ရှေးခေတ် မင်းဧကရာဇ်တို့တွင် အရေးကြီးသည့်
အကြောင်းအရာ ကိစ္စတစ်ရပ်ပေါ်ပေါက်လာပါက အရေး
ပေါ်စေလွှတ်အကြောင်းကြားသိစေရန်အတွက် ခြေမြန်
တော်ဟူသော ဆက်သားများရှိကြကြောင်း လောကုတ္တ
ရာ ကျမ်းဂန်များနှင့် လောကီရာဇဝင်သမိုင်းတို့တွင် တွေ့
ရှိရပါသည်။ တာဝတိံသာနတ်ပြည်ကို အစိုးရသော သိ
ကြားမင်း၌ပင်
၁။မာတလိနတ်သား ၂။ဝိသကြုံနတ်သား၃။ပဉ္စသီခနတ်သား ၄။ဇဝနနတ်သားဟူ၍ နတ်အမတ်လေးပါး ကိုယ်ရံတော်ထားကာ
၁။မာတလိနတ်သားမှာဝေဇယန္တာရထားကိုမောင်းနှင်ရသည့် ရထားမှူးနတ်ဖြစ်ပေသည်။၂။ဝိသကြုံနတ်သားကား အဆောက်အဦးနှင့်ပက်သက်သော အရာတို့ကိုဖန်ဆင်းပေးရသည့် ဗိသုကာနတ်သားဖြစ်ပြီး
၃။ပဉ္စသီခနတ်သားကား ဂန္ဓဗ္ဗနတ်မျိုးဖြစ်၍ သီဆိုတီးမှုတ်ဖျော်ဖြေရေးအမှု့ကို ရွက်ဆောင်ရ၏။၄။ဇဝနနတ်သားမှာမူ သိကြားမင်း၏ အရေးပေါ်ကိစ္စတို့ပေါ်ပေါက်ပါက လိုရာသို့ရုတ်ခြည်းရောက်ရန် စေလွှတ်အပ်သော နတ်တမန်မျိုးဖြစ်သဖြင့် ခြေမြန်တော်နတ်သားဟူ၍ ဆိုအပ်ပေသည်။
ဤသို့ အရေးပေါ်ကိစ္စကြောင့် အလျင်အမြန်ခရီး
ရောက်အောင်စေလွှတ်အပ်သာကို ပါဠိဘာသာဖြင့်”ဇဝန”
ဟူသောပုဒ်သုံး၍ မြန်မာဘာသာအရ “ခြေမြန်တော်”
တမန်တော်၊ ခြေလျင်တော်စသည်ဖြင့် ခေါ်ဆိုကြသည်။
ရှေးဟောင်းရတုကဗျာတို့၌ နတ်ရှင်နောင်၊နဝဒေး၊စိန္တ
ကျော်သူ၊လက်ဝဲသုန္ဒရ၊ ရခိုင်ဥက္ကာပျံ စသောစာဆိုများ
စပ်ဆိုကြသည့် ရတုကဗျာတို့တွင် ကျေးငှက်ကို စာရေး
သားပေးပို့ကာ စေလွှတ်ကြောင်း၊ သာလိကာ၊ ကြက်တူ
ရွေးတို့ကို စေကြောင်း မြောက်မြားစွာဖတ်ရှု့ရပေသည်။
မြန်မာရာဇဝင်၌လည်း အင်းဝခေတ်ဒုတိယမင်းခေါင်၏
သားတော် မင်းရဲကျော်စွာသည် ရာဇဓိရာဇ်နှင့် ဒလတိုက်
ပွဲတွင် ကျဆုံးသောအခါ ဘုရင်မင်းခေါင်ထံ အလျင်အ
မြန်သိစေရန် ပင်လယ်ကျေးသင်္ဃရာဇာမွေးမြူထားသည့်
လင်းတ၏ လည်ပင်းတွင်စာဆွဲလျှက် အင်းဝနေပြည်တော်
သို့စေလွှတ်သဖြင့် သိရှိရကြောင်း ဖော်ပြထားလေသည်။
