ငှက်များကို သဘာဝအလျောက် ဖမ်းနိုင်စွမ်းရှိသည့် ထူးခြားသော ငှက်ဖမ်းသစ်ပင်အကြောင်း

ကျွန်ုပ်တို့ နေထိုင်လျက်ရှိသည့် ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားသည့် အကြောင်း အရာများနှင့် ဖြစ်ရပ်များစွာ ရှိပါသည်။ ထိုဖြစ်ရပ် များစွာထဲမှာမှ အင်းဆက်ပိုးမွှားများနှင့် ငှက်များကို သဘာဝအလျောက် ဖမ်းနိုင်စွမ်းရှိသည့် သစ်ပင်တစ်ပင်၏ အကြောင်းကို ဗဟုသုတရရှိစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

သစ်ပင်များသည် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသည့် ပတ်ဝန်းကျင်ကို လေကောင်း လေသန့် ရရှိစေရန် အကူအညီ ပေးလျက်ရှိပါသည်။ သို့သော်လည်း များစွာသော အပင်မျိုးစိတ်များထဲမှ အပင်တစ်ပင်သည် ၎င်းထံလာနားသည့် ငှက်များကို အလိုအလျောက် ဖမ်းနိုင်သည်ဟုဆိုလျှင် စာဖတ်ပရိသတ်များ ယုံနိုင်မည် မထင်ပါ။

သို့သော်လည်း အမှန်တကယ်ရှိသည့်အတွက် ယုံကြည်ရမည်ဖြစ်သည်။ ထိုအပင်၏ အမည်မှာ Parapara (Pisonia brunoniana) သို့မဟုတ် ငှက်ဖမ်းသစ်ပင် (Birdcatcher tree)ဟု ခေါ်ပါသည်။

Parapara အပင်သည် ပန်းပွင့်သော သစ်ပင်မျိုးစိတ်တစ်ခု ဖြစ်ပြီး Nyctaginaceae မျိုးနွယ်ထဲတွင် ပါဝင်သည်။ ၎င်းတို့ ရှင်သန်ပေါက်ရောက်ရာ ဒေသမှာ နယူးဇီလန်၊ နော့ဖော့ကျွန်း၊လော့ဟိုဝီကျွန်းနှင့် ဟာဝေယံကျွန်းများတွင် ဖြစ်သည်။

နယူးဇီလန်နိုင်ငံရှိ ဘုံအမည်မှာ Parapara သို့မဟုတ် Birdcatcher tree ဖြစ်သည်။ ယင်းအပင်ကို Three Kings, Hen နှင့် Chicken ကျွန်းများတွင်လည်း အများဆုံးတွေ့နိုင်သည့် ရှားပါးအပင်တစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ အချို့သောကမ်းရိုးတန်း ဒေသများတွင် တွေ့ရတတ်သည်။

ဤအပင်များသည် အမြင့် ၆ မီတာ (ပေ ၂၀) မြင့်သော အပင်ငယ်လေး တစ်ပင်ဖြစ်ပြီး ထိုထက်လည်း ပိုမိုမြင့်နိုင်သေးသည်။ ယင်းအပင်၏ အသားများသည် ပျော့ပျောင်းပြီး အကိုင်းအခက်များမှာ ကျိုးပဲ့လွယ်သည်။

ကြီးမားသော အရွက်များရှိပြီး အရွက်တစ်ခုလုံးသည် ပြောင်ချောနေသည်။ ပန်းများသည် အစုလိုက် အပြုံလိုက်ဖြင့် များစွာပွင့်ဖူးလျက်ရှိကြသည်။ မိမိကိုယ်တိုင် ဝတ်မှုန်ကူးနိုင်သည့်အတွက် အထီးကျန်ဆန်လွန်းလှသည့် ပန်းပွင့်လေးများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဖိုမျိုးပွားအင်္ဂါနှင့် အမ မျိုးပွားအင်္ဂါ ၂ ခုလုံးပါရှိခြင်းကြောင့် ဖြစ်သည်။

