မြန်မာ့ စာနယ်ဇင်းလောကတွင် အချိန်ကြာမြင့်စွာ လျှမ်းလျှမ်း တောက် အောင်မြင်ခဲ့သော အစောဆုံး ပုံနှိပ်တိုက်အား ပြရမည်ဆိုလျှင် သုံးဆယ်မြို့ စကြာဝဠာ ပုံနှိပ်တိုက်အား ဦးစွာ ပထမ ပြရပေမည်။ ထို့ထက် ထူးခြားသည်မှာ ထိုပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဖွါးရှင်ဆိုသော အမျိုးသမီးကြီး ဖြစ်၏။
သူမသည် အမျိုးသမီးများ အောက်ကျနောက်ကျ အိမ်တွင်းတွင်နေပြီး အိမ်မှူရေးရာလောက်သာ စီမံ ခန့်ခွဲနေကြသော ခေတ်ကထဲက ကိုယ်ပိုင် စာပုံနှိပ်စက်ထောင်ကာ ပထမဦးဆုံး မြန်မာအမျိုးသမီး သတင်းစာ အယ်ဒီတာအဖြစ် နာမည်ကျော် သာယာဝတီ သတင်းစာ ထုတ်ခဲ့ရုံမျှမက ထိုသတင်းစာခေါင်းကြီးပိုင်းမှ အင်္ဂလိပ် အစိုးရအား အသုံးစရိတ် လျော့ချရေး၊ တိုင်းရင်းသားများ အင်္ဂလိပ်နှင့် တန်းတူအခွင့်အရေးရှိရေး တို့ကို ရဲဝံ့ပြတ်သားစွာ ဝေဖန်ခဲ့သည်။
ထို့အပြင် နိုင်ငံရေး အသိစိတ် ခေါင်ပါးသူတို့ကိုလည်း ပညာပေးကာ၊ အမျိုးသ္မီးထုအားလည်း လူမျိုးခြားများနှင့် အိမ်ထောင်ပြုုခြင်းကို ရှောင်ရှားစေရန် မိမိ သတင်းစာမှ သတိပေးခဲ့သည်။
ဒေါ်ဖွားရှင်၏ စာပုံနှိပ်တိုက် တည်ထောင်ချိန်တွင် ရန်ကုန်မြို့၌ စာပုံနှိပ်တိုက် မပေါ်သေးသဖြင့် သူမ၏ပုံနှိပ်တိုက်မှ တာဝန်ယူ ရိုက်နှိပ်ပေးရင်း နောက်ဆုံး ရန်ကုန်မြို့သို ့ ပြောင်းလဲ ဖွင့်ခဲ့ရသည် အထိ အောင်မြင်ခဲ့သည်။ သာယာဝတီ ဒိစတြိ၊ သုံးဆယ်မြို့၊ ရွာမရွာတွင်ဖွားမြင်ခဲ့သော စာပေတန်ဆောင် နာမည်ကျော် ပီမိုးနင်း သည်ပင် စကြဝဠာ ပုံနှိပ်တိုက်အား အမှီသဟဲပြု၍ စာပေနယ်သို့ဝင်ရောက်ခဲ့ရ၏။
သူ၏ ပထမဆုံး ဝတ္ထု “ဘီအေမောင်တင့် နှင့် ကချေသယ် မယ်မြင့်” အား ရေးသူ မောင်ကျော် ကလောင်အမည်ဖြင့် ၁၉၄၆ ဧပြီလတွင် စကြဝဠာ ပုံနှိပ်တိုက်မှ ဖြန့်ချီ ပေးခဲ့သည်။
ထို့နောက်တွင်မူ စာပေလောကတွင် “ပီမိုးနင်း” ဟုပြောလိုက်လျှင် မသိသူ အလွန်နည်းပါး ပါလိမ့်မည်။ သူ့ခေတ် သူ့အခါကဆိုလျှင် စာရေး ဆရာအဖြစ်သာမက ဒါရိုက်တာ တစ်ဦးအဖြစ် “ချစ်တဲ့သူရယ်” (၁၉၂၉) အသံတိတ် ဇာတ်ကားတွင် သားဖြစ်သူ ဗစ်တာမိုးနင်း ခေါ် စတန့်မင်းသား ကျော်စိုး အား