နှစ်ပေါင်း၄၀အကြာ လက်ဖက်ရည်ရောင်းပြီး နိုင်ငံပေါင်း ၂၃နိုင်ငံသို့ အလည်အပတ်ခရီးထွက်ခဲ့ကြသော ဇနီးမောင်နှံ
အိန္ဒိယနိုင်ငံ Kochiတွင် နေထိုင်သော အသက် ၇ ၀ကျော်အရွယ် အဖိုးအဖွား ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်သက်တမ်း ၄၅ နှစ်အတွင်း သားသမီးမရှိသော်လည်း သူတို့အိမ်ထောင်ရေးက သာယာပျော်ရွှင်နေဆဲဖြစ်သည်။
သူတို့ဇနီးမောင်နှံသည် နှစ်ယောက်လုံးက ကမ္ဘာလှည့်ခရီးထွက်ရခြင်းကို ဝါသနာပါခဲ့ရာ နှစ်ပေါင်း ၄၀ ကြာသည်ထိ လက်ဖက်ရည်ဆိုင်လေးဖွင့်ကာ နေ့စဉ် ရောင်းရသော အမြတ်ငွေလေးတွေကို ချွေတာကာ စုဆောင်းနိုင်သလောက် စုဆောင်းသွားခဲ့သည်။
သးတို့ဇနီးမောင်နှံသည် ခရီးသွားအိပ်မက်ကို အကောင်အ ထည်ဖော်နိုင်ရန်အတွက် လက်ဖက်ရည်ရောင်းရာတွင် အလုပ်သမားတစ်ယောက်မှ မငှားပဲ သူတို့နှစ်ဦးကသာ နိုင်အောင် လုပ်ဆောင်ခဲ့သည်။
ဇနီးမောင်နှံသည် နိုင်ငံခြားသို့ ခရီးတစ်ခါထွက်တိုင်း ဘဏ်ကနေချေးငွေယူကာ လက်ဖက်ရည်ရောင်းရင်း သုံးနှစ်အကြာ အကျေဆပ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း၂၃ နိုင်ငံကို အလည်အပတ်ခရီးထွက်နိုင်ခဲ့ပြီဖြစ်သည်။
Crd,
Zawgyi
Crd,