလောက် ရှိနေပါပြီ။
ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။
“ငါလာမှကြီး၊ ငါလာမှသီး” ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။
ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။
ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တဝိုက်မှာ တွေ့နေရဆဲပါ။
ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။
ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ ကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ ခေါ်တာပါ။ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေ ရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်။
ဒါပေမယ့် အင်ကြင်းပန်းတွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ ဘုရင်မ ပန်ထွာ ရဲ့ ဝိဉာဉ်သာ သိပါလိမ့်မယ်။ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။
ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ကို ပဋ္ဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာ ရှိပါတယ်။
ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက် ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင် မဝိဉာဉ်က လက်မခံတာပါ။
ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ကိုမြင်ခဲ့ကြရပါတယ်လို့ဆိုခဲ့ကြပါတယ်။
အမှားအယွင်း မလုပ်ရဲကြပါဘူး။ တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မက အသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေ နီးပါး ရှိတယ်လို့ဆိုပါတယ်။
ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့ အကြောင်းအရာလည်း ဖြစ်နိုင်ပါတယ်။အဲဒီအရိုး မှာ နှစ် ၂၀၀၀ ကျော်သက်တမ်း ရှိနေပါပြီဟု(ရှေး/သု)မှဆိုပါတယ်။
ဗိဿနိုးမြို့ဟောင်းထဲမှာ ည အချိန်တစ်ယောက်ထဲ သွားဝံ့သူ မရှိပါဘူး။ ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ဓာတ် က ခြောက်ခြားအောင် လွှမ်းမိုးထားဆဲပါ။
အနီးအနားက ရွာတွေက ရွာခံတွေလည်း မသွားရဲပါဘူး။ ပန်ထွာဘုရင်မ ကို နတ်နန်းဆောက် ကိုးကွယ်တဲ့ ဓလေ့ယနေ့အထိ ရှိပါတယ်။ နတ်ဆက်ရာမှာ လည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာ ဆက်သရပါတယ်။ အသား၊ ငါး မဆက်ရပါ။
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက် လည်ပတ်သူနည်းပါးစွာ နဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် ဗိဿနိုးမြို့ ကို သွားရောက်ပြီး ပန်ထွာဘုရင်မ ကို မပျင်းရအောင် မကြာခဏ ဆိုသလို အနည်းဆုံး တစ်နှစ် တစ်ခေါက် ၊နှစ်ခေါက် သွားရောက် ဂါရဝပြုနေကြတဲ့ လူ အချို့တော့ရှိနေပါတယ်။
