ထိုင်းနိုင်ငံ Puek Tian ကမ်းခြေမှာရှိတဲ့ ထူးထူးခြားခြား ရုပ်ထုကြီးနှစ်ခုရဲ့ အချစ်ဇာတ်ကြောင်းလေးကို လတ်တလော လူမှုကွန်ယက်တွေမှာ ဖော်ပြလာတာ တွေ့ရပါတယ်။
ဒီရုပ်ထုကြီးတွေကတော့ ရုပ်ဆိုးလွန်းတဲ့ ဘီလူးမကြီးအပြင် ကျောက်ဆောင်ပေါ်မှာ ပုလွေထိုင်မှုတ်နေတဲ့ မင်းသားလေးတစ်ပါးပဲ ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်ကြောင်းလေးကို ထိုင်းတွေက ရုပ်ရှ င်ပြန်လည်ရိုက်ကူးထားတာတွေလည်း ရှိပါတယ်။
ပုလွေမှုတ်ထူးခြားတဲ့ မင်းသားလေးကိုဘီလူးမကြီးက မြင်မြင်ချင်းသဘောကျခဲ့ရာကနေ လူအသွင်ဖန်ဆင်းပြီး လူသူအရော က်နည်းတဲ့ သူနေထိုင်ရာဂူအတွင်းသို့ ခေါ်ဆောင်ပြီး လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။
ဒီလိုဂူအတွင်းမှာ ပေါင်းသင်းနေထိုင်ရာကနေ သားလေးတစ်ယောက်ရလာခဲ့ပြီးနောက် တစ်နေ့မှာ မင်းသားလေးဟာ သူ့ဇနီးသည်ကို ဘီလူးမှန်းသိသွားခဲ့ပါတယ်။
တစ်နေ့မှာတော့ ဘီလူးမမရှိခင်လေးမှာ မင်းသားလေးဟာ သားဖြစ်သူနဲ့အတူ ဂူနဲ့ဝေးရာအရပ်သို့ ပင်လယ်ပြင်အားကူးခပ်ပြီး ထွက် ပြေးခဲ့ပါတယ်။
ဘီလူးမကြီးဟာ ဒီလိုထွက်ပြေးသွားတဲ့ ခင်ပွန်းသည်နဲ့ သား လေးတို့ရဲ့ အနောက်ကိုလိုက်ပြီး သူနဲ့အတူ ပြန်လိုက်ခဲ့ဖို့ ပြောပေမယ့် သူမအရမ်းချစ်တဲ့ မင်းသားလေးက ငြင်းဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ မင်းသားလေးက သူ့ရဲ့ ပုလွေလေးကိုမှုတ်ခဲ့ပြီး ဘီလူးမကြီးဟာ သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ပင် လယ်ပြင်ထဲမှာပဲ ရင်ကွဲနာကျပြီး သေဆုံးခဲ့ပါတယ်။
ဒီဇာတ်ကြောင်းလေးကို အခြေပြုပြီး ထိုင်းလူမျိုးတွေက Pu ek Tian ကမ်းခြေမှာ ပုံဖော်ထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီရုပ်ထုတွေရဲ့ ဇာတ်ကြောင်းဟာ အများစုကတော့ ထိုင်းနန်းတွင်း အချစ်ဝတ္ထုတော်ကြီး လို့လည်းပြောခဲ့ကြပြီး မြန်မာ့ဇာတ်တော်ထဲမှာလည်း ဖော်ပြတာတွေ့ရပါတယ်။
သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း မြန်မာပရိသတ် တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးPuek Tian ကမ်းခြေမှာ ရှိတဲ့ ရုပ်ထုကြီးတွေကို ပရိသတ်တွေ ဗဟုသုတရအောင် ပြန်လ ည်ဖော်ပြပေးလိုက်ပါတယ်နော်၊ အခြေအနေတွေ အေစချမ်းသာယာသော တနေ့မှာ အလည်အပတ်သွားမယ့် စာရင်းထဲ ထည့်ထားလို့ ရတာပေါ့နော်။
Crd
Zawgyi