ဤအပင်မှ ထွက်ရှိသည့် အသီးများမှာ အလွန်စေးကပ်သောကြောင့် ငှက်ငယ်လေးများကို ဖမ်းထားနိုင်သည်။ အသီးများသည် ကျဉ်းမြောင်းသေးသွယ်ပြီး ၂-၃ စင်တီမီတာရှည်လျက်ရှိသည်။

အသီး၏ အပြင်ဘက်တွင် မြောင်း ၅ ခုပါရှိသည်။ သုတေသနပညာရှင်များ၏ အကြံ ပြုချက်များအရ ယင်းအပင်များသည် ပင်လယ်ကမ်းစပ်များနှင့် ကျွန်းများအနီးတွင် ပေါက်ရောက်လျက် ရှိသောကြောင့် မျိုးစေ့များသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ မျောပါသွားပြီး အခြားသောနေရာဒေများတွင် ပြန့်ပွားရှင်သန် ပေါက်ရောက်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ဤအပင်ကို ငှက်ချစ်သူများက အလွန်မုန်းတီးကြသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ချစ်သည့် ငှက်ကလေးများကို ဖမ်းယူသေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါ သည်။ ယင်းအပင်သည် ဆောင်းရာသီနှင့် နွေဦးရာသီများတွင်သာ ငှက်များကိုဖမ်းလေ့ရှိပြီး အခြားသော ရာသီဥတုများတွင် မဖမ်းယူနိုင်ပါ။

အကြောင်းမှာ ယင်းဆောင်းရာသီနှင့် နွေဦးရာသီများတွင် အသီး၏ ထိပ်ပိုင်းသည် အနက်ရောင်အဖြစ် ပြောင်းသွားပြီး ကော်ကဲ့သို့သော အစေးများထွက်လာ သောကြောင့်ဖြစ်သည်။

ငှက်များကို ဖမ်းယူပုံမှာ ထွက်လာသော ကော်ကဲ့သို့ အစေးများက အင်းဆက်ပိုးမွှား လေးများကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသောကြောင့် အပင်၏ နေရာအတော်များများတွင် အင်းဆက်ပိုးမွှားများနှင့် ပြည့်နှက်သွားစေခဲ့ပါသည်။ ထိုအင်းဆက် ပိုးမွှားလေးများက ငှက်များကို ဆွဲဆောင်လျက်ရှိနေသောကြောင့်ဖြစ်သည်။

ငှက်များသည် ယင်းကဲ့သို့ ပိုးမွှားများ ကပ်နေသည့် အပင်ရှိရာကို သွားရောက်ခိုနားပြီး ပိုးမွှားများကိုစား သောက်ကြပါသည်။ ထိုသို့သွားရောက်စားသောက်ရာမှ ၎င်းတို့၏ အမွှေးအတောင်များက အပင်၏ အစေးများကြောင့် အပင်တွင် ကပ်နေပြီး ပျံသန်း၍မရနိုင် ဖြစ်ခဲ့ရပါသည်။

အကောင်ကြီးသည့် ငှက်များမှာ ရုန်းကန်ပျံသန်းနိုင်ကြသော်လည်း အကောင်သေးငယ်လျက်ရှိသည့် ငှက်ကလေးများမှာ အမွှေးကို ကော်နှင့်ကပ်ထားသကဲ့သို့ မပျံ သန်းနိုင်ဘဲ သစ်ပင်တွင် ကပ်နေလျက်ရှိသည်။

အောက်ကို ပြုတ်ကျသည့်အခါတွင်လည်း တောကြောင်များနှင့် ခွေးများ၏ အစာဖြစ်သွားကြရသည်။ အပင်တွင်ကပ်နေသည့် ငှက်ငယ်လေးများကလည်း နာရီပေါင်းများစွာကြာ ပြီးနောက် အစာရေစာပြတ်ကာ သေဆုံးသွားလေ့ရှိကြပါသည်။

Parapara အပင်များသည် ငှက်ကလေးများ၏ အမွှေးအတောင်များကို မပျံသန်းနိုင်အောင် တုပ်နှောင်ထားသကဲ့သို့ဖြစ်ပြီး ငှက်ကလေးများကို သေဆုံးစေပါသည်။ ထို့ကြောင့် ငှက်ချစ်သူများက Parapara အပင်ကို မုန်းတီးကြပြီး ယင်းအပင်အကုန်လုံးကို ခုတ်ပြစ်ချင်နေကြသည်။