အဲဒီလူတွေကတော့ ပန်ထွာဘုရင်မ ကို သစ္စာရှိပါ့မယ် လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ရဲ့နောက်ဆုံး အချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံ တိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မ ရဲ့ စစ်သူကြီးလေးဦး နဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝ ကို ပြန်လည် ရရှိသူတွေဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။
crd,Min Gyi
Zawgyi
ဗိႆနိုးၿမိဳ႕ေဟာင္းဟာ ေတာင္တြင္းႀကီး ကေန ၁၂ မိုင္ ခန႔္အကြာမွာ တည္ရွိပါတယ္။ ဘီစီ ၄ရာစုေလာက္ မွာ တည္ ေထာင္ခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။
မိုးနည္းေရရွား အရပ္ျဖစ္တာေၾကာင့္ ရန္ပယ္ေခ်ာင္း က ေရ ကို အဓိက အားထားၾကရပါတယ္။ ဒါ့ အျပင္ အျပင္ေသာက္ေတာ္ကန္၊ အတြင္းေသာက္ေတာ္ကန္ စတဲ့ေရကန္ အခ်ိဳ႕ရွိေသာ္လည္း ယခုအခါ ေရခမ္းေျခာက္ သေလာက္ ရွိေနပါၿပီ။
ဗိႆနိုးၿမိဳ႕ေဟာင္းထဲက ေပပင္ေတြက အသီးမသီး မႀကီးထြားပဲ ႏွစ္ေထာင္ခ်ီ သက္တမ္း ရွိေနၾကပါတယ္။ အျမင့္က လူတစ္ရပ္ေလာက္ပဲ ရွိပါတယ္။ ဒါကေတာ့ ပန္ထြာဘုရင္မ ရဲ႕ ဆုေတာင္းတစ္ခုပါ။
ငါလာမွႀကီး၊ ငါလာမွသီး ဆိုတဲ့ ဆုေတာင္း အတိုင္း ဗိႆနိုးၿမိဳ႕ေဟာင္းထဲက ေပပင္ေတြက ဘုရင္မ လူျပန္မျဖစ္မခ်င္း မႀကီးထြား၊ အသီးမသီးတာ လို႔ အဆိုရွိပါတယ္။
ဗိႆနိုးၿမိဳ႕ေဟာင္းထဲမွာ အင္ၾကင္းဥယ်ာဥ္ လို႔ေခၚတဲ့ ဥယ်ာဥ္တစ္ခု ရွိပါတယ္။ ဒါေပမယ့္ ပန္ထြာဘုရင္မ လက္ထက္ေတာ္မွ ယေန႕အထိ အင္ၾကင္းပင္ တစ္ပင္မွ မရွိခဲ့ဖူးပါဘူး။
ဒါေပမယ့္ေန႕စဥ္ေန႕တိုင္း အင္ၾကင္းပန္း အေႂကြေတြကို ယေန႕ထက္တိုင္အင္ၾကင္းဥယ်ာဥ္ေျမေနရာ တဝိုက္မွာ ေတြ႕ေနရဆဲပါ။
ဒီ အင္ၾကင္းဥယ်ာဥ္ ကို ပန္ထြာဘုရင္မ က ဗိႆနိုးနတ္မင္းႀကီး ကို ရည္စူးၿပီးလႉဒါန္းခဲ့တာပါ။
ဥယ်ာဥ္ထဲမွာ အင္ၾကင္းပင္ မရွိေသာ္လည္း ဗိႆနိုးနတ္မင္းႀကီး ရဲ႕ အမိန႔္ နဲ႕ အင္ၾကင္းပြင့္ေတြက ဥယ်ာဥ္ေတာ္ထဲ ကိုအလိုေလ်ာက္ေရာက္ေနတတ္လို႔ အင္ၾကင္းဥယ်ာဥ္လို႔ ေခၚတာပါ။ယခုထိလည္း ဘယ္ကမွန္း မသိတဲ့ အင္ၾကင္းပြင့္ေတြ ေရာက္ေနဆဲပါ။
အထူးသျဖင့္ ပန္ထြာဘုရင္မ တည္ခဲ့တဲ့ ေ႐ႊေရာင္ေတာ္ေစတီ မွာ အင္ၾကင္းပန္းေတြကို ဘုရားပန္း လႉထားတာအျပင္ ဘုရားရင္ျပင္ တစ္ဝိုက္ျပန႔္ႀကဲစြာ ရွိေနတတ္ၾကပါတယ္။
ဒါေပမယ့္ အင္ၾကင္းပန္းေတြ ဘယ္ကလာသလဲ ဆိုတာကိုေတာ့ ဘုရင္မ ပန္ထြာ ရဲ႕ ဝိဉာဥ္သာ သိပါလိမ့္မယ္။ဒါ့အျပင္ ဗိႆနိုးၿမိဳ႕ေဟာင္းထဲမွာ အသားစားခြင့္ မရွိပါဘူး။ စည္းကမ္းေတြ အရမ္းတင္းၾကပ္ပါတယ္။
