ပရိသတ်ကြီးတို့အားလုံးပဲ ငယ်ငယ်ကတည်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ မိသားစု မုန့်ပုံးလေးအကြောင်းကို သိကြပါရဲ့လား။ အဲ့ဒီမိသားစု မုန့် ပုံးမှာ လူတွမသိသေးတဲ့ စိတ်ဝင်စားစရာဖြစ်ရပ်လေးရှိနေပါတယ်။ အဲဒီ ဖြစ်ရပ် ကလေးကို အခု ပရိသတ်ကြီးကို ပြောပြပေးသွား ပါမယ်နော်။
အဲဒီဖြစ်ရပ်ကလေးကတော့ ဒုတိယကမ္ဘာစစ် ကြီးဖြစ်ပြီး ၂ နှစ်အကြာမှာ နာဇီ လူမျိုး တွေ ကဂျူး လူးမျိုး တွေ ကို လူမျိုး တုန်း သတ် ဖြတ် ခြင်း (Genocide) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့ကြပါတယ်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုထဲမှာ မိသားစု မုန့်ပုံးထဲက ဂျူးလူမျိုး ကလေးလေးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဂျူးလူမျိုး ကလေးလေးက မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်ပြီး ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးထဲက အိမ်ထဲမှာ တစ်ယောက်တည်း ငိုနေခဲ့ပါတယ်။
ဂျူးလူမျိုး ကလေးလေး ငိုနေ တာကို တူရကီ နွယ်ဖွား မိသားစု တစ်စုက တွေ့ရှိသွားပြီး သူတို့ သားလေးအဖြစ် လူသိရှင်ကြားအသိပေးကာ မွေးစား ခဲ့ပါတယ်။
နောက် ၄ နှစ် အကြာ စစ်ပွဲတွေ ပြီးဆုံး သွားတဲ့ အချိန် ၁၉၅၀ ပြည့်နှစ်လောက်မှာ အဲဒီမိသားစုလေးကို ဓာတ်ပုံရိုက်ပြီး သတင်းထောက် တစ်ဦးက မှတ်တမ်းတင်ပေးခဲ့ပါတယ်။
တူရကီနွယ်ဖွား မိသားစုရဲ့ လူမျိုးဘာသာ မခွဲ ခြားဘဲ လူသားချင်း စာနာ ကူညီ တတ်တဲ့ လေးစားစရာစိတ် ဓာတ်ဟာ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ သွားခဲ့ပြီး လူအများရဲ့ ချီးကျူးလေးစားမှုကို ခံခဲ့ရ ပါတယ်။အဲဒီလိုနဲ့ သူတို့ ပုံရိပ်နဲ့ မိသားစုဆိုတဲ့ အစားအသောက် ထုတ်ကုန်တစ်မျိုး ထုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
မိသားစု မုန့်ပုံးရဲ့ ဓာတ်ပုံလေးထဲမှာ တွေ့ရတဲ့ မိသားစုလေးက တမင် တကူးတက ဓာတ်ပုံရိုက် ထားတဲ့ ပုံမျိုးမဟုတ်ဘဲ အပြင်မှာလက်တွေ့ ရှိခဲ့တဲ့မိသားစုလေးတစ်စုရဲ့ပုံလေးဖြစ်ပါတယ်။
ပုံလေး ထဲမှာ သမီးလေးရယ် ၊ သားလေးရယ် အမေနဲ့ အဖေ ရယ် ၄ ယောက် ကိုတွေ့ရပြီး သမီးလေးက အလယ်မှာ ဖြစ်နေကာ သားလေးက အစွန် ဘက်ရောက်နေတဲ့ အကြောင်းအရင်းကလည်း အဲဒါကြောင့်ပဲဖြစ်ပါတယ်။
အား လုံးပဲ ကလေးဘဝကတည်းက စိတ်ဝင်တစား သိချင်ခဲ့ ကြတဲ့ မိသားစုမုန့်ပုံးက မိသားစုဓာတ်ပုံလေးရဲ့ စိတ်ဝင်စားဖွယ်အကြောင်းကို ဝေမျှပေးလိုက် ပါတယ်နော်။ဖတ်ရှု အားပေးခဲ့တဲ့ အတွက် လည်း ကျေးဇူး တင်ပါတယ်။
crd,
Zawgyi
crd,