ဘုရားရှင်လက်ထက်တော်အခါက စမ္ပာနဂိုရ်ပြည်
ကိုအစိုးရသော စန္ဒပဇ္ဇောတမင်းကြီး၌ အရေးပေါ်ကိစ္စ
ရှိက အလျင်အမြန်စေလွှတ်ရန် ဘဝဟောင်းကကောင်း
မှု့ကြောင့် ရရှိအပ်သောခြေလျင်တမန် ၅မျိုးရှိလေသည်။
၁။ ယူဇနာငါးဆယ်ခရီးကိုနေ့ချင်းအရောက်သွားနိုင်သော
ဘဒ္ဒဝတီဆင်မ
၂။ ယူဇနာတစ်ရာရှိသောခရီးကို နေ့ချင်းအရောက်သွား
နိုင်သည့် နာဠာဂီရိဆင်ပြောင်
၃။ ယူဇနာတစ်ရာ့နှစ်ဆယ်ခရီးကို နေ့ချင်းအရောက်သွား
နိုင်သော ဝဠကဏ္ဏအမည်ရှိသော မြင်း
၄။ မုဉ္စကာသီအမည်ရှိသော မြင်းလျင်နှစ်စီး
၅။ ယူဇနာခြောက်ဆယ်ခရီးကို နေ့ချင်းအရောက်သွား
နိုင်သော ကာကအမည်ရှိ ကျွန် တို့ဖြစ်ကြသည်။
ထိုသို့ခြေမြန်တော်ငါးမျိုးရရှိခြင်း အတိတ်ဘဝကု
သိုလ်မှာ မြတ်စွာဘုရားသခင်ပွင့်တော်မမူမီ ယင်းစန္ဒ
ပဇ္ဇောတမင်းသည် ဗာရာဏသီပြည်၌ အမျိုးကောင်းသား
တစ်ဦးဖြစ်ခဲ့သည်။တစ်နေ့တွင် ရှငျပစ်စကေဗုဒ်ဓါတဈပါး
အိမ်တစ်အိမ်ရှေ့ဆွမ်းခံရပ်နေသည်ကို မြင်သောအခါ
အိမ်ရှင်ကမသိသဖြင့် ထိုအမျိုးကောင်းသားက အိမ်တွင်း
သို့ဝင်၍ အိမ်ရှင်အားပြောဆိုစဉ် ပစ်စကေဗုဒ်ဓါမှာ ဆွမ်းရပ်
နေရာမှ ထွက်ခွာသွားလေသည်။
ထိုအခါ အိမ်ရှင်က အချင်းယောင်္ကျား အလငြျအမွနျပစ်စဗေုဒ်ဓါထံ လိုက်သွား၍ သပိတ်ကိုဆောင်ခဲ့ပါဟုဆိုသဖြင့် ထိုသူလည်း လျင်မြန်စွာနောက်မှပြေးလိုက်က သပိတ်ကိုယူဆောင်ခဲ့ပြီးနောက် အိမ်ရှင်အားဆွမ်းဟင်းလျာတို့လောင်းစေသည်။
ထို့နောက် သပိတ်ကိုပြန်လည်ဆောင်ယူ၍ ပစ်စကေဗုဒ်ဓါ
ထံပါးလျင်မြန်စွာပြေးလိုက်လျှက် ကပ်လှူတော်မူ၏။
ထိုသို့ကပ်လှူရင်း ဘဝတစ်လျှောက် ဆင်လျင်မြင်းလျင်
တို့ဖြင့်ပြည့်စုံသောမင်းအဖြစ်ကို ရလိုကြောင်းဆုတောင်း
ခဲ့ဖူးသောကြောင့် လက်ရှိဘဝတွင်အကျိုးပေးခြင်းဖြစ်
ကြောင်း နိပါတ်တော်လာအရသိရှိရပါသည်။
မြန်မာရာဇဝင်များတွင်လည်း သရေခေတ္တရာပြည်