မင်းသားတင်ကာရိုက်ကူးရာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒေါ်ဖွားရှင်၏ စကြာဝဠာပုံနှိပ်တိုက်မှလည်း အဖိုးတန်စာအုပ်များ၊ နာမည်ကျော်ဝတ္ထုများ၊ မဂ္ဂဇင်းများ ထုတ်ဝေခဲ့သည်။ ထို့အထဲမှ ယနေ့ခေတ်တိုင် ခေတ်မှီပြီး တွေ့မြင်ရန် အလွန်ခက်ခဲလှသော မဂ္ဂဇင်းမှာ “သိပ္ပံဘန်တိုက်ကြီး မဂ္ဂဇင်း” ဖြစ်၏။
ဤမဂ္ဂဇင်း မည်မျှထင်ရှားနာမည်ကျော်ကြားလှသည်ဆိုသော် ထိုခေတ်က လစဉ်မှာယူသူများစာရင်းတွင် မြန်မာ့လူကုံထန် ပညာတတ်များသာမက မြန်မာစာပေ၊ မြန်မာ့ဓလေ့ အကြောင်း လေ့လာကြသော နိုင်ငံခြားသား မျက်နှာဖြူများပါ ပါဝင်ကြသည်။
ထိုသိပ္ပံဘန်တိုက်ကြီး မဂ္ဂဇင်းမှာ ယနေ့ထက်တိုင် အလွန်ပင်ခေတ်ရှေ့ပြေးလှပြီး မြန်မာ့ အကျိုးစီးပွားဟူသော ခေါင်းစီးဖြင့် လူ့အကျိုးပြု တပိုင်တနိုင်ပြုလုပ်နိုင်သော အိမ်တွင်းစီးပွားရေး နည်းလမ်းများအား မီးမောင်းထိုးပြခဲ့သည်။
ဒေါ်ဖွါးရှင်အား ၁၈၇၉ခုနှစ်တွင် မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်တွင် မွေးဖွားခဲ့ပြီး ခင်ပွန်းသည် ဦးဇံ နှင့် အိမ်ထောင်ကြကာ ခင်ပွန်းသည် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆာင်ရသော သုံးဆယ်မြို့ ကက်သလစ် ကွန်ဗင့်ကျောင်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
ပင်နီဝတ် ဝံသာနု အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ထိုခေတ် မြန်မာအမျိုးသမီးအသင်းအဖွဲ့ခေါင်းဆောင်ဖြစ်ကာ ဂျီစီဘီအေနှင့် ၂၁ဦးပါတီများတွင်လည်း တက်ကြွစွာ ပါဝင်ထောက်ခံခဲ့သည်။ ၁၉၅ရ အသက် ရ၈နှစ်တွင် ရန်ကုန်မြို့တွင်ကွယ်လွန်ခဲ့သည်။ အလွန်ခေတ်ရှေ့ပြေး စွယ်စုံရ အမျိုးသမီး တစ်ဦးဖြစ်ကာ ရေခဲစက်၊ သစ်စက်၊ ဘိလပ်ရည် စက်များကိုလည်း တည်ထောင်ခဲ့သည်။
Antique Collectors Haven ၏ စုဆောင်းမှူတွင် သူမ၏ ၁၉၁၃, ၁၉၁၄, ၁၉၁၅ ရှားပါးမဂ္ဂဇင်းများအား ခင်မင်ရသော စုဆောင်းသူ တစ်ဦးထံမှ ရရှိခဲ့ရုံမျှမက တချိန်က သူမ၏ ဆိုင်ရှေ့တွင် ဂုဏ်ယူစွာ ချိတ်ဆွဲခဲ့သော နိုင်ငံခြားလုပ် ကြွေရည်သုတ် ရေခဲနှင့် ဘိလပ်ရေ ဆိုင်းဘုတ်အား ဖေါ်ပြရင်း ဝံသာနု အမျိုးသမီးကြီး ဒေါ်ဖွါးရှင်အား ဂုဏ်ပြုလိုက်ရပါသည်။
