ပင်းယဘုရင် “ဥဇနာ”မင်းကြီး

“ဥဇနာ” (ပင်းယ)
(၁၂၉၈ – ၁၃၅၆/၅၇)

ပင်းယမြို့နှင့် ပင်းယမင်းဆက်ကို စတင်တည်ထောင်သူ တစ်စီးရှင် သီဟသူအား ဆက်ခံကာ ၁၃၂၄ တွင် နန်းတက်လာသည့် ဘုရင်တစ်ပါး ဖြစ်သည်။

ဥဇနာမှာ ပုဂံမင်း ကျော်စွာနှင့် မိဖုရား မိစောဦးတို့မှ ဆင်းသက်သူဖြစ်သည်။ ကျော်စွာအား သီဟသူတို့ညီနောင် သုံးဦးနန်းချလုပ်ကြံပြီးနောက်တွင် ဥဇနာအားကွယ်ဝန်လွယ်ထားသည့် မိစောဦးကို သီဟသူသိမ်းပိုက် မိဖုရားမြောက်သဖြင့်သာ သီဟသူ နန်းကို ဆက်ခံရခြင်းဖြစ်သည်။

ပင်းယဥဇနာ(ပင်းယဘုရင်)

နန်းသက် c. ဖေဖော်ဝါရီ ၁၃၂၅ – ၁ စက်တင်ဘာ ၁၃၄၀
ရှေ့မင်းဆက် သီဟသူ
ဆက်ခံသူ စည်သူ
အမတ်ကြီး အနန္တပစ္စည်း

မွေးဖွား ဇွန် ၁၂၉၈
မြန်မာသက္ကရာဇ် ၆၆၀၊ ဝါဆိုလ၊ အင်္ဂါနေ့
ပင်လယ်မြို့၊ မြင်စိုင်း
ကွယ်လွန် c. ၁၃၅၆/၅၇ (အသက် ၅၈)

c. မြန်မာနှစ် ၇၁၈ မက္ခရာ၊ ပင်းယနေပြည်တော်
ကြင်ရာတော် အတုလ မဟာဓမ္မဒေဝီ
သားသမီးများ စည်သူ
သီဟပတေ့
စောပအို
အမည် အပြည့်အစုံ အနော်ရထာ မဟာဓိပတိ
စံအိမ် မြင်စိုင်း
ခမည်းတော် ကျော်စွာ
မယ်တော် မိစောဦး
ကိုးကွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ

ဥဇနာနှင့်ဥစ္စနာ

ဥဇနာအမည်ကို မယ်တော် မိဖုရားကြီး ပေးထားဟန်တူသည်။ ဥစ္စနာအမည်ကို တစ်စီးရှင် သီဟသူ မင်းကြီး ကိုယ်တိုင် ပေးထားလေသည်။ ဥဇနာမင်းကြီးသည် နန်းတက်ပြီးမကြာသောနှစ်မှာပင် စကား ၇ ကျောင်းကို ဆောက်လုပ်၍ သာသနာတော်၌ ပူဇော်၏။

ထိုအကြောင်းကို “ဥစ္စနာထော မဟိမ္ပာလော၊ သာသနုဇ္ဇောတနတ္ထိကော၊ ဝိဟာရေ သတ္တ ကာရေသိ၊ ဗောဓိယာယေဝ ကာရဏာ။ ရေမြေကို အစိုးရသော သာသနာတော်၏ အကျိုးစီးပွားကို လိုလားသော ဥစ္စနာမင်းကြီးသည် စကား ၇ ကျောင်းတို့ကို ဗောဓိဉာဏ်အတွက်သာလျှင် အကြောင်းကြောင့် ပြုလုပ်လှူဒါန်းလေသည်။”

ဟူ၍ သက္ကရာဇ် ၇၀၂-ခုနှစ်၌ ရေးထိုးထားသော ပင်းယကျောက်စာမှ မင်းကြီးကိုယ်တိုင် ဥစ္စနထော ဟူ၍ ရေးထိုးခဲ့လေသည်။နန်းတက်ဘွဲ့မှာ ၐြိတြိဘဝနာဒိတျပဝရဓမ္မရာဇာဓိရာဇာဒါနပတိနရသိင်္ဃဥဇ္ဇနာ ဖြစ်သည်။

