ထိုင်းနိုင်ငံမှ မြဘုရား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံးဦးတိုက် ရှိခိုးလေ့ရှိပါတယ်။မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီအတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။
အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။ ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်းရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ် ။
ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင်ဆက်သ ထားပြီး ပုဂံကိုအပို့ လမ်းမှာမုန်တိုင်းမိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ရဲတော့လို့ ကုန်းလမ်းကနေ လာအိုနိုင်ငံကို ရောက်သွားခဲ့ပြီးလာအို ဘုရင်က တမြတ်တနိုး ကိုးကွယ်ထားတဲ့ ဆင်းတုတော်ပါ။
ဒီအကြောင်းကို သီဟိုဠ် ဘုရင်ကသိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါတယ်။ နှစ်နိုင်ငံလုံးက ဘုရင်တွေနဲ့ မိတ်မပျက်ချင်တဲ့ အနော်ရထာဘုရင်က သီဟိုဠ်ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအိုဘုရင်ထ ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
အနော်ရထာဘုရင်ဆီက မျက်နှာသာရလိုမှုကိုသာ အဓိကထားတဲ့ သီဟိုဠ်ဘုရင်ဟာ ခုလို အနော်ရထာဘုရင်နဲ့ အတူ အလှူရှင်အဖြစ် ရေစက်ချခွင့်ရတဲ့အတွက် ကျေနပ်သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီးဖြစ်စေပြန်ယူရင်
အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့်ပြည်သူတွေရဲ့ သဒ္ဓါတရား ကို ခုလို အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအိုဘုရင်ကလဲ အနော်ရထာမင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။
ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းကလာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ ထိုင်းဟာ လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီးလာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်ကမြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။
မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင်ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁(1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်းတည်ဆောက်ခဲ့လေသည်၊
မြဘုရားသည် တကယ်တော့မူကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။ ရာဇဝင်သမိုင်းမှတ်တမ်းထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai)တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက်တွေ့ရှိခဲ့ရလေသည်။
ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင် သွားခဲ့သည်။ တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ ်ကွာကျပြီးအတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကိုဆရာတော်က တွေ့ရှိလိုက်ရလေသည်။
ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ ထိုသတင်းကိုကြားကြသောအခါ လူအများသည်မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။
ထိုအချိန်ကချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။ ထို့နောက် ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ပင့်ဆောင်ရန် ဆင်တော်ကို လွှတ် လိုက်လေသည်။
သို့သော် အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သောအခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။
ဆင်တော်ကသုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကိုထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေး ရပြီးနောက်ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။
သမီးတော် ချိုင်းချက်သChaichettha မင်းသားဖွား မြင်တော်မူသည်။ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကိုထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။
သို့သော်ငြားလည်း သူ၏ခမည်းတော် လာအိုဘုရင်နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ထို့ကြောင့် AD- 1552 တွင်မင်းသားသည် လာအိုနိုင်ငံ၏မြို့တော်ဖြစ်သော LuangPrabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။
ချင်းမိုင်ဝန်ကြီးများကို သူပြန်လာပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မပြန်ခဲ့သလိုမြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။
AD- 1564 တွင် ဘုရင်ချိုင်းချက်သသည်လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကိုဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကိုဗီရန်တိန် Vientiane သို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ။
ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦး အဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက ်မြဘုရားကို ထိုင်းနိုင်ငံဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်းစံပယ်တော်မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင်တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။
ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ ကမြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင် သင်္ကန်းကပ်လေသည်။
ရာမဘုရင် ၃ က (1824 – 1851)တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါကပ်လှူလေသည်။ မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကိုနှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဉာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။
ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။ ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန်တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူနေလေသည်။
မြဘုရားကို ထိုင်းတွေက ဝပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ ဝပ်ဆိုသည်မှာ ဘုရား၊ကရောက်က ကျောက်စိမ်းဖြစ်သည်။ မြဘုရား၏ ထူးခြားချက် တစ်ခုမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့သာ မျက်နှာလှည့်နေခြင်း ဖြစ်သည်
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်