ဝိနည္း နဲ႕ မညီတဲ့ ရဟန္းေတြေနခြင့္ မရွိပါဘူး။ေနခြင့္ မရွိလို႔လည္း ပန္ထြာဘုရင္မ ရဲ႕ ဝိဉာဥ္ကို ပ႒ာန္းဆက္ေၾကာင့္ ၾသဇာေညာင္း တဲ့ ေတာင္ငူနန္းတြင္းေက်ာင္းဆရာေတာ္ ရဲ႕ေက်ာင္းတစ္ခုသာ ဗိႆနိုးၿမိဳ႕ေဟာင္းမွာ ရွိပါတယ္။
ဒါကလည္း ရဟန္းအေယာင္ေဆာင္ထားသူေတြ ရဲ႕ ပရိယာယ္ေၾကာင့္ ဗိႆနိုးၿမိဳ႕ႀကီး ပ်က္စီးၿပီး သေရေခတၱရာျပည့္ရွင္ ဒြတၱေပါင္လက္ေအာက္ ေရာက္ရတာကို အညွိုးထားၿပီး သိကၡာ နဲ႕ ဝါစဥ္ႏုေသးတဲ့ ရဟန္းေတာ္ေတြကို ပန္ထြာဘုရင္ မဝိဉာဥ္က လက္မခံတာပါ။
ေရွးေဟာင္းသုေတသနဌာန က ဗိႆနိုးၿမိဳ႕ေဟာင္းႀကီးကို ေတာ္ေတာ္ မ်ားမ်ား တူးေဖာ္ ထိန္းသိမ္းထားၿပီးျဖစ္ပါတယ္။ တူးေဖာ္ရာမွာလည္း မကြၽတ္လြတ္ေသးတဲ့ ပန္ထြာဘုရင္မ ရဲ႕ ဝိဉာဥ္ကိုျမင္ခဲ့ၾကရပါတယ္လို႔ဆိုခဲ့ၾကပါတယ္။
အမွားအယြင္း မလုပ္ရဲၾကပါဘူး။ ေတြ႕ရွိဖူးတဲ့သူေတြရဲ႕ အဆိုအရ ပန္ထြာဘုရင္မက အသားအေရျဖဴစပ္စပ္ရွိၿပီး အရပ္က ၇ပေ နီးပါး ရွိတယ္လို႔ဆိုပါတယ္။
ဒီအခ်က္ကေတာ့ ဗိႆနိုးၿမိဳ႕ေဟာင္းထဲက အရပ္ ၇ပေ ရွိတဲ့ အမ်ိဳးသမီးတစ္ဦး ရဲ႕ အရိုးစုေနရာကို တူးေဖာ္မိရာကေန ပန္ထြာဘုရင္မ ရဲ႕ အရိုးစု လို႔ ယူဆခဲ့ရာ က ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာလည္း ျဖစ္နိုင္ပါတယ္။အဲဒီအရိုး မွာ ႏွစ္ ၂၀၀၀ ေက်ာ္သက္တမ္း ရွိေနပါၿပီဟု(ေရွး/သု)မွဆိုပါတယ္။
ဗိႆနိုးၿမိဳ႕ေဟာင္းထဲမွာ ည အခ်ိန္တစ္ေယာက္ထဲ သြားဝံ့သူ မရွိပါဘူး။ ပန္ထြာဘုရင္မ ရဲ႕ ဝိဉာဥ္ဓာတ္ က ေျခာက္ျခားေအာင္ လႊမ္းမိုးထားဆဲပါ။
အနီးအနားက ႐ြာေတြက ႐ြာခံေတြလည္း မသြားရဲပါဘူး။ ပန္ထြာဘုရင္မ ကို နတ္နန္းေဆာက္ ကိုးကြယ္တဲ့ ဓေလ့ယေန႕အထိ ရွိပါတယ္။ နတ္ဆက္ရာမွာ လည္း သက္သက္လြတ္ သစ္ဖုသစ္ဥေတြသာ ဆက္သရပါတယ္။ အသား၊ ငါး မဆက္ရပါ။
ဘာပဲျဖစ္ျဖစ္ စိတ္ဝင္စားစရာ ဗိႆနိုးၿမိဳ႕ေဟာင္းႀကီးက သြားေရာက္ လည္ပတ္သူနည္းပါးစြာ နဲ႕ ႏွစ္ေထာင္ခ်ီ ေျခာက္ေသြ႕ေနပါတယ္။ ဒါေပမယ့္ ဗိႆနိုးၿမိဳ႕ ကို သြားေရာက္ၿပီး ပန္ထြာဘုရင္မ ကို မပ်င္းရေအာင္ မၾကာခဏ ဆိုသလို အနည္းဆုံး တစ္ႏွစ္ တစ္ေခါက္ ၊ႏွစ္ေခါက္ သြားေရာက္ ဂါရဝျပဳေနၾကတဲ့ လူ အခ်ိဳ႕ေတာ့ရွိေနပါတယ္။
အဲဒီလူေတြကေတာ့ ပန္ထြာဘုရင္မ ကို သစၥာရွိပါ့မယ္ လို႔ သစၥာဆိုၿပီး ဗိႆနိုးၿမိဳ႕ရဲ႕ေနာက္ဆုံး အခ်ိန္ထိ သေရေခတၱရာတပ္ေတြကို ခုခံရင္း အေသခံ တိုက္ပြဲဝင္သြားတဲ့ ပန္ထြာဘုရင္မ ရဲ႕ စစ္သူႀကီးေလးဦး နဲ႕ သူတို႔ရဲ႕ အႏြယ္ေတာ္ေတြထဲက လူ႕ဘဝ ကို ျပန္လည္ ရရွိသူေတြျဖစ္ပါေၾကာင္းေရးသားတင္ျပလိုက္ရပါတယ္။
crd,Min Gyi