ကိုအုပ်စိုးသော ဒွတ္တဘောင်တမင်းကြီး၌ အရေးပေါ်
ကိစ္စများတွင် အသုံးပြုနိုင်ရန် သိကြားမင်းဆက်သသော
လှံပျံ အပါအဝင် နဂါးပြည်မှဆက်သသောနဂါးကြေးလှေ
တို့ကို အတိတ်ဘဝကုသိုလ်အရ ဘုန်းတန်ခိုးအလျှောက်
ရရှိခဲ့သည့်အပြင် အလွန်လျင်မြန်လှသော ပဉ္ဇင်းဖြူ
ပဉ္ဇင်းညို၊ ငနီပါး၊ ငရဲကြားဟူသော သူရဲကောင်းခြေမြန်
တော်ကြီး လေးဦးရှိပြီး မင်းကြီးအုပ်စိုးသော နယ်ပယ်ဒေ
သအသီသီးမှ အခွန်တော်တို့ကို ကောက်ခံဆက်သရ
ကြောင်းပါရှိလေသည်။
ပုဂံပြည်အနော်ရထာမင်းစောလက်ထက် လူစွမ်း
ကောင်း ဗျတ္တမှာ ပုပ်ပါးနှငျ့ပုဂံကို တစ်နေ့လျှင်သုံးကြိမ်
ပန်းတော်များ ဆက်သရသော ခြေမြန်တော်အဖြစ်သိရှိ
ရပါသည်။ ပုဂံပြည်၌ သက္ကရာဇ် ၅၂၃(အေဒီ-၁၁၆၁)တွင်
နန်းတက်သော မင်းယဉ်နရသိင်္ခလက်ထက်တွင် ဝါးလုံး
ခေါင်းထဲ၌ သန္ဓေဒဇတည်မွေးဖွားသော ဝေဠုဝတီကို
ဘုရင်အားဆက်သရာ ငြင်းပယ်ခံရသဖြင့် မယ်တော်မိ
ဖုရားကြီးက လှပအောင်ပြုပြင်ပေး၍ သားတော်ငယ်
နရပတိစည်သူမင်းသားနှင့် လက်ဆက်စေသည်။
ထိုအခါ မင်းယဉ်နရသိင်္ခက လှပအောင်ပြုပြင်ပြီးဖြစ်သည့်
ညီတော်၏ မိဖုရားကိုတိမ်းညွတ်တော်မူသဖြင့် နရပတိ
စည်သူအား ငဇောင်ချမ်းအရပ်သို့ စစ်ထွက်ရန်ဥပါယ်
တမျှဉ်ဖြင့် စေလွှတ်ခဲ့ပြီး ညီတော်၏မိဖုရားအားသိမ်း
ပိုက်လိုက်လေသည်။ နရပတိစည်သူလည်း စစ်ထွက်ရန်
စေလွှတ်စကပင် သူ၏ မြင်းခံငပြည့်ကို အကြောင်းထူး
ရှိလျှက် ခြေမြန်တော်အဖြစ် စစ်ထွက်ရာသို့သတင်းပို့
နိုင်ရန် ပုဂံနေပြည်တော်၌ စောင့်ကြည့်ဖို့ထားရစ်ခဲ့၏။
ဘုရင်က ဝေဠုဝတီကိုသိမ်းပိုက်သည်နှင့် ခြေမြန်တော်
မြင်းခံငပြည့်သည် နရပတိစည်သူစစ်ထွက်ရာသို့ အမြန်
သတင်းပို့လိုက်ခဲ့သော်လည်း မြင်းပမ်းသဖြင့် မြင်းလှည့်
တောင်၌ ညအိပ်ရပ်နားပြီး မနက်ရောက်မှ ချောင်းတစ်
ဖက်ကမ်းသို့ကူး၍ သတင်းပို့လေရာ နရပတိစည်သူက
ဤမျှ အရေးကြီးသည့်သတင်းကို ညတွင်းချင်းရောက်
