ကဝိလက္ခဏာ သတ်ပုံကျမ်းတွင်ရာဇသင်္ကြံ၊ ပညာလျှံ၊ ပုဂံပြည်လုံးကဲ။ဟူ၍ အမတ်ကြီး ရာဇသင်္ကြံ၏ ပညာဂုဏ်ရည်ကို ထုတ်ဖော်ခြီးကျူးထားသည်။
သခင်မျက်သော် ခံ၊ သခင်ကြည်သာလျှင် အမှုထမ်းပြန်သော ကျန်စစ်သားမင်းသားကဲ့သို့ ကျေးဇူးသစ္စာ စောင့်သိသည့် နှလုံးရည်နှင့် ပြည့်စုံသော အမတ် ကြီးလည်း ဖြစ်ပေသည်။ ထိုမျှသာမကသေး၊ လက်ရုံးရည်နှင့်လည်း ပြည့်စုံသော စစ်သူကြီးအမတ်ဖြစ်၏။
ပညာရှိအမတ်ကြီး ရာဇသင်္ကြံသည် ပုဂံခေတ် ဥဇနာမင်း(မြန်မာ ၆၁၂-၆၁၇)လက်ထက်မှစ၍ နာမည် ထင်ရှားသော အမတ်ကြီး ဖြစ်သည်။ ဥဇနာမင်းလွန်သော် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်း၏ သားတော်အကြီး သီဟသူအား နန်းမအပ်ဘဲ၊ သားတော်အငယ် နရသီဟပတေ့ကို နန်းတင်သည်။
တစ်ခါက သားတော်ကြီးသီဟသူသည် မင်းသားဘဝ၌ ရှိစဉ် အမတ်ကြီးရာဇသင်္ကြံအား မိမိကြွလာသည်ကို မြင်လျက်နှင့် အင်္ကျီလက်ကို မသိမ်းရာသလောဟု အင်္ကျီလက်ပေါ်သို့ ကွမ်းသွေး ထွေးချခဲ့ဖူးလေသည်။
ထို့ကြောင့် ဥဇနာမင်း လွန်သော် အခြားမှူးမတ်များနှင့် တိုင်ပင်၍ သားတော်အကြီး သီဟသူ အစား သားတော်အငယ်နရသီဟပတေ့အား နန်းအပ်ခြင်း ဖြစ်သည်။
ရာဇသင်္ကြံအမတ်ကြီး နန်းတင်သော နရသီဟပတေ့မင်း ကလည်း နန်းရပြီးလျှင် ရာဇသင်္ကြံကို မေ့လျော့၍ အလေးဂရု မပြုဘဲ ရှိ၏။ ထိုအခါ ရာဇသင်္ကြံသည် စိတ်နာသဖြင့် ညီလာခံ ဝင်ရာတွင် ပန်းကပ်ပဲ့ကို ကိုင်ဆောင်၍ အခစား ဝင်လေသည်။
နရသီဟပတေ့မင်း အကြောင်းကို မေးလျှင် ပန်းပွတ်သည် အမျိုးတို့ ကောင်းစားနေ၍ ပန်းပွတ်မည့်သူ မရှိသဖြင့် ပန်းကပ်ပဲ့ကိုသာ ကိုင်ဆောင်ရကြောင်းကို လျှောက် တင်သည်။ နရသီဟပတေ့မင်း၏မယ်တော်မှာ ပန်းပွတ်သည်မျိုး ဖြစ်၍ မင်းကြီးသည် ထိုစကားကို ကြားလျှင် အမျက်ထွက်၏။ ထို့ကြောင့် အမတ်ကြီးရာဇသင်္ကြံထံမှ ရာထူးအဆောင်အယောင် များကို ရုပ်သိမ်း၍ ဒလသို့ ပြည်နှင်ဒဏ်ခတ်လေသည်။
ရာဇသင်္ကြံအမတ်ကြီး ဘုရင့်အပါး၌ မရှိတော့ပြီဟု ကြား လျှင် တိုင်းရေးပြည်မှု၌ ကျွမ်းကျင်သူမရှိပြီဟု မုတ္တမစားသည် ၎င်း၊ ရခိုင်ပြည်မြောက်ပိုင်း မစ္ဆဂီရိစား သည်၎င်း ခြားနား ပုန် ကန်ကြလေသည်။
ထိုအခါ နရသီဟပတေ့မင်းလည်း မိဖုရား စောနှင့်တိုင်ပင်၍ မိဖုရားကြီး၏ အကြံပေးချက်အရ ရာဇသင်္ကြံ ကို ဒလမှ ပြန်ခေါ်၍ အဆောင်အယောင်များ ပြန်လည်အပ်နှင်း ပြီးလျှင် မုတ္တမသို့ စေလွှတ်သည်။ ရာဇသင်္ကြံ၏စွမ်းရည်ကြောင့် မုတ္တမကို အလွယ်တကူနှင့် ပြန်လည်ရရှိသည်။
