သီပေါမင်းလက်ထက် တွင် သခင်ကြီး ၆ပါးသည် နန်းတော်အနောက်ပိုင်း မင်းမိန်းမများအကြားတွင် အတိုင်းအဆမဲ့ အာဏာတန်ခိုးထွားခဲ့ကြသည်။
ထိုသခင်ကြီး ၆ပါးသည် နန်းမတော်စုဖုရားလတ်၏ အဆောင်တော်တွင် မပြတ်ခစားကြရပြီး ကျန်မင်းမိန်းမအပျိုတော်တို့ကို ထိန်းချုပ်ကွပ်ကဲရသည်။
ထိုသခင်ကြီး၆ပါးမှာ ပန်းတိမ်းသခင်၊ ကျောက်ပန်းတောင်းသခင်၊ တောင်ငူသခင်၊ သရက်သခင်၊ ပြင်စည်သခင်၊ ကျောက်ဆည်သခင်တို့ဖြစ်သည်။
ရှေးယခင်က သခင်ကြီး ဟူသောအခေါ်အဝေါ်ကို မင်းသားကြီး (ကနောင်မင်း) များ ၏ ကိုယ်လုပ်တော်တို့ကိုသာ ခေါ်ဝေါ်ကြရသော်ငြား သီပေါဘုရင် လက်ထက်တွင်မူ ထိုအမျိုးသမီးကြီး ၆ဦးအား သခင်ကြီးဘွဲ့ပေးအပ်ထားခြင်းဖြစ်၍ ထိုသို့ခေါ်ဝေါ်ကြရသည်။
ထိုသခင်ကြီးများအား မိဖုရားလတ်တို့၏ အဆောင်အယောင်အစီးအနင်းများကို ပေးအပ်ထားခဲ့ပြီး မလ္လိကာတန်ဆာကိုပင် ဝတ်ဆင်ခွင့်ပြုထားခဲ့သည်။ ထို့ကြောင့် ထိုသခင်ကြီး များ တနေရာမှတနေရာသို့ သွားလာသည့်အခါများ တွင် မုတ်လှကနားယာဥ် ကိုစီးနင်း၍ ရှေ့တော်ပြေး သိုင်းတော်ကျိုင်းတော်ကိုင်များဖြင့် ရွှေထီးများမိုးကာ သွားလာခဲ့ကြဖူးသည်။
ရှေးယခင် မင်းတုန်းဘုရင်လက်ထက် ကမူ အပျိုတော်ကြီးများ အနေဖြင့် ထိုကဲ့သို့ သွားလာဖို့မဆိုထားနှင့် ဝန်မယား ၊ ဝန်ကတော်များပင် မသွားလာရဲခဲ့ကြပေ။
အကြောင်းမှာ တခါသော် ဝန်ထောက်တစ်ဦး၏ မယားသည် ထိုသခင်ကြီး များ ကဲ့သို့ ဝင်းများခင်းကာ ရွှေထီးဆောင်း၍ သွားလာခဲ့ဖူးရာ ဤသည်ကို ပခန်းမင်းကြီးမှ တွေ့မြင်သွားပြီး မိမိ၏ လူပျိုတော်သားကို ခေါ်စေ၍ ထိုအမျိုးသမီးဆီသို့ သွားရောက် ရိုက်နှက်စေခဲ့ဖူးသည်။
ဤသတင်းသည် ဝန်ထောက်မယားမှတဆင့် လင်တော်မောင်ဝန်ထောက်မင်းထံရောက်ရှိရာ ထိုအကြောင်းကို မင်းတုန်းဘုရင် ထံတိုင်ကြားခဲ့သည်။ ထိုအခါ ပခန်းမင်းကြီးမှ”မိမိလင်ယောက်ျားရသည့် လခငွေ မဖြစ်စလောက်နှင့် ယခုကဲ့သို့ မောက်ကြွားသွားလာနေသည်မှာ တပါးသူတို့မြင်သော် ထိုမိန်းမ၏ လင်သည် လာဘ်စား၍သာ သူ၏မိန်းမထိုကဲ့သို့သွားလာနိုင်သည်ဟု ထင်မှတ်ကြမည်။
