လက်ထပ်မည့်အမျိုးသားများ မရှိသောကြောင့် တစ်ရွာလုံး အပျိုကြီးတွေ ဖြစ်နေသော ရွာကလေးဘရာဇီးလ်နိုင်ငံ Minas Geraisပြည်နယ်မှ Noiva do Cordeiro အမည် ရှိသော ရွာငယ်လေးသည် နေထိုင်သူအများစုမှာ အမျိုးသမီးများ သာဖြစ်ပြီး
စည်းကမ်း တင်းကျပ် လွန်းသည့်အတွက် လက်ထပ်မည့် အမျိုးသားများ မရှိပဲ တော်တော်များများက အပျိုကြီးဖြစ်နေကြ ရသည်။
ထိုရွာလေးသည် အမျိုးသားများကို အုပ်ချုပ်ခွင့် မပေးပဲ အမျိုးသမီးဝါဒ အစိုးရ အဖြစ် ပြောင်းလဲထားကာ ရွာသားများ မှာလည်း ထိုစည်းစနစ်အတိုင်း နေထိုင်ခဲ့ ကြရသည်။
ထို့ကြောင့် ရွာလေးတွင် အမျိုးသားများမှာ နည်းသထက် နည်းပါးလာပြီး အမျိုးသမီးတွေ ကသာ ဦးဆောင်ကာ အလုပ်လုပ်သည့် အခါမှာလည်းစည်းလုံးညီညွတ်ကြပြီး ရုပ်ရည်ချောမော မှုကြောင့်လည်း နာမည်ကြီးလျက် ရှိသည် ။
ထိုရွာရှိ အမျိုးသမီးများမှာ အိမ်ထောင်ပြု ချင်ကြသော်လည်း လက်ထပ်မည့်ကောင်လေးများအနေနှင့်ထမင်းဟင်းချက် အဝတ်လျှော် ပန်းကန်ဆေး အိမ်သန့်ရှင်းရေး စသဖြင့် အိမ်မှုကိစ္စများကို နိုင်နင်းစွာ လုပ်ဆောင်ရ မှာဖြစ်သည့် အတွက် မည်သူမျှ ထို အချက်တွေနှ မကိုက်ညီ ခဲ့ကြပေ။
Credit
Zawgyi
Credit