Credits – Antique Collectors Haven
Zawgyi
ျမန္မာ့ စာနယ္ဇင္းေလာကတြင္ အခ်ိန္ၾကာျမင့္စြာ လွ်မ္းလွ်မ္း ေတာက္ ေအာင္ျမင္ခဲ့ေသာ အေစာဆုံး ပုံႏွိပ္တိုက္အား ျပရမည္ဆိုလွ်င္ သုံးဆယ္ၿမိဳ႕ စၾကာဝဠာ ပုံႏွိပ္တိုက္အား ဦးစြာ ပထမ ျပရေပမည္။ ထို႔ထက္ ထူးျခားသည္မွာ ထိုပုံႏွိပ္တိုက္ပိုင္ရွင္ ေဒၚဖြါးရွင္ဆိုေသာ အမ်ိဳးသမီးႀကီး ျဖစ္၏။
သူမသည္ အမ်ိဳးသမီးမ်ား ေအာက္က်ေနာက္က် အိမ္တြင္းတြင္ေနၿပီး အိမ္မႉေရးရာေလာက္သာ စီမံ ခန႔္ခြဲေနၾကေသာ ေခတ္ကထဲက ကိုယ္ပိုင္ စာပုံႏွိပ္စက္ေထာင္ကာ ပထမဦးဆုံး ျမန္မာအမ်ိဳးသမီး သတင္းစာ အယ္ဒီတာအျဖစ္ နာမည္ေက်ာ္ သာယာဝတီ သတင္းစာ ထုတ္ခဲ့႐ုံမွ်မက ထိုသတင္းစာေခါင္းႀကီးပိုင္းမွ အဂၤလိပ္ အစိုးရအား အသုံးစရိတ္ ေလ်ာ့ခ်ေရး၊ တိုင္းရင္းသားမ်ား အဂၤလိပ္ႏွင့္ တန္းတူအခြင့္အေရးရွိေရး တို႔ကို ရဲဝံ့ျပတ္သားစြာ ေဝဖန္ခဲ့သည္။
ထို႔အျပင္ နိုင္ငံေရး အသိစိတ္ ေခါင္ပါးသူတို႔ကိုလည္း ပညာေပးကာ၊ အမ်ိဳးသၼီးထုအားလည္း လူမ်ိဳးျခားမ်ားႏွင့္ အိမ်ထောင်ပြုုခြင်းကို ေရွာင္ရွားေစရန္ မိမိ သတင္းစာမွ သတိေပးခဲ့သည္။
ေဒၚဖြားရွင္၏ စာပုံႏွိပ္တိုက္ တည္ေထာင္ခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၌ စာပုံႏွိပ္တိုက္ မေပၚေသးသျဖင့္ သူမ၏ပုံႏွိပ္တိုက္မွ တာဝန္ယူ ရိုက္ႏွိပ္ေပးရင္း ေနာက္ဆုံး ရန္ကုန္ၿမိဳ႕သို ့ ေျပာင္းလဲ ဖြင့္ခဲ့ရသည္ အထိ ေအာင္ျမင္ခဲ့သည္။ သာယာဝတီ ဒိစႀတိ၊ သုံးဆယ္ၿမိဳ႕၊ ႐ြာမ႐ြာတြင္ဖြားျမင္ခဲ့ေသာ စာေပတန္ေဆာင္ နာမည္ေက်ာ္ ပီမိုးနင္း သည္ပင္ စၾကဝဠာ ပုံႏွိပ္တိုက္အား အမွီသဟဲျပဳ၍ စာေပနယ္သို႔ဝင္ေရာက္ခဲ့ရ၏။
သူ၏ ပထမဆုံး ဝတၳဳ “ဘီေအေမာင္တင့္ ႏွင့္ ကေခ်သယ္ မယ္ျမင့္” အား ေရးသူ ေမာင္ေက်ာ္ ကေလာင္အမည္ျဖင့္ ၁၉၄၆ ဧၿပီလတြင္ စၾကဝဠာ ပုံႏွိပ္တိုက္မွ ျဖန႔္ခ်ီ ေပးခဲ့သည္။
ထို႔ေနာက္တြင္မူ စာေပေလာကတြင္ “ပီမိုးနင္း” ဟုေျပာလိုက္လွ်င္ မသိသူ အလြန္နည္းပါး ပါလိမ့္မည္။ သူ႕ေခတ္ သူ႕အခါကဆိုလွ်င္ စာေရး ဆရာအျဖစ္သာမက ဒါရိုက္တာ တစ္ဦးအျဖစ္ “ခ်စ္တဲ့သူရယ္” (၁၉၂၉) အသံတိတ္ ဇာတ္ကားတြင္ သားျဖစ္သူ ဗစ္တာမိုးနင္း ေခၚ စတန႔္မင္းသား ေက်ာ္စိုး အား