စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ( ၆ ) ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ရရှိထားသူလည်းဖြစ်သည်။
သူမအား ဩဂုတ်လ ၁၄ ရက်နေ့၊ ၁၉၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သူမသည် မြန်မာ့ရုပ်ရှင်လောကတွင် ပါရမီရှင်အများအပြားအထဲမှ တစ်ဦးဖြစ်သည်ဟုဆိုနိုင်ပေသည်။ သူမအား ပရိသတ်များက ဘေဘီမြင့်မြင့်ခင် ဟူ၍လည်း ချစ်စနိုး ခေါ်ကြသေးသည်။
ထို့အပြင် သူမသည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုရှင် မေဆွိ၏ အမေလည်း ဖြစ်သည်။၁၉၃၄ ခုနှစ်တွင် အဖ ဦးဖိုးမြင့်၊ အမိ ဒေါ်စောကြည်တို့မှ ဒေါ်မြင့်မြင့်ခင်အား သန်လျင်မြို့တွင် မွေးဖွားခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ် နယ်ချဲ့လက်အောက်တွင် ရှိနေသေးသည်။
၁၉၄၉ ခုနှစ်တွင် ရန်ကုန် မိန်းကလေးကျောင်းတွင် သတ္တမတန်းကို တတ်ရောက်သင်ကြားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မာယာရှင်ဇာတ်ကားကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လေသည်။
ဒေါ်မြင့်မြင့်ခင်သည် ၁၉၅၀ ခုနှစ်အတွင်း မြန်မာ့အမျိုးသမီး ရုပ်ရှင်လောက၌ ပြိုင်ဘက်ကင်းသော အမျိုးသမီးရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမ၏ ရုပ်ရှင်သက်တမ်း ဆယ်စုနှစ်အတွင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း စွမ်းဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၆ ခုအား ထိုက်တန်စွာ ရရှိခဲ့သည်။
ဆုချီးမြှင့် ခံရခြင်း
၁ ။ ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်လောကထဲကို ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးတဲ့ မာယာရှင် အသံတိတ် ဇာတ်ကားနဲ့ ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ့ကြိုးစားမှုကြောင့် ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ချစ်ညီမ ဇာတ်ကားနဲ့ အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ရရှိခဲ့သည်။
၂ ။ ၁၉၅၈ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။
၃ ။ ၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့တဲ့ မုန်းပါတယ်မောင့်ကို ဇာတ်ကားနဲ့ တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ ပြန်ပါသည်။