သို့သော်လည်း ရှားပါးအပင်မျိုးစိတ်ဖြစ်နေသည့်အတွက် ၎င်းတို့၏ ဆန္ဒများမပြည့်ဝခဲ့ကြပါ။ အိမ်ခြံဝန်းများနှင့် မြေယာများတွင် ယင်းအပင်များကို လုံးဝမစိုက်ပျိုးကြရန် အစဉ်အမြဲ နှိုးဆော်သတိပေးမှုများ ပြုလုပ်လျက်ရှိကြသည်။

ငှက်ချစ်သူများက Parapara အပင် များရှိရာသို့ မကြာခဏ သွားရောက်ပြီး ငှက်ကလေးများကို ကယ်တင်ပေးလျက် ရှိနေကြကြောင်း ရေးသား ဖော်ပြပေးလိုက်ရပါသည်။

Crd,.မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ကျွန်ုပ်တို့ ေနထိုင္လ်က္ရွိသည့္ ကမၻာေပၚမွာ ထူးျခားဆန္းျပားသည့္ အေၾကာင္း အရာမ်ားႏွင့္ ျဖစ္ရပ္မ်ားစြာ ရွိပါသည္။ ထိုျဖစ္ရပ္ မ်ားစြာထဲမွာမွ အင္းဆက္ပိုးမႊားမ်ားႏွင့္ ငွက္မ်ားကို သဘာဝအေလ်ာက္ ဖမ္းနိုင္စြမ္းရွိသည့္ သစ္ပင္တစ္ပင္၏ အေၾကာင္းကို ဗဟုသုတရရွိေစရန္အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

သစ္ပင္မ်ားသည္ ကျွန်ုပ်တို့ ေနထိုင္လ်က္ရွိသည့္ ပတ္ဝန္းက်င္ကို ေလေကာင္း ေလသန႔္ ရရွိေစရန္ အကူအညီ ေပးလ်က္ရွိပါသည္။ သို႔ေသာ္လည္း မ်ားစြာေသာ အပင္မ်ိဳးစိတ္မ်ားထဲမွ အပင္တစ္ပင္သည္ ၎ထံလာနားသည့္ ငွက္မ်ားကို အလိုအေလ်ာက္ ဖမ္းနိုင္သည္ဟုဆိုလွ်င္ စာဖတ္ပရိသတ္မ်ား ယုံနိုင္မည္ မထင္ပါ။

သို႔ေသာ္လည္း အမွန္တကယ္ရွိသည့္အတြက္ ယုံၾကည္ရမည္ျဖစ္သည္။ ထိုအပင္၏ အမည္မွာ Parapara (Pisonia brunoniana) သို႔မဟုတ္ ငွက္ဖမ္းသစ္ပင္ (Birdcatcher tree)ဟု ေခၚပါသည္။

Parapara အပင္သည္ ပန္းပြင့္ေသာ သစ္ပင္မ်ိဳးစိတ္တစ္ခု ျဖစ္ၿပီး Nyctaginaceae မ်ိဳးႏြယ္ထဲတြင္ ပါဝင္သည္။ ၎တို႔ ရွင္သန္ေပါက္ေရာက္ရာ ေဒသမွာ နယူးဇီလန္၊ ေနာ့ေဖာ့ကြၽန္း၊ေလာ့ဟိုဝီကြၽန္းႏွင့္ ဟာေဝယံကြၽန္းမ်ားတြင္ ျဖစ္သည္။

နယူးဇီလန္နိုင္ငံရွိ ဘုံအမည္မွာ Parapara သို႔မဟုတ္ Birdcatcher tree ျဖစ္သည္။ ယင္းအပင္ကို Three Kings, Hen ႏွင့္ Chicken ကြၽန္းမ်ားတြင္လည္း အမ်ားဆုံးေတြ႕နိုင္သည့္ ရွားပါးအပင္တစ္မ်ိဳးျဖစ္သည္။ တစ္ခါတစ္ရံ အခ်ိဳ႕ေသာကမ္းရိုးတန္း ေဒသမ်ားတြင္ ေတြ႕ရတတ္သည္။