ကုသိုလ်ကောင်းမှုများ

နန်းသက်ကာလအတွင်း ကောင်းမှုကုသိုလ်အမြောက်အများကို ပြုလုပ်ခဲ့သည်။ ထင်ရှားသည့် ကုသိုလ်တော်မှာ ပင်းယ စကားခုနှစ်ကျောင်း ဖြစ်သည်။

နောက်ပိုင်းတွင် အမိတူအဖကွဲညီတော်ဖြစ်သည့် ပင်လယ်စား ကျော်စွာမှ ဆင်ဖြူငါးစီးရသည့် အကြောင်းကြားသော် “ငါ့ညီ ငါ့စည်းစိမ်ကို ယူပါတော့ ငါမူကား ငါ့ကောင်းမှု စကားခုနှစ်ကျောင်းကို လှူလိုသမျှ လှူ၍ နေတော့မည်” ဟုဆိုကာ ညီတော်အား နန်းအပ်လေသည်။

သို့ဖြင့် ဥဇနာမင်း နန်းတော်အနောက်တံခါးမှ ထွက်လျှင် ညီဖြစ်သူ ငါးစီးရှင်ကျော်စွာ ကအရှေ့တံခါးမှ ဝင်၍ မင်းပြုလေသည်။ ဥဇနာလည်း ဆိုသည့်အတိုင်း စကားခုနှစ်ကျောင်းတွင် နေထိုင် ကုသိုလ်ပွားများလျက် နှစ်အနည်းငယ်အကြာတွင် မက္ခရာဝန်းကျင်တွင် တောထွက်သွားလေသည်။

ထင်ရှားသည့် ကုသိုလ်တော်များ
ပင်းယ စကားခုနစ်ကျောင်း

ဇမ္ဗူက
ဝေဠုဝန်
အိမ်နိမ့်
ဇေတဝန်
ကုလားကျောင်း
ရွှေကျောင်း
တောင်စွန်ကျောင်း

ကိုးကား

ပင်းယခေတ်:မြန်မာ ဘုရင်များ
:ပင်းယမင်းဆက်

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
“ဥဇနာ” (ပင္းယ)
(၁၂၉၈ ၁၃၅၆/၅၇)

ပင္းယၿမိဳ႕ႏွင့္ ပင္းယမင္းဆက္ကို စတင္တည္ေထာင္သူ တစ္စီးရွင္ သီဟသူအား ဆက္ခံကာ ၁၃၂၄ တြင္ နန္းတက္လာသည့္ ဘုရင္တစ္ပါး ျဖစ္သည္။

ဥဇနာမွာ ပုဂံမင္း ေက်ာ္စြာႏွင့္ မိဖုရား မိေစာဦးတို႔မွ ဆင္းသက္သူျဖစ္သည္။ ေက်ာ္စြာအား သီဟသူတို႔ညီေနာင္ သုံးဦးနန္းခ်လဳပ္ႀကံၿပီးေနာက္တြင္ ဥဇနာအားကြယ္ဝန္လြယ္ထားသည့္ မိေစာဦးကို သီဟသူသိမ္းပိုက္ မိဖုရားေျမာက္သျဖင့္သာ သီဟသူ နန္းကို ဆက္ခံရျခင္းျဖစ္သည္။

ပင္းယဥဇနာ(ပင္းယဘုရင္)

နန္းသက္ c. ေဖေဖာ္ဝါရီ ၁၃၂၅ ၁ စက္တင္ဘာ ၁၃၄၀
ေရွ႕မင္းဆက္ သီဟသူ
ဆက္ခံသူ စည္သူ
အမတ္ႀကီး အနႏၱပစၥည္း

ေမြးဖြား ဇြန္ ၁၂၉၈
ျမန္မာသကၠရာဇ္ ၆၆၀၊ ဝါဆိုလ၊ အဂၤါေန႕
ပင္လယ္ၿမိဳ႕၊ ျမင္စိုင္း
ကြယ္လြန္ c. ၁၃၅၆/၅၇ (အသက္ ၅၈)

c. ျမန္မာႏွစ္ ၇၁၈ မကၡရာ၊ ပင္းယေနျပည္ေတာ္
ၾကင္ရာေတာ္ အတုလ မဟာဓမၼေဒဝီ
သားသမီးမ်ား စည္သူ
သီဟပေတ့
ေစာပအို
အမည္ အျပည့္အစုံ အေနာ္ရထာ မဟာဓိပတိ
စံအိမ္ ျမင္စိုင္း
ခမည္းေတာ္ ေက်ာ္စြာ
မယ္ေတာ္ မိေစာဦး
ကိုးကြယ္မႈ ေထရဝါဒ ဗုဒၶဘာသာ

