တစ္ဆေ ကိုက်လို့သေခဲ့တဲ့ သူရဲကောင်းကတော့ အားလုံးသိတဲ့ သမိန်ဗရမ်းပဲ ဖြစ်ပါတယ်။ သမိန်ဗရမ်းဟာ သူ့ရှင်ရာဇာဓိရာဇ်ရဲ့ ထင်ရှားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ စစ်ပွဲအတွင်း ဗမာဘုရင်ရဲ့ လက်ရဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းချထားခံရသူလည်း ဖြစ်ပါတယ်။
ထိုအချိန်မှာ တရုတ်စစ်သူကြီးဂါမဏိက စီးချင်းထိုးရန် လာရောက်ခဲ့ပါတယ်။ သို့သော် ဗမာတို့ဘက်မှ ဂါမဏိနှင့် ယှဉ်၍ စီးချင်းထိုးနိုင်မည့်သူမရှိပါ။ ဗမာသူရဲကောင်းအားလုံးသည် စစ်မြေပြင်တွင်ရောက်ရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။
ဤတွင် အကျဉ်းချခံထားရသူ သမိန်ဗရမ်း စဉ်းစားသည်မှာ
ငါသည် အင်း၀ပြည်တွင် ရှိနေပါလျက် အင်း၀ပြည် မက်ဆုံးစ
ကောင်း ။ ထို့ပြင် အင်း၀သည် ပဲခူး(မွန်နေပြည်တော်) ၏ တန်ခါး၀လည်း ဖြစ်သည်။ တရုတ်တို့သည် အင်း၀ကိုနိုင်လျှင်သော်မှ ပြန်ကြမည် မထင်။
အင်း၀ပျက်လျှင် ဟံသာ၀တီကိုလည်း အလွတ်ပေးမည် မဟုတ် ။ ထို့ကြောင့် အင်း၀မကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်း၀သားများ ကိုယ်စားဂါမဏိ နှင့် စီးချင်းထိုးပေးပါမည်ဟု ငါပြောရသော်ကောင်းမည် ဟူ၍ စဉ်းစားကာ စဉ်းစား ထားသည့်အတိုင်း ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်အားလျှောက်စေပါတယ်။ ဘုရင်မင်းခေါင်ကလည်း ၀မ်းသာအားရ
လက်ခံတော်မူပါတယ်။
သို့ဖြင့် စီးချင်းထိုး၍နေ့သို့ရောက်သောအခါ တရုတ်စစ်သူကြီးဂါမဏိသည် တစ်ကိုယ်လုံးတွင်ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထားသည့် ရွှေချပ်၀တ်တန်ဆာကို ၀တ်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာခဲ့ပါတယ်။
သမိန်ဗရမ်းကတော့ ပေါ့ပါးတဲ့ချပ်၀တ်တန်ဆာကို ၀တ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကိုပေါင်းကာ လက်သန်းတွင် န၀ရတ်ကိုးပါးလက်စွပ်ကို ၀တ်ကာထွက်လာပါတယ်။
သူရဲကောင်းများတွေ့ဆုံနှုတ်ဆက်ပြီးနောက် သမိန်ဗရမ်းက ဂါမဏိအား ဂါမဏိ သင်နှင့်ကျုပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်ယောက်ယောက်အတွက် နောက်ဆုံးပွဲဖြစ်နိုင်သည်။ စ၍တိုက်သည်နှင့် တိုက်ပွဲလည်း အဆုံးသတ်သွားမည်ဖြစ်သည်။
ကြည့်နေသောပရိတ်သတ်အတွက် စိတ်မကျေနပ်စဖွယ်ဖြစ်လိမ့်မည်။ ထို့ကြောင့်သင်က သင်တို့၏တေးသီချင်းကို ဆို၍ ကပါ။ ငါကလည်း ကကြိုး အတိုင်းလိုက်ကမည်။ ထို့နောက် ငါက လည်း ငါတို့သီချင်းဆိုကာ ကပါမည်။သင်လည်းလိုက်ကပါ ဟုဆိုသော် ဂါမဏိလည်း သဘောတူကာလိုက်ကပါတယ်။
တကယ်တော့ ဒါဟာ ဂါမဏိရဲ့ပျော့ကွက်ကိုသိချင်လို့ သမိန်ဗရမ်းရဲ့ဉာဏ်ဆင်ခြင်းသာ ဖြစ်ပါတယ်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်ရင်းလက်နက်များကို ကစားကာ ကပြရသော ဓလေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
