အကယ်ဒမီပေးပွဲသို့ အိမ်နေအဝတ်အစား၊ ခုံဖိနပ်စီး၍ ဆုတက်ယူခဲ့သော မင်းသမီးချော မြတ်မွန်..
မင်းသမီးမြတ်မွန်ကို ငယ်ငယ်ထဲက ကြားဖူးတယ်။ သူနာမည် အရမ်းကြီးစဉ်ကျွန်တော်တို့ ငချွတ်ပဲရှိသေးတော့ မမှီလိုက်ဖူး။ သူ့အကယ်ဒမီဆုတောင် ကိုယ့်ထက် နှစ်နှစ်ကြီးသေးတယ်။
မြန်မာ့ရုပ်ရှင် မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ရင် လူကြီးတွေဆီကမကြာခဏ ကြားဖူးနေတာက. မြတ်မွန် ချောချောနုနုလေးကို ဒါရိုက်တာ သာဓုကြီးက ကောက်ယူပစ်လိုက်တာ သာဓုဆိုတာ မောင်ဝဏ္ဏတို့ သုမောင်တို့ အဖေလေ အဖိုးကြီး..
အခုခေတ် ဖေ့စဘွတ် ကျေးဇူးကြောင့် အရမ်းလှတာပဲလို့ ငယ်စဉ်က မကြာခဏကြားဖူးခဲ့တဲ့ မင်းသမီးမြတ်မွန်ရဲ့အလှကို မြင်တွေ့ခဲ့ရပါတယ်။
မင်းသမီးချော ခင်သန်းနု၊ တင်တင်ညို တို့လို မြန်မာမင်းသမီးချော ချောတာမျိုး မဟုတ်ပဲ မြတ်မွန်ရဲ့အလှက ရီးယား မင်းသမီးတယောက်လို ချောတာလို့ မြင်မိပါတယ်။
၁၉၅၉ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲမှာ ကကြီးရေက ရုပ်ရှင်နဲ့အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်အကယ်ဒမီဆု ရရှိခဲ့တယ်။ မြန်မာ့အသံ မြက်ခင်းပြင်မှာလုပ်တဲ့ အကယ်ဒမီဆုနှင်းသဘင်မှာ တက်ရောက်ဆုယူခဲ့တဲ့ မင်းသမီးချောမြတ်မွန်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခေတ်ရှေ့ နှစ်ငါးဆယ်လောက် ပြေးနေပါတယ်။
၁၉၅၈ ခုနှစ် ဒါရိုက်တာသာဓု ရိုက်ကူးတဲ့ ကကြီးရေက ဇတ်ကားရိုက်ချိန်က မြတ်မွန်အသက် ၁၆ နှစ်ပဲရှိသေးပြီး မင်းသားထွန်းဝေနဲ့တွဲဘက် သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသမီးမြတ်မွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားပေါင်း နှစ်ဆယ်ရှိပြီး ဖတ်စကလပ် (First Class), ဇာခန်းဆီးနောက်ကွယ်မှာ နှင့် ၁၉၇၀ ခုနှစ်ထွက်ရှိတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ရုပ်ရှင်ကား များ အောင်မြင် လူကြိုက်များခဲ့တယ်။ နောက်ဆုံးရိုက်ကူးထားတဲ့ကားက ၂၀၁၉ ခုနှစ်မှာထွက်တဲ့ ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ နို့ဘီလူး ကားမှာ ပါဝင် သရုပ်ထားပါတယ်။
မင်းသမီးချော မြတ်မွန်ဟာ ရုပ်ရှင်ဒါရိုက်တာသာဓုနှင့် အိမ်ထောင်ကျခဲ့ပြီး တဦးတည်းသောသား အာယု (မေဆွိ နာမည်ကျော် မောင် သီချင်းတေးရေးဆရာ) ရရှိပြီးမြတ်မွန်တို့ လင်မယား ကွာရှင်းခဲ့တယ်။ မင်းသမီးမြတ်မွန်ဟာ အကော်ဒီယံအုန်းကျော်နဲ့ အိမ်ထောင်သစ် ထူထောင်ခဲ့ပြီး သားသမီးလေးယောက် ရရှိခဲ့တယ်။
မင်းသမိးချောမြတ်မွန်ဟာ အောင်မြင်မှုရနေတဲ့ အသက် ၃၂ နှစ် ရုပ်ရှင်လောကမှ အနားယူခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးချော မြတ်မွန်ကို ၁၉၄၂ ခုနှစ် မွေးဖွားခဲ့လို့အခုအသက် ၈၀ ထဲဝင်နေပါပြီ။ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်) မြတ်မွန်ဟာ မိသားစုနဲ့ ကျမ်းမာစွာ နေထိုင်လျက်ရှိပါတယ်။
crd,လွင်ဦး (ရန်ကင်း)
Zawgyi
အကယ္ဒမီေပးပြဲသို႔ အိမ္ေနအဝတ္အစား၊ ခုံဖိနပ္စီး၍ ဆုတက္ယူခဲ့ေသာ မင္းသမီးေခ်ာ ျမတ္မြန္..
