မြန်မာ့ရုပ်ရှင်ဟာ ၁၉၂၀ခုနှစ်က စတင်ပေါ်ပေါ်လာခဲ့တာ ဖြစ်ပြီး နှစ်(၃၀)ကျော်အကြာ ၁၉၅၂ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို စတင်ပေးအပ်ခဲ့တာပါ။
ထိုအချိန်က အကယ်ဒမီဟု ခေါ်ဝေါ်ခြင်းမရှိသေးဘဲ အမျိုးသားသရုပ်ဆောင်အတွက် အမျိုးသားပညာသည်ဆု၊ အမျိုးသမီးသရုပ်ဆောင်အတွက် အမျိုးသမီး ပညာသည်ဆု ဆိုပြီး ပေးအပ်ခဲ့တာပါ။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (ခေါ် ) အကယ်ဒမီဆုကို စတင်ရရှိခဲ့သူတွေဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သူဖြစ်ပြီး အခုချိန်မှာ သူတို့မရှိတော့ပေမဲ့ သူတို့နာမည်က ရုပ်ရှင်သမိုင်းမှာ၊ ရုပ်ရှင်ချစ်သူတွေရဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲသူတွေ ဖြစ်ပါတယ်။
၁။ ။ ပထမဆုံး အမျိုးသား သရုပ်ဆောင်ဆုရ ဦးကျော်ဝင်း
၁၉၅၂ခုနှစ်က ပေးအပ်ခဲ့တဲ့ အကောင်းဆုံး အမျိုးသား ပညာသည်ဆုကို ရရှိခဲ့သူကတော့ သရုပ်ဆောင် ဦးကျော်ဝင်းဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်၊ ဗြိတိသျှဘားမားရုပ်ရှင်က ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့တဲ့ “မာလာရီ” ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသားပညာသည်ဆု(ခ) ပထမဆုံး အမျိုးသားသရုပ်ဆောင် ဆုကို ချီးမြှင့်ခံခဲ့ရတာပါ။
မင်းသမီးတင်တင်မူနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “မာလာရီ” ရုပ်ရှင်ကားဟာ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးနောက်ခံကားတစ်ကားဖြစ်ပါတယ်။
ဦးကျော်ဝင်းက ရုပ်ရှင်အနုပညာအရည်အချင်း ပြည့်ဝပြီး ဒါရိုက်တာကြီးတွေရဲ့ ညွှန်ကြားမှုကို အလွယ်တကူ နားလည်သဘောပေါက်ကာ ကာရိုက်တာကို ပီပြင်အောင်ရုပ်ဆောင်နိုင်စွမ်းရှိသလို အချို့သော ဇာတ်ဝင်ခန်းများမှာ လိုချင်တဲ့ ပုံစံပြောရုံနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အံဝင်ခွင်ကျ ဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးလို့ မှတ်တမ်းများအရ သိရပါတယ်။
ဦးကျော်ဝင်းက မင်းသမီး ဒေါ်တင်တင်မူနဲ့ ဖူးစာဆုံခဲ့ပြီး နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ ဒေစီကျော်ဝင်းနဲ့ မေမီကျော်ဝင်းဆိုတဲ့ သမီးလေးနှစ်ယောက်ကို ထွန်းကားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း(၅၀)ကို ရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသားကြီး ဦးကျော်ဝင်းဟာ အသက် ၇၅ နှစ်အရွယ် (၁၉၉၃ ခုနှစ်) မှာ ကွယ်လွန်သွားခဲ့ပါတယ်။
