“ ကွယ်လွန်ပြီးကာမှ အကယ်ဒမီနှစ်ကြိမ်ရခဲ့သူ ”

ဒါရိုက်တာ တင်အောင်မြင့်ဦး ရိုက်ကူးခဲ့သော ဘယ်ဆုတောင်းမလဲချစ်သူ ဇာတ်ကားဖြင့် ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့သော ဇော်လင်း သည် ခေါင်းဆောင်မင်းသားကစ၍

မင်းသား အကို၊ မင်းသား သူငယ်ချင်း၊ မင်းသား အဖေ၊ မင်းသား အဖိုး စသည်ဖြင့် နေရာအမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးဖြင့် ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း သူ့တစ်သက်လုံး လိုချင်ခဲ့သော အကယ်ဒမီဆုကိုမူ သူကွယ်လွန်ပြီးချိန်မှသာ နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုအားလုံးကို အကယ်ဒမီဆုဖြင့် အဆုံးသတ်ခဲ့သည်ဟု ယူဆနိုင်သော ဇော်လင်း ရရှိခဲ့သည့် အကယ်ဒမီဇာတ်ကားနှစ်ကားမှာ တိုက်ပွဲခေါ်သံ ( ၁၉၉၅ ) နှင့် ပန်းသခင် ( ၁၉၉၆ ) တို့ပင် ဖြစ်ပါတယ်။

သရုပ်ဆောင် ဇော်လင်း၏ အမည်ရင်းမှာ ဦးစန်းမောင် ဖြစ်ပြီး မော်လမြိုင်မြို့ တောင်ပိုင်းရပ်၌ ဦးစံအေး ဒေါ်ဌေးတင်တို့က ဖွားမြင်ခဲ့တာပါ။ မော်လမြိုင်ရုပ်ရှင်မှ ဒါရိုက်တာ တင်အောင်မြင့်ဦး၏ “ဘယ်ဆုတောင်းမလဲ ချစ်သူ” ဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ စတင် ဝင်ရောက်ခဲ့ပါတယ်။

ယင်းဇာတ်ကားကို ၁၉၇၂-ခုနှစ်၊ မတ်လ ၃၁-ရက် တွင် ရှေ့ဆောင်၊ တပင်ရွှေထီးနှင့် ဘုရင့်နောင် ရုပ်ရှင်ရုံတို့၌ တပြိုင်နက် ပြသခဲ့ရာ ဇော်လင်း၏ အမည်ကို ပရိသတ်များ သိရှိသွားကြပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဇော်လင်း၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ အချစ်ရူး၊ ဖက်ဖူးရောင်၊ ကျေးဂျူးကမ္ဘာ၊ သူ့ဘဝ ကိုယ့်အသည်း၊ စိတ်စေတသိက်၊ ပုပ္ပါးဖူးစာ၊ ချစ်စရာမို့ ချစ်ပါသည်၊ အဖေတစ်ခု သားတစ်ခု၊ ကမ္ဘာဆယ်သိန်း ချစ်ပါ့မယ် စသည့် ဇာတ်ကားများ ဖြစ်ကြပါတယ်။

သရုပ်ဆောင် ဇော်လင်းသည် ၁၉⁠၉၅-ခုနှစ်၊ ( ၄၄ ) ကြိမ်မြောက် ကျင်းပသော အကယ်ဒမီဆုပေးပွဲတွင် ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးပြီး အဓိကသရုပ်ဆောင်များအဖြစ် ညွန့်ဝင်း၊ #သီဟတင်စိုး၊ #ဇင်မာဦး၊ #ဆွေဇင်ထိုက်၊ #မင်းဦး၊ #အောင်ခိုင် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “တိုက်ပွဲခေါ်သံ” ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီ ဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ထို့ပြင် တိုက်ပွဲခေါ်သံဇာတ်ကားဟာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု တို့လို အဓိကဆုတွေလည်း ရရှိခဲ့ပါတယ်။

