အင်းလေးကန်ရှိ အင်းလေးဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။
သမိုင်း
အင်းလေးဖောင်တော်ဦးဘုရား သမိုင်းနှင့် ပတ်သက်လျှင် အကြောင်းအရာနှစ်မျိုးကွဲပြားနေသည်ကိုလေ့လာတွေ့ရှိရသည်။
ပထမ အဆိုမှာ သက္ကရာဇ် (၇၂၁ )ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်
လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့် ကာလ (ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တောခြုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူ အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။
ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိသတ်လေးပါး မြောက်များစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင် တွေ့ရှိရပေသည်။
၎င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရသည်။ ၎င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။
ယင်းသို့ ခေါ်ဝေါ်ရခြင်း အကြောင်းရင်းမှာ ကောဇာသက္ကရာဇ် (၄၀၄) ခုနှစ်တွင် မင်းအဖြစ် ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ် စည်ပင်၊ ပြန့်ပွား၊ ထွန်းကားခြင်းကို လိုလားသော မင်းမြတ် ဖြစ်သည်နှင့်အညီ ဇမ္ဗူဒိပ်ကျွန်း အလုံးနှံ့အောင် ဖောင်တော်ဖြင့် တိုင်းခန်း လှည့်လည်တော်မူကာ ရောက်လေရာအရပ်၌ စေတီပုထိုး ဂူကျောင်း စသည်တို့ကို ပြည်သူအများ ဆည်းကပ် ပူဇော်ကြစေရန် ရည်သန်၍ တည်ထားခဲ့ပြီး သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ သီဟိုဠ်မင်းက ဆက်သလိုက်သော သစ်ကနက် ဖောင်ကြောဖြင့် လှည့်လည် ပြန်လာတော်မူရာ မလယခေါ် မလ္လာဟုကျွန်းရောက်လျှင် (၎င်းကျွန်းသည် အိန္ဒိယပြည် မဒရပ်နယ် တောင်ဘက် ပင်လယ်တွင်ရှိ၍ အမွှေးနံ့သာ ကရမက်စသည် အလွန်ပေါသည်ဟုဆို၏။)
သိကြားမင်းက ဆက်သ အပ်နှင်းလိုက်သော မဟာဗောဓိသား နှင့်တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် (၅)ဆူ ထုလုပ်တော်မူစေပြီးလျှင် ဖောင်တော်၏ ရှေ့ဦးတွင် ပင့်တင် ကိုးကွယ် ယူဆောင်တော်မူစေလျက် နေပြည်တော် ပုဂံမြို့သို့ ရောက်တော်မူလေသည်။ ဤသို့လျှင် ဖောင်တော်ဦးဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။
စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိ၏ နေပြည်တော် ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီး ဟော်နန်းဦး စံပြဿာဒ် ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ ရောက်သောအခါ ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသောပြဿာဒ် မဏ္ဍပ်အတွင်း ကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။