၂။ ။ပထမဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရ ဒေါ်ကြည်ကြည်ဌေး
သရုပ်ဆောင် ကြည်ကြည်ဌေးဟာ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဦးတင်မောင်ရိုက်ကူးတဲ့ “ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့တဲ့ ပထမဆုံး ရုပ်ရှင်မင်းသမီးပဲဖြစ်ပါတယ်။
သူမဟာ အသက်(၅)နှစ်အရွယ်ကတည်းက ဇာတ်သဘင်လောကမှာ ကျင်လည်ခဲ့ပြီး ရုပ်ရှင်လောကထဲကို “ချစ်သက်ဝေ” ရုပ်ရှင်ကားနဲ့ ၁၉၅၂ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီဇာတ်ကားနဲ့ ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၅၆ခုနှစ်မှာ “ချစ်ခွင့်မပိုင်” ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ၊၁၉၇၀မှာ “နုနုငယ်ငယ်” ၊ ၁၉၇၈ ခုနှစ်မှ “လူဇော်”ဇာတ်ကားတို့နဲ့ ဇာတ်ပို့ဆုတို့ကို ရရှိခဲ့ပါတယ်။
အနုပညာမှာ ထူးချွန်လွန်းလှပြီး ရုပ်ရှင်ကားတိုင်းမှာ ပီပြင်လွန်းစွာ သရုပ်ဆောင်နိုင်တဲ့ ဒေါ်ကြည်ကြည်ဌေးဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ “ဝဏ္ဏကျော်ထင်ဘွဲ့”ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
မြန်မာ့ ရုပ်ရှင်လောကရဲ့ စံထားလောက်တဲ့အကယ်ဒမီ လေးထပ်ကွမ်း ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့တဲ့ မင်းသမီး ကြည်ကြည် ဌေးဟာ ၂၀၀၀ခုနှစ်၊မတ်လ(၄)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၇၆)နှစ် ရှီပြီလို့ သိရပါတယ်။
၃။ ။ ပထမဆုံး ဒါရိုက်တာ ဆုရ ဒါရိုက်တာကြီး ဦးသုခ
၁၉၅၂ခုနှစ်နဲ့ ၁၉၅၃ခုနှစ်မှာ ဇာတ်ကားဆု၊ အမျိုးသား ပညာသည်ဆုနဲ့ အမျိုးသမီး ပညာသည်ဆုတို့ကို ချီးမြှင့်ခဲ့တာဖြစ်ပြီး ၁၉၅၄ခုနှစ်မှာ စတင်ချီးမြှင့်တဲ့ ပထမဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ဦးသုခက “ ဩော်မိန်းမ” ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာပါ။
ဒါရိုက်တာ ဦးသုခဟာ “စိန်သိန်းတန်” ကလောင်နာမည်နဲ့ စာများ ရေးသားခဲ့သလို လုံးချင်းဝတ္ထုများလည်း ရေးသားခဲ့သူတစ်ဦးပါ။၁၉၃၈ ခုနှစ်မှာ “ချစ်အမျှ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားရာကစ ရုပ်ရှင်လောကထဲသို့ ရောက်ရှိလာခဲ့ပြီး