ထိုခါ လင်တော်မောင်ဝန်ထောက်မင်းအား လူအများတို့ ကဲ့ရဲ့မည်ကဲ့သို့ အရှင်မင်းတြားကြီး၏ ဂုဏ်သတင်းမှာလည်း လှောင်ရယ်ဖွယ်သာ ဖြစ်ပါလိမ့်မည်”ဟုလျှောက်ထားခဲ့ရာ ဘုရင်လည်း သဘောတော်ခွေ့ကာ ထိုကိစ္စအားအပြစ်မယူခဲ့ပေ။
ထို့အတွက် ကျန်အမျိုးသမီးတို့လည်း ပခန်းမင်းကြီးအားကြောက်ရွံ့ကာ ထိုမိန်းမကို နမူနာယူ၍ မည်သူမျှ ထိုသို့ မသွားလာရဲခဲ့ကြပေ။သို့သော်သီပေါဘုရင်လက်ထက်တွင်မူ ထိုသခင်ကြီးများတန်ခိုးထွားကာ ယခင်နည်းတူ သွားလာခဲ့ကြတော့သည်။
ထိုသခင်ကြီး၆ပါးတွင်ပါဝင်သော ပြင်စည်သခင်၏ အဘိုးမှာ စစ်တောင်းမြို့စား ဝန်ကြီးဖြစ်သည်။ ထိုဝန်ကြီးသည် ပုဂံမင်းလက်ထက် တန်ခိုးထွားခဲ့သော ဘိုင်ဆတ်၊မောင်ပိန်တို့ အား ဇာတ်သိမ်းစေရန် ပုဂံမင်းအိပ်စက်ရာသို့ ဝတ်ဖြူစင်ကြယ်နှင့်လာရောက် အိမ်မက်ပေးခဲ့သည်ဆိုသော ပုဂ္ဂိုလ်ထူးကြီးပင်ဖြစ်သည်။
ပြင်စည်သခင်သည် သီပေါမင်းလက်ထက် တွင် “သီရိဝဏ္ဏာ” ဘွဲ့နှင့် ပြင်စည်မြို့အား ဘုရင့်သမီးတော်မင်းသမီးများနည်းတူ စားစေခဲ့ရသည်။ ပြင်စည်သခင်ကြီးသည် စိန်ရွှေငွေလက်ဝတ်ရတနာများအားလည်း ဘုရင့်သမီးတော်မင်းသမီးများနည်းတူပင် ဝတ်ဆင်ခဲ့သည်။
ဒါတွင်မက သီပေါမင်းလက်ထက် ၁၂၄၅ခုနှစ်တွင် မြို့သာဝန်ထောက်အရာကျခဲ့ရာ ထို မြို့သာဝန်ထောက်၏ ကတော်မယား ကို ပြင်စည်သခင်ကြီးလက်သို့ အသက်အိုးအိမ်စည်းစိမ်နဲ့တကွ အပ်စေခဲ့ဖူးသည်။ အဓိပ္ပါယ်မှာ ထိုဝန်ထောက်ကတော်ကြီး ၏ အသက်ကို ပြင်စည်သခင်မှ ပိုင်ဆိုင်ပြီး ပြင်စည်သခင်၏ အစေခံဘဝ ဖြစ်စေခဲ့ခြင်းပင်။
ဤသည်တို့မှာ ရတနာပုံခေတ် သခင်ကြီးများ၏ ဘဝတစိတ်တပိုင်းနှင့် အခန်းကဏ္ဍအချို့ပင်ဖြစ်သည်။
ကိုးကား
နန်းဓလေ့မှတ်တမ်းများ
မွကတေု
ထီးရနံ့နန်းရနံ့
မောင်သန်းဆွေ (ထားဝယ်)
crd,မင်းနန်သူ