သရေပစ္စပတေ့ သည် အအုပ်အချုပ် အကွပ်အကဲ ညံ့ဖျင်းသဖြင့် မစ္ဆဂီရိသို့ မရောက်မီကပင် တပ်ပျက်၍ ဆုတ်ပြေးခဲ့ရသည်။ သရေ ပစ္စပတေ့၏ အရေး၌လည်း ရာဇသင်္ကြံ အလျှောက်ကောင်း၍ မင်းမျက်မင်းဒဏ်မှ အသက်လွတ်ခဲ့ရသည်။ ထို့နောက် မင်းကြီး သည် အမတ်ကြီးရာဇသင်္ကြံကို မစ္ဆဂီရိသို့ စေလွှတ်နှိမ်နင်း စေ၏။
ရာဇသင်္ကြံလည်း ရခိုင်ပြည်မြောက်ပိုင်းကို အောင်မြင် ပြီးနောက် မစ္ဆဂီရိစားနှင့်တကွ ခေါင်းဆောင်တို့ကို ခေါ်ဆောင် ခဲ့သည်။ သို့ရာတွင် ရခိုင်မှ အပြန်တွင် နာမကျန်းဖြစ်၍ ဒလ အရောက်၌ ကွယ်လွန်လေသည်။ ယင်းသို့အားဖြင့် နှလုံးရည်၊ လက်ရုံးရည်တို့နှင့် ပြည့်စုံသောအမတ်ကြီးရာဇသင်္ကြံသည် အသက် ၆၂ နှစ် အရွယ်တွင် အနိစ္စရောက်လေ၏။
ရာဇသင်္ကြံတွင် သားနှစ်ယောက် ကျန်ရစ်ခဲ့၏။ နရသီဟ ပတေ့မင်းလည်း သားအကြီးအား အနန္ဒပစ္စည်း၊ သားအငယ် ကား၊ ရန္တပစ္စည်းဟူသော ဘွဲ့များကို အပ်နှင်းချီးမြေ|ာက်တော် မူလေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Creadit.ဝီကီပီးဒီးယား
Zawgyi
ကဝိလကၡဏာ သတ္ပုံက်မ္းတြင္ရာဇသၾကၤံ၊ ပညာလွ်ံ၊ ပုဂံျပည္လုံးကဲ။ဟူ၍ အမတ္ႀကီး ရာဇသၾကၤံ၏ ပညာဂုဏ္ရည္ကို ထုတ္ေဖာ္ၿခီးက်ဴးထားသည္။
သခင္မ်က္ေသာ္ ခံ၊ သခင္ၾကည္သာလွ်င္ အမႈထမ္းျပန္ေသာ က်န္စစ္သားမင္းသားကဲ့သို႔ ေက်းဇူးသစၥာ ေစာင့္သိသည့္ ႏွလုံးရည္ႏွင့္ ျပည့္စုံေသာ အမတ္ ႀကီးလည္း ျဖစ္ေပသည္။ ထိုမွ်သာမကေသး၊ လက္႐ုံးရည္ႏွင့္လည္း ျပည့္စုံေသာ စစ္သူႀကီးအမတ္ျဖစ္၏။
ပညာရွိအမတ္ႀကီး ရာဇသၾကၤံသည္ ပုဂံေခတ္ ဥဇနာမင္း(ျမန္မာ ၆၁၂-၆၁၇)လက္ထက္မွစ၍ နာမည္ ထင္ရွားေသာ အမတ္ႀကီး ျဖစ္သည္။ ဥဇနာမင္းလြန္ေသာ္ ရာဇသၾကၤံအမတ္ႀကီးသည္ ဥဇနာမင္း၏ သားေတာ္အႀကီး သီဟသူအား နန္းမအပ္ဘဲ၊ သားေတာ္အငယ္ နရသီဟပေတ့ကို နန္းတင္သည္။
တစ္ခါက သားေတာ္ႀကီးသီဟသူသည္ မင္းသားဘဝ၌ ရွိစဥ္ အမတ္ႀကီးရာဇသၾကၤံအား မိမိႂကြလာသည္ကို ျမင္လ်က္ႏွင့္ အကၤ်ီလက္ကို မသိမ္းရာသေလာဟု အကၤ်ီလက္ေပၚသို႔ ကြမ္းေသြး ေထြးခ်ခဲ့ဖူးေလသည္။
ထို႔ေၾကာင့္ ဥဇနာမင္း လြန္ေသာ္ အျခားမႉးမတ္မ်ားႏွင့္ တိုင္ပင္၍ သားေတာ္အႀကီး သီဟသူ အစား သားေတာ္အငယ္နရသီဟပေတ့အား နန္းအပ္ျခင္း ျဖစ္သည္။