ဟော်နန်းဦးမှ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း) လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။
ညောင်ရွှေမြို့၌ နှစ်ပေါင်း (၂၅၆)နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့၍ သက္ကရာဇ် (၉၉၇) ခုနှစ်တွင် ညောင်ရွှေမြို့ကို စိုးစံသော စော်ဘွားမ (စောက်နန်းမ၊ စဝ်နန်းဟေး ) လက်ထက် ရောက်သောအခါ ၎င်းမြို့တော်၏ ပတ်ဝန်းကျင်ရှိ အခြား စော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး တိုက်ခိုက်နှောင့်ယှက်ဖန် များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတို့၏ အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော် (၅)ဆူ တို့ကို စစ်ဘေးစစ်ဒဏ် အန္တရာယ် ကင်းရှင်းရာ ညောင်ရွှေနယ် ရွှေအင်းတိမ်ဘုရားကြီး၏ အရံစောင့် ကျွန်သီးတော်များ နေရာကွက်၌ ကျောင်းတော် ဆောက်လုပ်ပြီးလျှင် ကျွန်သီးတော်တို့အား( ၁၂) မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေး၍ ၎င်းတို့၏ သူကြီးအားလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက်ထိန်းသိမ်းရေးကိစ္စ ဆောင်ရွက်ဖွယ် အဝ၀တိုင်း အမိန့်အာဏာများ အပ်နှင်းပြီး အထူး ထိန်းသိမ်းစောင့်ရှောက်စေသည်။
၎င်း အသည်တော်တို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၌ ဘုရားကိုယ်စား ရုပ်ပွားဆင်းထု၊ စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ကျွန်သီးတော်ခေါ် အသည်တော်များ နေထိုင်ရာရပ်ကွက်ကို မည်သူမဆို ဝင်ရောက်တိုက်ခိုက် နှောက်ယှက်ထိပါး ဖျက်ဆီးခြင်း အမှုမပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေ ပညတ်ချက်ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအား ဖြင့် မြို့ပြ ပြည်ရွာ ပျက်ပြားသောအခါ ဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ဃန်းတော်ကိုဖြစ်စေ၊ ဘု
န်းကြီးသင်္ဃန်းကို ဖြစ်စေ အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့် ရန်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်နှောက်ယှက်ခြင်း မပြုရ ဟူသော ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာနေထိုင်ရသော သူများဖြစ်သည့်အလျှောက် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်၌ စစ်ဘေးစစ်ဒဏ် ရန်အန္တရာယ် ကင်းရှင်းခြင်းဖြစ်သည်။