၁၉၉၅-ခုနှစ်အတွက် ဇာတ်ကား ( ၃၈ ) ကားအနက်မှ ဆန်ခါတင် ရွေးချယ်ခဲ့ရာ ဇော်လင်းမှာ “တိုက်ပွဲခေါ်သံ” ဇာတ်ကား အတွက် #ဆရာဦးအုပ်စိုး အဖြစ် ပါဝင်သရုပ်ဆောင်ရာ၌ ပီပြင်လှသဖြင့် အမျိုးသားဇာတ်ပို့ဆု ပေးအပ်ချီးမြှင့် ခံခဲ့ရတာပါ။

၁၉၉၅-ခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင်များ၊ ပညာရှင်များအား အကယ်ဒမီဆု ပေးအပ်ပွဲကို ၁၉၉၇-ခုနှစ်၊ ဖေဖော်ဝါရီလ ၈-ရက်‌နေ့တွင် ကျင်းပခဲ့ရာ သရုပ်ဆောင် ဇော်လင်းမှာ ၁၉၉၆-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့ ကပင် ကွယ်လွန်ခဲ့ပြီး ဖြစ်တာကြောင့် သူ၏ အကယ်ဒမီ ထူးချွန်ဆုကို ဒါရိုက်တာ #အေဝမ်းမောင်လှမျိုး က ကိုယ်စားတက်ရောက် ယူပေးခဲ့ရပါတယ်။ ‌

ဇော်လင်းဟာ ( ၄၅ ) ကြိမ်မြောက်ကျင်းပသော အကယ်ဒမီဆုပေးပွဲတွင်လည်း “ပန်းသခင်” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

အကယ်ဒမီဆုပေးပွဲ နှစ်ကြိမ်ဆက်တိုက် ဆုရရှိခဲ့တာဖြစ်ပြီး ပန်းသခင် ဇာတ်ကားဟာလည်း ဇာတ်ကားဆု၊ ဒါရိုက်ဆု များရရှိခဲ့သည့်အပြင် သရုပ်ဆောင် #ထက်ထက်မိုးဦး သည်လည်း အမျိုးသမီးဇာတ်ဆောင်ဆုကို ပန်းသခင်ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆု ရရှိခဲ့တာပါ။

၁၉၉၆-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့မှာ ကွယ်လွန်ခဲ့သော မင်းသားဇော်လင်းအဖို့ သူရရှိခဲ့သော ရုပ်ရှင်ဇာတ်ပို့ဆု နှစ်ဆုလုံးကို ကိုယ်ထိလက်ရောက် မယူနိုင်ခဲ့သော်လည်း ယင်းအဖြစ်အပျက်သည်လည်းကောင်း၊ ဇော်လင်းသည် လည်းကောင်း ရုပ်ရှင်အကယ်ဒမီသမိုင်းတွင် ထူးခြားမှတ်တမ်းဝင်နေမည်သာ ဖြစ်ပါတယ်။

Ref;
▪️ဇေယျာလင်း ( City FM )၊ (ရုပ်ရှင်သမိုင်းထဲကအကယ်ဒမီ၊ ရွှေစင်ရုပ်များကပြောပြနေတဲ့ ထူးခြားဖြစ်စဉ်များ)

Crd,ဝီကီပီးဒီးယား

Zawgyi
ဒါရိုက္တာ တင္ေအာင္ျမင့္ဦး ရိုက္ကူးခဲ့ေသာ ဘယ္ဆုေတာင္းမလဲခ်စ္သူ ဇာတ္ကားျဖင့္ ႐ုပ္ရွင္ေလာကကို ဝင္ေရာက္လာခဲ့ေသာ ေဇာ္လင္း သည္ ေခါင္းေဆာင္မင္းသားကစ၍

