သီပေါမင်းနှင့်စုဖုရားလတ်တို့၏စတုတ္ထသမီးတော် မြတ်ဖုရားကလေး

မြတ်ဖုရားက​လေး (၁၈၈၇- ၁၉၃၆) သည် မြန်မာတော်ဝင်မင်းသမီး ဖြစ်သည်။ အရှင်ထိပ်စုမြတ်ဖုရားလေး ဟုလည်း ခေါ်ကြသည်။

ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် နောက်ဆုံး ဖြစ်သော မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားခေါင် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ဖြစ်သည်။

ကိုယ်ရေးအကျဉ်း

အိန္ဒိယနိုင်ငံ ရတနာဂီရိ ၌ ခရစ်နှစ် ၁၈၈၇ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မွေးချင်းများမှာ မြတ်ဖုရားကြီး၊ မြတ်ဖုရားလတ်၊ မြတ်ဖုရား တို့ ဖြစ်သည်။ မင်းသမီးလေးသည် အင်္ဂလိပ်လိုအထူးကျွမ်းကျင်၍ တော်ဝင်မိသားစု၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ဆောင်ရွက်ခဲ့သည်။

သီပေါမင်းတရားသည် သက်တော် ၅၉ နှစ်၌ ရတနာဂီရိစံအိမ်တော်တွင် နတ်ရွာစံသဖြင့် အလောင်းတော်ကို ထိုမြို့၌ပင်သင်္ဂြိုဟ်လေသည်။ သူမသည် ၁၉၁၅ခုနှစ်တွင် ရတနာဂီရိမှ မြန်မာပြည်ကိုပြန်ပြီးလျှင် ၁၉၃၂ ခုနှစ်တွင်မော်လမြိုင်မြို့တွင်နေထိုင်ခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် “စတုတ္ထသမီးတော်အရေးတော်ပုံစာတမ်း” ကိုရေးသား၍ မြန်မာပြည်ကိုပြန်ပေးရန် တောင်းဆိုခြင်းကြောင့် ဗြိတိသျှတို့က “သူပုန်မင်းသမီး” ဟုခေါ်ခဲ့သည်။

ခရစ်နှစ် ၁၉၂၀ ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ဦးကိုကိုနိုင် နှင့်လက်ဆက်ခဲ့သည်။ သူမသည် ၁၉၃၆ မတ်လ ၃ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သူမ၏စံအိမ်တော်၌ပင် ကံတော်ကုန်ခဲ့သည်။ စတုတ္တသမီးတော်၏ ပြာသာဒ်ဂူသည် မော်လမြိုင် ကျိုက်သံလန်စေတီ အနီးတွင်တည်ရှိသည်။

မိသားစု

သား​တော် ၄​ပါး၊သမီး​တော် ၂ပါးရှိသည်။

တော်ဘုရားကြီး

ထိပ်စုဖုရားကြီး

တော်ဘုရား

တော်ဘုရားငယ်

တော်ဘုရားလေး အောင်ဇေ

ထိပ်စုဖုရား​ထွေး တို့ ဖြစ်သည်။

crd,ဝီကီပီးဒီးယား

Zawgyi
ျမတ္ဖုရားကေလး (၁၈၈၇- ၁၉၃၆) သည္ ျမန္မာေတာ္ဝင္မင္းသမီး ျဖစ္သည္။ အရွင္ထိပ္စုျမတ္ဖုရားေလး ဟုလည္း ေခၚၾကသည္။

ကုန္းေဘာင္မင္းဆက္ (၁၁) ဆက္တြင္ ေနာက္ဆုံး ျဖစ္ေသာ ျမန္မာဘုရင္ သီေပါမင္းႏွင့္ မိဖုရားေခါင္ စုဖုရားလတ္တို႔၏ စတုတၳသမီးေတာ္ ျဖစ္သည္။

ကိုယ္ေရးအက်ဥ္း

အိႏၵိယနိုင္ငံ ရတနာဂီရိ ၌ ခရစ္ႏွစ္ ၁၈၈၇ခုႏွစ္ ဧၿပီ ၂၅ ရက္ေန႕တြင္ေမြးဖြားခဲ့သည္။ ေမြးခ်င္းမ်ားမွာ ျမတ္ဖုရားႀကီး၊ ျမတ္ဖုရားလတ္၊ ျမတ္ဖုရား တို႔ ျဖစ္သည္။ မင္းသမီးေလးသည္ အဂၤလိပ္လိုအထူးကြၽမ္းက်င္၍ ေတာ္ဝင္မိသားစု၏ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ေဆာင္႐ြက္ခဲ့သည္။

သီေပါမင္းတရားသည္ သက္ေတာ္ ၅၉ ႏွစ္၌ ရတနာဂီရိစံအိမ္ေတာ္တြင္ နတ္႐ြာစံသျဖင့္ အေလာင္းေတာ္ကို ထိုၿမိဳ႕၌ပင္သျဂၤိုဟ္ေလသည္။ သူမသည္ ၁၉၁၅ခုႏွစ္တြင္ ရတနာဂီရိမွ ျမန္မာျပည္ကိုျပန္ၿပီးလွ်င္ ၁၉၃၂ ခုႏွစ္တြင္ေမာ္လၿမိဳင္ၿမိဳ႕တြင္ေနထိုင္ခဲ့သည္။

အဂၤလိပ္ဘာသာျဖင့္ “စတုတၳသမီးေတာ္အေရးေတာ္ပုံစာတမ္း” ကိုေရးသား၍ ျမန္မာျပည္ကိုျပန္ေပးရန္ ေတာင္းဆိုျခင္းေၾကာင့္ ၿဗိတိသွ်တို႔က “သူပုန္မင္းသမီး” ဟုေခၚခဲ့သည္။

ခရစ္ႏွစ္ ၁၉၂၀ ဇူလိုင္လ ၁ ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕၌ ဦးကိုကိုနိုင္ ႏွင့္လက္ဆက္ခဲ့သည္။ သူမသည္ ၁၉၃၆ မတ္လ ၃ ရက္ေန႕တြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ သူမ၏စံအိမ္ေတာ္၌ပင္ ကံေတာ္ကုန္ခဲ့သည္။ စတုတၱသမီးေတာ္၏ ျပာသာဒ္ဂူသည္ ေမာ္လၿမိဳင္ က်ိဳက္သံလန္ေစတီ အနီးတြင္တည္ရွိသည္။

မိသားစု

သားေတာ္ ၄ပါး၊သမီးေတာ္ ၂ပါးရွိသည္။

ေတာ္ဘုရားႀကီး

ထိပ္စုဖုရားႀကီး

ေတာ္ဘုရား

ေတာ္ဘုရားငယ္

ေတာ္ဘုရားေလး ေအာင္ေဇ

ထိပ္စုဖုရားေထြး တို႔ ျဖစ္သည္။

crd,ဝီကီပီးဒီးယား