ဒေါ်မေနွဲ့ သည် မြန်မာ့ရုပ်ရှင်နယ်ပယ်မှ အမျိုးသမီးသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် အဆိုအကများဝါသနာပါခဲ့ပြီး ဇာတ်မင်းသမီးဘဝမှ ရုပ်ရှင်နယ်သို့ ပြောင်းလာခဲ့သည်။
ငယ်စဉ် ဇာတ်အဖွဲ့များ၌ ဝင်ရောက်ကပြစဉ် ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့ရုံသာမက ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း အကယ်ဒမီဆုများကို ရရှိခဲ့ကာ တေးသီချင်းများကိုလည်း သီဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလမှ ဗီဒီယိုခေတ်ကာလအထိ မြောက်များစွာသော ရုပ်ရှင်၊ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ကိုယ်ရေးအကျဉ်း
ဒေါ်မေနွဲ့ကို ဦးဖေလှနှင့် ဒေါ်သိန်းရှင်တို့က ၁၉၁၉ ဖေဖော်ဝါရီ ၁၃ ၌ မွေးဖွားခဲ့၍ မွေးချင်းငါးဦးရှိသည့်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ငယ်နာမည်မှာ မဒီ ဖြစ်သည်။
သတ္တမတန်းအထိ ပညာသင်ယူခဲ့ပြီး အဆိုအကများကို စောင်းဆရာ ဆရာငြိမ်းကြီး၊ စန္ဒရားဆရာ ရွှေပြည်အေး၊ ဒေါ်ခင်မြင့်ကြီး၊ ဒေါ်စောမြအေးကြည်တို့ထံတွင် ဂီတပညာများဆည်းပူးခဲ့သည်။ ဒေါ်စိန်အုပ်၊ မင်းသမီးကြီး ဒေါ်သိန်းအုပ်၊ လက္ခဏဦးကျော်တို့ထံမှောက်၌ အကပညာများကို သင်ယူခဲ့လေသည်။
အသက် ၉ နှစ်မှစ၍ အောင်ကျော်လှိုင်နှင့်တွဲကာ ကလေးနှစ်ပါးသွားများကို ကပြခဲ့သည်။ ထို့နောက်ပိုင်း “ဟင်္သာစိန်”အမည်ခံ၍ ဇာတ်အဖွဲ့များတွင် မင်းသမီးအဖြစ် ဝင်ရောက်ကပြခဲ့ကာ ၁၉၃၆ အသက် (၁၇) ၌ “ရဲဘက်တော်” ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးမှရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားတွင် မင်းသား ဘတင့်နှင့်အတူ သရုပ်ဆောင်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် စစ်ရှောင်၍ ထို့နောက် ဆရာဒဂုန်တင် ဦးစီးသောဇာတ်နှင့်အတူ အောင်မင်္ဂလာပြဇာတ်ကို တည်ထောင်ပြီး အထက်မြန်မာပြည်တခွင်တွင် ကပြခဲ့၏။ ဦးဖိုးစိန်ကြီး၊ ဦးစိန်အောင်မင်း၊ ဗိုကေသန်းစိန်၊ အောင်လံတော်ခင်စိန် စသည့်ဇာတ်အဖွဲ့များနှင့်လည်း တွဲဖက်ကပြခဲ့လေသည် ။
၁၉၃၈ တွင် ကာလပေါ်သီချင်းများကို သီဆိုအသံသွင်းခဲ့၍ စန်းသီတာဂီတအဖွဲ့ကို တည်ထောင်ပြန်သည်။ ဇာတ်ထုပ်၊ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ဝင်တေးများကို ပါဝင်သီဆို သရုပ်ဆောင်ခဲ့သည်။
၁၉၄၉ တွင် ရွှေဒုံးဘီအောင်ရိုက်ကူးသော ရန်ပြေမာန်ပြေဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီး ခေါင်းဆောင်မင်းသမီအဖြစ် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့လေသည်။ ၁၉၆၂ ၌ ရွှေရင်သိမ်းသစ် ဇာတ်ကား၊ ၁၉၇၅ ၌ ‘ရွှေချည်ငွေချည်တန်းပါလို့ ရုပ်ရှင်များဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။
၂၀၀၈ ဇန်နဝါရီ ၂၀ အသက် (၈၉) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
ကိုယ်ရေးကိုယ်တာ