၁၉၄၈မှာ “ချစ်အနုမြူ “ ရုပ်ရှင်ဇာတ်ကားကို ပထမဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပြီးနောက် ၁၉၅၄ ခုနှစ်မှာတော့ “သြော်မိန်းမ”ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ ဆုကို ရခဲ့ပါတယ်။
အဲဒီနောက် “ဘဝသံသရာ”ဇာတ်ကားနဲ့ ဒုတိယအကြိမ် ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆု (၆)ဆုအထိ ရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို နိုင်ငံတော်က ချီးမြှင့်တဲ့”
အလင်္ကာကျော်စွာ “ဘွဲ့ ၊ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်များကို ရရှိခဲ့ပါတယ်။ ဒါရိုက်တာ ကြီး ဦးသုခဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး လုံးချင်းဝတ္ထုများ၊ဝတ္ထုတိုများစွာကို ရေးသားခဲ့တဲ့ နာမည်ကျော်အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါရိုက်တာ ကြီး ဦးသုခဟာ ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့နံနက်ခင်းမှာ အမှတ်(၂) စစ်ဆေးရုံတွင် ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၉၅)နှစ် ရှိပြီဖြစ်ပါတယ်။
(ကိုးကား – မြန်မာ့ရုပ်ရှင်သမိုင်းစဥ် စာအုပ်များ)
Credit…shwengwe Games
ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည် ။
Zawgyi
ျမန္မာ့႐ုပ္ရွင္ဟာ ၁၉၂၀ခုႏွစ္က စတင္ေပၚေပၚလာခဲ့တာ ျဖစ္ၿပီး ႏွစ္(၃၀)ေက်ာ္အၾကာ ၁၉၅၂ခုႏွစ္မွာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ားကို စတင္ေပးအပ္ခဲ့တာပါ။
ထိုအခ်ိန္က အကယ္ဒမီဟု ေခၚေဝၚျခင္းမရွိေသးဘဲ အမ်ိဳးသားသ႐ုပ္ေဆာင္အတြက္ အမ်ိဳးသားပညာသည္ဆု၊ အမ်ိဳးသမီးသ႐ုပ္ေဆာင္အတြက္ အမ်ိဳးသမီး ပညာသည္ဆု ဆိုၿပီး ေပးအပ္ခဲ့တာပါ။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု (ေခၚ ) အကယ္ဒမီဆုကို စတင္ရရွိခဲ့သူေတြဟာ ျမန္မာ့႐ုပ္ရွင္ေလာကမွာ တစ္ေခတ္တစ္ခါက လွ်မ္းလွ်မ္းေတာက္ နာမည္ေက်ာ္ခဲ့သူျဖစ္ၿပီး အခုခ်ိန္မွာ သူတို႔မရွိေတာ့ေပမဲ့ သူတို႔နာမည္က ႐ုပ္ရွင္သမိုင္းမွာ၊ ႐ုပ္ရွင္ခ်စ္သူေတြရဲ႕ ရင္ထဲမွာ ထင္က်န္ေနဆဲသူေတြ ျဖစ္ပါတယ္။
၁။ ။ ပထမဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္ဆုရ ဦးေက်ာ္ဝင္း