အောင်မပို့ရကောင်းလားဟု ရာဇမာန်ရှကာ မြင်းခံင
ပြည့်ကို ကွပ်မျက်ခဲ့လေသည်။ထိုငပြည့်ကို သဂြိ် ငျ်ုလျ
သော ကျွန်းကို ရွှေပြည့်ရှင်ကွန်းဟုတွင်၍ ယခုတျိုငျ
ရွှေပြည့်ရှင်နတ် အဖြစ် ကိုးကွယ်ကြကုန်၏။
တဖန်ပုဂံပြည်၌သက္ကရာဇ် ၆၁၇ တွင်နန်းတက်
သော နရသီဟပတေ့မင်း(၁၁၇၄-၁၂၁၁)လက်ထက်၌
မစ္ဆဂီရိနယ်ပုန်ကန်ထကြွရာသို့ အမတ်ကြီးရာဇသင်္ကြန်
ဦးဆောင်စေပြီးသွားရောက်နှိမ်နင်းခိုင်းခဲ့သည်။
မစ္ဆဂီရိကိုနှိမ်နင်းအောင်မြင်ကြောင်း အမတ်ကြီးရာဇသင်္ကြန်
၏သား ညောင်ဦးအုတ်လှကို ခြေမြန်တော်အဖြစ် ပုဂံရှိ
ဘုရင့်ထံ လှေလျင်ဖြင့်စေလွှတ်လိုက်ရာ ဘုရင်နရသီ
ဟပတေ့ကလည်း စစ်ရေးအခြေအနေကိုသိလိုလှသ
ဖြင့် မျှော်စောင့်နေရာ နန်းတော်လေသာမှ မြစ်အတွင်း
လှေတစ်စင်းဆန်တက်လာသည်ကို မြင်တွေ့သဖြင့် စစ်
ကဆန်လာသော ခြေမြန်တော်လှေဖြစ်ရမည်ဟု သုံး
သပ်ကာ အထောက်တော်များကို စစ်သတင်းမေးရန်
စေလွှတ်လိုက်သည်။
ဆန်တက်လာသူခြေမြန်တော်အုတ်လှကလည်း အထောက်တော်များအား စစ်သတင်းကိုမဖြေကြား “ကျွန်တော်အုတ်လှလာသည်”ဟုသာပြန်လည်ဖြေဆိုသဖြင့် ဘုရင်အားလျှောက်ထားရာ အုတ်လှငယ်ဘုရင့်ထံမှောက်ရောက်သည်နှင့် “ငါအလျင်မေး
စေသည့်စစ်သတင်းကိုမဖြေ ကျွန်တော်လာသည်လျှောက်
ရာသလော”ဟု မျက်မာန်ပွားကာ အုတ်လှအားသတ်စေ
ရန် သူသတ်တို့လက်သို့အပ်၏။
ထိုအခါ အုတ်လှကစစ်ရေးအောင်မြင်ကြောင်းလျှောက်တင်ပါရစေဟု ဆိုကာ မိမိခေါင်း၌ပေါင်းထားသော မျက်သုတ်ပုဝါကို
ဖြည်ပြလိုက်ရာ သန်းတထွေးထွေးတက်နေသောဆံပင်
ှီုများ အထွေးလိုက်မြေသို့ကျလေသည်။”ဤသို့’ဦးဆွေး
ဆံမြေ့’အရှင့်အမှု့တော်ကိုထမ်းသည်ကို အရှင်မမြင်
မြင်တော်မမူ လွယ်လင့်တကူမလျှောက်သာသောကြောင့်
မလျှောက်လိုက်ရခြင်းဖြစ်ပါသည်”ဟုနားတော်လျှောက်
သောအခါမှ အပြစ်တော်ကလွှတ်၍ ဝမ်းမြောက်ချီးကျုး
လျှက် ဆုတော်လာဘ်တော်များပေးသနားခဲ့ကြောင်း ဖော်