၎င်းရပ်ကွက်ကား ရွှေအင်းတိန် ဘုရား၏ အရှေ့ဘက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာဟု ခေါ်သော ရပ်ကွက်ပင်ဖြစ်သည်။ ယခုဆော်မရွာ အနောက်ဘက်တွင် ဖောင်တော်ဦးရွာဟု ရှေးကရှိသည်။ ၎င်းရွာသည် အယုတ်တော်များ နေရာ ရပ်ကွက်ဖြစ်သည်ဟု ယခုလက်ရှိ အသည်တော်များ လူကြီးများ နှုတ်အမှတ်အသား ထားကြကြောင်း မှတ်သားရသည်။ ၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသော အချိန်မှစ၍ ၎င်းရုပ်ပွားတော်များကို ဖောင်တော်ဦးဘုရား ဟုတင်စား၍ ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။
အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။ ထိုအချိန်တွင်ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျင် ယမထာကြိမ်လုံးဖြင့် ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို ဆယ်ယူပေးအပ်လိုက်သည်။
ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ အနံ့မွှေးကြိုင်လှသော သရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့် သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊ ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။
သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားသည်။ မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။
သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့် ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍ တူးဖော်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။ မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော် နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။
ဖောင်တော်ဦးစေတီ ပွဲတော်ကျင်းပ
ဖောင်တော်ဦးစေတီတွင် ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူလျက် ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ သဒ္ဓါလွန်မှုကြောင့် ဆင်းတုတော်ခမျာတို့မှာ မူလရုပ်သွင်ပင်ပျောက်၍ မမှတ်မိ နိုင်တော့ပါ။ စောစောပိုင်း အင်းလေးဒဏ္ဍာရီပိုင်းမှာ တင်ပြခဲ့သလို ယင်းဗုဒ္ဓရုပ်ပွားတော်တို့ကို မာလာယုမှယူခဲ့ရာ ၁၂ ရာစုနှစ်အတွင်း မြန်မာဘုရင် အလောင်းစည်သူဖြစ်သည်။
ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင် နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်မှာ နိုင်ငံအဆင့်အထိအရေးပါတတ်၍ ဗုဒ္ဓဆင်းတု ၄ ဆူ ကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍ လှည့်လည်အပူဇော်ခံလေ့ရှိသည်။
ဤဘာသာရေးအခါသမယမှာ ပါဝင်လိုသူအများကိုစွဲဆောင်နိုင်သည့်အ ပြင် တပြည်ထောင်လုံးမှ တက်ရောက်ဆင်နွှဲသူတို့လည်းရှိကြသည်ကို အားပါးတရကြည့်ရှုနိုင်ကြသည်။ အင်းသားအချင်းချင်း စွမ်းအားပြိုင်သည့်ပွဲဟုလည်း ခေါ်နိုင်သည်။
ဗုဒ္ဓမြတ်စွာအတွက် ကြာချည်များလောင်းလှူကြခြင်းကိုလည်း အထူးကြာသင်္ကန်းယက်ဖို့ ပြုလုပ်ကြသည်။ အင်းလေးကန်အတွင်းနှင့် ဝန်းကျင်နေကြသူများအဖို့ ပဓာနသယ်ယူပို့ဆောင်ရေးက ရှေးရိုးအစဉ်အလာအသုံးပြုကြသည့် လောင်းလှေငယ်များဖြစ်ကြ၏။ သို့သော်လည်းယနေ့ဆို လျှင် အတန်ငယ်ကြီးသောရေယာဉ်တို့ကို စက်အင်ဂျင်ယန္တရားတပ်ဆင်၍ သယ်ယူပို့ဆောင်ရေးအတွက်သုံးနေကြပါပြီ။
crd,ဝီကီပီးဒီးယား
Zawgyi
အင္းေလးကန္ရွိ အင္းေလးေဖာင္ေတာ္ဦးဘုရားသည္ ဘာသာေရးဆိုင္ရာ ကိုးကြယ္မႈတစ္ခုအေနျဖင့္ သာမက၊ ျမန္မာနိုင္ငံရွိ ခရီးသြားဧည့္သည္မ်ားကို ဆြဲေဆာင္နိုင္သည့္ အရာလည္းျဖစ္သည္။
သမိုင္း
အင္းေလးေဖာင္ေတာ္ဦးဘုရား သမိုင္းႏွင့္ ပတ္သက္လွ်င္ အေၾကာင္းအရာႏွစ္မ်ိဳးကြဲျပားေနသည္ကိုေလ့လာေတြ႕ရွိရသည္။
ပထမ အဆိုမွာ သကၠရာဇ္ (၇၂၁ )ခုႏွစ္တြင္ေညာင္ေ႐ႊၿမိဳ႕ကိုတည္ေထာင္ခဲ့ေသာ ေစာ္ဘြားႀကီး ဆီဆိုင္ဖ လက္ထက္
လြန္ခဲ့ေသာ ႏွစ္ေပါင္း(၆၄၄)ခန႔္ ကာလ (ယခု)သန္းေထာင္ ဘုရားနယ္ေျမအတြင္း တစ္ခုေသာေနရာတြင္ ေတာၿခဳံပိတ္ေပါင္းတို႔ျဖင့္ ဖုံးလႊမ္းကြယ္ေပ်ာက္လ်က္ရွိေသာ လိုဏ္ဂူ အတြင္းမွ ဘုရားဓာတ္ေတာ္၊ ေမြေတာ္မ်ား ေရာင္ျခည္ေတာ္ ကြန႔္ျမဴးသည္ကို သန္းေထာင္နယ္သားတို႔ ဖူးျမင္ေတြ႕ရွိၾကရသည္။
ထိုအခါ ေစာ္ဘြားႀကီး ဆီဆိုင္ဖထံ သြားေရာက္ သတင္းေပးၾကသည္။ ထိုအခါ ေစာ္ဘြားႀကီး ဆီဆိုင္ဖသည္ အားရဝမ္းသာျဖင့္ ေဆြေတာ္ မ်ိဳးေတာ္ မႉးမတ္တို႔ႏွင့္ ပရိသတ္ေလးပါး ေျမာက္မ်ားစြာ ၿခံရံ၍ သန္းေထာင္အရပ္သို႔ ထြက္လာကာ ျမက္ၿခဳံပိတ္ေပါင္းတို႔ကို ရွင္းလင္းခုတ္ထြင္ၿပီး လိုဏ္ဂူကို တူးေဖာ္ၾကည့္ရာ ဘုရားရွင္ ႐ုပ္ပြားေတာ္ (၅)ဆူတို႔ကို ဖူးျမင္ ေတြ႕ရွိရေပသည္။
၎႐ုပ္ပြားေတာ္ ငါးဆူတို႔အနက္ ႏွစ္ဆူမွာ ရဟႏၱာပုံေတာ္ ဟုသိရသည္။ ၎႐ုပ္ပြားေတာ္ (၅) ဆူကို ေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ဟု ေခၚေဝၚသည္။