၁၉၅၂ခုႏွစ္က ေပးအပ္ခဲ့တဲ့ အေကာင္းဆုံး အမ်ိဳးသား ပညာသည္ဆုကို ရရွိခဲ့သူကေတာ့ သ႐ုပ္ေဆာင္ ဦးေက်ာ္ဝင္းျဖစ္ပါတယ္။ ၁၉၅၁ ခုႏွစ္၊ ၿဗိတိသွ်ဘားမား႐ုပ္ရွင္က ဒါရိုက္တာ ေ႐ႊဒုံးဘီေအာင္ ရိုက္ကူးခဲ့တဲ့ မာလာရီ ႐ုပ္ရွင္ဇာတ္ကားနဲ႕ ျမန္မာနိုင္ငံရဲ႕ ပထမဆုံးအမ်ိဳးသားပညာသည္ဆု(ခ) ပထမဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ ဆုကို ခ်ီးျမႇင့္ခံခဲ့ရတာပါ။
မင္းသမီးတင္တင္မူနဲ႕ တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့ မာလာရီ ႐ုပ္ရွင္ကားဟာ လြတ္လပ္ေရး တည္တံ့ ခိုင္ၿမဲေရးဆိုတဲ့ အႏွစ္သာရကို ေဖာ္ေဆာင္တဲ့ နိုင္ငံေရးနဲ႕ စစ္ေရးေနာက္ခံကားတစ္ကားျဖစ္ပါတယ္။
ဦးေက်ာ္ဝင္းက ႐ုပ္ရွင္အႏုပညာအရည္အခ်င္း ျပည့္ဝၿပီး ဒါရိုက္တာႀကီးေတြရဲ႕ ၫႊန္ၾကားမႈကို အလြယ္တကူ နားလည္သေဘာေပါက္ကာ ကာရိုက္တာကို ပီျပင္ေအာင္႐ုပ္ေဆာင္နိုင္စြမ္းရွိသလို အခ်ိဳ႕ေသာ ဇာတ္ဝင္ခန္းမ်ားမွာ လိုခ်င္တဲ့ ပုံစံေျပာ႐ုံနဲ႕ ဇာတ္လမ္းဇာတ္ကြက္ကို အံဝင္ခြင္က် ျဖစ္ေအာင္ သ႐ုပ္ေဆာင္နိုင္တဲ့ သ႐ုပ္ေဆာင္တစ္ဦးလို႔ မွတ္တမ္းမ်ားအရ သိရပါတယ္။
ဦးေက်ာ္ဝင္းက မင္းသမီး ေဒၚတင္တင္မူနဲ႕ ဖူးစာဆုံခဲ့ၿပီး နာမည္ေက်ာ္မင္းသမီးေတြျဖစ္တဲ့ ေဒစီေက်ာ္ဝင္းနဲ႕ ေမမီေက်ာ္ဝင္းဆိုတဲ့ သမီးေလးႏွစ္ေယာက္ကို ထြန္းကားခဲ့ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားေပါင္း(၅၀)ကို ရိုက္ကူးခဲ့တဲ့ အကယ္ဒမီ မင္းသားႀကီး ဦးေက်ာ္ဝင္းဟာ အသက္ ၇၅ ႏွစ္အ႐ြယ္ (၁၉၉၃ ခုႏွစ္) မွာ ကြယ္လြန္သြားခဲ့ပါတယ္။
၂။ ။ပထမဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆုရ ေဒၚၾကည္ၾကည္ေဌး
သ႐ုပ္ေဆာင္ ၾကည္ၾကည္ေဌးဟာ ေအဝမ္း႐ုပ္ရွင္မွ ဒါရိုက္တာ ဦးတင္ေမာင္ရိုက္ကူးတဲ့ ခ်စ္သက္ေဝ ႐ုပ္ရွင္ဇာတ္ကားနဲ႕ ပထမဆုံး ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုရရွိခဲ့တဲ့ ပထမဆုံး ႐ုပ္ရွင္မင္းသမီးပဲျဖစ္ပါတယ္။
သူမဟာ အသက္(၅)ႏွစ္အ႐ြယ္ကတည္းက ဇာတ္သဘင္ေလာကမွာ က်င္လည္ခဲ့ၿပီး ႐ုပ္ရွင္ေလာကထဲကို ခ်စ္သက္ေဝ ႐ုပ္ရွင္ကားနဲ႕ ၁၉၅၂ခုႏွစ္မွာ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး အဲဒီဇာတ္ကားနဲ႕ ပထမဆုံးအကယ္ဒမီဆုကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ ၁၉၅၆ခုႏွစ္မွာ ခ်စ္ခြင့္မပိုင္ ဇာတ္ကားနဲ႕ အေကာင္းဆုံး ဇာတ္ေဆာင္ဆု ၊၁၉၇၀မွာ ႏုႏုငယ္ငယ္ ၊ ၁၉၇၈ ခုႏွစ္မွ လူေဇာ္ဇာတ္ကားတို႔နဲ႕ ဇာတ္ပို႔ဆုတို႔ကို ရရွိခဲ့ပါတယ္။