မင္းသား အကို၊ မင္းသား သူငယ္ခ်င္း၊ မင္းသား အေဖ၊ မင္းသား အဖိုး စသည္ျဖင့္ ေနရာအမ်ိဳးမ်ိဳး ဇာတ္႐ုပ္အမ်ိဳးမ်ိဳးျဖင့္ ဇာတ္ကားေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသာ္လည္း သူ႕တစ္သက္လုံး လိုခ်င္ခဲ့ေသာ အကယ္ဒမီဆုကိုမူ သူကြယ္လြန္ၿပီးခ်ိန္မွသာ ႏွစ္ႏွစ္ဆက္တိုက္ ရရွိခဲ့ပါတယ္။

အႏုပညာလႈပ္ရွားမႈအားလုံးကို အကယ္ဒမီဆုျဖင့္ အဆုံးသတ္ခဲ့သည္ဟု ယူဆနိုင္ေသာ ေဇာ္လင္း ရရွိခဲ့သည့္ အကယ္ဒမီဇာတ္ကားႏွစ္ကားမွာ တိုက္ပြဲေခၚသံ ( ၁၉၉၅ ) ႏွင့္ ပန္းသခင္ ( ၁၉၉၆ ) တို႔ပင္ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ေဇာ္လင္း၏ အမည္ရင္းမွာ ဦးစန္းေမာင္ ျဖစ္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕ ေတာင္ပိုင္းရပ္၌ ဦးစံေအး ေဒၚေဌးတင္တို႔က ဖြားျမင္ခဲ့တာပါ။ ေမာ္လၿမိဳင္႐ုပ္ရွင္မွ ဒါရိုက္တာ တင္ေအာင္ျမင့္ဦး၏ ဘယ္ဆုေတာင္းမလဲ ခ်စ္သူ ဇာတ္ကားျဖင့္ ႐ုပ္ရွင္နယ္သို႔ စတင္ ဝင္ေရာက္ခဲ့ပါတယ္။

ယင္းဇာတ္ကားကို ၁၉၇၂-ခုႏွစ္၊ မတ္လ ၃၁-ရက္ တြင္ ေရွ႕ေဆာင္၊ တပင္ေ႐ႊထီးႏွင့္ ဘုရင့္ေနာင္ ႐ုပ္ရွင္႐ုံတို႔၌ တၿပိဳင္နက္ ျပသခဲ့ရာ ေဇာ္လင္း၏ အမည္ကို ပရိသတ္မ်ား သိရွိသြားၾကပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဇာ္လင္း၏ ထင္ရွားေသာ ႐ုပ္ရွင္ဇာတ္ကားမ်ားမွာ အခ်စ္႐ူး၊ ဖက္ဖူးေရာင္၊ ေက်းဂ်ဴးကမၻာ၊ သူ႕ဘဝ ကိုယ့္အသည္း၊ စိတ္ေစတသိက္၊ ပုပ္ပါးဖူးစာ၊ ခ်စ္စရာမို႔ ခ်စ္ပါသည္၊ အေဖတစ္ခု သားတစ္ခု၊ ကမၻာဆယ္သိန္း ခ်စ္ပါ့မယ္ စသည့္ ဇာတ္ကားမ်ား ျဖစ္ၾကပါတယ္။

သ႐ုပ္ေဆာင္ ေဇာ္လင္းသည္ ၁၉၉၅-ခုႏွစ္၊ ( ၄၄ ) ႀကိမ္ေျမာက္ က်င္းပေသာ အကယ္ဒမီဆုေပးပြဲတြင္ ဒါရိုက္တာ ေမာင္တင္ဦး ရိုက္ကူးၿပီး အဓိကသ႐ုပ္ေဆာင္မ်ားအျဖစ္ ၫြန႔္ဝင္း၊ #သီဟတင္စိုး၊ #ဇင္မာဦး၊ #ေဆြဇင္ထိုက္၊ #မင္းဦး၊ #ေအာင္ခိုင္ တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ တိုက္ပြဲေခၚသံ ဇာတ္ကားျဖင့္ ပထမဆုံး အကယ္ဒမီ ဇာတ္ပို႔ဆု ရရွိခဲ့ပါတယ္။ ထို႔ျပင္ တိုက္ပြဲေခၚသံဇာတ္ကားဟာ ဇာတ္ကားဆု၊ ဒါရိုက္တာဆု၊ ဇာတ္ၫႊန္းဆု၊ ႐ုပ္ရွင္ေတးဂီတဆု တို႔လို အဓိကဆုေတြလည္း ရရွိခဲ့ပါတယ္။