ယင္းသို႔ ေခၚေဝၚရျခင္း အေၾကာင္းရင္းမွာ ေကာဇာသကၠရာဇ္ (၄၀၄) ခုႏွစ္တြင္ မင္းအျဖစ္ ေရာက္ရွိေတာ္မူေသာ ပုဂံျပည့္ရွင္ နရပတိ အေလာင္းစည္သူမင္းႀကီးသည္ သာသနာေတာ္ျမတ္ စည္ပင္၊ ျပန႔္ပြား၊ ထြန္းကားျခင္းကို လိုလားေသာ မင္းျမတ္ ျဖစ္သည္ႏွင့္အညီ ဇမၺဴဒိပ္ကြၽန္း အလုံးႏွံ႕ေအာင္ ေဖာင္ေတာ္ျဖင့္ တိုင္းခန္း လွည့္လည္ေတာ္မူကာ ေရာက္ေလရာအရပ္၌ ေစတီပုထိုး ဂူေက်ာင္း စသည္တို႔ကို ျပည္သူအမ်ား ဆည္းကပ္ ပူေဇာ္ၾကေစရန္ ရည္သန္၍ တည္ထားခဲ့ၿပီး သီဟိုဠ္ကြၽန္းသို႔ ေရာက္ေသာအခါ သီဟိုဠ္မင္းက ဆက္သလိုက္ေသာ သစ္ကနက္ ေဖာင္ေၾကာျဖင့္ လွည့္လည္ ျပန္လာေတာ္မူရာ မလယေခၚ မလႅာဟုကြၽန္းေရာက္လွ်င္ (၎ကြၽန္းသည္ အိႏၵိယျပည္ မဒရပ္နယ္ ေတာင္ဘက္ ပင္လယ္တြင္ရွိ၍ အေမႊးနံ႕သာ ကရမက္စသည္ အလြန္ေပါသည္ဟုဆို၏။)
သိၾကားမင္းက ဆက္သ အပ္ႏွင္းလိုက္ေသာ မဟာေဗာဓိသား ႏွင့္တကြ သရကၡာန္ နံ႕သာႏွစ္သားတို႔ကို ႐ုပ္ပြားေတာ္ (၅)ဆူ ထုလုပ္ေတာ္မူေစၿပီးလွ်င္ ေဖာင္ေတာ္၏ ေရွ႕ဦးတြင္ ပင့္တင္ ကိုးကြယ္ ယူေဆာင္ေတာ္မူေစလ်က္ ေနျပည္ေတာ္ ပုဂံၿမိဳ႕သို႔ ေရာက္ေတာ္မူေလသည္။ ဤသို႔လွ်င္ ေဖာင္ေတာ္ဦးဘုရားဟု ေခၚဆိုျခင္း ျဖစ္သည္။
ေစာ္ဘြားႀကီးဆီဆိုင္ဖသည္ ယင္း႐ုပ္ပြားေတာ္ျမတ္(၅)ဆူကို မိမိ၏ ေနျပည္ေတာ္ ေညာင္ေ႐ႊၿမိဳ႕ေတာ္သို႔ ပင့္ေဆာင္ၿပီး ေဟာ္နန္းဦး စံျပႆာဒ္ ေပၚတြင္ ကိုးကြယ္ေတာ္မူၿပီးမွ သီတင္းကြၽတ္ လဆန္း (၇) ရက္သို႔ ေရာက္ေသာအခါ ေဟာ္နန္းဦးမွ ေအာက္သို႔ ပင့္ယူၿပီး လွပ တင့္တယ္စြာ ေဆာက္လုပ္ထားေသာျပႆာဒ္ မ႑ပ္အတြင္း ေကာင္းစြာစံထားလ်က္ ျပည္သူျပည္သားတို႔၏ အဖူးအေျမာ္ အပူေဇာ္ခံပြဲသဘင္ ဆင္ယင္ က်င္းပေတာ္မူျခင္း ျဖစ္သည္။
ေဟာ္နန္းဦးမွ ၿမိဳ႕သို႔ ႂကြဆင္းေတာ္မူသည္ကို အစြဲျပဳ၍ (စစ္ဘုရားလုံးစိုင္း) လူ႕ျပည္သို႔ႂကြဆင္းလာေသာ ျမတ္စြာဘုရားဟု ရွမ္းဘာသာျဖင့္ ေခၚတြင္ေသာေၾကာင့္ မူလ ေဖာင္ေတာ္ဦးဟူေသာ အမည္မွာ အခိုက္အတန႔္အားျဖင့္ ကြယ္ေပ်ာက္ခဲ့ေလသည္။
ေညာင္ေ႐ႊၿမိဳ႕၌ ႏွစ္ေပါင္း (၂၅၆)ႏွစ္ၾကာ ပြဲေတာ္မ်ား က်င္းပနိုင္ခဲ့၍ သကၠရာဇ္ (၉၉၇) ခုႏွစ္တြင္ ေညာင္ေ႐ႊၿမိဳ႕ကို စိုးစံေသာ ေစာ္ဘြားမ (ေစာက္နန္းမ၊ စဝ္နန္းေဟး ) လက္ထက္ ေရာက္ေသာအခါ ၎ၿမိဳ႕ေတာ္၏ ပတ္ဝန္းက်င္ရွိ အျခား ေစာ္ဘြား ၿမိဳ႕စားတို႔က ၿမိဳ႕ေတာ္ကို ထိပါး တိုက္ခိုက္ႏွောင့္ယွက္ဖန္ မ်ားေသာေၾကာင့္ ဗုဒၶဘာသာ ရွမ္းျမန္မာတို႔၏ အထြတ္အထိပ္ျဖစ္ေသာ ယင္းေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ (၅)ဆူ တို႔ကို စစ္ေဘးစစ္ဒဏ္ အႏၱရာယ္ ကင္းရွင္းရာ ေညာင္ေ႐ႊနယ္ ေ႐ႊအင္းတိမ္ဘုရားႀကီး၏ အရံေစာင့္ ကြၽန္သီးေတာ္မ်ား ေနရာကြက္၌ ေက်ာင္းေတာ္ ေဆာက္လုပ္ၿပီးလွ်င္ ကြၽန္သီးေတာ္တို႔အား( ၁၂) မႈ မင္းေရးကိစၥ ခပ္သိမ္းလြတ္ၿငိမ္းခြင့္ေပး၍ ၎တို႔၏ သူႀကီးအားလည္း ႐ုပ္ပြားေတာ္တို႔ကို ေစာင့္ေရွာက္ထိန္းသိမ္းေရးကိစၥ ေဆာင္႐ြက္ဖြယ္ အဝ၀တိုင္း အမိန႔္အာဏာမ်ား အပ္ႏွင္းၿပီး အထူး ထိန္းသိမ္းေစာင့္ေရွာက္ေစသည္။