၄ ။ အဲ့ဒီနောက်မှာတော့ ဒေါ်မြင့်မြင့်ခင်ဟာ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာရပြီး ၁၉၈၀ ပြည့် နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုကို ရေးသားရိုက်ကူးတဲ့ မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ် မြောက် အကယ်ဒမီဆု)ကို ဆွတ်ခူးရရှိခဲ့သည်။
၅ ။ အမေခန်းများမှာ ဆက်တိုက်ပါဝင် သရုပ်ဆောင်ရင်း ၁၉၉၆ ခုနှစ်မှာ ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ရိုက်ကူးခဲ့တဲ့ မြင့်မိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားနဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီးဇာတ် ဆောင်ဆု (ပဉ္စမအကြိမ် မြောက် အကယ်ဒမီဆု) ကို ဆွတ်ခူး ရရှိခဲ့သည်။
ဒီဆုယူအပြီး ကျေးဇူးတင်စကား ပြောကြားစဉ် သမီးငါးယောက်ရှိတဲ့ အတွက် ရွှေစင်ရုပ် တစ်ဆုစီ အမွေပေးနိုင်ပြီ ဖြစ်ကြောင်း ဒါပေမယ့် မြေးများ ရှိသေးတဲ့အတွက် သူတို့ကိုပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါဦးမယ်လို့ ဒေါ်မြင့်မြင့်ခင်က ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်မြင့်မြင့်ခင် လျှမ်းလျှမ်းတောက်စဉ် ကာလမှာ ရန်ကုန်မြို့ ဦးဝိစာရ အိမ်ရာ စခန်းမှာ နေထိုင်သူ မောင်မျိုးသော် (စက်မှုတက္ကသိုလ်) က ရုပ်ရှင် မင်းသား၊ မင်းသမီးများကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်များ အတွက် ဓာတ်ပုံများ အလွယ် တကူ ရရှိနိုင်အောင် Fan Club ဖွဲ့စည်းကာ လစဉ် မင်းသား၊ မင်းသမီးများရဲ့ ပုံများ အဖွဲ့ဝင်များထံသို့ ပေးပို့ ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ဒေါ်မြင့်မြင့်ခင် နုပျိုစဉ် ဖြစ်တဲ့အတွက် ဖက်ရှင် အမျိုးမျိုး၊ ဆံပင်ပုံစံ အမျိုးမျိုးနဲ့ တွေ့မြင်နိုင်သည်။
အကယ်ဒမီများဆုရှင် ဒေါ်မြင့်မြင့်ခင်သည်တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု (၂၀၁၈) စည်သူဘွဲ့ကိုရရှိခဲ့ပါသည်။
အဆိုရှင်ဘဝ
ဒေါ်မြင့်မြင့်ခင်ဟာ သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ် တဲ့အတွက် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်တဲ့ “ဧရာဝတီ”၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “စန္ဒာ”၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိတဲ့ သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။
ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနဲ့အတွဲ ညီတဲ့ စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။
ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်တဲ့ “ချစ်သူ့နယ်မြေ”၊ “…..” တို့ဟာလည်း ရုပ်ရှင် သီချင်းများဖြစ်ပေမယ့် ဓာတ်ပြား သွင်းရာမှာတော့ ရောင်းတန်းဝင် အဆိုကျော်များနဲ့ သွင်းယူခဲ့ကြတာကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်နဲ့သာ လူသိများခဲ့သည်။
အသက်အရွယ် ရလာတဲ့ ဒေါ်မြင့်မြင့်ခင်ဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးခဲ့တဲ့ အိုပယ် ဒီဗီဒီကားမှာ သားနဲ့ ချွေးမတို့ရဲ့ အပစ်ပယ်ခံ မိခင် အိုကြီးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့သလို ဒေါ်မြင့်မြင့်ခင် အသက် ၇၅ နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်အဖြစ် ဒါရိုက်တာ မောင်ဗေဒါ ရိုက်ကူးခဲ့တဲ့ အမေ ဒီဗီဒီ ကားမှာ လည်း သားနှစ်ယောက် မိခင်အဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။
ယနေ့ခေတ် ဗီဒီယို၊ ဒီဗီ ဒီ၊ ရုပ်ရှင်များမှာ အမျိုးသမီး သရုပ်ဆောင်များ ကိုယ်တိုင်က အမေနေရာကနေ ပါဝင် သရုပ်ဆောင်နေကြတာကြောင့် တစ်ကြောင်း အသက်အရွယ် ရလာတဲ့အတွက် မင်းသား၊ မင်းသမီးတို့ အမေနေရာထက် အဘွားနေရာနဲ့သာ ပိုမိုလိုက်ဖက်ခြင်းကြောင့် တစ်ကြောင်း ဒေါ်မြင့်မြင့် ခင်အနေနဲ့ ကားရိုက်နည်းပါး သွားပြီး အိမ်မှာနေရင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်ရင်း တရားဘာဝနာ ပွားများနေခဲ့သည်။
ထို့နောက် ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။ သူမသည် သားသမီး ငါးယောက်ဖွားမြင်ခဲ့သည်။ ခင်ပွန်းသည် ဦးခင်မောင်ညွန့်မှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကွယ်လွန်သွားခဲ့လေသည်။
အကယ်ဒမီဒေါ်မြင့်မြင့်ခင်၏ သမီးများမှာ-
၁ ။တင်အေးမြင့်(သီရိကေခိုင်)
၂ ။ ခင်အေးမြင့်
၃ ။ အေးအေးမြင့်
၄ ။ ဆွေအေးမြင့်(မေဆွိ)
၅ ။ လဲ့ရည်မြင့် တို့ ဖြစ်သည်။
ကျန်းမာရေး
ဒေါ်မြင့်မြင့်ခင်သည် အသက် ၈၀ ကျော်တိုင် ကျန်းမာစွာ နေထိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဇာတ်ကားများ အကဲဖြတ်ကြည့်ရှုရန် လာရောက်ရင်း ချော်လဲကျသောကြောင့် လက်ကျိုးခဲ့ရသည်။
ကိုးကား
(ဝင်းငြိမ်း)ရွှေအမြူတေ
အကယ်ဒမီအတွက် ဇာတ်ကားကြည့်ဖို့လာရင်း ချော်လဲပြီး လက်ကျိုးသွားတဲ့ ဒေါ်မြင့်မြင့်ခင်။
7 daily news (၁၇ ဖေဖော်ဝါရီ ၂၀၁၉)
crd,..ဝီကီပီးဒီးယား
Zawgyi
စည္သူေဒၚျမင့္ျမင့္ခင္သည္ ျမန္မာ့ ႐ုပ္ရွင္ ထူးခြၽန္ဆု ( ၆ ) ခုအား ပိုင္ဆိုင္ထားေသာ အမ်ိဳးသမီး ႐ုပ္ရွင္ သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ၿပီး တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုကို ရရွိထားသူလည္းျဖစ္သည္။
