ဗီယက်နမ်နိုင်ငံမှ Vo Van Trungအမည်ရှိသော အသက် ၂၈နှစ်အရွယ် အမျိုးသားနှင့် Vo Van Kienအမည်ရ အသက်၂၃နှစ်အရွယ်ကောင်လေးတို့သည်
ညီအစ်ကိုတွေဖြစ်ကြပြီး ကားအစုတ်တစ်စီးကို ဗီယက်နမ်ငွေ သန်း၅၀ဖြင့် ဝယ်ယူခဲ့၍ စိတ်ကူးထဲကအတိုင်း အမိုက်စားကားသစ်တစ်စီးအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်းဖြင့် လူမှုကွန်ယက်တွင် နာမည်ကြီးနေခဲ့သည်။
အစ်ကိုဖြစ်သူသည် သူဧ။်ချစ်သူမိန်းကလေးနှင့် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သတို့သမီးလေးကို ကားသစ်လေးနှင့် သွားကြိုချင်သော်လည်း ငွေကြေးမတတ်တာကြောင့် ကိုယ်တိုင်စိတ်ကူးနှင့် ဖန်တီးပြီး ပြုလုပ်ခဲ့သည်။
ညီအစ်ကိုနှစ်ဦးသည် ကားတစ်စီးလုံးကို အမည်းရောင်အဖြစ်ရွေးချယ်ကာ တပ်ဆင်ခဲ့ပြီး ကားရှေ့မီးသီးကိုလည်း LEDမီးအလှဖြင့် တပ်ဆင်ထားကာ ၂လအတွင်း အမိုက်စား အော်တိုကားသစ်တစ်စီးဖြစ်အောင် ပုံဖော်နိုင်ခဲ့သည်။
ညီအစ်ကိုနှစ်ဦးသည် ကားအဟောင်းကို ဗီယက်နမ်ငွေ သန်း၆၀ကုန်ကျခံကာ ထူးခြားသော ဒီဇိုင်းအဖြစ်ပြောင်းလဲနိုင်ခဲ့သည့် အရည်အချင်းကြောင့် အများဧ။်ချီးကျူးခြင်းများစွာကိုလည်း ခံခဲ့ရသည်။
crd,
Zawgyi
ဗီယက္နမ္နိုင္ငံမွ Vo Van Trungအမည္ရွိေသာ အသက္ ၂၈ႏွစ္အ႐ြယ္ အမ်ိဳးသားႏွင့္ Vo Van Kienအမည္ရ အသက္၂၃ႏွစ္အ႐ြယ္ေကာင္ေလးတို႔သည္
ညီအစ္ကိုေတြျဖစ္ၾကၿပီး ကားအစုတ္တစ္စီးကို ဗီယက္နမ္ေငြ သန္း၅၀ျဖင့္ ဝယ္ယူခဲ့၍ စိတ္ကူးထဲကအတိုင္း အမိုက္စားကားသစ္တစ္စီးအျဖစ္ ေျပာင္းလဲပစ္ခဲ့ျခင္းျဖင့္ လူမႈကြန္ယက္တြင္ နာမည္ႀကီးေနခဲ့သည္။
အစ္ကိုျဖစ္သူသည္ သူဧ။္ခ်စ္သူမိန္းကေလးႏွင့္ မဂၤလာေဆာင္ေတာ့မွာျဖစ္ၿပီး သတို႔သမီးေလးကို ကားသစ္ေလးႏွင့္ သြားႀကိဳခ်င္ေသာ္လည္း ေငြေၾကးမတတ္တာေၾကာင့္ ကိုယ္တိုင္စိတ္ကူးႏွင့္ ဖန္တီးၿပီး ျပဳလုပ္ခဲ့သည္။
ညီအစ္ကိုႏွစ္ဦးသည္ ကားတစ္စီးလုံးကို အမည္းေရာင္အျဖစ္ေ႐ြးခ်ယ္ကာ တပ္ဆင္ခဲ့ၿပီး ကားေရွ႕မီးသီးကိုလည္း LEDမီးအလွျဖင့္ တပ္ဆင္ထားကာ ၂လအတြင္း အမိုက္စား ေအာ္တိုကားသစ္တစ္စီးျဖစ္ေအာင္ ပုံေဖာ္နိုင္ခဲ့သည္။
ညီအစ္ကိုႏွစ္ဦးသည္ ကားအေဟာင္းကို ဗီယက္နမ္ေငြ သန္း၆၀ကုန္က်ခံကာ ထူးျခားေသာ ဒီဇိုင္းအျဖစ္ေျပာင္းလဲနိုင္ခဲ့သည့္ အရည္အခ်င္းေၾကာင့္ အမ်ားဧ။္ခ်ီးက်ဴးျခင္းမ်ားစြာကိုလည္း ခံခဲ့ရသည္။
crd,