ပထမဆုံး ဂါမဏိက သူတို့အကကို ကသည်။ သမိန်ဗရမ်းကလည်း လိုက်ကသည်။ ထို့နောက်သမိန်ဗရမ်းက ကသည်။ ထိုသို့ကရာတွင် ဂါမဏိ၏ ပျော့ကွက်ကို မြင်နိုင်ရန် လက်ကိုမြှောက်ချည် ချချည်လုပ်၍လည်ကောင်း၊ ကင်းမြီးကောက်ထောင်၍လည်ကောင်း ကပြလေသည်။ ဂါမဏိကလည်း လိုက္က၏။
ထိုသို့ကနေစဉ် ဂါမဏိ၏ ချိုင်းအတွင်းဘက်၌ ချပ်ကြိုးပြတ်ကာ အသားပေါ်နေသည်ကို သမိန်ဗရမ်းမြင်လိုက်ပြီး ကကြိုးကိုရပ်၏။ ထို့နောက်စီးချင်းတိုက်ပွဲကို စတင်ပါတော့တယ်။ဂါမဏိက မြင်းကိုဇက်ဖွင့်၍လိုက်တာနဲ့ သမိန်ဗရမ်းက ပြေးပါတယ်။
ထို့နောက်မြင်းကို ရုတ်တရက်လှည့်ကာ ဂါမဏိကိုပြန်လိုက်ပါတယ်။ ထိုသို့ပြေးလိုက် ၊ လိုက်လိုက်နှင့်ဂါမဏိမောသွားသည့်အချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိအနားသို့ ကပ်သွား၏။ ဂါမဏိက လက်ကိုမြှောက်ကာ ဓါးဖြင့်သမိန်ဗရမ်း၏ လည်ကိုပိုင်း
မည်အပြုတွင် အမောလွန်နေသော ဂါမဏိသည် လက်ကိုလျှင်မြန်စွာမလှုပ်ရှားနိုင်တော့ချေ။
ထိုအချိန်တွင် သမိန်ဗရမ်းက ဂါမဏိ၏ ချပ်ကြိုးပြတ်နေသော ချိုင်းကြားနေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ်မြင်းပေါ်မှမကျမီ ခေါင်းကိုဖြတ်ကာ သံခြင်းထဲသို့ ထည့်လိုက်ပါတော့တယ်။အင်း၀ဘုရင်မင်းခေါင်က သဘောကျတော်မှုလှသဖြင့် ရာဇဓိရာဇ်ပေးသော စည်းစိမ်နှင့် ညီမျှအောင်ငါပေးမည် သမီးတော် ရာဇ ဓိတာ နှင့်လည်းအပ်နှင်းမည် ဟုဆွဲဆောင်ပါတယ်။
သို့သော်သမိန်ဗရမ်းက ကျွနု်ပ်ဤ အမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းမှာ အချုပ်မှလွတ်လိုခြင်း၊ ကျွနု်ပ်၏အစွမ်းကိုသိစေခြင်း နှင့် ဟံသာ၀တီသို့ပြန်လည် ပို့ဆောင်ခြင်း(သို့)ကျွနု်ပ်အားကွပ်မျက်ခြင်း စသည်တို့ကြောင့် ဖြစ်တယ် လို့ပြန်လျှောက်တင်ပါတယ်။
ဘုရင်မင်းခေါင်က သမိန်ဗရမ်းသည် ကျေးဇူးရှိသူဖြစ်တာကြောင့် ကွပ်လဲမကွပ်နိုင်၊ ဟံသာ၀တီသို့လည်း ပြန်မလွှတ်ချင် တာကြောင့် သမီးတော် ရာဇဓိတာနှင့် ဆွဲဆောင်စေပါတယ်။ သမီးတော်ရာဇဓိတာမွာ တခါမျှတပါးသော ယောကျၤားအား ကွမ်းမတည်စဖူး ၊ မျက်နှာမပြဖူးရာ မျက်လွှာချ၍ သမိန်ဗရမ်းအားကြည့်ပါတယ်။
သမီးတော်ကို မြင်မြင်ချင်းသဘောကျသွားသော သမိန်ဗရမ်းတွေးသည်မှာ ဘုရင်ကငါ့အား ပြန်လွှတ်တော့မည် မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာ၀တီသို့ပြန်ရပေမည် ဟုဆိုကာ အမှုတော်ကို ထမ်းပါတော့တယ်။ ထိုသို့အမှုတော်ထမ်းမည်ဟုဆိုရာတွင် အချက် ၂ ချက်ကိုတောင်းပါတယ်။
ထိုအချက် ၂ ချက်မှာ
၁။ ဟံသာ၀တီ နှင့် အင်း၀စစ်ဖြစ်ပါက မည်သည့်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်
၂။ ကျွန်ဟူသော အသုံးကို မသုံးရန်၊ ထိုသို့သုံးသည်နှင့်ဟံသာ၀တီကိုပြန်ရန်ဖြစ်ပါတယ်။
သို့ဖြင့် သမိန်ဗရမ်းနှင့် ရာဇာဓိတာတို့မှ သားယောကျၤားလေးမွေးဖွားရာ ဘုရင်မင်းခေါင်က ချစ်တော်မှု၍ ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်မူပါတယ်။