သူမအား ဩဂုတ္လ ၁၄ ရက္ေန႕၊ ၁၉၃၄ ခုႏွစ္တြင္ ဖြားျမင္ခဲ့သည္။ သူမသည္ ျမန္မာ့႐ုပ္ရွင္ေလာကတြင္ ပါရမီရွင္အမ်ားအျပားအထဲမွ တစ္ဦးျဖစ္သည္ဟုဆိုနိုင္ေပသည္။ သူမအား ပရိသတ္မ်ားက ေဘဘီျမင့္ျမင့္ခင္ ဟူ၍လည္း ခ်စ္စနိုး ေခၚၾကေသးသည္။
ထို႔အျပင္ သူမသည္ ျမန္မာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ အဆိုရွင္ ေမဆြိ၏ အေမလည္း ျဖစ္သည္။၁၉၃၄ ခုႏွစ္တြင္ အဖ ဦးဖိုးျမင့္၊ အမိ ေဒၚေစာၾကည္တို႔မွ ေဒၚျမင့္ျမင့္ခင္အား သန္လ်င္ၿမိဳ႕တြင္ ေမြးဖြားခဲ့သည္။ ထိုအခ်ိန္က ျမန္မာနိုင္ငံသည္ အဂၤလိပ္ နယ္ခ်ဲ့လက္ေအာက္တြင္ ရွိေနေသးသည္။
၁၉၄၉ ခုႏွစ္တြင္ ရန္ကုန္ မိန္းကေလးေက်ာင္းတြင္ သတၱမတန္းကို တတ္ေရာက္သင္ၾကားခဲ့သည္။ ၁၉၅၀ ခုႏွစ္တြင္ မာယာရွင္ဇာတ္ကားကို အေကာင္းဆုံး သ႐ုပ္ေဆာင္နိုင္ခဲ့ေလသည္။
ေဒၚျမင့္ျမင့္ခင္သည္ ၁၉၅၀ ခုႏွစ္အတြင္း ျမန္မာ့အမ်ိဳးသမီး ႐ုပ္ရွင္ေလာက၌ ၿပိဳင္ဘက္ကင္းေသာ အမ်ိဳးသမီး႐ုပ္ရွင္ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္သည္။ သူမ၏ ႐ုပ္ရွင္သက္တမ္း ဆယ္စုႏွစ္အတြင္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္း စြမ္းေဆာင္ခဲ့ၿပီး ျမန္မာ့႐ုပ္ရွင္အကယ္ဒမီ ၆ ခုအား ထိုက္တန္စြာ ရရွိခဲ့သည္။
ဆုခ်ီးျမႇင့္ ခံရျခင္း
၁ ။ ေဒၚျမင့္ျမင့္ခင္က ႐ုပ္ရွင္ေလာကထဲကို ဒါရိုက္တာ ဦးေအာင္ႀကီး ရိုက္ကူးတဲ့ မာယာရွင္ အသံတိတ္ ဇာတ္ကားနဲ႕ ဝင္ေရာက္ လာခဲ့သူျဖစ္ၿပီး သူ႕ႀကိဳးစားမႈေၾကာင့္ ၁၉၅၇ ခုႏွစ္မွာ ပထမဆုံး အႀကိမ္အျဖစ္ ခ်စ္ညီမ ဇာတ္ကားနဲ႕ အမ်ိဳးသမီး ပညာသည္ဆု (အကယ္ဒမီ) ကို ရရွိခဲ့သည္။
၂ ။ ၁၉၅၈ ခုႏွစ္မွာ ဒုတိယ အႀကိမ္ေျမာက္ အမ်ိဳးသမီး ပညာသည္ဆုကို ေျဖေလ်ာ့ေခြ ဇာတ္ကားနဲ႕ ဆြတ္ခူးရရွိခဲ့ျပန္ပါတယ္။
၃ ။ ၁၉၇၃ ခုႏွစ္မွာ ဒါရိုက္တာ ဝင္းဦး ရိုက္ကူးခဲ့တဲ့ မုန္းပါတယ္ေမာင့္ကို ဇာတ္ကားနဲ႕ တတိယ အႀကိမ္ေျမာက္ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ဆြတ္ခူးရရွိခဲ့ ျပန္ပါသည္။
၄ ။ အဲ့ဒီေနာက္မွာေတာ့ ေဒၚျမင့္ျမင့္ခင္ဟာ အေမခန္းမ်ားမွာ ပါဝင္ သ႐ုပ္ေဆာင္ လာရၿပီး ၁၉၈၀ ျပည့္ ႏွစ္မွာ ဒါရိုက္တာ ခင္ေမာင္ဦး၊ စိုးသိမ္းထြဋ္တို႔က စာေရးဆရာမ မိုးမိုး(အင္းလ်ား) ရဲ႕ ဝတၳဳကို ေရးသားရိုက္ကူးတဲ့ မွတစ္ပါး အျခားမရွိၿပီ ဇာတ္ကားနဲ႕ ပထမဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆု (စတုတၳအႀကိမ္ ေျမာက္ အကယ္ဒမီဆု)ကို ဆြတ္ခူးရရွိခဲ့သည္။