ဦးကြည်မောင်နှင့် အိမ်ထောင်ကျ၍ သားသုံးဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။
Crd,ဝီကီပီးဒီးယား
Zawgyi
ေဒၚေမႏြဲ႕ သည္ ျမန္မာ့႐ုပ္ရွင္နယ္ပယ္မွ အမ်ိဳးသမီးသ႐ုပ္ေဆာင္ တစ္ဦး ျဖစ္သည္။ ငယ္စဥ္ကပင္ အဆိုအကမ်ားဝါသနာပါခဲ့ၿပီး ဇာတ္မင္းသမီးဘဝမွ ႐ုပ္ရွင္နယ္သို႔ ေျပာင္းလာခဲ့သည္။
ငယ္စဥ္ ဇာတ္အဖြဲ႕မ်ား၌ ဝင္ေရာက္ကျပစဥ္ ပရိသတ္မ်ား၏ အားေပးမႈကိုရရွိခဲ့႐ုံသာမက ႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္လည္း အကယ္ဒမီဆုမ်ားကို ရရွိခဲ့ကာ ေတးသီခ်င္းမ်ားကိုလည္း သီဆိုခဲ့သည္။
ဒုတိယကမၻာစစ္ကာလမွ ဗီဒီယိုေခတ္ကာလအထိ ေျမာက္မ်ားစြာေသာ ႐ုပ္ရွင္၊ ဗီဒီယိုမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။
ကိုယ္ေရးအက်ဥ္း
ေဒၚေမႏြဲ႕ကို ဦးေဖလွႏွင့္ ေဒၚသိန္းရွင္တို႔က ၁၉၁၉ ေဖေဖာ္ဝါရီ ၁၃ ၌ ေမြးဖြားခဲ့၍ ေမြးခ်င္းငါးဦးရွိသည့္အနက္ အငယ္ဆုံးသမီးျဖစ္ၿပီး ငယ္နာမည္မွာ မဒီ ျဖစ္သည္။
သတၱမတန္းအထိ ပညာသင္ယူခဲ့ၿပီး အဆိုအကမ်ားကို ေစာင္းဆရာ ဆရာၿငိမ္းႀကီး၊ စႏၵရားဆရာ ေ႐ႊျပည္ေအး၊ ေဒၚခင္ျမင့္ႀကီး၊ ေဒၚေစာျမေအးၾကည္တို႔ထံတြင္ ဂီတပညာမ်ားဆည္းပူးခဲ့သည္။ ေဒၚစိန္အုပ္၊ မင္းသမီးႀကီး ေဒၚသိန္းအုပ္၊ လကၡဏဦးေက်ာ္တို႔ထံေမွာက္၌ အကပညာမ်ားကို သင္ယူခဲ့ေလသည္။
အသက္ ၉ ႏွစ္မွစ၍ ေအာင္ေက်ာ္လွိုင္ႏွင့္တြဲကာ ကေလးႏွစ္ပါးသြားမ်ားကို ကျပခဲ့သည္။ ထို႔ေနာက္ပိုင္း “ဟသၤာစိန္”အမည္ခံ၍ ဇာတ္အဖြဲ႕မ်ားတြင္ မင္းသမီးအျဖစ္ ဝင္ေရာက္ကျပခဲ့ကာ ၁၉၃၆ အသက္ (၁၇) ၌ “ရဲဘက္ေတာ္” ဇာတ္ကားကို ဒါရိုက္တာ ဦးတုတ္ႀကီးမွရိုက္ကူးခဲ့ၿပီး ထိုဇာတ္ကားတြင္ မင္းသား ဘတင့္ႏွင့္အတူ သ႐ုပ္ေဆာင္ရာမွ ႐ုပ္ရွင္ေလာကသို႔ ေရာက္ရွိခဲ့သည္။
ဒုတိယကမၻာစစ္တြင္ စစ္ေရွာင္၍ ထို႔ေနာက္ ဆရာဒဂုန္တင္ ဦးစီးေသာဇာတ္ႏွင့္အတူ ေအာင္မဂၤလာျပဇာတ္ကို တည္ေထာင္ၿပီး အထက္ျမန္မာျပည္တခြင္တြင္ ကျပခဲ့၏။ ဦးဖိုးစိန္ႀကီး၊ ဦးစိန္ေအာင္မင္း၊ ဗိုေကသန္းစိန္၊ ေအာင္လံေတာ္ခင္စိန္ စသည့္ဇာတ္အဖြဲ႕မ်ားႏွင့္လည္း တြဲဖက္ကျပခဲ့ေလသည္ ။
၁၉၃၈ တြင္ ကာလေပၚသီခ်င္းမ်ားကို သီဆိုအသံသြင္းခဲ့၍ စန္းသီတာဂီတအဖြဲ႕ကို တည္ေထာင္ျပန္သည္။ ဇာတ္ထုပ္၊ ျပဇာတ္ႏွင့္ ႐ုပ္ရွင္ဇာတ္ဝင္ေတးမ်ားကို ပါဝင္သီဆို သ႐ုပ္ေဆာင္ခဲ့သည္။
၁၉၄၉ တြင္ ေ႐ႊဒုံးဘီေအာင္ရိုက္ကူးေသာ ရန္ေျပမာန္ေျပဇာတ္ကားျဖင့္ ႐ုပ္ရွင္နယ္သို႔ တစ္ေက်ာ့ျပန္ ဝင္ေရာက္ခဲ့ၿပီး ေခါင္းေဆာင္မင္းသမီအျဖစ္ ႐ုပ္ရွင္မ်ားစြာကို ရိုက္ကူးခဲ့ေလသည္။ ၁၉၆၂ ၌ ေ႐ႊရင္သိမ္းသစ္ ဇာတ္ကား၊ ၁၉၇၅ ၌ ‘ေ႐ႊခ်ည္ေငြခ်ည္တန္းပါလို႔ ႐ုပ္ရွင္မ်ားျဖင့္ အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့သည္။[၁]
၂၀၀၈ ဇန္နဝါရီ ၂၀ အသက္ (၈၉) ႏွစ္အ႐ြယ္တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။
ကိုယ္ေရးကိုယ္တာ
ဦးၾကည္ေမာင္ႏွင့္ အိမ္ေထာင္က်၍ သားသုံးဦး၊ သမီးႏွစ္ဦး ထြန္းကားခဲ့သည္။
Crd,ဝီကီပီးဒီးယား