ဤအပင္မ်ားသည္ အျမင့္ ၆ မီတာ (ေပ ၂၀) ျမင့္ေသာ အပင္ငယ္ေလး တစ္ပင္ျဖစ္ၿပီး ထိုထက္လည္း ပိုမိုျမင့္နိုင္ေသးသည္။ ယင္းအပင္၏ အသားမ်ားသည္ ေပ်ာ့ေပ်ာင္းၿပီး အကိုင္းအခက္မ်ားမွာ က်ိဳးပဲ့လြယ္သည္။

ႀကီးမားေသာ အ႐ြက္မ်ားရွိၿပီး အ႐ြက္တစ္ခုလုံးသည္ ေျပာင္ေခ်ာေနသည္။ ပန္းမ်ားသည္ အစုလိုက္ အၿပဳံလိုက္ျဖင့္ မ်ားစြာပြင့္ဖူးလ်က္ရွိၾကသည္။ မိမိကိုယ္တိုင္ ဝတ္မႈန္ကူးနိုင္သည့္အတြက္ အထီးက်န္ဆန္လြန္းလွသည့္ ပန္းပြင့္ေလးမ်ားျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အဖိုမ်ိဳးပြားအဂၤါႏွင့္ အမ မ်ိဳးပြားအဂၤါ ၂ ခုလုံးပါရွိျခင္းေၾကာင့္ ျဖစ္သည္။

ဤအပင္မွ ထြက္ရွိသည့္ အသီးမ်ားမွာ အလြန္ေစးကပ္ေသာေၾကာင့္ ငွက္ငယ္ေလးမ်ားကို ဖမ္းထားနိုင္သည္။ အသီးမ်ားသည္ က်ဥ္းေျမာင္းေသးသြယ္ၿပီး ၂-၃ စင္တီမီတာရွည္လ်က္ရွိသည္။

အသီး၏ အျပင္ဘက္တြင္ ေျမာင္း ၅ ခုပါရွိသည္။ သုေတသနပညာရွင္မ်ား၏ အႀကံ ျပဳခ်က္မ်ားအရ ယင္းအပင္မ်ားသည္ ပင္လယ္ကမ္းစပ္မ်ားႏွင့္ ကြၽန္းမ်ားအနီးတြင္ ေပါက္ေရာက္လ်က္ ရွိေသာေၾကာင့္ မ်ိဳးေစ့မ်ားသည္ ပင္လယ္ေရစီးေၾကာင္းႏွင့္အတူ ေမ်ာပါသြားၿပီး အျခားေသာေနရာေဒမ်ားတြင္ ျပန႔္ပြားရွင္သန္ ေပါက္ေရာက္နိုင္ေၾကာင္း ေလ့လာေတြ႕ရွိရသည္။

ဤအပင္ကို ငွက္ခ်စ္သူမ်ားက အလြန္မုန္းတီးၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ မိမိတို႔ခ်စ္သည့္ ငွက္ကေလးမ်ားကို ဖမ္းယူေသေစနိုင္သည့္ အတြက္ေၾကာင့္ ျဖစ္ပါ သည္။ ယင္းအပင္သည္ ေဆာင္းရာသီႏွင့္ ႏြေဦးရာသီမ်ားတြင္သာ ငွက္မ်ားကိုဖမ္းေလ့ရွိၿပီး အျခားေသာ ရာသီဥတုမ်ားတြင္ မဖမ္းယူနိုင္ပါ။

အေၾကာင္းမွာ ယင္းေဆာင္းရာသီႏွင့္ ႏြေဦးရာသီမ်ားတြင္ အသီး၏ ထိပ္ပိုင္းသည္ အနက္ေရာင္အျဖစ္ ေျပာင္းသြားၿပီး ေကာ္ကဲ့သို႔ေသာ အေစးမ်ားထြက္လာ ေသာေၾကာင့္ျဖစ္သည္။