၅ ။ အေမခန္းမ်ားမွာ ဆက္တိုက္ပါဝင္ သ႐ုပ္ေဆာင္ရင္း ၁၉၉၆ ခုႏွစ္မွာ ဒါရိုက္တာ ဦးခင္ေဇာ္ (ေကသီပန္) ရိုက္ကူးခဲ့တဲ့ ျမင့္မိုရ္ေတာင္ဦး မကက်ဴးသား ေဆးေရာင္စုံ ႐ုပ္ရွင္ကားနဲ႕ ဒုတိယအႀကိမ္ ေျမာက္ အမ်ိဳးသမီးဇာတ္ ေဆာင္ဆု (ပၪၥမအႀကိမ္ ေျမာက္ အကယ္ဒမီဆု) ကို ဆြတ္ခူး ရရွိခဲ့သည္။
ဒီဆုယူအၿပီး ေက်းဇူးတင္စကား ေျပာၾကားစဥ္ သမီးငါးေယာက္ရွိတဲ့ အတြက္ ေ႐ႊစင္႐ုပ္ တစ္ဆုစီ အေမြေပးနိုင္ၿပီ ျဖစ္ေၾကာင္း ဒါေပမယ့္ ေျမးမ်ား ရွိေသးတဲ့အတြက္ သူတို႔ကိုေပးနိုင္ဖို႔ ဆက္လက္ႀကိဳးစားသြားပါဦးမယ္လို႔ ေဒၚျမင့္ျမင့္ခင္က ထည့္သြင္း ေျပာၾကားသြားသည္။
ေဒၚျမင့္ျမင့္ခင္ လွ်မ္းလွ်မ္းေတာက္စဥ္ ကာလမွာ ရန္ကုန္ၿမိဳ႕ ဦးဝိစာရ အိမ္ရာ စခန္းမွာ ေနထိုင္သူ ေမာင္မ်ိဳးေသာ္ (စက္မႈတကၠသိုလ္) က ႐ုပ္ရွင္ မင္းသား၊ မင္းသမီးမ်ားကို ခ်စ္ျမတ္နိုးၾကတဲ့ ပရိသတ္မ်ား အတြက္ ဓာတ္ပုံမ်ား အလြယ္ တကူ ရရွိနိုင္ေအာင္ Fan Club ဖြဲ႕စည္းကာ လစဥ္ မင္းသား၊ မင္းသမီးမ်ားရဲ႕ ပုံမ်ား အဖြဲ႕ဝင္မ်ားထံသို႔ ေပးပို႔ ခဲ့ပါတယ္။ အဲဒီ ကာလတုန္းက ေဒၚျမင့္ျမင့္ခင္ ႏုပ်ိဳစဥ္ ျဖစ္တဲ့အတြက္ ဖက္ရွင္ အမ်ိဳးမ်ိဳး၊ ဆံပင္ပုံစံ အမ်ိဳးမ်ိဳးနဲ႕ ေတြ႕ျမင္နိုင္သည္။
အကယ္ဒမီမ်ားဆုရွင္ ေဒၚျမင့္ျမင့္ခင္သည္တစ္သက္တာ ႐ုပ္ရွင္ထူးခြၽန္ဆု (၂၀၁၈) စည္သူဘြဲ႕ကိုရရွိခဲ့ပါသည္။
အဆိုရွင္ဘဝ
ေဒၚျမင့္ျမင့္ခင္ဟာ သ႐ုပ္ေဆာင္မႈသာမက သီခ်င္းလည္း သီဆိုနိုင္သူျဖစ္ တဲ့အတြက္ ႐ုပ္ရွင္သီခ်င္း မ်ားစြာကို သီဆိုခဲ့သူ ျဖစ္ပါတယ္။ ေဒၚျမင့္ျမင့္ခင္ရဲ႕ သီခ်င္းမ်ားထဲက ေျဖေလ်ာ့ေခြ ဇာတ္ကား ဇာတ္ဝင္ သီခ်င္းျဖစ္တဲ့ ဧရာဝတီ၊ ဂ်က္ေအး ဤလူ႕ေဘာင္တြင္ ႐ုပ္ရွင္ဇာတ္ကား ဇာတ္ဝင္ေတး တစ္ပုဒ္ျဖစ္တဲ့ စႏၵာ၊ ပဏာမေတး ေ႐ႊမန္းဆီသို႔ အစ ရွိတဲ့ သီခ်င္းမ်ားအျပင္ ေတးေရးဆရာ ေ႐ႊျပည္ေအး ေရးသားၿပီး ေဒၚျမင့္ျမင့္ခင္ သီဆိုခဲ့တဲ့ နားပန္းဆံ သီခ်င္း မွာ ယေန႕ထက္တိုင္ ေရပန္းစားဆဲ ျဖစ္ပါတယ္။
ထိုသီခ်င္းအား သူမ၏ သမီးျဖစ္သူ အမ်ိဳးသမီး အဆိုရွင္ ေမဆြိ မွ ျပန္လည္ သီဆိုခဲ့ၿပီး ေအာင္ျမင္မႈမ်ား ရရွိခဲ့ေလသည္။ ေဒၚျမင့္ျမင့္ခင္သည္ သီခ်င္း သီဆိုနိုင္မႈေၾကာင့္ သူနဲ႕အတြဲ ညီတဲ့ စာေရးဆရာ ဒါရိုက္တာ၊ သ႐ုပ္ေဆာင္၊ အဆိုေက်ာ္ ဝင္းဦးနဲ႕တြဲဖက္ၿပီးလည္း သီဆို ေဖ်ာ္ေျဖပြဲမ်ားမွာ သီဆို ေဖ်ာ္ေျဖခဲ့ေသးပါသည္။