ရာဇသၾကၤံအမတ္ႀကီး နန္းတင္ေသာ နရသီဟပေတ့မင္း ကလည္း နန္းရၿပီးလွ်င္ ရာဇသၾကၤံကို ေမ့ေလ်ာ့၍ အေလးဂ႐ု မျပဳဘဲ ရွိ၏။ ထိုအခါ ရာဇသၾကၤံသည္ စိတ္နာသျဖင့္ ညီလာခံ ဝင္ရာတြင္ ပန္းကပ္ပဲ့ကို ကိုင္ေဆာင္၍ အခစား ဝင္ေလသည္။
နရသီဟပေတ့မင္း အေၾကာင္းကို ေမးလွ်င္ ပန္းပြတ္သည္ အမ်ိဳးတို႔ ေကာင္းစားေန၍ ပန္းပြတ္မည့္သူ မရွိသျဖင့္ ပန္းကပ္ပဲ့ကိုသာ ကိုင္ေဆာင္ရေၾကာင္းကို ေလွ်ာက္ တင္သည္။ နရသီဟပေတ့မင္း၏မယ္ေတာ္မွာ ပန္းပြတ္သည္မ်ိဳး ျဖစ္၍ မင္းႀကီးသည္ ထိုစကားကို ၾကားလွ်င္ အမ်က္ထြက္၏။ ထို႔ေၾကာင့္ အမတ္ႀကီးရာဇသၾကၤံထံမွ ရာထူးအေဆာင္အေယာင္ မ်ားကို ႐ုပ္သိမ္း၍ ဒလသို႔ ျပည္ႏွင္ဒဏ္ခတ္ေလသည္။
ရာဇသၾကၤံအမတ္ႀကီး ဘုရင့္အပါး၌ မရွိေတာ့ၿပီဟု ၾကား လွ်င္ တိုင္းေရးျပည္မႈ၌ ကြၽမ္းက်င္သူမရွိၿပီဟု မုတၱမစားသည္ ၎၊ ရခိုင္ျပည္ေျမာက္ပိုင္း မစ္ဆဂီရိစား သည္၎ ျခားနား ပုန္ ကန္ၾကေလသည္။
ထိုအခါ နရသီဟပေတ့မင္းလည္း မိဖုရား ေစာႏွင့္တိုင္ပင္၍ မိဖုရားႀကီး၏ အႀကံေပးခ်က္အရ ရာဇသၾကၤံ ကို ဒလမွ ျပန္ေခၚ၍ အေဆာင္အေယာင္မ်ား ျပန္လည္အပ္ႏွင္း ၿပီးလွ်င္ မုတၱမသို႔ ေစလႊတ္သည္။ ရာဇသၾကၤံ၏စြမ္းရည္ေၾကာင့္ မုတၱမကို အလြယ္တကူႏွင့္ ျပန္လည္ရရွိသည္။
သေရပစၥပေတ့ သည္ အအုပ္အခ်ဳပ္ အကြပ္အကဲ ညံ့ဖ်င္းသျဖင့္ မစ္ဆဂီရိသို႔ မေရာက္မီကပင္ တပ္ပ်က္၍ ဆုတ္ေျပးခဲ့ရသည္။ သေရ ပစၥပေတ့၏ အေရး၌လည္း ရာဇသၾကၤံ အေလွ်ာက္ေကာင္း၍ မင္းမ်က္မင္းဒဏ္မွ အသက္လြတ္ခဲ့ရသည္။ ထို႔ေနာက္ မင္းႀကီး သည္ အမတ္ႀကီးရာဇသၾကၤံကို မစ္ဆဂီရိသို႔ ေစလႊတ္ႏွိမ္နင္း ေစ၏။
ရာဇသၾကၤံလည္း ရခိုင္ျပည္ေျမာက္ပိုင္းကို ေအာင္ျမင္ ၿပီးေနာက္ မစ္ဆဂီရိစားႏွင့္တကြ ေခါင္းေဆာင္တို႔ကို ေခၚေဆာင္ ခဲ့သည္။ သို႔ရာတြင္ ရခိုင္မွ အျပန္တြင္ နာမက်န္းျဖစ္၍ ဒလ အေရာက္၌ ကြယ္လြန္ေလသည္။ ယင္းသို႔အားျဖင့္ ႏွလုံးရည္၊ လက္႐ုံးရည္တို႔ႏွင့္ ျပည့္စုံေသာအမတ္ႀကီးရာဇသၾကၤံသည္ အသက္ ၆၂ ႏွစ္ အ႐ြယ္တြင္ အနိစၥေရာက္ေလ၏။
ရာဇသၾကၤံတြင္ သားႏွစ္ေယာက္ က်န္ရစ္ခဲ့၏။ နရသီဟ ပေတ့မင္းလည္း သားအႀကီးအား အနႏၵပစၥည္း၊ သားအငယ္ ကား၊ ရႏၱပစၥည္းဟူေသာ ဘြဲ႕မ်ားကို အပ္ႏွင္းခ်ီးေျမ|ာက္ေတာ္ မူေလသည္။
ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၁)
Creadit.ဝီကီပီးဒီးယား