(မာလကာပင် စိုက်ပျိုးနည်း )လေးမျှဝေလိုက်တယ်နော်
၁။ ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစားနှင့်မျိုးများ
မာလကာပင်သည် အမေရိကတိုက်နှင့် အပူပိုင်းဒေသ တိုင်းပြည်များ ဖြစ်သော မက္ကဆီကိုနှင့် ပီရူးတိုင်းပြည်များ စသည့် မူရင်းဒေသများမှ မြန်မာနိုင်ငံသို့ ပြန့်နှံ စိုက်ပျိုးလာကြ ပါသည်။
အလွန် စိုက်ပျိုးရ လွယ်ကူသော သီးပင်မျိုး ဖြစ်သည်။ မြေအမျိုးအစားမရွေး ဖြစ်ထွန်း နိုင်သော်လည်း ရေဝပ်ခြင်းကိုမူ မနှစ်သက်ပါ။ အပူပိုင်းသီးနှံဖြစ်သော်လည်း အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းသည်။
မာလကာ အပင်ကြီး သည် အပူဒဏ် နှင့်ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုး ဖြစ်သည်။ သို့သော် ဆောင်းရာသီ သီးသန့် ရှိသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟု အဆိုရှိသည်။
မာလကာတွင် အကြမ်းအားဖြင့် အူနီမျိုး နှင့် အူဖြူမျိုးဟူ၍ ရှိသည်။ အူနီမျိုးသည် အသီး အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရတာပျော့ပျောင်းသည်။
အသီး ပုံသဏ္ဍန် ဘူးင်္သီးပုံ ဖြစ်သည်။ အူဖြူမျိုးသည် အသီး အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမာကျစ်သည်။ အသီး ပုံသဏ္ဍန် အလုံးပုံ ရှိသည်။
၂။ စိုက်ပျိုးနည်း
မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။
အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သား အရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ(၆_၆ မီတာ) အကွာအဝေးထားပြီး
စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှု ပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူး စိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့် ပျိုးပင်၏ အနက်အတိုင်းတူးရမည်။
ပျိုးပင်အနက်သည် ပျိုးအိတ် အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည် ဖြစ်ပြီး ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာ ဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည်
အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ စိုက်ပျိုးပြီးစ အပင်ငယ်ချိန်တွင် မာလကာပင် တန်းကြားထဲ ကြားသီးနှံအဖြစ် မတ်ပဲ၊ ပဲလွမ်းစသည့် ပဲများနှင့် ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်သည့် ရုံးပတီ၊ ခရမ်းချဉ်၊ ငရုတ်၊ စသည့်ဖြင့် စိုက်ပျိုး၍ ဝင်ငွေတိုးနိုင်ပါသည်။
၃။အပင်ပြုစုနည်း
မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။
အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။
အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။
၄။ ပိုးမွှားရောဂါ
ဖျက်ပိုးများအနေဖြင့် ပိုးစေးနှဲ၊ သီးထိုးယင်၊ ပျတို့ကျရောက်တတ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ် ဆေးများကို ပက်ဖျန်း သုံးစွဲရမည် ဖြစ်ပါသည်။
ရောဂါများအနေဖြင့် မာလကာပင်ငယ် များတွင် မာလကာပင် ညိုးသေရောဂါ ကျရောက်၍ မာလကာပင်ငယ်များ ညှိုးနွမ်း သေဆုံး တတ်ပါသည်။ ငှက်မျက်စိ ကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲ ရောဂါများ ကျရောက်တတ်ပါသည်။ ဘောျဒို မှိုသတျဆးကို အပတျစဉျသုံးစှဲ ပကျဖနြျးခွငျး သို့မဟုတျ ကော့ပါးပါသော မှိုသတျဆကေို သုံးစှဲနှိမျနငျး နိုငျပါသညျ။
၅။မြေဩဇာကျွေးနည်း
မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound)
ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။
၆။ ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
မာလကာပင်သည် အစေ့မှ စိုက်လျှင် ၄-၅ နှစ်ကြာမှ အသီးသီးသည်။ မြေထုပ်စည်း မျိုးပွားပင်မှ နှစ်နှစ်အတွင်း အသီးသီးသည်။ မြေဩဇာ အပြည့်အဝ ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည်။
မာလကာပင် တစ်ပင်လျှင် တစ်နှစ်ပတ်လုံး အသီး အများဆုံး ၁၀ဝ၀ခန့် အထိ အသီးသီးနိုင်သည်။
ပျမ်းမျှ တစ်ပင်လျှင် အသီး ၂၀ဝ မှ ၃၀ဝ ထိ သီးသည်။ မာလကာပင်သည် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းသာ အသီးအထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်တမ်းသို့ ရောက်လျှင် ပင်ပျိုများ လဲလှယ် စိုက်သင့်ပါသည်။
ယခုအခါ မာလကာပင်ကို အပင် အရေအတွက် တိုးမြှင့်ခြင်း၊ ကိုင်းပြုပြင်ခြင်း တို့ဖြင့် အထွက်နှုန်းတိုးအောင် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။
Crd,