ေဒၚျမင့္ျမင့္ခင္ ေခတ္က ဇာတ္ဝင္ေတးျဖစ္တဲ့ ခ်စ္သူ႕နယ္ေျမ၊ ….. တို႔ဟာလည္း ႐ုပ္ရွင္ သီခ်င္းမ်ားျဖစ္ေပမယ့္ ဓာတ္ျပား သြင္းရာမွာေတာ့ ေရာင္းတန္းဝင္ အဆိုေက်ာ္မ်ားနဲ႕ သြင္းယူခဲ့ၾကတာေၾကာင့္ မူရင္းသီဆိုသူ ေဒၚျမင့္ျမင့္ခင္ အမည္ေပ်ာက္ၿပီး ဓာတ္ျပား သီခ်င္းသီဆိုသူမ်ား အမည္နဲ႕သာ လူသိမ်ားခဲ့သည္။
အသက္အ႐ြယ္ ရလာတဲ့ ေဒၚျမင့္ျမင့္ခင္ဟာ ဒါရိုက္တာ လူမင္း ရိုက္ကူးခဲ့တဲ့ အိုပယ္ ဒီဗီဒီကားမွာ သားနဲ႕ ေခြၽးမတို႔ရဲ႕ အပစ္ပယ္ခံ မိခင္ အိုႀကီးအျဖစ္ ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္ ခဲ့သလို ေဒၚျမင့္ျမင့္ခင္ အသက္ ၇၅ ႏွစ္ျပည့္ ဂုဏ္ျပဳ အစီအစဥ္အျဖစ္ ဒါရိုက္တာ ေမာင္ေဗဒါ ရိုက္ကူးခဲ့တဲ့ အေမ ဒီဗီဒီ ကားမွာ လည္း သားႏွစ္ေယာက္ မိခင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ ထားသည္။
ယေန႕ေခတ္ ဗီဒီယို၊ ဒီဗီ ဒီ၊ ႐ုပ္ရွင္မ်ားမွာ အမ်ိဳးသမီး သ႐ုပ္ေဆာင္မ်ား ကိုယ္တိုင္က အေမေနရာကေန ပါဝင္ သ႐ုပ္ေဆာင္ေနၾကတာေၾကာင့္ တစ္ေၾကာင္း အသက္အ႐ြယ္ ရလာတဲ့အတြက္ မင္းသား၊ မင္းသမီးတို႔ အေမေနရာထက္ အဘြားေနရာနဲ႕သာ ပိုမိုလိုက္ဖက္ျခင္းေၾကာင့္ တစ္ေၾကာင္း ေဒၚျမင့္ျမင့္ ခင္အေနနဲ႕ ကားရိုက္နည္းပါး သြားၿပီး အိမ္မွာေနရင္း နာမက်န္းျဖစ္ေနတဲ့ ခင္ပြန္းသည္ကို ျပဳစုေစာင့္ေရွာက္ရင္း တရားဘာဝနာ ပြားမ်ားေနခဲ့သည္။
ထို႔ေနာက္ ေဒၚျမင့္ျမင့္ခင္သည္ ႐ုပ္ရွင္ေလာကမွ အနားယူခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္လ်က္ ရွိသည္။ သူမသည္ သားသမီး ငါးေယာက္ဖြားျမင္ခဲ့သည္။ ခင္ပြန္းသည္ ဦးခင္ေမာင္ၫြန႔္မွာ ၂၀၁၀ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ကြယ္လြန္သြားခဲ့ေလသည္။
အကယ္ဒမီေဒၚျမင့္ျမင့္ခင္၏ သမီးမ်ားမွာ-
၁ ။တင္ေအးျမင့္(သီရိေကခိုင္)
၂ ။ ခင္ေအးျမင့္
၃ ။ ေအးေအးျမင့္
၄ ။ ေဆြေအးျမင့္(ေမဆြိ)
၅ ။ လဲ့ရည္ျမင့္ တို႔ ျဖစ္သည္။
က်န္းမာေရး
ေဒၚျမင့္ျမင့္ခင္သည္ အသက္ ၈၀ ေက်ာ္တိုင္ က်န္းမာစြာ ေနထိုင္လ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႕က ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးသို႔ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီဇာတ္ကားမ်ား အကဲျဖတ္ၾကည့္ရႈရန္ လာေရာက္ရင္း ေခ်ာ္လဲက်ေသာေၾကာင့္ လက္က်ိဳးခဲ့ရသည္။
ကိုးကား
(ဝင္းၿငိမ္း)ေ႐ႊအျမဴေတ
အကယ္ဒမီအတြက္ ဇာတ္ကားၾကည့္ဖို႔လာရင္း ေခ်ာ္လဲၿပီး လက္က်ိဳးသြားတဲ့ ေဒၚျမင့္ျမင့္ခင္။
7 daily news (၁၇ ေဖေဖာ္ဝါရီ ၂၀၁၉)
crd,..ဝီကီပီးဒီးယား