၎ အသည္ေတာ္တို႔ ေနထိုင္ရာ ရပ္ကြက္၌ စစ္ေဘးစစ္ဒဏ္ ရန္အႏၱရာယ္ ကင္းရွင္းျခင္းမွာ ဗုဒၶဘာသာဝင္တို႔၌ ဘုရားကိုယ္စား ႐ုပ္ပြားဆင္းထု၊ ေစတီပုထိုးတို႔ကို ထိန္းသိမ္းေစာင့္ေရွာက္ေသာ ကြၽန္သီးေတာ္ေခၚ အသည္ေတာ္မ်ား ေနထိုင္ရာရပ္ကြက္ကို မည္သူမဆို ဝင္ေရာက္တိုက္ခိုက္ ႏွောက္ယွက္ထိပါး ဖ်က္ဆီးျခင္း အမႈမျပဳလုပ္ရဟူေသာ ဘာသာတရားအရ ဥပေဒ ပညတ္ခ်က္ထားရွိေသာေၾကာင့္ ၎ကို လိုက္နာေသာအား ျဖင့္ ၿမိဳ႕ျပ ျပည္႐ြာ ပ်က္ျပားေသာအခါ ျဖစ္ေစကာမူ ၎ရပ္ကြက္၌ ဘုရားသဃၤန္းေတာ္ကိုျဖစ္ေစ၊ ဘု
န္းႀကီးသဃၤန္းကို ျဖစ္ေစ ေအာင္လံအျဖစ္ စိုက္ထူထားပါက မည္သည့္ ရန္သူတစ္ဦးတစ္ေယာက္မွ ဝင္ေရာက္ႏွောက္ယွက္ျခင္း မျပဳရ ဟူေသာ ဘာသာထုံးတမ္း ဥပေဒပညတ္ခ်က္အရ လြတ္ၿငိမ္းခ်မ္းသာစြာေနထိုင္ရေသာ သူမ်ားျဖစ္သည့္အေလွ်ာက္ ၎တို႔ ေနထိုင္ရာ ရပ္ကြက္၌ စစ္ေဘးစစ္ဒဏ္ ရန္အႏၱရာယ္ ကင္းရွင္းျခင္းျဖစ္သည္။
၎ရပ္ကြက္ကား ေ႐ႊအင္းတိန္ ဘုရား၏ အေရွ႕ဘက္ ေျမာင္ဆုံ႐ြာ အေနာက္ေတာင္ အင္းတိမ္ၿမိဳ႕ေဟာင္း ေတာင္ဘက္ ယခု ေဆာ္မ႐ြာဟု ေခၚေသာ ရပ္ကြက္ပင္ျဖစ္သည္။ ယခုေဆာ္မ႐ြာ အေနာက္ဘက္တြင္ ေဖာင္ေတာ္ဦး႐ြာဟု ေရွးကရွိသည္။ ၎႐ြာသည္ အယုတ္ေတာ္မ်ား ေနရာ ရပ္ကြက္ျဖစ္သည္ဟု ယခုလက္ရွိ အသည္ေတာ္မ်ား လူႀကီးမ်ား ႏႈတ္အမွတ္အသား ထားၾကေၾကာင္း မွတ္သားရသည္။ ၎ေဖာင္ေတာ္ဦး႐ြာတြင္ သီတင္းသုံးေတာ္မူေသာ အခ်ိန္မွစ၍ ၎႐ုပ္ပြားေတာ္မ်ားကို ေဖာင္ေတာ္ဦးဘုရား ဟုတင္စား၍ ေခၚေဝၚခဲ့ၾကျခင္းျဖစ္သည္။
အျခားအဆိုတစ္မ်ိဳးမွာ အေလာင္းစည္သူမင္းႀကီးသည္ တိုင္းခန္းလွည့္လည္ေတာ္မူရင္း ဇမၺဳသေျပပင္ရင္းသို႔ ေရာက္ရွိေတာ္မူသည္။ ထိုအခ်ိန္တြင္ဘီလူးမတစ္ဦးသည္ သားငယ္ကိုပိုက္၍ ျမစ္ကမ္းနားက ၾကည့္ေနရာ သားငယ္သည္ ျမစ္အတြင္းသို႔ က်သြားသည္။ အေလာင္းစည္သူမင္းႀကီး သိေတာ္မူလ်င္ ယမထာႀကိမ္လုံးျဖင့္ ေရကိုပုတ္ခတ္ရာ ေရေစာင့္နတ္က ဘီလူးမ၏သားကို ဆယ္ယူေပးအပ္လိုက္သည္။
ဘီလူးမသည္ ဝမ္းသာလြန္း၍ ဟိမဝႏၱာေတာရွိ အနံ႕ေမႊးႀကိဳင္လွေသာ သရကၡာန္အစစ္ကိုျဖတ္ယူ၍ အေလာင္းစည္သူမင္းႀကီးအား ဆက္သသည္။ သိၾကားမင္းသည္ အေလာင္းစည္သူမင္းႀကီးထံမွ သရကၡာန္သားျဖင့္ သရကၡာန္႐ုပ္တုေတာ္ျမတ္ငါးဆူ၊ ျမတ္ေပါင္းမၪၨဴတစ္ဆူ၊ ရွင္ျဖဴ ရွင္လွႏွစ္ဆူ၊ ေပါင္း ရွစ္ဆူထုလုပ္ၿပီး အေလာင္းစည္သူမင္းႀကီးအား ဆက္သေလသည္။