ပြပါရှိပါသည်။
ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး၌ အင်းဝ
တတိယနန်းတည် အလောင်းမင်းတရားကြီးသားတော်
ဆင်ဖြူရှင်မင်းတရားလက်ထက် ယိုးဒယားပြည်သို့စစ်
ချီထွက်သောတပ်တော်တွင် ငါးပတ်ချောင်းဗိုလ်သည်
ပဲခူးအနီး တပ်စခန်းချရာနေရာအရောက် ချက်တဖြုတ်
ဝမ်းရောဂါဖြင့် သေဆုံးခဲ့၏။အမှု့တော်ကိုဆက်လက်ထမ်း
ရွက်လိုသောစိတ်စွဲလမ်းမှု့ကြောင့် ပြတ္တာဘဝဖြင့်သရဲ
ဖြစ်ကြောင်းအဆိုရှိ၏။
ဆင်ဖြူရှင်မင်းတရားကြီး စက်တော်ခေါ်ရာနန်းဆောင်သို့ညအခါဝင်ရောက်လျှက်ခြေတော်ကို လှုပ်နှိုးပြီးလျှင် ဖြစ်ကြောင်းကုန်စင်လျှောက်ထားကာ ဆက်လက်အမှု့ထမ်းရွက်လိုကြောင်းလျှောက်ထားသည်။မင်းတရားကြီးက ဤသို့ဆိုလျှင် ယခုတပ်
တော်၏ အခြေအနေမည်သို့မည်ပုံရှိကြောင်း အခြေအနေ
ကို ချက်ချင်းပြန်လည်လျှောက်တင်ရမည်ဟု စေတော်
မူသည်။
ထိုအခါ ငါးပတ်ချောင်းဗိုလ်သရဲသည် ပဲခူးကျေး
တပ်စခန်းချရာသို့ ရုတ်ခြည်းပြန်သွားကာ တပ်ဗိုလ်တပ်
သားများ ထမင်းစုဖွဲ့စားနေသောသစ်ပင်အပေါ်မှ သစ်
ခက်များချိုးချခြင်း သစ်ရွက်များခြေလှုပ်ပြခြင်းပြုသဖြင့်
ထိတ်လန့်စေခဲ့ပြီး မင်းကြီးထံပြန်၍ ပြုခဲ့သောအကြောင်း
နှက့်တကွ တပ်စခန်းသစ်နေရာကိုပါ လျှောက်ထားခဲ့
သည်။
မင်းကြီးလည်း ထိုအတိုင်းဟုတ်မဟုတ်သိနိုင်ရန်
ခြေမြန်တော်မြင်းသည်ကျော်စေလွှတ်၍ စုံစမ်းစေရာ ထို
သရဲလျှောက်ထားသည့် နေ့ရက်အချိန်အတိုင်း သစ်ကိုင်း
လှုပ် သစ်ရွက်သစ်ခက်များထမင်းစားခိုက်တွေ့ကြုံရ၍
ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်း တပ်သားများကဝန်
ခံကြောင်း ပြန်ကြားသည်။ထိုကြောင့် မင်းကြီးသည်
သရဲကြီးအား ရေစက်သွန်း၍ တစ်ခုသောပြသာဒ်၏ ထုပ်
ပေါ်၌နေစေကာ အရေးပေါ်ကိစ္စအတွက် ခြေမြန်တော်
အဖြစ်အမှု့ထမ်းရန် အမိန့်ပေးသဖြင့် ထမ်းဆောင်ရ၏။
စစ်ရေးကိစ္စအဝဝအောင်မြင်တော်မူပြီးနောက်တွင် အမှု့