တနေ့ ကလေးက ဘုရင်မင်းခေါင်ရဲ့ ဆံပင်ကိုဆွဲချ၍ ဟယ္ကြ်န္သားကေတာ့ ကြာလျှင်မင်းရဲကျော်စွာဖြစ်ပေအုံးမယ် ဟု နှုတ်မှလွှတ်ခနဲထွက်သွားရာ ထိုညတွင်ပင် သမိန်ဗရမ်းသည် ဟံသာ၀တီသို့ပြန်ပါတယ်။ ဘုရင်မင်းခေါင်လည်း သူ့အမှားအတွက် အလွန်စိတ်ထိခိုက်တော်မူပါတယ်။
ဟံသာ၀တီပြန်ရောက်သော် ဖြစ်ကြောင်းကုန်စင်ကို ရာဇာဓိရာဇ် အားလျှောက်တင်ရာ သဘောကျတော်မူလှသဖြင့် ဒုန်း၀န်ကိုစားစေပါတယ်။ ဒုန်း၀န်စား သမိန်ဗရမ်းသည် ရာဇာဓိရာဇ်လွန်၍ သားတော် ဗညားကျန်းထံတွင် ဆက်လက်အမှုထမ်း၏။ ဒုန်း၀န်မှ နံနက်မိုးသောက် ယံတွင်ထွက်ပြီး ဟံသာ၀တီသို့မြင်းဖြင့်လာကာ ညနေချမ်းအချိန်တွင် ဒုန်း၀န်သို့ပြန်ပါတယ်။
တနေ့တွင် သမိန်ဗရမ်း သွားနေကြလမ်းတွင်ရှိသော ဣဘယဂါမရွာသို့ ဓားပြ၀င်၏။ ရွာသားများက ဓားပြဗိုလ်အားဖမ်းမိကာ နှိပ်စက်ပြီး ရင်ကိုခွဲလိုက်ကာ အလောင်းကောင်ကို တံကျင်သီ၍ ရွာပြင်ဘက်တောလမ်းခရီးတွင် ချိတ်ဆွဲထားလိုက်ကြပါတယ်။
ဟံသာ၀တီမှပြန်လာသော သမိန်ဗရမ်းသည် ထိုရွာအနီးသို့ရောက်လာသောအခါဟယ် သမိန်ဗရမ်း၊ နင့်မြင်းကို ငါလည်းစီးချင်လို့ ငါ့ကိုလည်းတင်သွားပါ ဟူသောထူးဆန်းသည့် စကားသံကို ကြားရသောအခါ စစ်သားကြီးသမိန်ဗရမ်းသည် ကြက်သီးမွှေးညှင်းထသွားလေ၏။
သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူက မထီလေးစား
ခေါ်လိုက်ပါသနည်း ဟုလှည့်ပတ်ရှာလေသော တစုံတယောက်မှ
မတွေ့ပဲ အလောင်းကောင်ကိုသာတွေ့လေသော်တစ္ဆေ ခြောက် လှန့်ကြောင်းသိသွား၍ ပို၍ဒေါသထွက်သွားပါတယ်။
ဟယ် ဓားပြဆိုး ၊ နင့်ရင်ကို သူတို့ခွဲလိုက်လို့ နင်သေနေပြီ၊ ဘာကြောင့် နင်မသွားသေးပဲ ငါ့ကိုခြောက်လှန့်နေသနည်း ဟု နှုတ်မှအော်ငေါက်ကာ လက်ကလည်းဓားရှည်ကို ဆွဲထုတ်ကာ ဓါးမြခေါင်းကို ဖြတ်ပြီးမြင်းမှာချိတ်ပြီးယူလာခဲ့ပါတယ်။
ခြောက်လှန့်တဲ့အတွက်ကြောက်လည်းကြောက် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာနဲ့တူပါတယ်။ ထိုသို့ပြန်ရင်း မြင်းကခုန်သောအခါ ဓားပြခေါင်းပြတ်ဟာ သမိန်ဗရမ်းရဲ့ဒူးကိုခဲပါတော့တယ်။
အမျိုးမျိုး ဆွဲဖြတ်သော်လည်း မရ နောက်ဆုံးဓားနှောင့်ဖြင့် တအားရိုက်ချလိုက် တဲ့အခါမှခေါင်းပြတ်ဟာ မြေပေါ်ပြုတ်ကျသွားပါတယ်။သို့သော် ဒူးခေါင်းတွင် သွားသုံးချောင်းသည် စိုက်၍ကျန်ခဲ့ပါတယ်။
သမားတော်များ ကြိုးစားပမ်းစားကုသသော်လည်း အနာမွာ အဆိပ် အတောက်ဖြစ်သဖြင့် မသက်သာလာတော့ပဲ ေ၀ဒနာပြင်းထန်လာကာ သုံးရက်မြောက်နေ့တွင် သမိန်ဗရမ်းအနိစ္စရောက်သွားခဲ့ပါတော့တယ်။
(ဒီအချက်ကို ယုံကြည်သူ မယုံကြည်သူများရှိနိုင်ပေမယ့် သမိုင်းမှတ်တမ်းတွေကတော့ ဒီအတိုင်းပဲ မှတ်တမ်းတင်ထားခဲ့ပါတယ်)
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း-နိုင်ပန်းလှမြန်မာ့စွယ်စုံကျမ်
Crd,