သကၠရာဇ္(၄၈၂)တြင္ အေလာင္းစည္သူမင္းႀကီးသည္ ပထမ၊ ဒုတိယ၊ တတိယ ႏွင့္ စတုတၳသရကၡာန္ ႐ုပ္တုေတာ္ေလးဆူကို သန္းေထာင္အရပ္ ေဖာင္ေတာ္ေပါက္ေတာင္ေျခရင္း၌ ဌာပနာတိုက္တည္ေဆာက္ၿပီး လိုဏ္ဂူသြင္းထားသည္။ ျမတ္ေပါင္းမၪၨဴဘုရား ႐ုပ္တုေတာ္ကို မဟာဂါမ႐ြာေက်ာင္းဆရာေတာ္ အရိယဓဇ ဓမၼရာသီ ထံအပ္ႏွံခဲ့သည္။
သကၠရာဇ္(၇၂၁)တြင္ သန္းေထာင္အရပ္ လိုဏ္ဂူသြင္းဌာပနာထားသည့္ ႐ုပ္တုေတာ္ျမတ္ေလးဆူသည္ ေရာင္ျခည္ေတာ္မ်ား ကြန႔္ျမဴးခဲ့ၾကသည္ကို ေတြ႕ရွိ၍ တူးေဖာ္ကာ ေညာင္ေ႐ႊၿမိဳ႕ ေ႐ႊအင္းတိမ္ဘုရားႀကီးသို႔ ပင့္ေဆာင္ခဲ့ၾကသည္။ မဟာဂါမ႐ြာေက်ာင္း၌ သီတင္းသုံးေတာ္မူေသာ ျမတ္ေပါင္းမၪၨဴဘုရား႐ုပ္တုေတာ္ ႏွင့္အတူ ကိန္းဝပ္ေတာ္မူသည္။ သကၠရာဇ္(၁၂၅၂)မွစ၍ ႐ုပ္တုေတာ္ငါးဆူကို နန္းဟူး႐ြာ၌ ထာဝရ ေက်ာင္းေတာ္ႀကီးတည္ေဆာက္ၿပီး ကိုးကြယ္လာခဲ့ၾကမွာ ယေန႕တိုင္ျဖစ္သည္။
ေဖာင္ေတာ္ဦးေစတီ ပြဲေတာ္က်င္းပ
ေဖာင္ေတာ္ဦးေစတီတြင္ ဗုဒၶဆင္းတု ၅ ဆူ စံပါယ္ေတာ္မူလ်က္ ေ႐ႊခ်ေ႐ႊသကၤန္းအကပ္မ်ားလြန္း၍ သဒ္ဓါလွန်မှုကြောင့် ဆင္းတုေတာ္ခမ်ာတို႔မွာ မူလ႐ုပ္သြင္ပင္ေပ်ာက္၍ မမွတ္မိ နိုင္ေတာ့ပါ။ ေစာေစာပိုင္း အင္းေလးဒ႑ာရီပိုင္းမွာ တင္ျပခဲ့သလို ယင္းဗုဒၶ႐ုပ္ပြားေတာ္တို႔ကို မာလာယုမွယူခဲ့ရာ ၁၂ ရာစုႏွစ္အတြင္း ျမန္မာဘုရင္ အေလာင္းစည္သူျဖစ္သည္။
ေဖာင္ေတာ္ဦးေစတီပြဲေတာ္ကို ဝါကြၽတ္သည့္ ေအာက္တိုဘာလတြင္ ႏွစ္စဥ္က်င္းပၿမဲျဖစ္၍ ၃ ရက္ၾကာပါသည္။ ယင္းပြဲေတာ္မွာ နိုင္ငံအဆင့္အထိအေရးပါတတ္၍ ဗုဒၶဆင္းတု ၄ ဆူ ကို ေတာ္ဝင္ကရဝိတ္ေဖာင္ေပၚတင္၍ အျခားအင္းေလးအတြင္း ေစတီပုထိုးမ်ားအားျဖတ္၍ လွည့္လည္အပူေဇာ္ခံေလ့ရွိသည္။
ဤဘာသာေရးအခါသမယမွာ ပါဝင္လိုသူအမ်ားကိုစြဲေဆာင္နိုင္သည့္အ ျပင္ တျပည္ေထာင္လုံးမွ တက္ေရာက္ဆင္ႏႊဲသူတို႔လည္းရွိၾကသည္ကို အားပါးတရၾကည့္ရႈနိုင္ၾကသည္။ အင္းသားအခ်င္းခ်င္း စြမ္းအားၿပိဳင္သည့္ပြဲဟုလည္း ေခၚနိုင္သည္။
ဗုဒၶျမတ္စြာအတြက္ ၾကာခ်ည္မ်ားေလာင္းလႉၾကျခင္းကိုလည္း အထူးၾကာသကၤန္းယက္ဖို႔ ျပဳလုပ္ၾကသည္။ အင္းေလးကန္အတြင္းႏွင့္ ဝန္းက်င္ေနၾကသူမ်ားအဖို႔ ပဓာနသယ္ယူပို႔ေဆာင္ေရးက ေရွးရိုးအစဥ္အလာအသုံးျပဳၾကသည့္ ေလာင္းေလွငယ္မ်ားျဖစ္ၾက၏။ သို႔ေသာ္လည္းယေန႕ဆို လွ်င္ အတန္ငယ္ႀကီးေသာေရယာဥ္တို႔ကို စက္အင္ဂ်င္ယႏၱရားတပ္ဆင္၍ သယ္ယူပို႔ေဆာင္ေရးအတြက္သုံးေနၾကပါၿပီ။
crd,ဝီကီပီးဒီးယား