၁၉၉၅-ခုႏွစ္အတြက္ ဇာတ္ကား ( ၃၈ ) ကားအနက္မွ ဆန္ခါတင္ ေ႐ြးခ်ယ္ခဲ့ရာ ေဇာ္လင္းမွာ တိုက္ပြဲေခၚသံ ဇာတ္ကား အတြက္ #ဆရာဦးအုပ္စိုး အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရာ၌ ပီျပင္လွသျဖင့္ အမ်ိဳးသားဇာတ္ပို႔ဆု ေပးအပ္ခ်ီးျမႇင့္ ခံခဲ့ရတာပါ။

၁၉၉၅-ခုႏွစ္အတြက္ အေကာင္းဆုံး သ႐ုပ္ေဆာင္မ်ား၊ ပညာရွင္မ်ားအား အကယ္ဒမီဆု ေပးအပ္ပြဲကို ၁၉၉၇-ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈-ရက္ေန႕တြင္ က်င္းပခဲ့ရာ သ႐ုပ္ေဆာင္ ေဇာ္လင္းမွာ ၁၉၉၆-ခုႏွစ္၊ နိုဝင္ဘာလ ၅-ရက္ေန႕ ကပင္ ကြယ္လြန္ခဲ့ၿပီး ျဖစ္တာေၾကာင့္ သူ၏ အကယ္ဒမီ ထူးခြၽန္ဆုကို ဒါရိုက္တာ #ေအဝမ္းေမာင္လွမ်ိဳး က ကိုယ္စားတက္ေရာက္ ယူေပးခဲ့ရပါတယ္။

ေဇာ္လင္းဟာ ( ၄၅ ) ႀကိမ္ေျမာက္က်င္းပေသာ အကယ္ဒမီဆုေပးပြဲတြင္လည္း ပန္းသခင္ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိခဲ့ပါတယ္။

အကယ္ဒမီဆုေပးပြဲ ႏွစ္ႀကိမ္ဆက္တိုက္ ဆုရရွိခဲ့တာျဖစ္ၿပီး ပန္းသခင္ ဇာတ္ကားဟာလည္း ဇာတ္ကားဆု၊ ဒါရိုက္ဆု မ်ားရရွိခဲ့သည့္အျပင္ သ႐ုပ္ေဆာင္ #ထက္ထက္မိုးဦး သည္လည္း အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပန္းသခင္ဇာတ္ကားျဖင့္ ပထမဆုံး အကယ္ဒမီဆု ရရွိခဲ့တာပါ။

၁၉၉၆-ခုႏွစ္၊ နိုဝင္ဘာလ ၅-ရက္ေန႕မွာ ကြယ္လြန္ခဲ့ေသာ မင္းသားေဇာ္လင္းအဖို႔ သူရရွိခဲ့ေသာ ႐ုပ္ရွင္ဇာတ္ပို႔ဆု ႏွစ္ဆုလုံးကို ကိုယ္ထိလက္ေရာက္ မယူနိုင္ခဲ့ေသာ္လည္း ယင္းအျဖစ္အပ်က္သည္လည္းေကာင္း၊ ေဇာ္လင္းသည္ လည္းေကာင္း ႐ုပ္ရွင္အကယ္ဒမီသမိုင္းတြင္ ထူးျခားမွတ္တမ္းဝင္ေနမည္သာ ျဖစ္ပါတယ္။

Ref;
ေဇယ်ာလင္း ( City FM )၊ (႐ုပ္ရွင္သမိုင္းထဲကအကယ္ဒမီ၊ ေ႐ႊစင္႐ုပ္မ်ားကေျပာျပေနတဲ့ ထူးျခားျဖစ္စဥ္မ်ား)

Crd,ဝီကီပီးဒီးယား