မင္းသားတင္ကာရိုက္ကူးရာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ ေဒၚဖြားရွင္၏ စၾကာဝဠာပုံႏွိပ္တိုက္မွလည္း အဖိုးတန္စာအုပ္မ်ား၊ နာမည္ေက်ာ္ဝတၳဳမ်ား၊ မဂၢဇင္းမ်ား ထုတ္ေဝခဲ့သည္။ ထို႔အထဲမွ ယေန႕ေခတ္တိုင္ ေခတ္မွီၿပီး ေတြ႕ျမင္ရန္ အလြန္ခက္ခဲလွေသာ မဂၢဇင္းမွာ “သိပၸံဘန္တိုက္ႀကီး မဂၢဇင္း” ျဖစ္၏။
ဤမဂၢဇင္း မည္မွ်ထင္ရွားနာမည္ေက်ာ္ၾကားလွသည္ဆိုေသာ္ ထိုေခတ္က လစဥ္မွာယူသူမ်ားစာရင္းတြင္ ျမန္မာ့လူကုံထန္ ပညာတတ္မ်ားသာမက ျမန္မာစာေပ၊ ျမန္မာ့ဓေလ့ အေၾကာင္း ေလ့လာၾကေသာ နိုင္ငံျခားသား မ်က္ႏွာျဖဴမ်ားပါ ပါဝင္ၾကသည္။
ထိုသိပၸံဘန္တိုက္ႀကီး မဂၢဇင္းမွာ ယေန႕ထက္တိုင္ အလြန္ပင္ေခတ္ေရွ႕ေျပးလွၿပီး ျမန္မာ့ အက်ိဳးစီးပြားဟူေသာ ေခါင္းစီးျဖင့္ လူ႕အက်ိဳးျပဳ တပိုင္တနိုင္ျပဳလုပ္နိုင္ေသာ အိမ္တြင္းစီးပြားေရး နည္းလမ္းမ်ားအား မီးေမာင္းထိုးျပခဲ့သည္။
ေဒၚဖြါးရွင္အား ၁၈၇၉ခုႏွစ္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ဒိုင္းဝန္ကြင္းရပ္တြင္ ေမြးဖြားခဲ့ၿပီး ခင္ပြန္းသည္ ဦးဇံ ႏွင့္ အိမ္ေထာင္ၾကကာ ခင္ပြန္းသည္ ေက်ာင္းအုပ္အျဖစ္ တာဝန္ထမ္းဆာင္ရေသာ သုံးဆယ္ၿမိဳ႕ ကက္သလစ္ ကြန္ဗင့္ေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ခဲ့သည္။
ပင္နီဝတ္ ဝံသာႏု အမ်ိဳးသမီးႀကီး တစ္ဦးျဖစ္ၿပီး ထိုေခတ္ ျမန္မာအမ်ိဳးသမီးအသင္းအဖြဲ႕ေခါင္းေဆာင္ျဖစ္ကာ ဂ်ီစီဘီေအႏွင့္ ၂၁ဦးပါတီမ်ားတြင္လည္း တက္ႂကြစြာ ပါဝင္ေထာက္ခံခဲ့သည္။ ၁၉၅ရ အသက္ ရ၈ႏွစ္တြင္ ရန္ကုန္ၿမိဳ႕တြင္ကြယ္လြန္ခဲ့သည္။ အလြန္ေခတ္ေရွ႕ေျပး စြယ္စုံရ အမ်ိဳးသမီး တစ္ဦးျဖစ္ကာ ေရခဲစက္၊ သစ္စက္၊ ဘိလပ္ရည္ စက္မ်ားကိုလည္း တည္ေထာင္ခဲ့သည္။
Antique Collectors Haven ၏ စုေဆာင္းမႉတြင္ သူမ၏ ၁၉၁၃, ၁၉၁၄, ၁၉၁၅ ရွားပါးမဂၢဇင္းမ်ားအား ခင္မင္ရေသာ စုေဆာင္းသူ တစ္ဦးထံမွ ရရွိခဲ့႐ုံမွ်မက တခ်ိန္က သူမ၏ ဆိုင္ေရွ႕တြင္ ဂုဏ္ယူစြာ ခ်ိတ္ဆြဲခဲ့ေသာ နိုင္ငံျခားလုပ္ ေႂကြရည္သုတ္ ေရခဲႏွင့္ ဘိလပ္ေရ ဆိုင္းဘုတ္အား ေဖၚျပရင္း ဝံသာႏု အမ်ိဳးသမီးႀကီး ေဒၚဖြါးရွင္အား ဂုဏ္ျပဳလိုက္ရပါသည္။
Credits – Antique Collectors Haven