ဥဇနာႏွင့္ဥစၥနာ

ဥဇနာအမည္ကို မယ္ေတာ္ မိဖုရားႀကီး ေပးထားဟန္တူသည္။ ဥစၥနာအမည္ကို တစ္စီးရွင္ သီဟသူ မင္းႀကီး ကိုယ္တိုင္ ေပးထားေလသည္။ ဥဇနာမင္းႀကီးသည္ နန္းတက္ၿပီးမၾကာေသာႏွစ္မွာပင္ စကား ၇ ေက်ာင္းကို ေဆာက္လုပ္၍ သာသနာေတာ္၌ ပူေဇာ္၏။

ထိုအေၾကာင္းကို “ဥစၥနာေထာ မဟိမၸာေလာ၊ သာသႏုေဇၨာတနတၳိေကာ၊ ဝိဟာေရ သတၱ ကာေရသိ၊ ေဗာဓိယာေယဝ ကာရဏာ။ ေရေျမကို အစိုးရေသာ သာသနာေတာ္၏ အက်ိဳးစီးပြားကို လိုလားေသာ ဥစၥနာမင္းႀကီးသည္ စကား ၇ ေက်ာင္းတို႔ကို ေဗာဓိဉာဏ္အတြက္သာလွ်င္ အေၾကာင္းေၾကာင့္ ျပဳလုပ္လႉဒါန္းေလသည္။”

ဟူ၍ သကၠရာဇ္ ၇၀၂-ခုႏွစ္၌ ေရးထိုးထားေသာ ပင္းယေက်ာက္စာမွ မင္းႀကီးကိုယ္တိုင္ ဥစၥနေထာ ဟူ၍ ေရးထိုးခဲ့ေလသည္။နန္းတက္ဘြဲ႕မွာ ၐျိႀတိဘဝနာဒိတ်ပဝရဓမၼရာဇာဓိရာဇာဒါနပတိနရသိဃၤဥဇၨနာ ျဖစ္သည္။

ကုသိုလ္ေကာင္းမႈမ်ား

နန္းသက္ကာလအတြင္း ေကာင္းမႈကုသိုလ္အေျမာက္အမ်ားကို ျပဳလုပ္ခဲ့သည္။ ထင္ရွားသည့္ ကုသိုလ္ေတာ္မွာ ပင္းယ စကားခုႏွစ္ေက်ာင္း ျဖစ္သည္။

ေနာက္ပိုင္းတြင္ အမိတူအဖကြဲညီေတာ္ျဖစ္သည့္ ပင္လယ္စား ေက်ာ္စြာမွ ဆင္ျဖဴငါးစီးရသည့္ အေၾကာင္းၾကားေသာ္ “ငါ့ညီ ငါ့စည္းစိမ္ကို ယူပါေတာ့ ငါမူကား ငါ့ေကာင္းမႈ စကားခုႏွစ္ေက်ာင္းကို လႉလိုသမွ် လႉ၍ ေနေတာ့မည္” ဟုဆိုကာ ညီေတာ္အား နန္းအပ္ေလသည္။

သို႔ျဖင့္ ဥဇနာမင္း နန္းေတာ္အေနာက္တံခါးမွ ထြက္လွ်င္ ညီျဖစ္သူ ငါးစီးရွင္ေက်ာ္စြာ ကအေရွ႕တံခါးမွ ဝင္၍ မင္းျပဳေလသည္။ ဥဇနာလည္း ဆိုသည့္အတိုင္း စကားခုႏွစ္ေက်ာင္းတြင္ ေနထိုင္ ကုသိုလ္ပြားမ်ားလ်က္ ႏွစ္အနည္းငယ္အၾကာတြင္ မကၡရာဝန္းက်င္တြင္ ေတာထြက္သြားေလသည္။

ထင္ရွားသည့္ ကုသိုလ္ေတာ္မ်ား
ပင္းယ စကားခုနစ္ေက်ာင္း

ဇမၺဴက
ေဝဠုဝန္
အိမ္နိမ့္
ေဇတဝန္
ကုလားေက်ာင္း
ေ႐ႊေက်ာင္း
ေတာင္စြန္ေက်ာင္း

ကိုးကား

ပင္းယေခတ္:ျမန္မာ ဘုရင္မ်ား
:ပင္းယမင္းဆက္

crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္