ငွက္မ်ားကို ဖမ္းယူပုံမွာ ထြက္လာေသာ ေကာ္ကဲ့သို႔ အေစးမ်ားက အင္းဆက္ပိုးမႊား ေလးမ်ားကို မလႈပ္ရွားနိုင္ေအာင္ ခ်ဳပ္ႏွောင္ထားေသာေၾကာင့္ အပင္၏ ေနရာအေတာ္မ်ားမ်ားတြင္ အင္းဆက္ပိုးမႊားမ်ားႏွင့္ ျပည့္ႏွက္သြားေစခဲ့ပါသည္။ ထိုအင္းဆက္ ပိုးမႊားေလးမ်ားက ငွက္မ်ားကို ဆြဲေဆာင္လ်က္ရွိေနေသာေၾကာင့္ျဖစ္သည္။

ငွက္မ်ားသည္ ယင္းကဲ့သို႔ ပိုးမႊားမ်ား ကပ္ေနသည့္ အပင္ရွိရာကို သြားေရာက္ခိုနားၿပီး ပိုးမႊားမ်ားကိုစား ေသာက္ၾကပါသည္။ ထိုသို႔သြားေရာက္စားေသာက္ရာမွ ၎တို႔၏ အေမႊးအေတာင္မ်ားက အပင္၏ အေစးမ်ားေၾကာင့္ အပင္တြင္ ကပ္ေနၿပီး ပ်ံသန္း၍မရနိုင္ ျဖစ္ခဲ့ရပါသည္။

အေကာင္ႀကီးသည့္ ငွက္မ်ားမွာ ႐ုန္းကန္ပ်ံသန္းနိုင္ၾကေသာ္လည္း အေကာင္ေသးငယ္လ်က္ရွိသည့္ ငွက္ကေလးမ်ားမွာ အေမႊးကို ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ မပ်ံ သန္းနိုင္ဘဲ သစ္ပင္တြင္ ကပ္ေနလ်က္ရွိသည္။

ေအာက္ကို ျပဳတ္က်သည့္အခါတြင္လည္း ေတာေၾကာင္မ်ားႏွင့္ ေခြးမ်ား၏ အစာျဖစ္သြားၾကရသည္။ အပင္တြင္ကပ္ေနသည့္ ငွက္ငယ္ေလးမ်ားကလည္း နာရီေပါင္းမ်ားစြာၾကာ ၿပီးေနာက္ အစာေရစာျပတ္ကာ ေသဆုံးသြားေလ့ရွိၾကပါသည္။

Parapara အပင္မ်ားသည္ ငွက္ကေလးမ်ား၏ အေမႊးအေတာင္မ်ားကို မပ်ံသန္းနိုင္ေအာင္ တုပ္ႏွောင္ထားသကဲ့သို႔ျဖစ္ၿပီး ငွက္ကေလးမ်ားကို ေသဆုံးေစပါသည္။ ထို႔ေၾကာင့္ ငွက္ခ်စ္သူမ်ားက Parapara အပင္ကို မုန္းတီးၾကၿပီး ယင္းအပင္အကုန္လုံးကို ခုတ္ျပစ္ခ်င္ေနၾကသည္။

သို႔ေသာ္လည္း ရွားပါးအပင္မ်ိဳးစိတ္ျဖစ္ေနသည့္အတြက္ ၎တို႔၏ ဆႏၵမ်ားမျပည့္ဝခဲ့ၾကပါ။ အိမ္ၿခံဝန္းမ်ားႏွင့္ ေျမယာမ်ားတြင္ ယင္းအပင္မ်ားကို လုံးဝမစိုက္ပ်ိဳးၾကရန္ အစဥ္အၿမဲ ႏွိုးေဆာ္သတိေပးမႈမ်ား ျပဳလုပ္လ်က္ရွိၾကသည္။

ငွက္ခ်စ္သူမ်ားက Parapara အပင္ မ်ားရွိရာသို႔ မၾကာခဏ သြားေရာက္ၿပီး ငွက္ကေလးမ်ားကို ကယ္တင္ေပးလ်က္ ရွိေနၾကေၾကာင္း ေရးသား ေဖာ္ျပေပးလိုက္ရပါသည္။

Crd,.မူရင္းေရးသားသူအားေလးစားစြာျဖင့္