မင္းသမီးျမတ္မြန္ကို ငယ္ငယ္ထဲက ၾကားဖူးတယ္။ သူနာမည္ အရမ္းႀကီးစဥ္ကြၽန္ေတာ္တို႔ ငခြၽတ္ပဲရွိေသးေတာ့ မမွီလိုက္ဖူး။ သူ႕အကယ္ဒမီဆုေတာင္ ကိုယ့္ထက္ ႏွစ္ႏွစ္ႀကီးေသးတယ္။
ျမန္မာ့႐ုပ္ရွင္ မင္းသားမင္းသမီးေတြနဲ႕ ပတ္သက္ရင္ လူႀကီးေတြဆီကမၾကာခဏ ၾကားဖူးေနတာက. ျမတ္မြန္ ေခ်ာေခ်ာႏုႏုေလးကို ဒါရိုက္တာ သာဓုႀကီးက ေကာက္ယူပစ္လိုက္တာ သာဓုဆိုတာ ေမာင္ဝဏၰတို႔ သုေမာင္တို႔ အေဖေလ အဖိုးႀကီး..
အခုေခတ္ ေဖ့စဘြတ္ ေက်းဇူးေၾကာင့္ အရမ္းလွတာပဲလို႔ ငယ္စဥ္က မၾကာခဏၾကားဖူးခဲ့တဲ့ မင္းသမီးျမတ္မြန္ရဲ႕အလွကို ျမင္ေတြ႕ခဲ့ရပါတယ္။
မင္းသမီးေခ်ာ ခင္သန္းႏု၊ တင္တင္ညို တို႔လို ျမန္မာမင္းသမီးေခ်ာ ေခ်ာတာမ်ိဳး မဟုတ္ပဲ ျမတ္မြန္ရဲ႕အလွက ရီးယား မင္းသမီးတေယာက္လို ေခ်ာတာလို႔ ျမင္မိပါတယ္။
၁၉၅၉ ခုႏွစ္ အကယ္ဒမီဆု ခ်ီးျမႇင့္ပြဲမွာ ကႀကီးေရက ႐ုပ္ရွင္နဲ႕အေကာင္းဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္အကယ္ဒမီဆု ရရွိခဲ့တယ္။ ျမန္မာ့အသံ ျမက္ခင္းျပင္မွာလုပ္တဲ့ အကယ္ဒမီဆုႏွင္းသဘင္မွာ တက္ေရာက္ဆုယူခဲ့တဲ့ မင္းသမီးေခ်ာျမတ္မြန္ရဲ႕ ဝတ္စားဆင္ယင္မႈဟာ ေခတ္ေရွ႕ ႏွစ္ငါးဆယ္ေလာက္ ေျပးေနပါတယ္။
၁၉၅၈ ခုႏွစ္ ဒါရိုက္တာသာဓု ရိုက္ကူးတဲ့ ကႀကီးေရက ဇတ္ကားရိုက္ခ်ိန္က ျမတ္မြန္အသက္ ၁၆ ႏွစ္ပဲရွိေသးၿပီး မင္းသားထြန္းေဝနဲ႕တြဲဘက္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။
မင္းသမီးျမတ္မြန္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ကားေပါင္း ႏွစ္ဆယ္ရွိၿပီး ဖတ္စကလပ္ (First Class), ဇာခန္းဆီးေနာက္ကြယ္မွာ ႏွင့္ ၁၉၇၀ ခုႏွစ္ထြက္ရွိတဲ့ ကတၱီပါဖိနပ္စီးေ႐ႊထီးေဆာင္း ႐ုပ္ရွင္ကား မ်ား ေအာင္ျမင္ လူႀကိဳက္မ်ားခဲ့တယ္။ ေနာက္ဆုံးရိုက္ကူးထားတဲ့ကားက ၂၀၁၉ ခုႏွစ္မွာထြက္တဲ့ ဒါရိုက္တာ လူမင္း ရိုက္ကူးတဲ့ နို႔ဘီလူး ကားမွာ ပါဝင္ သ႐ုပ္ထားပါတယ္။
မင္းသမီးေခ်ာ ျမတ္မြန္ဟာ ႐ုပ္ရွင္ဒါရိုက္တာသာဓုႏွင့္ အိမ္ေထာင္က်ခဲ့ၿပီး တဦးတည္းေသာသား အာယု (ေမဆြိ နာမည္ေက်ာ္ ေမာင္ သီခ်င္းေတးေရးဆရာ) ရရွိၿပီးျမတ္မြန္တို႔ လင္မယား ကြာရွင္းခဲ့တယ္။ မင္းသမီးျမတ္မြန္ဟာ အေကာ္ဒီယံအုန္းေက်ာ္နဲ႕ အိမ္ေထာင္သစ္ ထူေထာင္ခဲ့ၿပီး သားသမီးေလးေယာက္ ရရွိခဲ့တယ္။
မင္းသမိးေခ်ာျမတ္မြန္ဟာ ေအာင္ျမင္မႈရေနတဲ့ အသက္ ၃၂ ႏွစ္ ႐ုပ္ရွင္ေလာကမွ အနားယူခဲ့ပါတယ္။ ႐ုပ္ရွင္မင္းသမီးေခ်ာ ျမတ္မြန္ကို ၁၉၄၂ ခုႏွစ္ ေမြးဖြားခဲ့လို႔အခုအသက္ ၈၀ ထဲဝင္ေနပါၿပီ။ ႐ုပ္ရွင္မင္းသမီးႀကီး (ေဒၚ) ျမတ္မြန္ဟာ မိသားစုနဲ႕ က်မ္းမာစြာ ေနထိုင္လ်က္ရွိပါတယ္။
လြင္ဦး (ရန္ကင္း)