Zawgyi
သီေပါမင္းလက္ထက္ တြင္ သခင္ႀကီး ၆ပါးသည္ နန္းေတာ္အေနာက္ပိုင္း မင္းမိန္းမမ်ားအၾကားတြင္ အတိုင္းအဆမဲ့ အာဏာတန္ခိုးထြားခဲ့ၾကသည္။
ထိုသခင္ႀကီး ၆ပါးသည္ နန္းမေတာ္စုဖုရားလတ္၏ အေဆာင္ေတာ္တြင္ မျပတ္ခစားၾကရၿပီး က်န္မင္းမိန္းမအပ်ိဳေတာ္တို႔ကို ထိန္းခ်ဳပ္ကြပ္ကဲရသည္။
ထိုသခင္ႀကီး၆ပါးမွာ ပန္းတိမ္းသခင္၊ ေက်ာက္ပန္းေတာင္းသခင္၊ ေတာင္ငူသခင္၊ သရက္သခင္၊ ျပင္စည္သခင္၊ ေက်ာက္ဆည္သခင္တို႔ျဖစ္သည္။
ေရွးယခင္က သခင္ႀကီး ဟူေသာအေခၚအေဝၚကို မင္းသားႀကီး (ကေနာင္မင္း) မ်ား ၏ ကိုယ္လုပ္ေတာ္တို႔ကိုသာ ေခၚေဝၚၾကရေသာ္ျငား သီေပါဘုရင္ လက္ထက္တြင္မူ ထိုအမ်ိဳးသမီးႀကီး ၆ဦးအား သခင္ႀကီးဘြဲ႕ေပးအပ္ထားျခင္းျဖစ္၍ ထိုသို႔ေခၚေဝၚၾကရသည္။
ထိုသခင္ႀကီးမ်ားအား မိဖုရားလတ္တို႔၏ အေဆာင္အေယာင္အစီးအနင္းမ်ားကို ေပးအပ္ထားခဲ့ၿပီး မလႅိကာတန္ဆာကိုပင္ ဝတ္ဆင္ခြင့္ျပဳထားခဲ့သည္။ ထို႔ေၾကာင့္ ထိုသခင္ႀကီး မ်ား တေနရာမွတေနရာသို႔ သြားလာသည့္အခါမ်ား တြင္ မုတ္လွကနားယာဥ္ ကိုစီးနင္း၍ ေရွ႕ေတာ္ေျပး သိုင္းေတာ္က်ိဳင္းေတာ္ကိုင္မ်ားျဖင့္ ေ႐ႊထီးမ်ားမိုးကာ သြားလာခဲ့ၾကဖူးသည္။
ေရွးယခင္ မင္းတုန္းဘုရင္လက္ထက္ ကမူ အပ်ိဳေတာ္ႀကီးမ်ား အေနျဖင့္ ထိုကဲ့သို႔ သြားလာဖို႔မဆိုထားႏွင့္ ဝန္မယား ၊ ဝန္ကေတာ္မ်ားပင္ မသြားလာရဲခဲ့ၾကေပ။
အေၾကာင္းမွာ တခါေသာ္ ဝန္ေထာက္တစ္ဦး၏ မယားသည္ ထိုသခင္ႀကီး မ်ား ကဲ့သို႔ ဝင္းမ်ားခင္းကာ ေ႐ႊထီးေဆာင္း၍ သြားလာခဲ့ဖူးရာ ဤသည္ကို ပခန္းမင္းႀကီးမွ ေတြ႕ျမင္သြားၿပီး မိမိ၏ လူပ်ိဳေတာ္သားကို ေခၚေစ၍ ထိုအမ်ိဳးသမီးဆီသို႔ သြားေရာက္ ရိုက္ႏွက္ေစခဲ့ဖူးသည္။
ဤသတင္းသည္ ဝန္ေထာက္မယားမွတဆင့္ လင္ေတာ္ေမာင္ဝန္ေထာက္မင္းထံေရာက္ရွိရာ ထိုအေၾကာင္းကို မင္းတုန္းဘုရင္ ထံတိုင္ၾကားခဲ့သည္။ ထိုအခါ ပခန္းမင္းႀကီးမွ”မိမိလင္ေယာက္်ားရသည့္ လခေငြ မျဖစ္စေလာက္ႏွင့္ ယခုကဲ့သို႔ ေမာက္ႂကြားသြားလာေနသည္မွာ တပါးသူတို႔ျမင္ေသာ္ ထိုမိန္းမ၏ လင္သည္ လာဘ္စား၍သာ သူ၏မိန္းမထိုကဲ့သို႔သြားလာနိုင္သည္ဟု ထင္မွတ္ၾကမည္။