ထမ်းအရာထမ်းများအား ဆုတော်လာဘ်တော်များဘွဲ့
တံဆိပ်များချီးမြှင့်ရာ ထိုငါးပတ်ချောင်းဗိုလ်သရဲကိုလည်း
“ဇဝနယက္ခကျော်ခေါင်”ဘွဲ့ကိုပေးအပ်ခဲ့ရာ ထိုဘွဲ့တံ
ဆိပ်တုံးမှာ ပရိသတ်အလယ်၌ပင် ထုပ်တန်းပေါ်သို့
ရောက်ရှိသွားကြောင်းဖော်ပြထားလေ၏။ယင်းအကြောင်း
အရာကိုပင် ဆင်ဖြူရှင်မင်း၏သားတော် ငစဉ့်ကူးမင်းသား
အား ဆက်သသော မင်းရဲရာဇာဘွဲ့ခံပလိပ်စားဦးဖျော်က
“ငစဉ့်ကူးမင်းရွှေနားတော်သွင်း ဧချင်း”တွင်
“နေနှယ်ပြောင်ဝင်း၊ ဘကြီးမင်း၏
သတင်းတမူ လှိုက်ပွက်ဆူမျှ
လူကိုထားလွှတ် ဥပပတ်ဖြင့်
နာနာရုပ်ဖန် နတ်စစ်မှန်ကို
တမန်သွယ်လှယ် စေခိုင်းဖယ်လျှက်”
ဟူ၍ သက္ကရာဇ် ၁၁၃၈(အေဒီ-၁၇၇၆)ခုနှစ်၌ ရေးသားစပ်
ဆိုခဲ့ပါသည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်း အရှင်မင်းတုန်းမင်း
ကြီနှင့် သီပေါမင်းတို့လက်ထက်အမှု့တော်ထမ်းခဲ့သော
ခြေမြန်တော်ကြီးတစ်ဦးအကြောင်းကို ဟံသာဝတီဦးဘ
ရင်က “ရှေးထုံးစဉ်လာ”စာအုပ်တွင်သူ၏ ကိုယ်တွေ့ကို
ဤသို့ဖော်ပြခဲ့ပါသည်။ “ထိုပုဂ္ဂိုလ်ကြီးကား အမရပူရ
မြို့ဖွားရာဇာတိဖြစ်၏။ငယ်မည်မှာမောင်ဖြူဖြစ်သည်။
ငယ်စဉ်ကပင် သာမာန်ကလေးများထက် ထွားကြိုင်းသန်
မာကာ အစားအသောက်လည်း သုံးဆခန့်ပိုစားနိုင်၏။
မောင်ဖြူသည် လမ်းလျှောက်နိုင်သည့်အရွယ်မှစ၍
အလျင်အမြန်သွားနိုင်ပြီး တစတစလေ့ကျင့်ခဲ့ရာ အရွယ်
ရောက်သောအခါ အလွန်အပြေးလျင်မြန်၍ ခရီးလေး
သောင်းခန့်(မိုင်ရှစ်ဆယ်)အကွာအဝေးကို နေ့ချင်းပေါက်
မရပ်မနားအရောက်သွားနိုင်သည်ဆို၏။”
“ကြှနျုပျတို့ငယျစဉျက ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသည့်
ဦးဖြူကြီး၏ အရပ်မှာခြောက်ပေကျော်မြင့်မား၍ ကြီးထွား
သော ဗလလည်းရှိသည်။အသားခပ်ညိုညိုရှိ၏။သျောင်
ထုံးနှင့် နှုတ်ခမ်းမွှေးတို့ပါရှိ၍ မျက်လုံးမျက်ဖန်ကောင်း
သူဖြစ်ကာ ခန့်ညားထည်ဝါလှပေသည်။စကားပြော