ထိုင္းနိုင္ငံ Puek Tian ကမ္းေျခမွာရွိတဲ့ ထူးထူးျခားျခား ႐ုပ္ထုႀကီးႏွစ္ခုရဲ႕ အခ်စ္ဇာတ္ေၾကာင္းေလးကို လတ္တေလာ လူမႈကြန္ယက္ေတြမွာ ေဖာ္ျပလာတာ ေတြ႕ရပါတယ္။
ဒီ႐ုပ္ထုႀကီးေတြကေတာ့ ႐ုပ္ဆိုးလြန္းတဲ့ ဘီလူးမႀကီးအျပင္ ေက်ာက္ေဆာင္ေပၚမွာ ပုေလြထိုင္မႈတ္ေနတဲ့ မင္းသားေလးတစ္ပါးပဲ ျဖစ္ပါတယ္။သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ဇာတ္ေၾကာင္းေလးကို ထိုင္းေတြက ႐ုပ္ရွ င္ျပန္လည္ရိုက္ကူးထားတာေတြလည္း ရွိပါတယ္။
ပုေလြမႈတ္ထူးျခားတဲ့ မင္းသားေလးကိုဘီလူးမႀကီးက ျမင္ျမင္ခ်င္းသေဘာက်ခဲ့ရာကေန လူအသြင္ဖန္ဆင္းၿပီး လူသူအေရာ က္နည္းတဲ့ သူေနထိုင္ရာဂူအတြင္းသို႔ ေခၚေဆာင္ၿပီး လက္ထပ္ေပါင္းသင္း ေနထိုင္ခဲ့ပါတယ္။
ဒီလိုဂူအတြင္းမွာ ေပါင္းသင္းေနထိုင္ရာကေန သားေလးတစ္ေယာက္ရလာခဲ့ၿပီးေနာက္ တစ္ေန႕မွာ မင္းသားေလးဟာ သူ႕ဇနီးသည္ကို ဘီလူးမွန္းသိသြားခဲ့ပါတယ္။
တစ္ေန႕မွာေတာ့ ဘီလူးမမရွိခင္ေလးမွာ မင္းသားေလးဟာ သားျဖစ္သူနဲ႕အတူ ဂူနဲ႕ေဝးရာအရပ္သို႔ ပင္လယ္ျပင္အားကူးခပ္ၿပီး ထြက္ ေျပးခဲ့ပါတယ္။
ဘီလူးမႀကီးဟာ ဒီလိုထြက္ေျပးသြားတဲ့ ခင္ပြန္းသည္နဲ႕ သား ေလးတို႔ရဲ႕ အေနာက္ကိုလိုက္ၿပီး သူနဲ႕အတူ ျပန္လိုက္ခဲ့ဖို႔ ေျပာေပမယ့္ သူမအရမ္းခ်စ္တဲ့ မင္းသားေလးက ျငင္းဆိုခဲ့ပါတယ္။
ေနာက္ပိုင္းမွာ မင္းသားေလးက သူ႕ရဲ႕ ပုေလြေလးကိုမႈတ္ခဲ့ၿပီး ဘီလူးမႀကီးဟာ သားႏွင့္ ခင္ပြန္းသည္တို႔ရဲ႕ စိတ္ေၾကာင့္ ပင္ လယ္ျပင္ထဲမွာပဲ ရင္ကြဲနာက်ၿပီး ေသဆုံးခဲ့ပါတယ္။
ဒီဇာတ္ေၾကာင္းေလးကို အေျချပဳၿပီး ထိုင္းလူမ်ိဳးေတြက Pu ek Tian ကမ္းေျခမွာ ပုံေဖာ္ထုဆစ္ထားခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဒီ႐ုပ္ထုေတြရဲ႕ ဇာတ္ေၾကာင္းဟာ အမ်ားစုကေတာ့ ထိုင္းနန္းတြင္း အခ်စ္ဝတၳဳေတာ္ႀကီး လို႔လည္းေျပာခဲ့ၾကၿပီး ျမန္မာ့ဇာတ္ေတာ္ထဲမွာလည္း ေဖာ္ျပတာေတြ႕ရပါတယ္။
သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ဇာတ္လမ္းေလးကိုလည္း ျမန္မာပရိသတ္ ေတာ္ေတာ္မ်ားမ်ားလည္း သိၾကမယ္လို႔ထင္ပါတယ္။ဒီအေၾကာင္းေလးနဲ႕ပတ္သက္ၿပီးPuek Tian ကမ္းေျခမွာ ရွိတဲ့ ႐ုပ္ထုႀကီးေတြကို ပရိသတ္ေတြ ဗဟုသုတရေအာင္ ျပန္လ ည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္၊ အေျခအေနေတြ ေအစခ်မ္းသာယာေသာ တေန႕မွာ အလည္အပတ္သြားမယ့္ စာရင္းထဲ ထည့္ထားလို႔ ရတာေပါ့ေနာ္။
Crd