ထိုခါ လင္ေတာ္ေမာင္ဝန္ေထာက္မင္းအား လူအမ်ားတို႔ ကဲ့ရဲ႕မည္ကဲ့သို႔ အရွင္မင္းၾတားႀကီး၏ ဂုဏ္သတင္းမွာလည္း ေလွာင္ရယ္ဖြယ္သာ ျဖစ္ပါလိမ့္မည္”ဟုေလွ်ာက္ထားခဲ့ရာ ဘုရင္လည္း သေဘာေတာ္ေခြ႕ကာ ထိုကိစၥအားအျပစ္မယူခဲ့ေပ။
ထို႔အတြက္ က်န္အမ်ိဳးသမီးတို႔လည္း ပခန္းမင္းႀကီးအားေၾကာက္႐ြံ႕ကာ ထိုမိန္းမကို နမူနာယူ၍ မည္သူမွ် ထိုသို႔ မသြားလာရဲခဲ့ၾကေပ။သို႔ေသာ္သီေပါဘုရင္လက္ထက္တြင္မူ ထိုသခင္ႀကီးမ်ားတန္ခိုးထြားကာ ယခင္နည္းတူ သြားလာခဲ့ၾကေတာ့သည္။
ထိုသခင္ႀကီး၆ပါးတြင္ပါဝင္ေသာ ျပင္စည္သခင္၏ အဘိုးမွာ စစ္ေတာင္းၿမိဳ႕စား ဝန္ႀကီးျဖစ္သည္။ ထိုဝန္ႀကီးသည္ ပုဂံမင္းလက္ထက္ တန္ခိုးထြားခဲ့ေသာ ဘိုင္ဆတ္၊ေမာင္ပိန္တို႔ အား ဇာတ္သိမ္းေစရန္ ပုဂံမင္းအိပ္စက္ရာသို႔ ဝတ္ျဖဴစင္ၾကယ္ႏွင့္လာေရာက္ အိမ္မက္ေပးခဲ့သည္ဆိုေသာ ပုဂၢိုလ္ထူးႀကီးပင္ျဖစ္သည္။
ျပင္စည္သခင္သည္ သီေပါမင္းလက္ထက္ တြင္ “သီရိဝဏၰာ” ဘြဲ႕ႏွင့္ ျပင္စည္ၿမိဳ႕အား ဘုရင့္သမီးေတာ္မင္းသမီးမ်ားနည္းတူ စားေစခဲ့ရသည္။ ျပင္စည္သခင္ႀကီးသည္ စိန္ေ႐ႊေငြလက္ဝတ္ရတနာမ်ားအားလည္း ဘုရင့္သမီးေတာ္မင္းသမီးမ်ားနည္းတူပင္ ဝတ္ဆင္ခဲ့သည္။
ဒါတြင္မက သီေပါမင္းလက္ထက္ ၁၂၄၅ခုႏွစ္တြင္ ၿမိဳ႕သာဝန္ေထာက္အရာက်ခဲ့ရာ ထို ၿမိဳ႕သာဝန္ေထာက္၏ ကေတာ္မယား ကို ျပင္စည္သခင္ႀကီးလက္သို႔ အသက္အိုးအိမ္စည္းစိမ္နဲ႕တကြ အပ္ေစခဲ့ဖူးသည္။ အဓိပ္ပါယ်မှာ ထိုဝန္ေထာက္ကေတာ္ႀကီး ၏ အသက္ကို ျပင္စည္သခင္မွ ပိုင္ဆိုင္ၿပီး ျပင္စည္သခင္၏ အေစခံဘဝ ျဖစ္ေစခဲ့ျခင္းပင္။
ဤသည္တို႔မွာ ရတနာပုံေခတ္ သခင္ႀကီးမ်ား၏ ဘဝတစိတ္တပိုင္းႏွင့္ အခန္းက႑အခ်ိဳ႕ပင္ျဖစ္သည္။
ကိုးကား
နန္းဓေလ့မွတ္တမ္းမ်ား
မြကေတု
ထီးရနံ႕နန္းရနံ႕
ေမာင္သန္းေဆြ (ထားဝယ္)
crd,မင္းနန္သူ