ချိုသာခြင်း တစ်ပါးသူအားသနားတတ်ခြင်း ဗဟုသုတ
ဖြန့်ချိလိုခြင်း သူရသတ္တိရှိခြင်းတို့ဖြင့်ပြည့်စုံလှပေ၏။
သူသည် မင်းတုန်းမင်းကြီးလက်ထက်နှင့် သီပေါမင်းတ
ရားလက်ထက်တော်တို့တွင် ခြေမြန်တော်အဖြစ် ခန့်ထား
ခံရ၏။မြို့သူကြီးအရေးကိစ္စတစ်ခုအတွက် အမိန့်တော်
ကို မန္တလေးရတနာပုံမြို့တော်မှ နံနက်လေးချက်တီး(စက်
နာရီ၆နာရီခန့်)မှ မှန်မှန်ထွက်လာရာ မိတ္ထီလာမြို့သို့
နေမဝင်မီရောက်ရှိခဲ့ကြောင်းပြောပြဖူးပေသည်။”
“ကြှနျုပျတို့က “သည်လိုဆိုထမင်းကို ဘယ်လိုစားပါသ
လဲ”ဟုမေးမြန်းရာ”ငါ့မှာလက်ျာတံဆိပ်တော် ခတ်နှိပ်
ထားသော ဘုရင်ကချီးမြှင့်သည့် ရွှေယောက်မတစ်ချောင်း
ပါတယ်။ အသင့်ချက်ပြုတ်ပြီးဖြစ်သောတွေ့ရာအိမ်သို့
ဝင်၍ ထိုယောက်မကို ပြကာ ထမင်းဟင်းများစားသောက်
နိုင်ပြီး မည်သူမျှ တားမြစ်ငြင်းဆန်ခြင်းမပြုဝံ့”ဟုဆိုသည်။
ယောက်မမှာ ဆီးသားဖြင့်ပြုလုပ်ထားပြီး မှန်စီရွှေချလျှက်
ဘုရင်၏ဘွဲ့တော်ကို အရိုးတွင် တံဆိပ်ရိုက်နှိပ်ထား၏။
အရေးပေါ်ကိစ္စဖြင့် ရပ်ဝေးသွားရသည့်အခါတိုင်း ထို
ယောက်မအား ခါးအထက်၌ ကိုင်ဆောင်သွားစေပြီး
ထမင်းဆာလျှင် အသင့်ချက်ပြုတ်ပြီးသားရှိသော မည်
သည့်အိမ်၌မဆို ထိုယောက်မအားပြသလျှင် တည်ခင်း
ကျွေးမွေးရလေ့ရှိသည် ဆို၏။ထိုခြေမြန်တော်ဦးဖြူကြီး
အား မင်းတုန်းမင်းတရားကြီးလက်ထက်တော်၌ “ဇဝန
ကျော်သူ”ဘွဲ့ဖြင့်လည်းကောင်း၊ သီပေါမင်းတရားလက်
ထက်တော်၌ “ဇဝနဒူတ”ဘွဲ့တံဆိပ်တော်ဖြင့်လည်း
ကောင်း တမန်ဘွဲ့များရရှိကာ ခြေမြန်တော်အဖြစ်ခစား
ထမ်းဆောင်ခဲ့ဖူးကြောင်း”သိမှတ်ရပါသည်။
စာကိုး။ အရှင်သြဘာသာဘိဝံသ”သုတေသန
သရုပ်ပြ အဘိဓာန်”
မှန်နန်းရာဇဝင်(ပတွဲ)
ဦးမောင်မောင်တင်”ကုန်းဘောက်ဆက်
မဟာရာဇဝင်တော်ကြီး”(ပတွဲ)
ဟံသာဝတီဦးဘရင်”ရှေးထုံးစဉ်လာ”
တို့မှ ရွေးထုတ်ဖော်ပြပါသည်။
Phoe K (15:2:2018)
Credit to Phoe Kyaw