အႏုပညာမွာ ထူးခြၽန္လြန္းလွၿပီး ႐ုပ္ရွင္ကားတိုင္းမွာ ပီျပင္လြန္းစြာ သ႐ုပ္ေဆာင္နိုင္တဲ့ ေဒၚၾကည္ၾကည္ေဌးဟာ နိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့ ဝဏၰေက်ာ္ထင္ဘြဲ႕ကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။
ျမန္မာ့ ႐ုပ္ရွင္ေလာကရဲ႕ စံထားေလာက္တဲ့အကယ္ဒမီ ေလးထပ္ကြမ္း ဝဏၰေက်ာ္ထင္ဘြဲ႕ရခဲ့တဲ့ မင္းသမီး ၾကည္ၾကည္ ေဌးဟာ ၂၀၀၀ခုႏွစ္၊မတ္လ(၄)ရက္ေန႕မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္(၇၆)ႏွစ္ ရွီၿပီလို႔ သိရပါတယ္။
၃။ ။ ပထမဆုံး ဒါရိုက္တာ ဆုရ ဒါရိုက္တာႀကီး ဦးသုခ
၁၉၅၂ခုႏွစ္နဲ႕ ၁၉၅၃ခုႏွစ္မွာ ဇာတ္ကားဆု၊ အမ်ိဳးသား ပညာသည္ဆုနဲ႕ အမ်ိဳးသမီး ပညာသည္ဆုတို႔ကို ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ၁၉၅၄ခုႏွစ္မွာ စတင္ခ်ီးျမႇင့္တဲ့ ပထမဆုံး ဒါရိုက္တာဆုကို ဒါရိုက္တာ ဦးသုခက ေဩာ္မိန္းမ ႐ုပ္ရွင္ကားနဲ႕ ရရွိခဲ့တာပါ။
ဒါရိုက္တာ ဦးသုခဟာ စိန္သိန္းတန္ ကေလာင္နာမည္နဲ႕ စာမ်ား ေရးသားခဲ့သလို လုံးခ်င္းဝတၳဳမ်ားလည္း ေရးသားခဲ့သူတစ္ဦးပါ။၁၉၃၈ ခုႏွစ္မွာ ခ်စ္အမွ်ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ၫႊန္းကို ေရးသားရာကစ ႐ုပ္ရွင္ေလာကထဲသို႔ ေရာက္ရွိလာခဲ့ၿပီး
၁၉၄၈မွာ ခ်စ္အႏုျမဴ ႐ုပ္ရွင္ဇာတ္ကားကို ပထမဆုံး ဒါရိုက္တာအျဖစ္ရိုက္ကူးခဲ့ၿပီးေနာက္ ၁၉၅၄ ခုႏွစ္မွာေတာ့ ေၾသာ္မိန္းမ႐ုပ္ရွင္ကားနဲ႕ ဒါရိုက္တာ ဆုကို ရခဲ့ပါတယ္။
အဲဒီေနာက္ ဘဝသံသရာဇာတ္ကားနဲ႕ ဒုတိယအႀကိမ္ ဒါရိုက္တာဆုကို ရရွိခဲ့ၿပီး ႐ုပ္ရွင္ထူးခြၽန္ဆု (၆)ဆုအထိ ရရွိခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္သလို နိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့
အလကၤာေက်ာ္စြာ ဘြဲ႕ ၊ မဟာသဒၶမၼ ေဇာတိက ဘြဲ႕တံဆိပ္မ်ားကို ရရွိခဲ့ပါတယ္။ ဒါရိုက္တာ ႀကီး ဦးသုခဟာ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး လုံးခ်င္းဝတၳဳမ်ား၊ဝတၳဳတိုမ်ားစြာကို ေရးသားခဲ့တဲ့ နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။
ဒါရိုက္တာ ႀကီး ဦးသုခဟာ ၂၀၀၅ခုႏွစ္၊ ဒီဇင္ဘာ(၇)ရက္ေန႕နံနက္ခင္းမွာ အမွတ္(၂) စစ္ေဆး႐ုံတြင္ ကြယ္လြန္ခဲ့တာ ျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္(၉၅)ႏွစ္ ရွိၿပီျဖစ္ပါတယ္။
(ကိုးကား ျမန္မာ့႐ုပ္ရွင္သမိုင္းစဥ္ စာအုပ္မ်ား)
Credit…shwengwe Games
ေရွးေခတ္ျမန္မာပုံရိပ္မ်ား
ျပန္လည္မွ်ေဝပါသည္ ။